Zawgyi ျဖင့္ဖတ္ရန္

 

ေနရာ…ဆိုတာေလးကို လူတစ္ခ်ိဳ႕က အသည္းအသန္အလုအယက္ ျဖစ္ေနၾကခ်ိန္မွာ. လူတစ္ခ်ိဳ႕က ေနရာ ..ဆိုတာကိုအမႈမဲ့အမွတ္မဲ့ အေလးမထားတဲ့သူေတြကိုေတြ႕မိလို႔ပါ..

Departure room မွာေပါ့..အဲဒီေန႔မနက္ပိုင္းမွာတင္ေလေၾကာင္းလိုင္းသုံးေလးခုရဲ႕ခရီးစဥ္ေတြ အခ်ိန္သိပ္မကြာပဲ ထြက္ၾကမွာတိုက္ဆိုင္ေနေတာ့ ခရီးသည္ေတြ DR မွာအျပည့္ေပါ့….

က်မလည္းကိုယ့္ေလယာဥ္အလွည့္မက်ေသးေတာ့ထိုင္ၿပီးဟိုဟိုဒီဒီအပ်င္းေျပေလွ်ာက္ၾကည့္ေနမိတယ္….ရွိသမွ်ထိုင္ခုံေတြမွာခရီးသည္အျပည့္ပဲ…..

 

ခုံလြတ္ကိုမရွိဘူး…Foreigner တစ္စုဝင္လာၾကတယ္ …. သူတို႔ကို ကိုဘာရယ္မဟုတ္ လိုက္ၾကည့္မိတယ္ .. သူတို႔ေတြခန္းမထဲကို မ်က္လုံးေဝ့ၾကည့္ၾကတယ္ … ခုံလြတ္မရွိဘူး …ေအးေဆးပဲ … ၾကမ္းျပင္ေပၚထိုင္ခ်လိုက္တယ္…

ပါလာတဲ့ဖုန္းေလး ထုတ္ၿပီး အလုပ္လုပ္ေနတယ္ … တခ်ိဳ႕ကမတ္တပ္ရပ္ .. တခ်ိဳ႕ကဟိုေလွ်ာက္ဒီေလွ်ာက္ .. သက္ေတာင့္သက္သာပဲ …. သူတို႔ရဲ႕မ်က္ႏွာကိုၾကည့္ရတာ .. အလိုမက်မႈ စႏိုးစေနာင့္ျဖစ္မႈလုံးဝမေတြ႕ရဘူး..

Departure room ကေန ေလယာဥ္ဆီကိုခရီးသည္ေတြကိုပို႔ေပးမဲ့ Mini Bus ေလးေရာက္လာပါၿပီ.. Air KBZ ခရီးသည္ေတြကိုကားေပၚတက္ဖို႔ေခၚေနၿပီမို႔ က်မလည္းအိတ္ေလးဆြဲၿပီး ကားဆီထြက္လာတာေပါ့….

 

ခရီးသည္အားလုံးထဲမွာ.. ဆရာေတာ္ႀကီးတစ္ပါးရယ္..က်မရယ္… ျမန္မာျပည္ဖြားေပါက္ေဖာ္မိသားစု ေလးေယာက္ရယ္ လွတပတ အကိတ္အလန္းေကာင္မေလးေလးငါးေယာက္ရယ္ လင္မယား၂ေယာက္ရယ္ကလြဲလို႔ က်န္တာ Foreigner ေတြခ်ည္းပဲ..

ကားေပၚတက္ဖို႔အလုအယက္ျဖစ္ေနတာကေတာ့ ထုံးစံအတိုင္း က်မတို႔ႏိုင္ငံဖြားေတြပါပဲ..ႏိုင္ငံျခားသားေတြကေတာ့ေအးေဆးပဲခန္းမကေန ေလယာဥ္ဆီသြားမဲ့ငါးမိနစ္ေလာက္ပဲၾကာမဲ့ ခရီးတိုေလးအတြက္ ေနရာ..ဆိုတာကိုဘာလို႔မ်ားအလုအယက္ ျဖစ္ေနၾကပါလိမ့္ၾကည့္ရင္းနဲ႔ သူတို႔အစားရွက္လာမိသလိုပါပဲ.

