Zawgyi ျဖင့္ဖတ္ရန္

 

ပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမက ျပသာဒ္ႀကီးဘုရားမွာရွိတဲ့ ဆင္းတုေတာ္ေတြကုိ ေဆးသုတ္ေနတာကုိ ျပန္လည္စစ္ေဆးမယ္လို႔ ေရွးေဟာင္း သုေတသနႏွင့္ အမ်ိဳးသားျပတုိက္ဦးစီး(ပုဂံဌာနခြဲ) ၫႊန္ၾကားေရးမွဴး ဦးေအာင္ေအာင္ေက်ာ္က ေျပာပါတယ္။
႐ုပ္ရွင္သ႐ုပ္ေဆာင္ ဖူးစုံရဲ႕ အလွဴနဲ႔ ျပဳျပင္ေနတဲ့ ျပသာဒ္ႀကီးဘုရားက ဆင္းတုေတာ္ေတြ ေဆးသုတ္ေနတာေတြကုိ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေဝဖန္မႈေတြ ရွိေနတဲ့အေပၚ ေမးျမန္းရာမွာ ဦးေအာင္ေအာင္ေက်ာ္က အခုလိုျပန္လည္ ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

“ေအာ္ရယ္ဂ်င္နယ္(မူလ)ေဆးကို အေရာင္မွိန္ေနလို႔ အေရာင္ျပန္တင္တဲ့ သေဘာပါ။ မူလအတုိင္း မေပ်ာက္ေအာင္ ျပန္ျပင္တာျဖစ္လို႔ ခြင့္ျပဳခဲ့တာပါ။ အခုလို ေဝဖန္တာေတြ ရွိေနေတာ့ ထိန္းသိမ္းေရးအဖြဲ႔က ျပန္စစ္ၿပီးေတာ့ လိုအပ္တာေတြ ျပန္လည္ ႀကီးၾကပ္ေဆာင္ရြက္မွာပါ”လို႔ ဦးေအာင္ေအာင္ေက်ာ္က ေျပာပါတယ္။
ျမန္မာနဲ႔အိႏၵိယ ပူးတြဲစစ္ေရးေလ့က်င့္မႈ ျပဳလုပ္မယ္: ပထမဆံုးအႀကိမ္ ျပဳလုပ္မွာ ျဖစ္ပါတယ္။
ျမန္မာနဲ႔အိႏၵိယ ပူးတြဲစစ္ေရးေလ့က်င့္မႈ ျပဳလုပ္မယ္
ပထမဆံုးအႀကိမ္ ျပဳလုပ္မွာ ျဖစ္ပါတယ္။

ျပသာဒ္ႀကီးဘုရားက ဆင္းတုေတာ္ေတြကို အေရာင္ျပန္တင္ဖုိ႔ သာသနာေရးႏွင္႔ယဥ္ေက်းမႈဝန္ႀကီးဌာန တာဝန္ရွိသူေတြကို အဆင့္ဆင့္တင္ျပၿပီး ခြင္ျပဳခ်က္ေတာင္းခံကာ ျပဳလုပ္ခဲ့တာျဖစ္သလို ျပဳျပင္တဲ့ ပန္းရံပညာရွင္ေတြကုိလည္း ေရွးေဟာင္းသုေတသန႐ံုးက ခြင့္ျပဳထားသူေတြကို ေဆာင္ရြက္ခဲ့ျခင္းျဖစ္တယ္လို႔ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ဖူးစံုက သူ႔ရဲ႕လူမႈကြန္ရက္ စာမ်က္ႏွာမွာ ျပန္လည္ေျဖရွင္းထားပါတယ္။
Source : The Voice
Photos : Kyaw Naing Win Facebook
Credit: Duwun

Unicode ဖြင့်ဖတ်ရန်

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေက ပြသာဒ်ကြီးဘုရားမှာရှိတဲ့ ဆင်းတုတော်တွေကို ဆေးသုတ်နေတာကို ပြန်လည်စစ်ဆေးမယ်လို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။
ရုပ်ရှင်သရုပ်ဆောင် ဖူးစုံရဲ့ အလှူနဲ့ ပြုပြင်နေတဲ့ ပြသာဒ်ကြီးဘုရားက ဆင်းတုတော်တွေ ဆေးသုတ်နေတာတွေကို လူမှုကွန်ရက် စာမျက်နှာမှာ ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် မေးမြန်းရာမှာ ဦးအောင်အောင်ကျော်က အခုလိုပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“အော်ရယ်ဂျင်နယ်(မူလ)ဆေးကို အရောင်မှိန်နေလို့ အရောင်ပြန်တင်တဲ့ သဘောပါ။ မူလအတိုင်း မပျောက်အောင် ပြန်ပြင်တာဖြစ်လို့ ခွင့်ပြုခဲ့တာပါ။ အခုလို ဝေဖန်တာတွေ ရှိနေတော့ ထိန်းသိမ်းရေးအဖွဲ့က ပြန်စစ်ပြီးတော့ လိုအပ်တာတွေ ပြန်လည် ကြီးကြပ်ဆောင်ရွက်မှာပါ”လို့ ဦးအောင်အောင်ကျော်က ပြောပါတယ်။
မြန်မာနဲ့အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မယ်: ပထမဆုံးအကြိမ် ပြုလုပ်မှာ ဖြစ်ပါတယ်။
မြန်မာနဲ့အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မယ်
ပထမဆုံးအကြိမ် ပြုလုပ်မှာ ဖြစ်ပါတယ်။

ပြသာဒ်ကြီးဘုရားက ဆင်းတုတော်တွေကို အရောင်ပြန်တင်ဖို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူတွေကို အဆင့်ဆင့်တင်ပြပြီး ခွင်ပြုချက်တောင်းခံကာ ပြုလုပ်ခဲ့တာဖြစ်သလို ပြုပြင်တဲ့ ပန်းရံပညာရှင်တွေကိုလည်း ရှေးဟောင်းသုတေသနရုံးက ခွင့်ပြုထားသူတွေကို ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ ရုပ်ရှင်သရုပ်ဆောင် ဖူးစုံက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ပြန်လည်ဖြေရှင်းထားပါတယ်။
Source : The Voice
Photos : Kyaw Naing Win Facebook
Credit: Duwun