CRIME-SCENE-

Zawgyi ျဖင့္ဖတ္ရန္

 

ပဲခူးတိုင္းေဒသႀကီး ျဖဴး ၿမိဳ႕နယ္ ျမပဲခူးေက်း႐ြာေန ေတာင္သူ ၁၆ ဦးထံမွ ေငြေၾကး လိမ္လည္မႈျဖင့္ သတင္းေထာက္ သုံးဦးကို အမႈဖြင့္ထားေၾကာင္း ကၫြတ္ကြင္း နယ္ေျမရဲစခန္းမွ စခန္းမႉး ရဲအုပ္စန္းဦးက ေျပာ ၾကားသည္။
ကၫြတ္ကြင္းၿမိဳ႕ ျမပဲခူး ေက်း႐ြာေန ဦးေမာင္ၫြန႔္အပါ အဝင္ ေတာင္သူ ၁၆ ဦးကို လယ္ လုပ္ကိုင္ခြင့္၊ လယ္ယာေျမပိုင္ဆိုင္ခြင့္ပုံစံ (၇) ျပဳလုပ္ေပးမည္ဟုဆိုကာ ေငြက်ပ္ ၂၂ သိန္းေက်ာ္ လိမ္လည္ယူေဆာင္သျဖင့္ လာ ေရာက္တိုင္ၾကားသည့္ အမႈျဖစ္ ေၾကာင္း ၎က ေျပာသည္။

‘‘မေန႔က (ႏိုဝင္ဘာ၁၂) ညေနေလာက္မွာ အမႈဖြင့္ေပး လိုက္တာပါ။ အမႈနဲ႔ တိုင္ၾကားခံရ တဲ့ သတင္းေထာက္သုံးဦးကိုေတာ့ ကြၽန္ေတာ္တို႔ လိုက္ရွာေနပါ တယ္။ အမႈစစ္ေဆးဖို႔ ရွာေနေပ မယ့္ ႏိုဝင္ဘာ ၁၃ ရက္အထိေတာ့ တစ္ေယာက္မွ အဆက္အသြယ္ မရေသးပါဘူး’’ဟု ရဲအုပ္စန္းဦး က ေျပာသည္။

၂၀၁၅ ဒီဇင္ဘာ ၂၃ ရက္က လယ္ယာေျမပိုင္ဆိုင္ခြင့္ပုံစံ (၇)ျပဳလုပ္ေပးမည္ဆိုကာ သတင္း ေထာက္ ကိုၿဖိဳးကိုလင္း၊ ကိုလွ သန္း၊ ကိုဝင္းၫြန႔္တို႔သုံးဦးက ၂၀၁၆ အထိ ေငြအႀကိမ္ႀကိမ္လာေတာင္းသည္ဟု တိုင္ၾကားခဲ့ေၾကာင္း ၎က ေျပာသည္။

အဆိုပါအမႈႏွင့္ပတ္သက္၍ တိုင္ၾကားခံရသူ ကိုၿဖိဳးကိုလင္းက ‘‘အဲဒီတုန္းက ကြၽဲသမားေတြနဲ႔ လယ္သမားေတြ ရန္ျဖစ္လို႔ သတင္းသြားယူၾကတယ္။ သတင္း ယူၿပီး ႏွစ္ဖက္စလုံးက ထမင္း ေကြၽးလို႔ စားခဲ့ပါတယ္။ ဘာပိုက္ ဆံမွ မေတာင္းဖူးသလို ဘာမွ လည္း မယူဖူးပါဘူး။ အခုတိုင္ ထားတဲ့ ကိုလွသန္းဆိုတာ သိ ေတာင္မသိပါဘူး’’ဟုေျပာသည္။

READ  ေဒၚေအာင္ဆန္းစုၾကည္ ၏ မိန္႔ခြန္း အေပၚ အျမင္မ်ား

အမႈႏွင့္ပတ္သက္၍ တရား ဥပေဒအတိုင္း ျပန္လည္ ေျဖရွင္း မည္ဟု ကိုၿဖိဳးကိုလင္းက ေျပာ သည္။ ကိုၿဖိဳးကိုလင္းသည္ အလြတ္တန္းသတင္းေထာက္ျဖစ္ကာ ကိုလွသန္းႏွင့္ကိုဝင္းၫြန႔္တို႔သည္ သတင္းဌာနတစ္ခုစီတြင္ လုပ္ကိုင္ေနေၾကာင္း ကၫြတ္ကြင္းနယ္ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

၎တို႔သုံးဦးကို ကၫြတ္ ကြင္းနယ္ေျမစခန္းက ရာဇသတ္ ႀကီးပုဒ္မ ၄၂၀ (မ႐ိုးမေျဖာင့္ေသာ သေဘာျဖင့္ လိမ္လည္ရယူမႈ)၊ ပုဒ္မ၁၁၄ (ျပစ္မႈက်ဴးလြန္ရာတြင္ အားေပးကူညီမႈ)ျဖင့္ အမႈဖြင့္အေရးယူထားသည္။

