Zawgyi ျဖင့္ဖတ္ရန္

ပုဂံေရွးေဟာင္းယဥ္ေက်းမႈေဒသကုိ ယူနက္စကုိ၏ ကမၻာ့ အေမြအႏွစ္ေဒသအျဖစ္ စာရင္းတင္သြင္းရာတြင္ ဖြားေစာ၊ မင္းနန္ သူႏွင့္ ျမင္းကပါ အပါအ၀င္ ေက်းရြာေျခာက္ရြာကုိ ေရွးေဟာင္း အေမြအႏွစ္ဇုန္ (အနီေရာင္)မွ ႏုတ္ထြက္ေပးရန္ အဆုိပါေက်းရြာေဒသခံ မ်ားက ေတာင္းဆုိသည္။

ပုဂံေဒသကုိ ကုလသမဂၢပညာေရးသိပၸံႏွင့္ ယဥ္ေက်းမႈအဖြဲ႕(UNESCO)သုိ႔ စာရင္းတင္သြင္းရာတြင္ ထည့္သြင္းထားသည့္ အဆုိပါ ေက်းရြာမ်ားႏုတ္ပယ္ပါက ယူနက္စကုိ၀င္ေရး မျဖစ္ႏုိင္ေၾကာင္း ယူနက္စကုိ၏ ယဥ္ေက်းမႈဌာနအစီအစဥ္ညိႇႏႈိင္းေရးမွဴး ေဒၚဥမၼာမ်ိဳးက 7Day Daily သတင္းစာအား ေျပာသည္။ပုဂံေဒသကုိ ယူနက္စကုိ တင္သြင္းရာတြင္ ေရွးေဟာင္း အေမြအႏွစ္ဇုန္(အနီေရာင္) အ တြင္းထည့္သြင္းထားသည့္ အေရွ႕ ဖြားေစာ၊ အေနာက္ဖြားေစာ၊ မင္း နန္သူ၊ သူေဌးကန္၊ ေတာင္ဘီႏွင့္ ျမင္းကပါေက်းရြာတို႔ကုိ လူေနဇုန္ (အ၀ါေရာင္)အတြင္း ေျပာင္းလဲ ထည့္သြင္းေပးရန္ အဆုိပါေက်း ရြာေဒသခံမ်ားက လက္မွတ္မ်ား ေကာက္ခံၿပီး ေတာင္းဆုိေနျခင္း ျဖစ္သည္။

အဆုိပါေက်းရြာေျခာက္ရြာ သည္ ပုဂံေခတ္ကတည္းက တည္ ရွိခဲ့ေသာ ေက်းရြာမ်ားျဖစ္သည္။

ယင္းေက်းရြာမ်ားကုိ ေရွး ေဟာင္းအေမြအႏွစ္ဇုန္ (အနီ ေရာင္)အတြင္း ထည့္သြင္းပါက အေဆာက္အအုံသစ္မ်ားေဆာက္ လုပ္ခြင့္မေပးျခင္းႏွင့္ ယူနက္စကုိ ၏ စည္းမ်ဥ္းဥပေဒႏွင့္အညီ ေန ထုိင္ရမည္ျဖစ္ေသာေၾကာင့္ ေရွး ေဟာင္းအေမြအႏွစ္ဇုန္ (အနီ ေရာင္)မွ လူေနဇုန္(အ၀ါေရာင္) သုိ႔ ေျပာင္းထည့္ေပးရန္ ေဒသခံ မ်ားက ေတာင္းဆုိေနေၾကာင္း ျမင္းကပါေက်းရြာ ေဒသခံကုိ ေအာင္စုိးလင္းက ေျပာသည္။

