Zawgyi ျဖင့္ဖတ္ရန္

ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕မွာ ႏိုဝင္ဘာ ၂၁ ရက္က ဂ်ပန္ဦးေႏွာက္ေရာင္ ေရာဂါ ကာကြယ္ေဆးထိုးအၿပီးမွာ စတုတၱတန္းေက်ာင္းသူတေယာက္ ေသဆုံးခဲ့တယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

ပုသိမ္တကၠသိုလ္ထဲမွာရွိတဲ့ အ.ထ.က(တကၠသိုလ္) ေက်ာင္းက ၄ တန္းေက်ာင္းသူ မရွင္းသန႔္ေဝဟာ ႏိုဝင္ဘာ ၂၀ ရက္ေန႔က ေဆးထိုးအၿပီး မၾကာခင္ ေခါင္းမူးၿပီး ကိုယ္ပူလာတဲ့ အတြက္ ဆရာမကဖုန္းဆက္ေခၚခဲ့တာေၾကာင့္ မိဘေတြက ေက်ာင္းကေန အိမ္ျပန္ေခၚလာ ခဲ့တယ္လို႔ မိသားစုဝင္ေတြဆီက သိရပါတယ္။

ကေလးမိခင္ ေဒၚမူမူျမင့္က “ည ၇ နာရီကစၿပီး တညလုံး အဝါေရာင္အရည္ေတြအန္တယ္။ ေဆးခန္းျပရတယ္။ ဒါေပမယ့္ ၂၁ ရက္ေန႔မွာလည္း ေသြးေပါင္ေတြတအားထပ္က်ေနလို႔ ေဆး႐ုံပို႔ဖို႔ေျပာတယ္။ ေဆး႐ုံေရာက္ေတာ့ ေျခဖ်ားလက္ဖ်ားေတြ တအားေအးေနတယ္။ ကုသေပးေနရင္း ညေနမွာ ၂ ခါေလာက္တက္ၿပီး ေနာက္ဆုံးတခါထပ္တက္ၿပီး သတိျပန္မလည္ေတာ့တာ”လို႔ ေျပာပါတယ္။

ေသဆုံးသူကေလးငယ္ကို ဒီကေန႔မွာေတာ့ ဂ်ပန္ဦးေႏွာက္ေရာင္ ေရာဂါကာကြယ္ေဆး ေၾကာင့္ ေသဆုံးတာဟုတ္မဟုတ္ စစ္ေဆးၿပီး ထုတ္ျပန္ေပးသြားမယ္လို႔ တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္း တာဝန္ရွိသူေတြက ဆိုပါတယ္။

ပုသိမ္ေဆး႐ုံက ကေလးအထူးကုဆရာဝန္ႀကီး ေဒါက္တာသူရေဇာ္က “တိုးခ်ဲ႕ ကာကြယ္ေဆးလုပ္ငန္းကေန ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္ေတြမွာ မထိုးရမယ့္သူ ရက္ေ႐ြ႕ ထိုးရမယ့္သူကအစ အတိအက်ထုတ္ျပန္ထားတာကို ေလ့လာထားေစခ်င္ပါတယ္။ အကယ္၍ ကေလးက ေဆးတခုခုေသာက္ေနရတယ္။ ေရာဂါအခံတခုရွိေနရင္ အရင္ဆုံး ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ထိုးသင့္မထိုးသင့္ အႀကံဉာဏ္ေတာင္းသင့္တယ္။ ေဆးမထိုးခင္ရက္ေတြမွာလည္း ေရာဂါတခုခု ခံစားေနရမယ္။ ေဆးထိုးမယ့္ရက္မွာလည္း ကေလးကမအီမသာျဖစ္ၿပီး စိတ္ထဲ မသကၤာျဖစ္ရင္ ဆရာဝန္နဲ႔တိုင္ပင္ပါ။ ဒါမွမဟုတ္ ရက္ေ႐ြ႕ထိုးသင့္တယ္။ ဒီအခ်က္ေတြ လိုက္နာမယ္ဆိုရင္ေတာ့ အႏၲရာယ္ကင္းကင္း ေဆးထိုးလို႔ရပါၿပီ”လို႔ ေျပာပါတယ္။

