Zawgyi ျဖင့္ဖတ္ရန္

 

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ အတြင္း မိုင္တိုင္ အမွတ္ ၄၅ ႏွင့္ ၄၆ အၾကား ျမန္မာ – ဘဂၤလားေဒ့ရ္ွ နယ္စပ္တြင္ ႏိုဝင္ဘာလ ၅ ရက္ေန႔က ပစ္ခတ္မႈ ျဖစ္ပြားသည့္ ကိစၥႏွင့္ ပတ္သက္ၿပီး ဘဂၤလားေဒ့ရ္ွ ႏိုင္ငံ နယ္ျခားေစာင့္ ရဲတပ္ဖြဲ ႕အား ျမန္မာ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕က ကန႔္ကြက္စာ ေပးထားေၾကာင္း သတင္း ရရွိသည္။

ယင္းသို႔ ကန႔္ကြက္စာ ေပးရျခင္းမွာ ဘဂၤလားေဒ့ရ္ွ နိုင္ငံ ဘက္ျခမ္းမွ ျမန္မာႏိုင္ငံ ဘက္တြင္ လုံၿခဳံေရး အရ သြားလာ ေနၾကေသာ နယ္ျခားေစာင့္ တပ္ဖြဲ႕ဝင္မ်ားကို လွမ္း၍ ပစ္ခတ္မႈ ျပဳလုပ္ခဲ့သည့္အတြက္ ကန႔္ကြက္ ရျခင္း ျဖစ္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ၫြန္ၾကားေရးမႉး ခ်ဳပ္ ဦးေဇာ္ေဌးက ေျပာသည္။

ဦးေဇာ္ေဌး က “ ပစ္တာက ဘဂၤလားေဒ့ရွ္ ဘက္ျခမ္း အတြင္းထဲကေန ပစ္တာျဖစ္တယ္။ အဲဒီေတာ့ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္ရဲကို ဒီဘက္ကေန ကန႔္ကြက္စာေပးထားတယ္။ ဘဂၤလားေဒ့ရ္ွ က စိစစ္ရမယ္။ က်ေနာ္ တို႔က ျဖစ္တဲ့ေနရာကို ေျမပုံၫြန္း အတိအက်နဲ႔ ေျပာထားတယ္။ ဘဂၤလားဘက္ျခမ္း ပိုင္နက္ ထဲကေန ပစ္တာ ။ အဲဒီေတာ့ ညေန ၅ ေက်ာ္ ေလာက္က ျဖစ္တာဆိုေတာ့ အဲဒီအခ်ိန္ အဲဒီေနရာမွာ သူတို႔ ဘဂၤလား နယ္ျခားေစာင့္တပ္ ရွိလား။ မရွိဘူးဆိုရင္ ဘယ္သူေတြ ရွိလဲ။ အဲဒီလို ႏွစ္ႏိုင္ငံ နယ္ျခား မွာ ဘယ္အဖြဲ႕ကို လႈပ္ရွားခြင့္ေပးထားသလဲ။ ဒါကို ဘဂၤလားေဒ့ရွ္ ဘက္က ျပန္ စိစစ္ရမယ္။ ျပန္ရွင္းရမယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

ျဖစ္စဥ္မွာ ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္း ေအာင္သေျပနယ္ေျမအပိုင္ မိုင္တိုင္အမွတ္ ၄၅ နယ္ျခားေစာင့္ ရဲကင္းစခန္းမွ ရဲတပ္သားမ်ားျဖစ္သည့္ မ်ိဳးႏိုင္၊ ႏိုင္ကိုကို၊ မ်ိဳးမင္းႏွင့္ ထန္စြမ္းေျပာင္းတို႔ ၄ ဦးသည္ ႏိုဝင္ဘာလ ၅ ရက္ေန႔ ညေန ၅ နာရီ ၄၅ မိႏွစ္ အခ်ိန္က ေအာင္သေျပနယ္ေျမ႐ုံးမွ လစာထုတ္ၿပီး ျပန္လာေၾကာင္း၊ မိုင္တိုင္ ၄၆ ဆာလီေတာင္႐ြာ အနီး သို႔အ ေရာက္တြင္ ဘဂၤလားေဒ့ရွ္ – ျမန္မာ နယ္စပ္ ၿခံစည္း႐ုံးႏွင့္ ကိုက္ ၁၀၀ ခန႔္ အကြာ ဘဂၤလား ေဒ့ရွ္ဘက္ျခမ္း ေတာင္တန္း ေပၚမွ လက္နက္ကိုင္ လူတစုက လက္နက္ငယ္မ်ားျဖင့္ အခ်က္ ၃၀ ေက်ာ္ ပစ္ခတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ ႏွစ္ဘက္ အျပန္အလွန္ ပစ္ခတ္မႈ မ်ား ျဖစ္ပြားခဲ့ရာ ရဲတပ္သား ထန္စြမ္းေျပာင္းသည္ ဆိုင္ကယ္ျဖင့္ ေအာင္သေျပ နယ္ေျမစခန္းသို႔ သြားေရာက္ၿပီး စစ္ကူေတာင္းခဲ့ေၾကာင္း၊ ေအာင္သေျပနယ္ေျမမႉး ႏွင့္အဖြဲ႕ အင္အား ၂၀ ေက်ာ္တို႔က အခင္း ျဖစ္ပြားသည့္ေနရာသို႔ စစ္ကူသြားေရာက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ျခင္းႏွင့္ ပတ္သက္၍ ေအာင္သေျပေက်း႐ြာမွလည္း ေသနတ္သံ မ်ားကို ၾကားရေၾကာင္း ၊ လက္ရွိအေျခအေနအရ နယ္ေျမအေျခအေန စိုးရိမ္ရသည့္အတြက္ ေက်း႐ြာသားမ်ားအေနျဖင့္ သားငါးအရွာ ထြက္မည္ ဆိုပါကလည္း ေဝးေဝးလံလံ မသြားၾကရန္ မွာၾကားထားေၾကာင္း ေအာင္သေျပေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးသိန္းေ႐ႊဦးက ေျပာသည္။

