ZawGyiျဖင့္ဖတ္ရန္

အဆိုေတာ္ခ်မ္းခ်မ္းနဲ႔ သ႐ုပ္ေဆာင္ဘုဏ္းသိုက္တို႔ရဲ႕ ႏွစ္ဦးသေဘာတူ လမ္းခြဲျပတ္စဲသြားၾကၿပီဆိုတဲ့ေနာက္ အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ ႏႈိင္းယွဥ္ျမင့္မိုရ္က လည္း အဆိုေတာ္ခ်မ္းခ်မ္းအေပၚ အားေပးစကားသံကို သူ႔ရဲ႕ ေဖ့ဘုတ္စာမ်က္ႏွာေပၚမွာ ေရးသားခဲ့ပါတယ္။

” ႐ုပ္ေခ်ာတိုင္း အက်င့္သီလေကာင္းၾကတာမဟုတ္ဘူး…ခ်မ္းသာတိုင္းလဲ အက်င့္သီလ ေကာင္းၾကတာမဟုတ္ဘူး…ေဖာက္ျပန္တာဟာ မ်ိဴး႐ိုး ရွိျခင္း မရွိျခင္းနဲ႔လဲမဆိုင္ဘူး…သူ႔ရဲ႕ ဗီဇ …အဲဒါနဲ႔ပဲဆိုင္တယ္…အသြင္တူတဲ့ လူအခ်င္းခ်င္းေတြ႕သြားၿပီဆိုရင္ ငုပ္လ်ိဴ းေနတဲ့ ဗီဇကေပၚလာ မွာပဲေလ…ေယာက္က်ၤားေတြ ေဖာက္ျပန္ခ်င္လာၿပီဆို အေၾကာင္းျပခ်က္မ်ိဴ းစုံေပးလာၾကတယ္…တကယ္တမ္းစဥ္းစားၾကည့္ေတာ့ မိန္းမေတြ ေလာက္ ဘာဒဏ္မွမခံႏိုင္ၾကဘူး….မိန္းမက ဂ႐ုမစိုက္မိရင္လဲ မင္းကငါ့ကိုဂ႐ုမစိုက္လို႔ ငါ့ကိုဂ႐ုစိုက္တဲ့သူနဲ႔ သာယာတယ္ကြာ လို႔ေျပာၾကမယ္။ မင္းကပုံပ်က္ေနလို႔ ငါဖီးလ္မလာဘူးကြာလို႔ ေျပာၾကမယ္….စသည္ျဖင့္….နဖူးေပၚလက္တင္ၿပီး စဥ္းစားၾကည့္ပါအုံး..ငါေရာ ငါ့မိန္းမအေပၚမွာ ဂ႐ုစိုက္ရဲ႕လား….အိပ္ခါနီးဂ႐ုစိုက္မႈဆိုရင္ေတာ့ ဘယ္ေယာက္်ားဆီကမဆို ရပါတယ္ရွင္” လို႔ အစခ်ီလို႔ ခ်မ္းခ်မ္းကို ေထာက္ခံေၾကာင္း သူ႔ရဲ႕ Facebook စာမ်က္ႏွာမွာ ေရးသားခဲ့တာပါ။

ဒီဇင္ဘာလ ၁ ရက္ေန႔ ႐ုံတင္ျပသသြားမွာပါ။ ဒီဇင္ဘာလ ၁ ရက္ေန႔ ႐ုံတင္ျပသသြားမွာပါ။
သ႐ုပ္ေဆာင္ ဒါ႐ိုက္တာ ဘုဏ္းသိုက္နဲ႔ အဆိုေတာ္ ခ်မ္းခ်မ္းတို႔က ႏွစ္ဦးသေဘာတူ လင္မယားကြာရွင္းျပတ္စဲၿပီးျဖစ္ေၾကာင္း ႏိုဝင္ဘာလ ၂၄ ရက္ေန႔က ေၾကးမုံသတင္းစာမွာ ပါလာခဲ့တာျဖစ္ပါတယ္။

ဒီလို ကြာရွင္းရျခင္းက ဘုဏ္းသိုက္ဘက္က အိမ္ေထာင္ေရးေဖာက္ျပန္မႈလို႔ ဆိုေနၾကၿပီး ပရိသတ္အမ်ားစုက ခ်မ္းခ်မ္းဘက္က ရပ္တည္ေနၾက တာျဖစ္ပါတယ္။
ဘုဏ္းသိုက္နဲ႔ ခ်မ္းခ်မ္းတို႔ဟာ ၂၀၁၃ခုႏွစ္ ဇူလိုင္(၁၇)ရက္ေန႔က လက္ထပ္ခဲ့ၾကတာ ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ Saint Mary’s Cathedral မွာ မဂၤလာလက္ထပ္ပြဲကို က်င္းပခဲ့ၾကတာ ျဖစ္ပါတယ္။ အိမ္ေထာင္သက္တမ္း(၄)ႏွစ္ရွိၿပီျဖစ္တဲ့ သူတို႔ႏွစ္ဦးမွာေတာ့ ျမမိုးဂဂၤါဆိုတဲ့ သမီး တစ္ေယာက္လည္း ရွိပါတယ္။
Photo: ႏႈိင္းယွဥ္ျမင့္မိုရ္ေဖ့စ္ဘုတ္