ပုသိမ္ၿမိဳ႕နယ္အတြင္းက အေျခခံပညာေက်ာင္းေပါင္း ၂၆၅ ေက်ာင္းက ေက်ာင္းသား ေက်ာင္းသူ ၅၇၅၉၄ ကို ႏိုဝင္ဘာ ၁၅ ရက္ကစၿပီး ေက်ာင္းအေျချပဳ ဂ်ပန္ဦးေႏွာက္ေရာင္ ေရာဂါကာကြယ္ေဆးထိုး လုပ္ငန္းေတြကို လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ ပုသိမ္ၿမိဳ႕နယ္ ပညာေရးမႉး႐ုံးကေနသိရပါတယ္။

ႏိုဝင္ဘာ ၁၉ ရက္ေန႔ကလည္း ဧရာဝတီတိုင္း သာေပါင္းၿမိဳ႕နယ္ ကညင္ေခ်ာင္း႐ြာက ပထမတန္းေက်ာင္းသားတေယာက္ဟာ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါ ကာကြယ္ေဆးထိုးအၿပီး ေနမေကာင္းျဖစ္ကာ ေသဆုံးမႈျဖစ္ပြားခဲ့ေပမယ့္ ႐ြာကအလြန္ေခါင္ၿပီး ျဖတ္ေက်ာ္သယ္ေဆာင္ရမယ့္ အခက္အခဲေတြေၾကာင့္ ေဆးေၾကာင့္ေသဆုံးတာ ဟုတ္မဟုတ္ မစစ္ေဆးႏိုင္ခဲ့ဘူး လို႔ က်န္းမာေရးဦးစီးဌာနကေန သိရပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၁၆ ခုႏွစ္အတြင္းက ကေလးငယ္ေပါင္း ၃၉၃ ဦးကို ဂ်ပန္ဦးေႏွာက္ေရာင္ ေရာဂါကူးစက္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္ေအာက္တိုဘာလအထိ ကေလးငယ္ေပါင္း ၃၀၆ ဦးကို ဂ်ပန္ ဦးေႏွာက္ေရာင္ေရာဂါကူးစက္ခဲ့ကာ အဲ့ဒီထဲက ကေလးငယ္ ၃၀ ရာခိုင္ႏႈန္းေလာက္ ေသဆုံးခဲ့တယ္လို႔ က်န္မာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ေတြအရသိရပါတယ္။

မေသဆုံးပဲအသက္ရွင္က်န္ရစ္တဲ့ ကေလးေတြမွာလည္း နာတာရွည္ကိုယ္လက္အဂၤါ မသန္စြမ္းတာေတြ အျပဳအမႈပိုင္းဆိုင္ရာ အသိဉာဏ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းတာေတြ ျဖစ္ပြားခဲ့တဲ့ အတြက္ ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)အကူအညီနဲ႔ အခုလိုဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါ ကာကြယ္ေဆးထိုးလုပ္ငန္းေတြကို လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

သတင္း – ျမမင္းဦး(ပုသိမ္)

Credit: DVB

Unicode ဖြင့်ဖတ်ရန်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ နိုဝင်ဘာ ၂၁ ရက်က ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေးထိုးအပြီးမှာ စတုတ္တတန်းကျောင်းသူတယောက် သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ပုသိမ်တက္ကသိုလ်ထဲမှာရှိတဲ့ အ.ထ.က(တက္ကသိုလ်) ကျောင်းက ၄ တန်းကျောင်းသူ မရှင်းသန့်ဝေဟာ နိုဝင်ဘာ ၂၀ ရက်နေ့က ဆေးထိုးအပြီး မကြာခင် ခေါင်းမူးပြီး ကိုယ်ပူလာတဲ့ အတွက် ဆရာမကဖုန်းဆက်ခေါ်ခဲ့တာကြောင့် မိဘတွေက ကျောင်းကနေ အိမ်ပြန်ခေါ်လာ ခဲ့တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ကလေးမိခင် ဒေါ်မူမူမြင့်က “ည ၇ နာရီကစပြီး တညလုံး အဝါရောင်အရည်တွေအန်တယ်။ ဆေးခန်းပြရတယ်။ ဒါပေမယ့် ၂၁ ရက်နေ့မှာလည်း သွေးပေါင်တွေတအားထပ်ကျနေလို့ ဆေးရုံပို့ဖို့ပြောတယ်။ ဆေးရုံရောက်တော့ ခြေဖျားလက်ဖျားတွေ တအားအေးနေတယ်။ ကုသပေးနေရင်း ညနေမှာ ၂ ခါလောက်တက်ပြီး နောက်ဆုံးတခါထပ်တက်ပြီး သတိပြန်မလည်တော့တာ”လို့ ပြောပါတယ်။