‘‘ယူနက္စကုိ တင္သြင္းတဲ့ အခါမွာ မူေဘာင္ေတြရွိတယ္။ အဲ ဒီမူေဘာင္ေတြထဲကမွ ေဒသခံ ေတြရဲ႕ ဆႏၵေလးေတြကုိေျဖေလွ်ာ့ ဖုိ႔ေပါ့။ ေတာင္းဆုိခ်င္တဲ့အခ်က္ ေလးေတြရွိတယ္။ အဲဒါေၾကာင့္ ေဒသခံေတြက လက္မွတ္ထုိးၿပီး ေတာင္းဆုိၾကမွာ။ ကန္႔ကြက္တဲ့ ပုံစံေတာ့မဟုတ္ဘူး’’ ဟု ကုိ ေအာင္စုိးလင္းက ေျပာသည္။

ထုိေက်းရြာေျခာက္ရြာသည္ ကမၻာလွည့္ခရီးသြားမ်ား စိတ္၀င္ တစား လာေရာက္လည္ပတ္ ေသာ ေက်းရြာမ်ား ျဖစ္ေသာ ေၾကာင့္ Home Stay (ဧည့္ေန ထုိင္ခြင့္)မ်ားျပဳလုပ္၍ စီးပြားေရး လုပ္ငန္းလုပ္ကုိင္လုိသူ ေက်းရြာ ေဒသခံအခ်ိဳ႕ ရွိေနေၾကာင္း ၎ က ဆက္လက္ေျပာသည္။

ေဒၚဥမၼာမ်ိဳးက ‘‘မင္းနန္သူ တို႔၊ ျမင္းကပါရြာတို႔က အေမြအ ႏွစ္ဇုန္ထဲမွာ မေနခ်င္ဘဲ လူေနဇုန္ ထဲမွာ ေနခ်င္တဲ့သေဘာေတြ ရွိ ေနတယ္။ ဘယ္လုိလုပ္ၿပီးမင္းနန္ သူရြာကုိ လူေနဇုန္ထည့္ေပးလုိ႔ ရမလဲ။ ဖြားေစာရြာ ဘယ္လုိလုပ္ ထည့္ေပးလုိ႔ရမလဲ။ အခုအေမြအ ႏွစ္ထဲမွာ၊ ပုဂံေခတ္ထဲမွာရွိေနတဲ့ ရြာေတြက လူေနဇုန္ထဲထည့္ေပး ပါ၊ သူတို႔လည္း ဟုိတယ္ေတြ ေဆာက္ခ်င္ပါတယ္ ေျပာေန တယ္။ အဲဒါႀကီးက အႀကီးအ က်ယ္ျပႆနာပဲ။ အဲဒါဆုိရင္ ေတာ့ ဘယ္လုိမွ အေမြအႏွစ္စာ ရင္းထဲ ၀င္ဖုိ႔မျဖစ္ႏုိင္ပါဘူး’’ ဟု ေျပာၾကားသည္။

လာမည့္ႏုိ၀င္ဘာ ၂၇ ရက္ တြင္ ပုဂံေဒသကုိ ယူနက္စကုိ တင္သြင္းမႈႏွင့္ပတ္သက္ၿပီး ပုဂံ ၿမိဳ႕၌ ေဆြးေႏြးမည္ျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာသည္။

‘‘အခုက ယူနက္စကုိ၀င္ဖုိ႔ အေရးႀကီးေနတဲ့အခ်ိန္မွာ ကန္႔ ကြက္မႈေတြရွိေနတယ္။ တကယ္ လုိ႔ ပုဂံကုိယူနက္စကုိမ၀င္ျဖစ္ဘူး ဆုိရင္ သူတို႔က သမုိင္းတရားခံ ျဖစ္မွာပဲ’’ ဟု ပုဂံေဒသဧည့္လမ္း ၫႊန္ကုိႏုိင္ထြန္းက ေျပာၾကားသည္။