ေပါက္ေဖာ္မ ဆိုရင္ ေအးေဆးရပ္ေနတဲ့က်မကိုေတာင္ တိုက္ခ်သြားေသးသဗ်ား….က်မလည္းအိတ္တစ္ဖက္နဲ႔ လဲၿပိဳမလိုေတာင္ျဖစ္သြားတာမို႔ က်မေနာက္မွာရပ္ေနတဲ့ ခုနကၾကမ္းျပင္ေပၚမွာထိုင္ခ်တဲ့ Foreigner ႀကီးကထိန္းေပးၿပီး ဘာမေျပာညာမေျပာနဲ႔ က်မအိတ္ကိုယူ ကားေပၚကိုေစြ႕ကနဲ တက္သြားပါေလေရာ…

 

ကားေပၚေရာက္လို႔ၾကည့္လိုက္ေတာ့ခုံေနရာယူထားတာ က်မတို႔ျပည္ဖြားေတြခ်ည္းပါပဲ …ႏိုင္ငံျခားသားေတြကေတာ့ဘာမွမျဖစ္သလိုသက္ေတာင့္သက္သာရပ္စီးေပါ့ေလ..ကားေပၚေရာက္ေတာ့က်မအိတ္ကို ကူသယ္လာေပးတဲ့ Tourist ႀကီးကိုက်မလည္းေက်းဇူးတင္လို႔

Thank_you……လို႔ေျပာလိုက္ေတာ့သူကၿပဳံးၿပီး ေက်းစူးတင္းဘားဒဲ….တဲ့ဗ်ား…က်မကသေဘာက်ၿပီးရယ္ေတာ့သူက မင္းဂလာဘား ….. တဲ့ရွင္….. ဒီလိုပါပဲေလ ….. က်မတို႔ဆီမွာ မတည္ၿမဲတဲ့အစိုးမရတဲ့ ေနရာ ဆိုတာေလးအတြက္နဲ႔ ဝန္တိုမစၦရိယေတြပဋိပကၡေတြ ျပသနာ ေတြ မၾကာခဏျဖစ္ေနၾကရတာပါ…..

 

အဲဒီ ေနရာ….ဆိုတဲ့ဟာေလးကိုကိုယ့္နဲ႔အတူထာဝရ ေနာက္ဘဝထိသံသရာ တစ္ေလွ်ာက္လုံးသယ္သြားႏိုင္မယ္လို႔ အယူမွားေနၾကအုန္းမယ္ ဆိုရင္ျဖင့္…

ေလးေလးမြန္ မွ ထပ္ဆင့္ကူးယူေဖာ္ျပပါသည္။

Unicode ဖြင့်ဖတ်ရန်

နေရာ…ဆိုတာလေးကို လူတစ်ချို့က အသည်းအသန်အလုအယက် ဖြစ်နေကြချိန်မှာ. လူတစ်ချို့က နေရာ ..ဆိုတာကိုအမှုမဲ့အမှတ်မဲ့ အလေးမထားတဲ့သူတွေကိုတွေ့မိလို့ပါ..

Departure room မှာပေါ့..အဲဒီနေ့မနက်ပိုင်းမှာတင်လေကြောင်းလိုင်းသုံးလေးခုရဲ့ခရီးစဉ်တွေ အချိန်သိပ်မကွာပဲ ထွက်ကြမှာတိုက်ဆိုင်နေတော့ ခရီးသည်တွေ DR မှာအပြည့်ပေါ့….

ကျမလည်းကိုယ့်လေယာဉ်အလှည့်မကျသေးတော့ထိုင်ပြီးဟိုဟိုဒီဒီအပျင်းပြေလျှောက်ကြည့်နေမိတယ်….ရှိသမျှထိုင်ခုံတွေမှာခရီးသည်အပြည့်ပဲ…..

 

ခုံလွတ်ကိုမရှိဘူး…Foreigner တစ်စုဝင်လာကြတယ် …. သူတို့ကို ကိုဘာရယ်မဟုတ် လိုက်ကြည့်မိတယ် .. သူတို့တွေခန်းမထဲကို မျက်လုံးဝေ့ကြည့်ကြတယ် … ခုံလွတ်မရှိဘူး …အေးဆေးပဲ … ကြမ်းပြင်ပေါ်ထိုင်ချလိုက်တယ်…

ပါလာတဲ့ဖုန်းလေး ထုတ်ပြီး အလုပ်လုပ်နေတယ် … တချို့ကမတ်တပ်ရပ် .. တချို့ကဟိုလျှောက်ဒီလျှောက် .. သက်တောင့်သက်သာပဲ …. သူတို့ရဲ့မျက်နှာကိုကြည့်ရတာ .. အလိုမကျမှု စနိုးစနောင့်ဖြစ်မှုလုံးဝမတွေ့ရဘူး..

