Zawgyi ျဖင့္ဖတ္ရန္

 

အဲ႔ဒီစကားဟာ ဒီဘက္ေခတ္အခ်ိဳ႕ေသာ လူငယ္ေတြၾကားမွာ ေျပာေလ႔ေျပာထရွိလာတဲ႔ စကားတစ္ခုပါ။ အဲ႔လိုေျပာသူေတြရဲ႕ ေလသံကလည္း ခပ္ျပတ္ျပတ္ပါပဲ။ အဓိပၸာယ္ကေတာ႔ ျမန္မာကားေတြ၊ ေပါကားေတြ ၾကည္႔ရတာ ေတာသားဆန္တယ္ဆိုတာမ်ိဳးေပါ႔။ ဒါေပမယ္႔ ဒီလိုေျပာတတ္တဲ႔ လူငယ္ေတြကိုလည္း အျပစ္တင္လို႔ေတာ႔ မရပါဘူး။ ျမန္မာရုပ္ရွင္ထုတ္လုပ္ေရးေတြ၊ ရိုက္ကူးေရးေလာကကလူေတြဟာ ဘယ္ေလာက္ပဲေ၀ဖန္ပါေစ၊ ျမန္မာေပါကားရပ္ဘာညာနဲ႔ ဘာေတြပဲေျပာပါေစ။ ဒီေနာက္ပိုင္းမွာ အနည္းငယ္ေျပာင္းလဲလာတာကလြဲလို႔ ဖန္တရာေတရိုးအီတဲ႔ ဇာတ္လမ္းေတြ၊ လူၿပိန္းႀကိဳက္ အစၾကည္႔ အဆံုးသိဇာတ္လမ္းေတြ၊ အေပါစားဇာတ္ညႊန္းေတြနဲ႔ ရုပ္ရွင္ေတြကို ပြဲထုတ္ေနၾကဆဲပါ။ ဒီေတာ႔ “ငါျမန္မာကားမႀကိဳက္ဘူး” ဆိုတဲ႔စကားဟာ “ငါ အိုင္ဖုန္း၀ယ္လိုက္ၿပီကြ” ဆိုတဲ႔စကားလို႔ ဂုဏ္ယူစရာႀကီး ျဖစ္လို႔ေနပါတယ္။

 

တကယ္ေတာ႔ ဒီအေျခအေနဟာ ၀မ္းနည္းစရာေကာင္းပါတယ္။ ကမာၻ႔အဆင္႔ကိုမေျပာပါနဲ႔ အာဆီယံႏိုင္ငံအခ်င္းခ်င္းေတြေတာင္မွ ျမန္မာ႔ရုပ္ရွင္ကို ေက်ာ္တက္ကုန္ၾကပါၿပီ။ ထိုင္းရုပ္ရွင္ေတြဆို ေငြကုန္ေၾကးက်နည္းနည္းနဲ႔ အႏုပညာဖန္တီးျပသမႈ မ်ားမ်ားဆိုတဲ႔ ကားမ်ိဳးေတြ အမ်ားအျပားရွိလာပါၿပီ။ အာရွကိုလည္း ထိုင္းရုပ္ရွင္ေလာကက ထိုးေဖာက္ေနၿပီ ျဖစ္ပါတယ္။ From Bangkok to Mandalay လိုမ်ိဳးဇာတ္ကားေတြဆို ဇာတ္အိမ္က ဘာမွေထြေထြထူးထူး ခမ္းနားလွတာ မဟုတ္ပါဘူး။ ဒါေပမယ္႔ ကိုယ္႔ႏိုင္ငံ၊ ကိုယ္႔မင္းသားမင္းသမီးေတြကိုပဲ သူတို႔ဟာ ကိုယ္နဲ႔မတူေအာင္ သပ္သပ္ရပ္ရပ္ရိုက္ျပသြားႏုိင္တာကို ေတြ႔ရမွာပါ။