ပုဂံေဒသကုိ ကမၻာ့အေမြအ ႏွစ္ေဒသအျဖစ္ စာရင္း၀င္ရန္ မူ ၾကမ္းကုိ စက္တင္ဘာ ၂၂ ရက္ က တင္သြင္းရာအဆုိပါေက်းရြာ ေျခာက္ရြာကုိလည္း ထည့္သြင္း စာရင္းတင္သြင္းထားေၾကာင္း ေရွးေဟာင္းသုေတသနဦးစီးဌာန (ပုဂံ)ၫႊန္ၾကားေရးမွဴးဦးေအာင္ ေက်ာ္ေက်ာ္က ေျပာသည္။

‘‘ဇုန္ကလည္း ၿပီးၿပီ။ အကုန္ လုံးကလည္း လုပ္ၿပီးေနၿပီ။ ယူ နက္စကုိကုိလည္း မူၾကမ္းတင္ၿပီး ေနၿပီ။ သူတို႔ျပင္ခ်င္ရင္ ေနာက္ မွပဲ ေအးေဆးျပင္လုိ႔ရမယ္’’ ဟု ၎က ေျပာသည္။

ပုဂံေဒသကုိ ကမၻာ့အေမြအ ႏွစ္ေဒသအျဖစ္ စာရင္း၀င္ရန္ မူ ၾကမ္းကုိ စက္တင္ဘာ ၂၂ ရက္ က တင္သြင္းၿပီး ပုဂံေဒသရွိအ ေရးႀကီးသည့္ေနရာ ခုနစ္ေနရာကုိ ပုိင္းျခားတင္သြင္းထားသည္။ မူၾကမ္းအရ ေရွးေဟာင္းေဒသတစ္ခုလုံး မဟုတ္ဘဲ အေရးႀကီးေနရာခုနစ္ခုကုိ ပုိင္းျခားတင္သြင္းျခင္းျဖစ္သည္။

ပုဂံေဒသကုိ မူၾကမ္းတင္ သြင္းထားမႈႏွင့္ပတ္သက္ၿပီး ယူ နက္စကုိမွ ပညာရွင္မ်ားအဖြဲ႕က ၂၀၁၈ ေဖေဖာ္၀ါရီ ၁ ရက္မတိုင္ မီ ပုဂံေဒသသုိ႔ ကြင္းဆင္းစစ္ေဆး မည္ျဖစ္ေၾကာင္း ေဒၚဥမၼာမ်ိဳးက ေျပာသည္။

၂၀၁၉ ဇြန္လ(သုိ႔မဟုတ္) ဇူ လုိင္တြင္ျပဳလုပ္မည့္ ယူနက္စကုိ ေကာ္မတီအစည္းအေ၀း၌ ပုဂံ ေဒသကုိ စာရင္း၀င္၊ မ၀င္ဆုံး ျဖတ္မည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

ကမၻာ့အေမြအႏွစ္စာရင္း၀င္ ရန္ မူၾကမ္းတင္သြင္းၿပီးေနာက္ ၂၀၁၈ ဇန္န၀ါရီ၌ တင္ျပစာတြဲႏွင့္ စီမံခန္႔ခြဲမႈအစီအစဥ္စာတြဲ(၂) တင္သြင္းရမည္ျဖစ္သည္။ ထုိသုိ႔ တင္သြင္းၿပီးပါက ပုဂံေဒသသုိ႔ ICOMOS (International Cou-ncil on Monuments and Sites) ပညာရွင္မ်ား လာေရာက္စစ္ေဆး ၿပီး ေဒသခံမ်ား၏သေဘာထားကုိ ေတြ႕ဆုံေမးျမန္းမည္ျဖစ္သည္။ လက္ရွိတြင္ ပုဂံေရွးေဟာင္းယဥ္ ေက်းမႈဇုန္ဧရိယာသည္ စတုရန္း ဧက ၂၇,၉၇၀ က်ယ္၀န္းသည္။