သေဆုံးသူကလေးငယ်ကို ဒီကနေ့မှာတော့ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ကြောင့် သေဆုံးတာဟုတ်မဟုတ် စစ်ဆေးပြီး ထုတ်ပြန်ပေးသွားမယ်လို့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း တာဝန်ရှိသူတွေက ဆိုပါတယ်။

ပုသိမ်ဆေးရုံက ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာသူရဇော်က “တိုးချဲ့ ကာကွယ်ဆေးလုပ်ငန်းကနေ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေမှာ မထိုးရမယ့်သူ ရက်ရွေ့ ထိုးရမယ့်သူကအစ အတိအကျထုတ်ပြန်ထားတာကို လေ့လာထားစေချင်ပါတယ်။ အကယ်၍ ကလေးက ဆေးတခုခုသောက်နေရတယ်။ ရောဂါအခံတခုရှိနေရင် အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးသင့်မထိုးသင့် အကြံဉာဏ်တောင်းသင့်တယ်။ ဆေးမထိုးခင်ရက်တွေမှာလည်း ရောဂါတခုခု ခံစားနေရမယ်။ ဆေးထိုးမယ့်ရက်မှာလည်း ကလေးကမအီမသာဖြစ်ပြီး စိတ်ထဲ မသင်္ကာဖြစ်ရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ဒါမှမဟုတ် ရက်ရွေ့ထိုးသင့်တယ်။ ဒီအချက်တွေ လိုက်နာမယ်ဆိုရင်တော့ အန္တရာယ်ကင်းကင်း ဆေးထိုးလို့ရပါပြီ”လို့ ပြောပါတယ်။

ပုသိမ်မြို့နယ်အတွင်းက အခြေခံပညာကျောင်းပေါင်း ၂၆၅ ကျောင်းက ကျောင်းသား ကျောင်းသူ ၅၇၅၉၄ ကို နိုဝင်ဘာ ၁၅ ရက်ကစပြီး ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့ ပုသိမ်မြို့နယ် ပညာရေးမှူးရုံးကနေသိရပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း ဧရာဝတီတိုင်း သာပေါင်းမြို့နယ် ကညင်ချောင်းရွာက ပထမတန်းကျောင်းသားတယောက်ဟာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးအပြီး နေမကောင်းဖြစ်ကာ သေဆုံးမှုဖြစ်ပွားခဲ့ပေမယ့် ရွာကအလွန်ခေါင်ပြီး ဖြတ်ကျော်သယ်ဆောင်ရမယ့် အခက်အခဲတွေကြောင့် ဆေးကြောင့်သေဆုံးတာ ဟုတ်မဟုတ် မစစ်ဆေးနိုင်ခဲ့ဘူး လို့ ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွင်းက ကလေးငယ်ပေါင်း ၃၉၃ ဦးကို ဂျပန်ဦးနှောက်ရောင် ရောဂါကူးစက်ခဲ့ပြီး ၂၀၁၇ ခုနှစ်အောက်တိုဘာလအထိ ကလေးငယ်ပေါင်း ၃၀၆ ဦးကို ဂျပန် ဦးနှောက်ရောင်ရောဂါကူးစက်ခဲ့ကာ အဲ့ဒီထဲက ကလေးငယ် ၃၀ ရာခိုင်နှုန်းလောက် သေဆုံးခဲ့တယ်လို့ ကျန်မာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရသိရပါတယ်။

မသေဆုံးပဲအသက်ရှင်ကျန်ရစ်တဲ့ ကလေးတွေမှာလည်း နာတာရှည်ကိုယ်လက်အင်္ဂါ မသန်စွမ်းတာတွေ အပြုအမှုပိုင်းဆိုင်ရာ အသိဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းတာတွေ ဖြစ်ပွားခဲ့တဲ့ အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အကူအညီနဲ့ အခုလိုဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သတင်း – မြမင်းဦး(ပုသိမ်)

Credit: DVB

LEAVE A REPLY