Zawgyi ျဖင့္ဖတ္ရန္

နယူးဇီလန္ နိုင္ငံ ကန္တာဘူရီေတာင္ပိုင္းရွိ တီမာ႐ူၿမိဳ႕တြင္ ေနထိုင္တဲ့ စႏၵယား တည္ေဆာက္သူ အန္ဒရီမန္း တည္ေဆာက္ထားတဲ့ ၆ မီတာ (ေပ ၂၀ ခန႔္) အရွည္ရွိ စႏၵယားႀကီး ဟာ ကမာၻလွည့္ ခရီးသည္ မ်ားကို ဆြဲေဆာင္ႏိုင္တဲ့အရာတစ္ခု ျဖစ္ေနပါတယ္။

ဒီ စႏၵယား ႀကီးကို တည္ေဆာက္ခဲ့သူ အန္ဒရီမန္း ဟာ ေက်ာင္းသား ဘဝကတည္းက စႏၵယား တည္ေဆာက္ရာမွာ ဝါသနာႀကီးသူတစ္ေယာက္ျဖစ္ၿပီး အ႐ြယ္ေရာက္လာေတာ့လည္း စႏၵယား တည္ေဆာက္သူအျဖစ္ပဲ အသက္ေမြးခဲ့တာ ျဖစ္ပါတယ္။

အလုပ္ လုပ္ေနစဥ္အတြင္းမွာပဲ အန္ဒရီ ဟာ ဒီ စႏၵယား ကို တည္ေဆာက္ခဲ့ၿပီး အေလးခ်ိန္ တစ္တန္ေက်ာ္ရွိကာ သာမန္စႏၵယားမ်ားထက္ အသံထြက္အားေကာင္းတဲ့ စႏၵယား ျဖစ္ပါတယ္။

 

“ဒါဟာ ဧရာမ တည္ေဆာက္မႈ တစ္ခုပါပဲ။ သာမန္ထက္ထူးျခားတဲ့ အလ်ားေၾကာင့္ ဒီ စႏၵယား ဟာ Bass သံ ေအာေအာထြက္ၿပီး စႏၵယား ရဲ႕ဝိုင္ယာႀကိဳး ေတြက ေပ ၂၀ ေက်ာ္တဲ့အတြက္ အသံ ဩဇာ အားေကာင္းပါတယ္။ လူေတာ္ေတာ္မ်ားမ်ား ဒီစႏၵယား ဆီကိုလာၿပီး အစမ္းတီးၾကေလ့ရွိပါတယ္။ တေလာေလးကပဲ လန္ဒန္က စႏၵယား ပညာရွင္ တစ္ေယာက္ ဒီ စႏၵယား ကိုလာၿပီး အစမ္းတီးသြားပါေသးတယ္။ သူက ဒီ စႏၵယား ဟာ အထူးအဆန္း လုပ္ထားတဲ့ ထြင္လုံး တစ္ခုလို႔ပဲ ထင္ေနသူပါ။ ဒါေပမဲ့ သူ စႏၵယား တီးၿပီးသြားတဲ့အခါမွာေတာ့ စႏၵယား ရဲ႕ အသံ အား ကို ေတာ္ေတာ္သေဘာက်သြားပါတယ္။ ”လို႔အန္ဒရီမန္းကဆိုပါတယ္။

Credit : Yoyarlay

Unicode ဖြင့်ဖတ်ရန်

နယူးဇီလန်မှ ပေ ၂၀ အရှည်ရှိ ကမ္ဘာ့အကြီးဆုံးစန္ဒယား

 

နယူးဇီလန်နိုင်ငံ ကန်တာဘူရီတောင်ပိုင်းရှိ တီမာရူမြို့တွင် နေထိုင်တဲ့ စန္ဒယားတည်ဆောက်သူ အန်ဒရီမန်း တည်ဆောက်ထားတဲ့ ၆ မီတာ (ပေ ၂၀ ခန့်) အရှည်ရှိ စန္ဒယားကြီးဟာ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်တဲ့အရာတစ်ခု ဖြစ်နေပါတယ်။

ဒီစန္ဒယားကြီးကို တည်ဆောက်ခဲ့သူ အန်ဒရီမန်းဟာ ကျောင်းသားဘဝကတည်းက စန္ဒယားတည်ဆောက်ရာမှာ ဝါသနာကြီးသူတစ်ယောက်ဖြစ်ပြီး အရွယ်ရောက်လာတော့လည်း စန္ဒယား တည်ဆောက်သူအဖြစ်ပဲ အသက်မွေးခဲ့တာ ဖြစ်ပါတယ်။

အလုပ်လုပ်နေစဉ်အတွင်းမှာပဲ အန်ဒရီ ဟာ ဒီစန္ဒယားကို တည်ဆောက်ခဲ့ပြီး အလေးချိန် တစ်တန်ကျော်ရှိကာ သာမန်စန္ဒယားများထက် အသံထွက်အားကောင်းတဲ့ စန္ဒယား ဖြစ်ပါတယ်။

“ဒါဟာ ဧရာမတည်ဆောက်မှု တစ်ခုပါပဲ။ သာမန်ထက်ထူးခြားတဲ့ အလျားကြောင့် ဒီစန္ဒယားဟာ Bass သံ အောအောထွက်ပြီး စန္ဒယားရဲ့ဝိုင်ယာကြိုးတွေက ပေ ၂၀ ကျော်တဲ့အတွက် အသံဩဇာအားကောင်းပါတယ်။ လူတော်တော်များများ ဒီစန္ဒယား ဆီကိုလာပြီး အစမ်းတီးကြလေ့ရှိပါတယ်။ တလောလေးကပဲ လန်ဒန်က စန္ဒယားပညာရှင်တစ်ယောက် ဒီစန္ဒယားကိုလာပြီး အစမ်းတီးသွားပါသေးတယ်။ သူက ဒီစန္ဒယားဟာ အထူးအဆန်းလုပ်ထားတဲ့ ထွင်လုံးတစ်ခုလို့ပဲ ထင်နေသူပါ။ ဒါပေမဲ့ သူစန္ဒယားတီးပြီးသွားတဲ့အခါမှာတော့ စန္ဒယားရဲ့ အသံအားကို တော်တော်သဘောကျသွားပါတယ်။ ”လို့အန်ဒရီမန်းကဆိုပါတယ်။

Credit : Yoyarlay