Credit; Duwun

Unicodeဖြင့်ဖတ်ရန်

အဆိုတော်ချမ်းချမ်းနဲ့ သရုပ်ဆောင်ဘုဏ်းသိုက်တို့ရဲ့ နှစ်ဦးသဘောတူ လမ်းခွဲပြတ်စဲသွားကြပြီဆိုတဲ့နောက် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်က လည်း အဆိုတော်ချမ်းချမ်းအပေါ် အားပေးစကားသံကို သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

” ရုပ်ချောတိုင်း အကျင့်သီလကောင်းကြတာမဟုတ်ဘူး…ချမ်းသာတိုင်းလဲ အကျင့်သီလ ကောင်းကြတာမဟုတ်ဘူး…ဖောက်ပြန်တာဟာ မျိူးရိုး ရှိခြင်း မရှိခြင်းနဲ့လဲမဆိုင်ဘူး…သူ့ရဲ့ ဗီဇ …အဲဒါနဲ့ပဲဆိုင်တယ်…အသွင်တူတဲ့ လူအချင်းချင်းတွေ့သွားပြီဆိုရင် ငုပ်လျိူ းနေတဲ့ ဗီဇကပေါ်လာ မှာပဲလေ…ယောက်င်္ကျားတွေ ဖောက်ပြန်ချင်လာပြီဆို အကြောင်းပြချက်မျိူ းစုံပေးလာကြတယ်…တကယ်တမ်းစဉ်းစားကြည့်တော့ မိန်းမတွေ လောက် ဘာဒဏ်မှမခံနိုင်ကြဘူး….မိန်းမက ဂရုမစိုက်မိရင်လဲ မင်းကငါ့ကိုဂရုမစိုက်လို့ ငါ့ကိုဂရုစိုက်တဲ့သူနဲ့ သာယာတယ်ကွာ လို့ပြောကြမယ်။ မင်းကပုံပျက်နေလို့ ငါဖီးလ်မလာဘူးကွာလို့ ပြောကြမယ်….စသည်ဖြင့်….နဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်ပါအုံး..ငါရော ငါ့မိန်းမအပေါ်မှာ ဂရုစိုက်ရဲ့လား….အိပ်ခါနီးဂရုစိုက်မှုဆိုရင်တော့ ဘယ်ယောက်ျားဆီကမဆို ရပါတယ်ရှင်” လို့ အစချီလို့ ချမ်းချမ်းကို ထောက်ခံကြောင်း သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့တာပါ။

ဒီဇင်ဘာလ ၁ ရက်နေ့ ရုံတင်ပြသသွားမှာပါ။ ဒီဇင်ဘာလ ၁ ရက်နေ့ ရုံတင်ပြသသွားမှာပါ။
သရုပ်ဆောင် ဒါရိုက်တာ ဘုဏ်းသိုက်နဲ့ အဆိုတော် ချမ်းချမ်းတို့က နှစ်ဦးသဘောတူ လင်မယားကွာရှင်းပြတ်စဲပြီးဖြစ်ကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့က ကြေးမုံသတင်းစာမှာ ပါလာခဲ့တာဖြစ်ပါတယ်။

ဒီလို ကွာရှင်းရခြင်းက ဘုဏ်းသိုက်ဘက်က အိမ်ထောင်ရေးဖောက်ပြန်မှုလို့ ဆိုနေကြပြီး ပရိသတ်အများစုက ချမ်းချမ်းဘက်က ရပ်တည်နေကြ တာဖြစ်ပါတယ်။
ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့ဟာ ၂၀၁၃ခုနှစ် ဇူလိုင်(၁၇)ရက်နေ့က လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး ရန်ကုန်မြို့ Saint Mary’s Cathedral မှာ မင်္ဂလာလက်ထပ်ပွဲကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်း(၄)နှစ်ရှိပြီဖြစ်တဲ့ သူတို့နှစ်ဦးမှာတော့ မြမိုးဂင်္ဂါဆိုတဲ့ သမီး တစ်ယောက်လည်း ရှိပါတယ်။

Credit; Duwun