ဇုန္မ်ား ျပန္လည္ျပင္ဆင္ သတ္မွတ္ရာတြင္ ယခင္ထက္ ဧကႏွစ္ေသာင္းေက်ာ္ ထပ္မံတိုး ခ်ဲ႕ထားသည္။ ထုိ႔အျပင္ ဇုန္မ်ား တုိးခ်ဲ႕သတ္မွတ္မႈတြင္ ပုဂံႏွင့္ ေညာင္ဦးၿမိဳ႕၏ အေနာက္ဘက္ ႏွင့္ ေျမာက္ဘက္တို႔၌ တုိးခ်ဲ႕မည္ ျဖစ္ၿပီး အေနာက္ဘက္တြင္ ဧရာ ၀တီျမစ္တစ္ေလွ်ာက္လုံးထည့္ သြင္းထားၿပီး မေကြးတိုင္းအတြင္း ရွိ တန္႔ၾကည့္ေတာင္ဘုရားကုိပါ ဇုန္အတြင္း ထည့္သြင္းသတ္မွတ္ ထားသည္။

Credit: 7DayDaily

Unicode ဖြင့်ဖတ်ရန်

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို ယူနက်စကို၏ ကမ္ဘာ့ အမွေအနှစ်ဒေသအဖြစ် စာရင်းတင်သွင်းရာတွင် ဖွားစော၊ မင်းနန် သူနှင့် မြင်းကပါ အပါအဝင် ကျေးရွာခြောက်ရွာကို ရှေးဟောင်း အမွေအနှစ်ဇုန် (အနီရောင်)မှ နုတ်ထွက်ပေးရန် အဆိုပါကျေးရွာဒေသခံ များက တောင်းဆိုသည်။

ပုဂံဒေသကို ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)သို့ စာရင်းတင်သွင်းရာတွင် ထည့်သွင်းထားသည့် အဆိုပါ ကျေးရွာများနုတ်ပယ်ပါက ယူနက်စကိုဝင်ရေး မဖြစ်နိုင်ကြောင်း ယူနက်စကို၏ ယဉ်ကျေးမှုဌာနအစီအစဉ်ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက 7Day Daily သတင်းစာအား ပြောသည်။ပုဂံဒေသကို ယူနက်စကို တင်သွင်းရာတွင် ရှေးဟောင်း အမွေအနှစ်ဇုန်(အနီရောင်) အ တွင်းထည့်သွင်းထားသည့် အရှေ့ ဖွားစော၊ အနောက်ဖွားစော၊ မင်း နန်သူ၊ သူဌေးကန်၊ တောင်ဘီနှင့် မြင်းကပါကျေးရွာတို့ကို လူနေဇုန် (အဝါရောင်)အတွင်း ပြောင်းလဲ ထည့်သွင်းပေးရန် အဆိုပါကျေး ရွာဒေသခံများက လက်မှတ်များ ကောက်ခံပြီး တောင်းဆိုနေခြင်း ဖြစ်သည်။

အဆိုပါကျေးရွာခြောက်ရွာ သည် ပုဂံခေတ်ကတည်းက တည် ရှိခဲ့သော ကျေးရွာများဖြစ်သည်။

ယင်းကျေးရွာများကို ရှေး ဟောင်းအမွေအနှစ်ဇုန် (အနီ ရောင်)အတွင်း ထည့်သွင်းပါက အဆောက်အအုံသစ်များဆောက် လုပ်ခွင့်မပေးခြင်းနှင့် ယူနက်စကို ၏ စည်းမျဉ်းဥပဒေနှင့်အညီ နေ ထိုင်ရမည်ဖြစ်သောကြောင့် ရှေး ဟောင်းအမွေအနှစ်ဇုန် (အနီ ရောင်)မှ လူနေဇုန်(အဝါရောင်) သို့ ပြောင်းထည့်ပေးရန် ဒေသခံ များက တောင်းဆိုနေကြောင်း မြင်းကပါကျေးရွာ ဒေသခံကို အောင်စိုးလင်းက ပြောသည်။