“ အေျခအေနကေတာ့ စိုးရိမ္ရတယ္။ အဲဒါနဲ႔ ႐ြာသားေတြကိုလည္း ႐ြာျပင္ကို ထြက္ရင္ တဦးတေယာက္ ခြဲၿပီးေတာ့ မသြားၾကဖို႔ မွာၾကားထားတယ္။ တကယ္လို႔ စားစရာ မရွိလို႔ မျဖစ္မေန ငါးရွာ ၊ ဖားရွာ သြားၾကမယ္ ဆိုရင္လည္း ေဝးေဝး လံလံ မသြားဖို႔ မွာထားပါတယ္ ” ဟု ဦးသိန္းေ႐ႊဦးက ဧရာဝတီ သို႔ ေျပာသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္မ်ား ထိခိုက္ဒဏ္ရရွိမႈမ်ား မရွိသလို လက္နက္ ခဲယမ္း မီးေက်ာက္မ်ား လည္း ေပ်ာက္ဆုံးျခင္း မရွိေၾကာင္း ၊ ယင္းသို႔ တဖက္ႏိုင္ငံဘက္ျခမ္း လက္နက္ကိုင္ လူအုပ္စုမွ လွမ္း၍ ပစ္ခတ္ခဲ့မႈေၾကာင့္ နယ္ျခားေစာင့္ တပ္ဖြဲ႕ဝင္ အခ်င္းခ်င္းလည္း နယ္စပ္လုံၿခဳံေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ ပတ္သက္ၿပီး စကား အေခ်အတင္ ေျပာရမည္ဟု ဦးေဇာ္ေဌးက ဆက္လက္ ေျပာၾကားသည္။

၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ ၂၂ ရက္ေန႔ကလည္း ေအာင္သေျပေက်း႐ြာေန ဒိုင္းနက္တိုင္းရင္းသား ၄ ဦးသည္ ေတာဝက္ ေျခရာေတြ႕၍ သားေကာင္ လိုက္လံ ရွာေဖြရာ ျမန္မာ- ဘဂၤလားေဒ့ရွ္ နယ္စပ္ မိုင္တိုင္ အမွတ္ ၄၆- ၄၇ အေရာက္တြင္ အၾကမ္းဖက္သူ ၁၅ ဦးခန႔္ႏွင့္ ထိပ္တိုက္ ေတြ႕ဆုံၿပီး ပစ္ခတ္ခဲ့ရာ ၂ ဦးေသဆုံးခဲ့ၿပီး ၂ ဦး အျပင္းအထန္ ဒဏ္ရာရရွိခဲ့သည္။

Credit : Burma irrawaddy

Unicode ဖြင့်ဖတ်ရန်

ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်မှ ပစ်ခတ်မှု မြန်မာရဲတပ်ဖွဲ့ ကန့်ကွက်စာ ပေးပို့

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း မိုင်တိုင်အမှတ် ၄၅ နှင့် ၄၆ အကြား မြန်မာ – ဘင်္ဂလားဒေ့ရ်ှ နယ်စပ်တွင် နိုဝင်ဘာလ ၅ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရ်ှ နိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့အား မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ကန့်ကွက်စာ ပေးထားကြောင်း သတင်း ရရှိသည်။

