Zawgyi ျဖင့္ဖတ္ရန္

ေဖြးေဖြးရဲ႕ ေပ့ခ်္ကို ဟက္ယူခဲ့ေသာ ဟက္ကာမ်ားက ေဖြးေဖြးရဲ႕ ကိုယ္ေရးကိုယ္တာ ဓာတ္ပုံမ်ားကို ေဖာက္ခ်မည္ဟု ေျပာဆိုကာ ၿခိမ္းေျခာက္ေနပါတယ္။ႏိုဝင္ဘာလ ၁၈ ရက္ေန႔က သ႐ုပ္ေဆာင္ ေဖြးေဖြးရဲ႕ ေဖ့စ္ဘြက္စာမ်က္ႏွာဟာ ဟက္ကာမ်ားလက္ထဲသို႔ ေရာက္သြားခဲ့တာ ျဖစ္ပါတယ္။M4L FamliY လို႔ အမည္ရွိတဲ့ ဟက္ကာမ်ားက ေပ့ခ်္ကို ေခတၱ Unpulsihed လုပ္ထားခဲ့ၿပီး ေဖြးေဖြး မိသားစုဝင္မ်ားက လာေတာင္းမွ ေပ့ခ်္ကို ျပန္ေပးမယ္လို႔ ေၾကညာခဲ့သည္။သို႔ေသာ္လည္း ေဖြးေဖြးရဲ႕ အသိုင္းအဝိုင္းက ထိုနည္းလမ္းျဖင့္ ျပန္လည္ေတာင္းယူျခင္းမျပဳခဲ့ပဲ နည္းပညာကြၽမ္းက်င္သူမ်ားရဲ႕ အကူအညီရယူကာ ေဖ့စ္ဘြက္ကုမၸဏီထံကို တင္ျပၿပီး ေပ့ခ်္ကို ျပန္ယူခဲ့တာ ျဖစ္ပါတယ္။ မေန႔ (ႏိုဝင္ဘာလ ၂၁ ရက္) ညမွာေတာ့ ေပ့ခ်္ျပန္ရသြားၿပီျဖစ္ေၾကာင္း ေဖြးေဖြးက ေၾကညာခဲ့သည္။ဒါေပမယ့္လည္း ဒီေန႔ (ႏိုဝင္ဘာလ ၂၂ ရက္မွာေတာ့) ဟက္ကာမ်ားရဲ႕ ေဖ့စ္ဘြက္စာမ်က္ႏွာမွ တန္ျပန္ေၾကညာခ်က္တစ္ခု ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

“Hello ေဖြးေဖြး … သင့္ရဲ႕ သတိေပးစကားကို ငါတို႔ M4L အဖြဲ႕ မႀကိဳက္ႏွစ္သက္ဘူး။ သင့္အတြက္ အဲ့ဒီစာသားေတြကို ျပန္ျပင္ဖို႔ 12 hr အခ်ိန္ရမယ္။ မဟုတ္ရင္ သင္နဲ႔ သင့္ခ်စ္သူ Sex Chat ထားတဲ့ Photo ေတြ Social ေလာကမွာ လူတိုင္းသိေအာင္ အျဖန႔္ခံရမယ္။ M4L F4M!1Y အေနနဲ႔ ၿခိမ္းေျခာက္စာမဟုတ္ပါ။ ပထမအႀကိမ္ သတိေပးျခင္းျဖစ္ပါတယ္။ သင့္ရဲ႕စာစုကို ျပန္ျပင္ဖို႔ အခ်ိန္ 12 နာရီေပးထားတယ္။ .

(ဟက္ကာမ်ားက ေဖြးေဖြးပုံဟု ဆိုေသာ ကနဦးပုံတစ္ပုံ)

.( 11:30 ) ကေန ည ( 11:30 ) အခ်ိန္အထိ ေစာင့္ၾကည့္မယ္။ မျပင္ရေသးရင္ Social ေလာကမွာ သင့္ရဲ႕ Sexy ဆန္တဲ့ပုံေတြ လူတိုင္းသိေစရမယ္ … ဒါနမူနာပဲ ရွိေသးတယ္ေဖြးေဖြး။ ျပင္ဆင္ပါ။ M4L ကို ေလးစားပါ။ M4L ဆိုတာ အႏုပညာရွင္ေတြအတြက္ နတ္ဆိုးတစ္ပါးဆိုတာ မေမ့ပါနဲ႔။ ။ <M4L F4M!1Y> (MAL FAMILY) “ လို႔ ေရးသားၿပီး ေဖြးေဖြးရဲ႕ လ်ိဳ႕ဝွက္ ဓာတ္ပုံဟုဆိုေသာ ဓာတ္ပုံအနည္းငယ္ကိုပါ တင္ခဲ့တာ ျဖစ္ပါတယ္။