‘‘ယူနက်စကို တင်သွင်းတဲ့ အခါမှာ မူဘောင်တွေရှိတယ်။ အဲ ဒီမူဘောင်တွေထဲကမှ ဒေသခံ တွေရဲ့ ဆန္ဒလေးတွေကိုဖြေလျှော့ ဖို့ပေါ့။ တောင်းဆိုချင်တဲ့အချက် လေးတွေရှိတယ်။ အဲဒါကြောင့် ဒေသခံတွေက လက်မှတ်ထိုးပြီး တောင်းဆိုကြမှာ။ ကန့်ကွက်တဲ့ ပုံစံတော့မဟုတ်ဘူး’’ ဟု ကို အောင်စိုးလင်းက ပြောသည်။

ထိုကျေးရွာခြောက်ရွာသည် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင် တစား လာရောက်လည်ပတ် သော ကျေးရွာများ ဖြစ်သော ကြောင့် Home Stay (ဧည့်နေ ထိုင်ခွင့်)များပြုလုပ်၍ စီးပွားရေး လုပ်ငန်းလုပ်ကိုင်လိုသူ ကျေးရွာ ဒေသခံအချို့ ရှိနေကြောင်း ၎င်း က ဆက်လက်ပြောသည်။

ဒေါ်ဥမ္မာမျိုးက ‘‘မင်းနန်သူ တို့၊ မြင်းကပါရွာတို့က အမွေအ နှစ်ဇုန်ထဲမှာ မနေချင်ဘဲ လူနေဇုန် ထဲမှာ နေချင်တဲ့သဘောတွေ ရှိ နေတယ်။ ဘယ်လိုလုပ်ပြီးမင်းနန် သူရွာကို လူနေဇုန်ထည့်ပေးလို့ ရမလဲ။ ဖွားစောရွာ ဘယ်လိုလုပ် ထည့်ပေးလို့ရမလဲ။ အခုအမွေအ နှစ်ထဲမှာ၊ ပုဂံခေတ်ထဲမှာရှိနေတဲ့ ရွာတွေက လူနေဇုန်ထဲထည့်ပေး ပါ၊ သူတို့လည်း ဟိုတယ်တွေ ဆောက်ချင်ပါတယ် ပြောနေ တယ်။ အဲဒါကြီးက အကြီးအ ကျယ်ပြဿနာပဲ။ အဲဒါဆိုရင် တော့ ဘယ်လိုမှ အမွေအနှစ်စာ ရင်းထဲ ဝင်ဖို့မဖြစ်နိုင်ပါဘူး’’ ဟု ပြောကြားသည်။

လာမည့်နိုဝင်ဘာ ၂၇ ရက် တွင် ပုဂံဒေသကို ယူနက်စကို တင်သွင်းမှုနှင့်ပတ်သက်ပြီး ပုဂံ မြို့၌ ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

‘‘အခုက ယူနက်စကိုဝင်ဖို့ အရေးကြီးနေတဲ့အချိန်မှာ ကန့် ကွက်မှုတွေရှိနေတယ်။ တကယ် လို့ ပုဂံကိုယူနက်စကိုမဝင်ဖြစ်ဘူး ဆိုရင် သူတို့က သမိုင်းတရားခံ ဖြစ်မှာပဲ’’ ဟု ပုဂံဒေသဧည့်လမ်း ညွှန်ကိုနိုင်ထွန်းက ပြောကြားသည်။

ပုဂံဒေသကို ကမ္ဘာ့အမွေအ နှစ်ဒေသအဖြစ် စာရင်းဝင်ရန် မူ ကြမ်းကို စက်တင်ဘာ ၂၂ ရက် က တင်သွင်းရာအဆိုပါကျေးရွာ ခြောက်ရွာကိုလည်း ထည့်သွင်း စာရင်းတင်သွင်းထားကြောင်း ရှေးဟောင်းသုတေသနဦးစီးဌာန (ပုဂံ)ညွှန်ကြားရေးမှူးဦးအောင် ကျော်ကျော်က ပြောသည်။