ျမန္မာရုပ္ရွင္ဖန္တီးသူေတြ ေျပာတတ္တဲ႔ စကားတစ္ခုရွိပါတယ္။ ဒီကားဟာ ပရိသတ္ကို ဘာမတ္ေစ႔ ညာမတ္ေစ႔ေတြ ေပးပါမယ္ ဘာညာေပါ႔။ တကယ္ေတာ႔ ပရိသတ္လိုခ်င္တာ ဟိုဟာလုပ္ရင္ ဟိုဟာျဖစ္မယ္ဆိုတဲ႔ ဆရာႀကီး ဒိုင္ယာေလာဒ္႔ေတြ မဟုတ္ပါဘူး။ သဘာ၀နဲ႔ ကိုက္ညီတဲ႔ စကားေျပာေတြ၊ ျပကြက္ေတြ၊ အႏုပညာရသေတြပါ။ ဒါေပမယ္႔ ျမန္မာကားေတြမွာ အေတြ႔ရဆံုးကေတာ႔ ေဘာင္မ၀င္ တန္းမ၀င္ ေလႀကီးေလက်ယ္ေတြျဖစ္သလို၊ လူလူခ်င္း ခြဲျခားဆက္ဆံမႈေတြ၊ အသားအေရာင္ခြဲျခားမႈေတြ၊ Body Shamming လုပ္တာေတြ၊ အေျခာက္ဇာတ္ကြက္ေတြေန ရုန္းမထြက္ႏိုင္ေသးဘူးလုိ႔ ပြင္႔ပြင္႔လင္းလင္း ျမင္ပါရေစ။

 

ဒါေပမယ္႔ ျမန္မာကားေတြဟာ ျမန္မာေဘာလံုးအသင္းလိုပါပဲ။ ျမန္မာေဘာလံုးအသင္းဟာ ဘယ္ေလာက္ရံႈးရံႈး၊ ျမန္မာေတြကေတာ႔ အားရေအာင္ဆဲ၊ ၿပီးရင္အားမေပးပဲ မေနႏိုင္ၾကျပန္ပါဘူး။ ျမန္မာရုပ္ရွင္ေတြဟာလည္း ဒီလိုပါပဲ။ ၾကည္႔ေနၾကရတာပါပဲ။ ေျပာင္းလဲဖို႔ႀကိဳးစားလာၾကသူေတြ၊ လူငယ္ဒါရိုက္တာေလးေတြအခ်ိဳ႕ေတာ႔ ေပၚေပါက္လာေနၿပီျဖစ္သလို၊ လူႀကီးေတြကလည္း လက္တြဲေခၚရင္ေခၚ၊ မေခၚႏုိင္ရင္လည္း အဲ႔လူႀကီးေတြကို လူငယ္မ်ိဳးဆက္သစ္ေတြအေနနဲ႔ တြန္းသာထုတ္ပစ္လိုက္ၾကပါ။

“ငါျမန္မာကားမၾကည္႔ဘူးကြ” ဆုိတဲ႔ စကာကို လူငယ္ေတြ ဂုဏ္ယူစြာ ေျပာလာၾကတာဟာ ေကာင္းတဲ႔ကိစၥတစ္ခုမဟုတ္လုိ႔ ဒါႀကီးကို ေျပာင္းလဲပစ္ႏုိင္ၾကပါေစလုိ႔ ဆုေတာင္းရပါတယ္။ ေနာက္အနာဂါတ္တစ္ေနရာမွာ စေန၊ တနဂၤေႏြ ရံုးပိတ္ရက္ေတြမွာ ဟဲ႔ေရာင္ မင္းဘယ္သြားမလို႔လဲကြလို႔ သူငယ္ခ်င္းတစ္ေယာက္က ေမးလိုက္တဲ႔အခါ၊ ငါအသစ္တင္တဲ႔ ျမန္မာကားေလး သြားၾကည္႔မလို႔ကြလို႔ လူငယ္ေတြ ဂုဏ္ယူ၀င္႔ၾကြားစြာ ေျပာႏိုင္ဖို႔ ျမန္မာရုပ္ရွင္ေလာကသားေတြ ၀ိုင္း၀န္းႀကိဳးစားၾကဖို႔ လိုအပ္ၿပီလို႔ ေျပာပါရေစ။