Creidt; 7Day

Unicode ဖြင့်ဖတ်ရန်

ပဲခူးတိုင်းဒေသကြီး ဖြူး မြို့နယ် မြပဲခူးကျေးရွာနေ တောင်သူ ၁၆ ဦးထံမှ ငွေကြေး လိမ်လည်မှုဖြင့် သတင်းထောက် သုံးဦးကို အမှုဖွင့်ထားကြောင်း ကညွတ်ကွင်း နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စန်းဦးက ပြော ကြားသည်။
ကညွတ်ကွင်းမြို့ မြပဲခူး ကျေးရွာနေ ဦးမောင်ညွန့်အပါ အဝင် တောင်သူ ၁၆ ဦးကို လယ် လုပ်ကိုင်ခွင့်၊ လယ်ယာမြေပိုင်ဆိုင်ခွင့်ပုံစံ (၇) ပြုလုပ်ပေးမည်ဟုဆိုကာ ငွေကျပ် ၂၂ သိန်းကျော် လိမ်လည်ယူဆောင်သဖြင့် လာ ရောက်တိုင်ကြားသည့် အမှုဖြစ် ကြောင်း ၎င်းက ပြောသည်။

‘‘မနေ့က (နိုဝင်ဘာ၁၂) ညနေလောက်မှာ အမှုဖွင့်ပေး လိုက်တာပါ။ အမှုနဲ့ တိုင်ကြားခံရ တဲ့ သတင်းထောက်သုံးဦးကိုတော့ ကျွန်တော်တို့ လိုက်ရှာနေပါ တယ်။ အမှုစစ်ဆေးဖို့ ရှာနေပေ မယ့် နိုဝင်ဘာ ၁၃ ရက်အထိတော့ တစ်ယောက်မှ အဆက်အသွယ် မရသေးပါဘူး’’ဟု ရဲအုပ်စန်းဦး က ပြောသည်။

၂၀၁၅ ဒီဇင်ဘာ ၂၃ ရက်က လယ်ယာမြေပိုင်ဆိုင်ခွင့်ပုံစံ (၇)ပြုလုပ်ပေးမည်ဆိုကာ သတင်း ထောက် ကိုဖြိုးကိုလင်း၊ ကိုလှ သန်း၊ ကိုဝင်းညွန့်တို့သုံးဦးက ၂၀၁၆ အထိ ငွေအကြိမ်ကြိမ်လာတောင်းသည်ဟု တိုင်ကြားခဲ့ကြောင်း ၎င်းက ပြောသည်။

READ  မႏၲၲေလး သတင္း ေထာက္တစ္ဦး အရိုက္ခံရ

အဆိုပါအမှုနှင့်ပတ်သက်၍ တိုင်ကြားခံရသူ ကိုဖြိုးကိုလင်းက ‘‘အဲဒီတုန်းက ကျွဲသမားတွေနဲ့ လယ်သမားတွေ ရန်ဖြစ်လို့ သတင်းသွားယူကြတယ်။ သတင်း ယူပြီး နှစ်ဖက်စလုံးက ထမင်း ကျွေးလို့ စားခဲ့ပါတယ်။ ဘာပိုက် ဆံမှ မတောင်းဖူးသလို ဘာမှ လည်း မယူဖူးပါဘူး။ အခုတိုင် ထားတဲ့ ကိုလှသန်းဆိုတာ သိ တောင်မသိပါဘူး’’ဟုပြောသည်။

အမှုနှင့်ပတ်သက်၍ တရား ဥပဒေအတိုင်း ပြန်လည် ဖြေရှင်း မည်ဟု ကိုဖြိုးကိုလင်းက ပြော သည်။ ကိုဖြိုးကိုလင်းသည် အလွတ်တန်းသတင်းထောက်ဖြစ်ကာ ကိုလှသန်းနှင့်ကိုဝင်းညွန့်တို့သည် သတင်းဌာနတစ်ခုစီတွင် လုပ်ကိုင်နေကြောင်း ကညွတ်ကွင်းနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

၎င်းတို့သုံးဦးကို ကညွတ် ကွင်းနယ်မြေစခန်းက ရာဇသတ် ကြီးပုဒ်မ ၄၂၀ (မရိုးမဖြောင့်သော သဘောဖြင့် လိမ်လည်ရယူမှု)၊ ပုဒ်မ၁၁၄ (ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု)ဖြင့် အမှုဖွင့်အရေးယူထားသည်။

Creidt; 7Day

 

LEAVE A REPLY