Photos©Phway Phway

Credit: PHWAY PHWAY

Unicode ဖြင့်ဖတ်ရန်

ဖွေးဖွေးရဲ့ ပေ့ချ်ကို ဟက်ယူခဲ့သော ဟက်ကာများက ဖွေးဖွေးရဲ့ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံများကို ဖောက်ချမည်ဟု ပြောဆိုကာ ခြိမ်းခြောက်နေပါတယ်။နိုဝင်ဘာလ ၁၈ ရက်နေ့က သရုပ်ဆောင် ဖွေးဖွေးရဲ့ ဖေ့စ်ဘွက်စာမျက်နှာဟာ ဟက်ကာများလက်ထဲသို့ ရောက်သွားခဲ့တာ ဖြစ်ပါတယ်။M4L FamliY လို့ အမည်ရှိတဲ့ ဟက်ကာများက ပေ့ချ်ကို ခေတ္တ Unpulsihed လုပ်ထားခဲ့ပြီး ဖွေးဖွေး မိသားစုဝင်များက လာတောင်းမှ ပေ့ချ်ကို ပြန်ပေးမယ်လို့ ကြေညာခဲ့သည်။သို့သော်လည်း ဖွေးဖွေးရဲ့ အသိုင်းအဝိုင်းက ထိုနည်းလမ်းဖြင့် ပြန်လည်တောင်းယူခြင်းမပြုခဲ့ပဲ နည်းပညာကျွမ်းကျင်သူများရဲ့ အကူအညီရယူကာ ဖေ့စ်ဘွက်ကုမ္ပဏီထံကို တင်ပြပြီး ပေ့ချ်ကို ပြန်ယူခဲ့တာ ဖြစ်ပါတယ်။ မနေ့ (နိုဝင်ဘာလ ၂၁ ရက်) ညမှာတော့ ပေ့ချ်ပြန်ရသွားပြီဖြစ်ကြောင်း ဖွေးဖွေးက ကြေညာခဲ့သည်။ဒါပေမယ့်လည်း ဒီနေ့ (နိုဝင်ဘာလ ၂၂ ရက်မှာတော့) ဟက်ကာများရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှ တန်ပြန်ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

“Hello ဖွေးဖွေး … သင့်ရဲ့ သတိပေးစကားကို ငါတို့ M4L အဖွဲ့ မကြိုက်နှစ်သက်ဘူး။ သင့်အတွက် အဲ့ဒီစာသားတွေကို ပြန်ပြင်ဖို့ 12 hr အချိန်ရမယ်။ မဟုတ်ရင် သင်နဲ့ သင့်ချစ်သူ Sex Chat ထားတဲ့ Photo တွေ Social လောကမှာ လူတိုင်းသိအောင် အဖြန့်ခံရမယ်။ M4L F4M!1Y အနေနဲ့ ခြိမ်းခြောက်စာမဟုတ်ပါ။ ပထမအကြိမ် သတိပေးခြင်းဖြစ်ပါတယ်။ သင့်ရဲ့စာစုကို ပြန်ပြင်ဖို့ အချိန် 12 နာရီပေးထားတယ်။ .

(ဟက်ကာများက ဖွေးဖွေးပုံဟု ဆိုသော ကနဦးပုံတစ်ပုံ)

.( 11:30 ) ကနေ ည ( 11:30 ) အချိန်အထိ စောင့်ကြည့်မယ်။ မပြင်ရသေးရင် Social လောကမှာ သင့်ရဲ့ Sexy ဆန်တဲ့ပုံတွေ လူတိုင်းသိစေရမယ် … ဒါနမူနာပဲ ရှိသေးတယ်ဖွေးဖွေး။ ပြင်ဆင်ပါ။ M4L ကို လေးစားပါ။ M4L ဆိုတာ အနုပညာရှင်တွေအတွက် နတ်ဆိုးတစ်ပါးဆိုတာ မမေ့ပါနဲ့။ ။ <M4L F4M!1Y> (MAL FAMILY) “ လို့ ရေးသားပြီး ဖွေးဖွေးရဲ့ လျို့ဝှက် ဓာတ်ပုံဟုဆိုသော ဓာတ်ပုံအနည်းငယ်ကိုပါ တင်ခဲ့တာ ဖြစ်ပါတယ်။

Photos©Phway Phway

Credit: PHWAY PHWAY