အာရွမွာ ျမန္မာကသာ အႏိုင္ယူဗိုလ္စြဲရမည္… (ေလာေလာဆယ္ေတာ႔ ေပါေကာင္းတုန္းပါ)

ေအာင္ခန္႔

Credit; MOMOLAY

Unicode ဖြင့်ဖတ်ရန်

အဲ့ဒီစကားဟာ ဒီဘက်ခေတ်အချို့သော လူငယ်တွေကြားမှာ ပြောလေ့ပြောထရှိလာတဲ့ စကားတစ်ခုပါ။ အဲ့လိုပြောသူတွေရဲ့ လေသံကလည်း ခပ်ပြတ်ပြတ်ပါပဲ။ အဓိပ္ပာယ်ကတော့ မြန်မာကားတွေ၊ ပေါကားတွေ ကြည့်ရတာ တောသားဆန်တယ်ဆိုတာမျိုးပေါ့။ ဒါပေမယ့် ဒီလိုပြောတတ်တဲ့ လူငယ်တွေကိုလည်း အပြစ်တင်လို့တော့ မရပါဘူး။ မြန်မာရုပ်ရှင်ထုတ်လုပ်ရေးတွေ၊ ရိုက်ကူးရေးလောကကလူတွေဟာ ဘယ်လောက်ပဲဝေဖန်ပါစေ၊ မြန်မာပေါကားရပ်ဘာညာနဲ့ ဘာတွေပဲပြောပါစေ။ ဒီနောက်ပိုင်းမှာ အနည်းငယ်ပြောင်းလဲလာတာကလွဲလို့ ဖန်တရာတေရိုးအီတဲ့ ဇာတ်လမ်းတွေ၊ လူပြိန်းကြိုက် အစကြည့် အဆုံးသိဇာတ်လမ်းတွေ၊ အပေါစားဇာတ်ညွှန်းတွေနဲ့ ရုပ်ရှင်တွေကို ပွဲထုတ်နေကြဆဲပါ။ ဒီတော့ “ငါမြန်မာကားမကြိုက်ဘူး” ဆိုတဲ့စကားဟာ “ငါ အိုင်ဖုန်းဝယ်လိုက်ပြီကွ” ဆိုတဲ့စကားလို့ ဂုဏ်ယူစရာကြီး ဖြစ်လို့နေပါတယ်။

 

တကယ်တော့ ဒီအခြေအနေဟာ ဝမ်းနည်းစရာကောင်းပါတယ်။ ကမ္ဘာ့အဆင့်ကိုမပြောပါနဲ့ အာဆီယံနိုင်ငံအချင်းချင်းတွေတောင်မှ မြန်မာ့ရုပ်ရှင်ကို ကျော်တက်ကုန်ကြပါပြီ။ ထိုင်းရုပ်ရှင်တွေဆို ငွေကုန်ကြေးကျနည်းနည်းနဲ့ အနုပညာဖန်တီးပြသမှု များများဆိုတဲ့ ကားမျိုးတွေ အများအပြားရှိလာပါပြီ။ အာရှကိုလည်း ထိုင်းရုပ်ရှင်လောကက ထိုးဖောက်နေပြီ ဖြစ်ပါတယ်။ From Bangkok to Mandalay လိုမျိုးဇာတ်ကားတွေဆို ဇာတ်အိမ်က ဘာမှထွေထွေထူးထူး ခမ်းနားလှတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်နိုင်ငံ၊ ကိုယ့်မင်းသားမင်းသမီးတွေကိုပဲ သူတို့ဟာ ကိုယ်နဲ့မတူအောင် သပ်သပ်ရပ်ရပ်ရိုက်ပြသွားနိုင်တာကို တွေ့ရမှာပါ။