‘‘ဇုန်ကလည်း ပြီးပြီ။ အကုန် လုံးကလည်း လုပ်ပြီးနေပြီ။ ယူ နက်စကိုကိုလည်း မူကြမ်းတင်ပြီး နေပြီ။ သူတို့ပြင်ချင်ရင် နောက် မှပဲ အေးဆေးပြင်လို့ရမယ်’’ ဟု ၎င်းက ပြောသည်။

ပုဂံဒေသကို ကမ္ဘာ့အမွေအ နှစ်ဒေသအဖြစ် စာရင်းဝင်ရန် မူ ကြမ်းကို စက်တင်ဘာ ၂၂ ရက် က တင်သွင်းပြီး ပုဂံဒေသရှိအ ရေးကြီးသည့်နေရာ ခုနစ်နေရာကို ပိုင်းခြားတင်သွင်းထားသည်။ မူကြမ်းအရ ရှေးဟောင်းဒေသတစ်ခုလုံး မဟုတ်ဘဲ အရေးကြီးနေရာခုနစ်ခုကို ပိုင်းခြားတင်သွင်းခြင်းဖြစ်သည်။

ပုဂံဒေသကို မူကြမ်းတင် သွင်းထားမှုနှင့်ပတ်သက်ပြီး ယူ နက်စကိုမှ ပညာရှင်များအဖွဲ့က ၂၀၁၈ ဖေဖော်ဝါရီ ၁ ရက်မတိုင် မီ ပုဂံဒေသသို့ ကွင်းဆင်းစစ်ဆေး မည်ဖြစ်ကြောင်း ဒေါ်ဥမ္မာမျိုးက ပြောသည်။

၂၀၁၉ ဇွန်လ(သို့မဟုတ်) ဇူ လိုင်တွင်ပြုလုပ်မည့် ယူနက်စကို ကော်မတီအစည်းအဝေး၌ ပုဂံ ဒေသကို စာရင်းဝင်၊ မဝင်ဆုံး ဖြတ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရန် မူကြမ်းတင်သွင်းပြီးနောက် ၂၀၁၈ ဇန်နဝါရီ၌ တင်ပြစာတွဲနှင့် စီမံခန့်ခွဲမှုအစီအစဉ်စာတွဲ(၂) တင်သွင်းရမည်ဖြစ်သည်။ ထိုသို့ တင်သွင်းပြီးပါက ပုဂံဒေသသို့ ICOMOS (International Cou-ncil on Monuments and Sites) ပညာရှင်များ လာရောက်စစ်ဆေး ပြီး ဒေသခံများ၏သဘောထားကို တွေ့ဆုံမေးမြန်းမည်ဖြစ်သည်။ လက်ရှိတွင် ပုဂံရှေးဟောင်းယဉ် ကျေးမှုဇုန်ဧရိယာသည် စတုရန်း ဧက ၂၇,၉၇၀ ကျယ်ဝန်းသည်။

ဇုန်များ ပြန်လည်ပြင်ဆင် သတ်မှတ်ရာတွင် ယခင်ထက် ဧကနှစ်သောင်းကျော် ထပ်မံတိုး ချဲ့ထားသည်။ ထို့အပြင် ဇုန်များ တိုးချဲ့သတ်မှတ်မှုတွင် ပုဂံနှင့် ညောင်ဦးမြို့၏ အနောက်ဘက် နှင့် မြောက်ဘက်တို့၌ တိုးချဲ့မည် ဖြစ်ပြီး အနောက်ဘက်တွင် ဧရာ ဝတီမြစ်တစ်လျှောက်လုံးထည့် သွင်းထားပြီး မကွေးတိုင်းအတွင်း ရှိ တန့်ကြည့်တောင်ဘုရားကိုပါ ဇုန်အတွင်း ထည့်သွင်းသတ်မှတ် ထားသည်။

Credit: 7DayDaily