Zawgyi ဖြင့်ဖတ်ရန်
Credit: Duwun
Unicode ဖြင့်ဖတ်ရန်
အလုပ်မတက်ချင်လို့ ပေးကြတဲ့ ရယ်စရာအကြောင်းပြချက်များ
အရမ်းခေါင်းကိုက်နေလို့… (တကယ်က တနင်္ဂနွေညမှာ သောက်တာများပြီး အမူးလွန်နေတာ)
တနင်္လာနေ့ကတော့ ရောက်လာပြန်ပါပြီ။ ဒီလိုနေ့မျိုးဟာ အလုပ်သွားဖို့အတွက် အပျင်းဆုံးနေ့ပါပဲ။ ပိတ်ရက်တွေကို ဖြတ်သန်းပြီးနောက် ရုံးပြန်တက်ရတာ စိတ်မပါလက်မပါနဲ့လေ။ စနေ၊ တနင်္ဂနွေမှာ ကဲတာများသွားလို့ ရုံးမတက်နိုင်သူတွေက အကြောင်းပြချက်အမျိုးမျိုးပေးပြီး ခွင့်တိုင်ကြလေရဲ့။
မကြာသးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှုတစ်ရပ်အရဆိုရင် ယူကေက အလုပ်သမားဝန်ထမ်း ၇၉.၉ % ဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ နေမကောင်းဘူးဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်ကိုခွင့်တိုင်ကြပါသတဲ့။ တချို့တွေရဲ့ ခွင့်တိုင်ပုံတွေက ယုတ္တိလည်းမရှိပြန်ပါဘူး။ တချို့ကလည်း အကြောင်းပြချက် အဆန်းတွေနဲ့ ခွင့်တိုင်ကြတယ်။ အဲ့ဒီထဲကမှ ရယ်စရာကောင်းတဲ့ အကြောင်းပြချက်တွေကို ဖော်ပြလိုက်ပါတယ်။
၁။ စနေနေ့ညက ဖိနပ်အသစ်စီးလိုက်တာ အခု ခြေထောက်တွေပေါက်နေလို့
၂။ အရမ်းခေါင်းကိုက်နေလို့… (တကယ်က တနင်္ဂနွေညမှာ သောက်တာများပြီး အမူးလွန်နေတာ)
၃။ အိမ်မှာမွေးထားတဲ့ ဟမ်းစတားလေး နေမကောင်းလို့ ဆေးခန်းသွားပြမလို့ (ဟမ်းစတားတွေ နေမကောင်းဘူးဆိုတာကို သိဖို့က ခက်ပါတယ်။ တော်တော်ဆိုးနေမှသာသိတာ။ သူတို့က အမြဲတမ်းဆော့နေတာကိုး)
၄။ ယူနီဖောင်းက ဘတ်စ်ကားပေါ်မှာ မေ့ကျန်ခဲ့လို့ (ယူနီဖောင်း ပျောက်သွားတယ်တို့ဘာတို့)
၅။ မနေ့ညက ကျွန်မရည်းစားက ဖေ့စ်ဘွတ်မှာ RS ကနေ single ဆိုပြီး ပြောင်းလိုက်တယ်လေ (အဖြတ်ခံလို့ရလို့ အသည်းကွဲပြီး ရုံးမလာနိုင်ဘူးဆိုတာ မဖြစ်သင့်တဲ့ကိစ္စပဲ)
၆။ ညက တော်တော်နဲ့ အိပ်မပျော်ဘူး။ အိပ်ရာဝင်တာ နောက်ကျတော့ မနက်ကျ မထနိုင်ဘူး။ (ဒီလိုဆိုရင် အလုပ်ချိန်ကို ရွှေ့ပေးလိုက်ရမှာလား)
Source : Bazaar
Credit: Duwun