မြန်မာရုပ်ရှင်ဖန်တီးသူတွေ ပြောတတ်တဲ့ စကားတစ်ခုရှိပါတယ်။ ဒီကားဟာ ပရိသတ်ကို ဘာမတ်စေ့ ညာမတ်စေ့တွေ ပေးပါမယ် ဘာညာပေါ့။ တကယ်တော့ ပရိသတ်လိုချင်တာ ဟိုဟာလုပ်ရင် ဟိုဟာဖြစ်မယ်ဆိုတဲ့ ဆရာကြီး ဒိုင်ယာလောဒ့်တွေ မဟုတ်ပါဘူး။ သဘာဝနဲ့ ကိုက်ညီတဲ့ စကားပြောတွေ၊ ပြကွက်တွေ၊ အနုပညာရသတွေပါ။ ဒါပေမယ့် မြန်မာကားတွေမှာ အတွေ့ရဆုံးကတော့ ဘောင်မဝင် တန်းမဝင် လေကြီးလေကျယ်တွေဖြစ်သလို၊ လူလူချင်း ခွဲခြားဆက်ဆံမှုတွေ၊ အသားအရောင်ခွဲခြားမှုတွေ၊ Body Shamming လုပ်တာတွေ၊ အခြောက်ဇာတ်ကွက်တွေနေ ရုန်းမထွက်နိုင်သေးဘူးလို့ ပွင့်ပွင့်လင်းလင်း မြင်ပါရစေ။

 

ဒါပေမယ့် မြန်မာကားတွေဟာ မြန်မာဘောလုံးအသင်းလိုပါပဲ။ မြန်မာဘောလုံးအသင်းဟာ ဘယ်လောက်ရှုံးရှုံး၊ မြန်မာတွေကတော့ အားရအောင်ဆဲ၊ ပြီးရင်အားမပေးပဲ မနေနိုင်ကြပြန်ပါဘူး။ မြန်မာရုပ်ရှင်တွေဟာလည်း ဒီလိုပါပဲ။ ကြည့်နေကြရတာပါပဲ။ ပြောင်းလဲဖို့ကြိုးစားလာကြသူတွေ၊ လူငယ်ဒါရိုက်တာလေးတွေအချို့တော့ ပေါ်ပေါက်လာနေပြီဖြစ်သလို၊ လူကြီးတွေကလည်း လက်တွဲခေါ်ရင်ခေါ်၊ မခေါ်နိုင်ရင်လည်း အဲ့လူကြီးတွေကို လူငယ်မျိုးဆက်သစ်တွေအနေနဲ့ တွန်းသာထုတ်ပစ်လိုက်ကြပါ။

“ငါမြန်မာကားမကြည့်ဘူးကွ” ဆိုတဲ့ စကာကို လူငယ်တွေ ဂုဏ်ယူစွာ ပြောလာကြတာဟာ ကောင်းတဲ့ကိစ္စတစ်ခုမဟုတ်လို့ ဒါကြီးကို ပြောင်းလဲပစ်နိုင်ကြပါစေလို့ ဆုတောင်းရပါတယ်။ နောက်အနာဂါတ်တစ်နေရာမှာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ဟဲ့ရောင် မင်းဘယ်သွားမလို့လဲကွလို့ သူငယ်ချင်းတစ်ယောက်က မေးလိုက်တဲ့အခါ၊ ငါအသစ်တင်တဲ့ မြန်မာကားလေး သွားကြည့်မလို့ကွလို့ လူငယ်တွေ ဂုဏ်ယူဝင့်ကြွားစွာ ပြောနိုင်ဖို့ မြန်မာရုပ်ရှင်လောကသားတွေ ဝိုင်းဝန်းကြိုးစားကြဖို့ လိုအပ်ပြီလို့ ပြောပါရစေ။

အာရှမှာ မြန်မာကသာ အနိုင်ယူဗိုလ်စွဲရမည်… (လောလောဆယ်တော့ ပေါကောင်းတုန်းပါ)

အောင်ခန့်
Credit; MOMOLAY