ယင်းသို့ ကန့်ကွက်စာပေးရခြင်းမှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဘက်ခြမ်းမှ မြန်မာနိုင်ငံဘက်တွင် လုံခြုံရေးအရ သွားလာ နေကြသော နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို လှမ်း၍ ပစ်ခတ်မှု ပြုလုပ်ခဲ့သည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ဦးဇော်ဌေးက “ ပစ်တာက ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်း အတွင်းထဲကနေ ပစ်တာဖြစ်တယ်။ အဲဒီတော့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲကို ဒီဘက်ကနေ ကန့်ကွက်စာပေးထားတယ်။ ဘင်္ဂလားဒေ့ရ်ှက စိစစ်ရမယ်။ ကျနော်တို့က ဖြစ်တဲ့နေရာကို မြေပုံညွန်း အတိအကျနဲ့ ပြောထားတယ်။ ဘင်္ဂလားဘက်ခြမ်း ပိုင်နက်ထဲကနေ ပစ်တာ ။ အဲဒီတော့ ညနေ ၅ ကျော် လောက်က ဖြစ်တာဆိုတော့ အဲဒီအချိန် အဲဒီနေရာမှာ သူတို့ ဘင်္ဂလား နယ်ခြားစောင့်တပ်ရှိလား။ မရှိဘူးဆိုရင် ဘယ်သူတွေ ရှိလဲ။ အဲဒီလို နှစ်နိုင်ငံ နယ်ခြားမှာ ဘယ်အဖွဲ့ကို လှုပ်ရှားခွင့်ပေးထားသလဲ။ ဒါကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြန် စိစစ်ရမယ်။ ပြန်ရှင်းရမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေနယ်မြေအပိုင် မိုင်တိုင်အမှတ် ၄၅ နယ်ခြားစောင့် ရဲကင်းစခန်းမှ ရဲတပ်သားများဖြစ်သည့် မျိုးနိုင်၊ နိုင်ကိုကို၊ မျိုးမင်းနှင့် ထန်စွမ်းပြောင်းတို့ ၄ ဦးသည် နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနှစ် အချိန်က အောင်သပြေနယ်မြေရုံးမှ လစာထုတ်ပြီး ပြန်လာကြောင်း၊ မိုင်တိုင် ၄၆ ဆာလီတောင်ရွာ အနီး သို့အ ရောက်တွင် ဘင်္ဂလားဒေ့ရှ် – မြန်မာ နယ်စပ် ခြံစည်းရုံးနှင့် ကိုက် ၁၀၀ ခန့် အကွာ ဘင်္ဂလား ဒေ့ရှ်ဘက်ခြမ်း တောင်တန်း ပေါ်မှ လက်နက်ကိုင် လူတစုက လက်နက်ငယ်များဖြင့် အချက် ၃၀ ကျော် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ရဲတပ်သား ထန်စွမ်းပြောင်းသည် ဆိုင်ကယ်ဖြင့် အောင်သပြေ နယ်မြေစခန်းသို့ သွားရောက်ပြီး စစ်ကူတောင်းခဲ့ကြောင်း၊ အောင်သပြေနယ်မြေမှူး နှင့်အဖွဲ့ အင်အား ၂၀ ကျော်တို့က အခင်း ဖြစ်ပွားသည့်နေရာသို့ စစ်ကူသွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ အောင်သပြေကျေးရွာမှလည်း သေနတ်သံများကို ကြားရကြောင်း ၊ လက်ရှိအခြေအနေအရ နယ်မြေအခြေအနေ စိုးရိမ်ရသည့်အတွက် ကျေးရွာသားများအနေဖြင့် သားငါးအရှာ ထွက်မည် ဆိုပါကလည်း ဝေးဝေးလံလံ မသွားကြရန် မှာကြားထားကြောင်း အောင်သပြေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေဦးက ပြောသည်။

“ အခြေအနေကတော့ စိုးရိမ်ရတယ်။ အဲဒါနဲ့ ရွာသားတွေကိုလည်း ရွာပြင်ကို ထွက်ရင် တဦးတယောက် ခွဲပြီးတော့ မသွားကြဖို့ မှာကြားထားတယ်။ တကယ်လို့ စားစရာ မရှိလို့ မဖြစ်မနေ ငါးရှာ ၊ ဖားရှာ သွားကြမယ် ဆိုရင်လည်း ဝေးဝေး လံလံ မသွားဖို့ မှာထားပါတယ် ” ဟု ဦးသိန်းရွှေဦးက ဧရာဝတီသို့ ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရရှိမှုများ မရှိသလို လက်နက် ခဲယမ်း မီးကျောက်များ လည်း ပျောက်ဆုံးခြင်း မရှိကြောင်း ၊ ယင်းသို့ တဖက်နိုင်ငံဘက်ခြမ်း လက်နက်ကိုင် လူအုပ်စုမှ လှမ်း၍ ပစ်ခတ်ခဲ့မှုကြောင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် အချင်းချင်းလည်း နယ်စပ်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး စကား အချေအတင် ပြောရမည်ဟု ဦးဇော်ဌေးက ဆက်လက် ပြောကြားသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း အောင်သပြေကျေးရွာနေ ဒိုင်းနက်တိုင်းရင်းသား ၄ ဦးသည် တောဝက် ခြေရာတွေ့၍ သားကောင် လိုက်လံ ရှာဖွေရာ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင် အမှတ် ၄၆- ၄၇ အရောက်တွင် အကြမ်းဖက်သူ ၁၅ ဦးခန့်နှင့် ထိပ်တိုက် တွေ့ဆုံပြီး ပစ်ခတ်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

Credit : Burma irrawaddy