Zawgyi ဖြင့်ဖတ်ရန်
CreditOP
Unicode ဖြင့်ဖတ်ရန်
မိမိလက်ထဲ ပိုက်ဆံ ၂၀၀ ရှိရင် ကြိုးစားကြည့်သင့်ပါတယ်။မိမိမှာ ပိုက်ဆံ ၂၀၀ လောက်ပဲ ရှိတယ်ဆိုပါစို့။သူငယ်ချင်း တွေသောက်နေတဲ့ အရက်ဝိုင်းကိုသွား။
မိုးနတ်သူဇာ ၁ ထုပ်နဲ့ ဖတ်ကြမ်း ၁၀၀ ဖိုး ဝယ်တိုက်။သူငယ်ချင်းတွေက အားနားတော့ ကိုယ့်ကိုပါ အရက် တိုက်။မူးပြီး လမ်းလျှောက်ပြန်။သောက်ထားတော့ အာသွက်လျှာသွက် ရဲဆေး ဖြစ်။လမ်းမှာ ဇယားနှစ်ဗွေ့တွေ့။
တောင်းသလောက်ပေးမယ်ဆိုပြီး အယုံသွင်းခေါ်။ktv မှာ သီချင်း အရင်ဆိုချင်တယ်ဆိုပြီး ဝင်။ဘီယာ အမုန်းမှာ စော်တွေကိုပါ အဝတိုက်။ချီစ့်၊ခေါက်ဆွဲကြော် အန်စေနိုင်တဲ့ဟာတွေ အဝကြွေး။ဇယားနှစ်ဗွေ က မူးပြီး အန် မှောက်။
သူတို့ပါတဲ့ ဖုန်း နှစ်လုံး နဲ့ ပိုက်ဆံတွေကိုခိုး။အပြင်ကို ဖုန်း ခဏပြောဟန်နဲ့ ထွက်ပြေး။ဖုန်း နှစ်လုံးကို ရောင်း။နောက်နေ့ ဘေထုပ်သွားဝယ်။ညဘက် ဘားသွား ခပ်သန့်သန့်စော်လေးတစ်ဗွေ့ချုပ်။
ဟော်တယ်ခေါ်သွား။ရေချိုးခိုင်း ရေချိုးနေတုန်း ဖုန်း ၊ပိုက်ဆံနဲ့ အဝတ်စားတွေပါခိုး။ရလာတဲ့ ဖုန်း ကို ထပ်ရောင်း။ကလပ်သွား ပုလင်း ဖောက် vip မှာ ထိုင်။ဘော်စိမ တစ်ယောက်ကို ချုပ်။နောက်နေ့ချိန်း အရင်နေ့က ခိုးလာတဲ့ အဝတ်အစား ကိုမီးပူလေးတိုက်ပြီး လက်ဆောင်ပေး။ချစ်သူတွေဖြစ်။
မခွဲနိုင်ဘူးဆိုပြီး ခိုးပြေး။လက်ဝက်လက်စားတွေရောင်း။သူ့မိဘ အိမ်တက်နေ အမွေခွဲခိုင်း။နောက်တော့ သူ့ကို အပြစ် ရှာ ကွာရှင်း။ပိုက်ဆံနဲ့ ပစ္စည်းတွေကို တစ်ယောက်တစ်ဝက်ခွဲ။ရလာတဲ့ ပိုက်ဆံနဲ့ မာဆတ်ထောင်။မာဆတ်ကစော်တွေကို တရုတ်ပြည်ကိုပို့။လူပွဲစားတွေနဲ့ ရင်းနှီးပြီး ဒီထက်ကြီးတဲ့ လူမှောင်ခိုလုပ်။နောက်တော့ နယ်စပ်က ဘိန်းရာဇာတွေနဲ့ သိပြီး ဘိန်းရောင်း။
ချမ်းသာလာတော့ ကိုယ်ပိုင်တပ်ဖွဲ့ထောင်နယ်စပ်ဂိတ်တွေကို သိမ်း စီးပွားရေးလုပ်။ပိုက်ဆံတွေရ တရုတ်မှာ တိုက်တွေ၊အိမ်တွေဝယ် လောင်းကစားဝိုင်းတွေဖွင့်။လောင်းကစားဝိုင်းတွေမှာ သူတို့ဆီက သူဌေးတွေလာဆော့ ရှုံးသွား။ကိုယ့်ဆီမှာအကြွေးတင်။သူတို့စီးပွားရေးလုပ်ငန်းတွေကို အကြွေးနဲ့သိမ်း။တရုတ်ပြည်သူတွေ ယုံအောင် အလှူအတန်းလုပ်ပြ၊ပရဟိတလုပ်ပြ။ရွေးကောက်ပွဲဝင်ပြိုင်။သမ္မတဖြစ်လာ။
is စစ်သွေးကြွ တွေကို တိုက်ယောင်ပြ။အမေရိကန်နဲ့ ရုရှားတို့ လာပူးပေါင်း။သမ္မတအချင်းချင်းခဏခဏ ဖိတ်ခေါ်ပြီးတရုတ်အရက်တွေတိုက် မူး စစ်ရေးဗျူဟာတွေနဲ့အတွင်းရေးကိစ္စတွေ သိ။အမေရိကန်နဲ့ ရုရှားကို ရန်တိုက်ပေး။နှစ်နိုင်ငံ စစ်ပန်းနေတဲ့ အချိန်မှ နှစ်နိုင်ငံလုံးကို သိမ်း။နိုင်ငံကြီး သုံးနိုင်ငံရ။
ပြီးတော့မှ တစ်နိုင်ငံချင်း တစ်နိုင်ငံချင်းကိုအေးဆေးလေး သိမ်းပိုက်။နောက်ဆုံး တစ်ကမ္ဘာလုံးရဲ့ အရှင်သခင်ကြီးဖြစ်။
CreditOP