Departure room ကနေ လေယာဉ်ဆီကိုခရီးသည်တွေကိုပို့ပေးမဲ့ Mini Bus လေးရောက်လာပါပြီ.. Air KBZ ခရီးသည်တွေကိုကားပေါ်တက်ဖို့ခေါ်နေပြီမို့ ကျမလည်းအိတ်လေးဆွဲပြီး ကားဆီထွက်လာတာပေါ့….

 

ခရီးသည်အားလုံးထဲမှာ.. ဆရာတော်ကြီးတစ်ပါးရယ်..ကျမရယ်… မြန်မာပြည်ဖွားပေါက်ဖော်မိသားစု လေးယောက်ရယ် လှတပတ အကိတ်အလန်းကောင်မလေးလေးငါးယောက်ရယ် လင်မယား၂ယောက်ရယ်ကလွဲလို့ ကျန်တာ Foreigner တွေချည်းပဲ..

ကားပေါ်တက်ဖို့အလုအယက်ဖြစ်နေတာကတော့ ထုံးစံအတိုင်း ကျမတို့နိုင်ငံဖွားတွေပါပဲ..နိုင်ငံခြားသားတွေကတော့အေးဆေးပဲခန်းမကနေ လေယာဉ်ဆီသွားမဲ့ငါးမိနစ်လောက်ပဲကြာမဲ့ ခရီးတိုလေးအတွက် နေရာ..ဆိုတာကိုဘာလို့များအလုအယက် ဖြစ်နေကြပါလိမ့်ကြည့်ရင်းနဲ့ သူတို့အစားရှက်လာမိသလိုပါပဲ.

ပေါက်ဖော်မ ဆိုရင် အေးဆေးရပ်နေတဲ့ကျမကိုတောင် တိုက်ချသွားသေးသဗျား….ကျမလည်းအိတ်တစ်ဖက်နဲ့ လဲပြိုမလိုတောင်ဖြစ်သွားတာမို့ ကျမနောက်မှာရပ်နေတဲ့ ခုနကကြမ်းပြင်ပေါ်မှာထိုင်ချတဲ့ Foreigner ကြီးကထိန်းပေးပြီး ဘာမပြောညာမပြောနဲ့ ကျမအိတ်ကိုယူ ကားပေါ်ကိုစွေ့ကနဲ တက်သွားပါလေရော…

ကားပေါ်ရောက်လို့ကြည့်လိုက်တော့ခုံနေရာယူထားတာ ကျမတို့ပြည်ဖွားတွေချည်းပါပဲ …နိုင်ငံခြားသားတွေကတော့ဘာမှမဖြစ်သလိုသက်တောင့်သက်သာရပ်စီးပေါ့လေ..ကားပေါ်ရောက်တော့ကျမအိတ်ကို ကူသယ်လာပေးတဲ့ Tourist ကြီးကိုကျမလည်းကျေးဇူးတင်လို့

Thank_you……လို့ပြောလိုက်တော့သူကပြုံးပြီး ကျေးစူးတင်းဘားဒဲ….တဲ့ဗျား…ကျမကသဘောကျပြီးရယ်တော့သူက မင်းဂလာဘား ….. တဲ့ရှင်….. ဒီလိုပါပဲလေ ….. ကျမတို့ဆီမှာ မတည်မြဲတဲ့အစိုးမရတဲ့ နေရာ ဆိုတာလေးအတွက်နဲ့ ဝန်တိုမစ္ဆရိယတွေပဋိပက္ခတွေ ပြသနာ တွေ မကြာခဏဖြစ်နေကြရတာပါ…..

 

အဲဒီ နေရာ….ဆိုတဲ့ဟာလေးကိုကိုယ့်နဲ့အတူထာဝရ နောက်ဘဝထိသံသရာ တစ်လျှောက်လုံးသယ်သွားနိုင်မယ်လို့ အယူမှားနေကြအုန်းမယ် ဆိုရင်ဖြင့်…

လေးလေးမွန် မှ ထပ်ဆင့်ကူးယူဖော်ပြပါသည်။