ZawGyiျဖင့္ဖတ္ရန္

သိၾကားမင္း သည္ ျမန္မာ ဘုရင္ မ်ားႏွင့္ နီးနီးစပ္စပ္ ႐ွိေနသည္ကေတာ့ ေသခ်ာသည္။ ျမန္မာ့႐ိုးရာ ၃၇ မင္းနတ္မ်ားထဲတြင္ သိၾကားမင္းက နံပါတ္ ၁.ေနရာက ပါဝင္သည္။ သိၾကားမင္း သည္ ဘီစီ ၆၀၆ ခုႏွစ္တြင္ ဒဂုန္၌နန္းတက္ခဲ့သည့္ ဒဂုန္မင္းဆက္၏ ၃၂ ဆက္ေျမာက္ဘုရင္ ဥကၠလာပ မင္းႀကီး ၏ ခမည္းေတာ္ ျဖစ္သည္ဟု ဆိုသည္။ သိၾကားမင္း နွင့္ ၾကင္ယာေတာ္ မယ္လမုတို႔မွ ဥကၠလာပမင္းႀကီးကို ဖြားျမင္ခဲ့ျခင္း ျဖစ္သည္။ ေရႊတိဂံုေစတီေတာ္ တည္စဥ္ကလည္း သိၾကားမင္းသည္ သားေတာ္ ဥကၠလာပမင္းႀကီး၊ ကုန္သည္ညီေနာင္တို႔ႏွင့္အတူ ပါခဲ့ေသးသည္။
သိၾကားမင္း၏ အရိႏၵမာလွံတံကို အေစာဆံုး ဆက္သခံခဲ့ရသူမွာ ဒြတၱေဘာင္မင္း ျဖစ္သည္ဟု ဆိုပါသည္။ ဒြတၱေဘာင္သည္ သိၾကားမင္းႏွင့္ အေတာ္အတန္ ရင္းႏွီးသူဟု ဆိုႏိုင္ပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဘံုအဆင့္ဆင့္ပါ နန္းေတာ္ ၃ ေဆာင္ ၿပီးစီးခ်ိန္တြင္ သိၾကားမင္းကိုယ္တိုင္ ဒြတၱေဘာင္မင္း၏ လက္ကိုဆြဲလ်က္ နန္းတင္ေပးခဲ့ျခင္း ျဖစ္သည္။ ထိုစဥ္တြင္ သိၾကားမင္းက ဒြတၱေဘာင္အား အရိႏၵမာလွံတံကို ေပးအပ္ခဲ့ျခင္း ျဖစ္သည္။
အရိႏၵမာသည္ ပုဂံေခတ္ဦးတြင္ ျပန္လည္ ေပၚေပါက္လာခဲ့ျပန္သည္။ ပုဂံတြင္ မင္းေလာင္းေပၚေနသည္ကို သြားေရာက္ၾကည့္႐ႈလိုသည့္ ကြမ္းေဆာ္လုလင္အား အဘိုးအိုေယာင္ေဆာင္ထားသည့္ သိၾကားမင္းက ျမင္းကိုေပးအပ္ရာတြင္ အရိႏၵမာလွံတံလည္း ပါဝင္ခဲ့သည္။ ကြမ္းေဆာ္လုလင္သည္ ေက်ာင္းျဖဴမင္းအျဖစ္ ပုဂံတြင္ ထီးနန္းစိုးစံခဲ့ၿပီးေနာက္ နန္းက်သြားေသာအခါ အရိႏၵမာလွံတံက သားေတာ္ အေနာ္ရထာမင္းထံသုိ႔ ေရာက္႐ွိသြားပါသည္။ စုကၠေတးမင္းက အမိကြဲညီေတာ္ အေနာ္ရထာမင္းသားအေပၚ ေမာက္မာေစာ္ကားလာသည္ကို နန္းက်ဘုရင္ ေက်ာင္းျဖဴမင္းက မေက်မနပ္ျဖစ္ကာ တန္ခိုးထက္လွေသာ အရိႏၵမာလွံတံကို သားေတာ္ အေနာ္ရထာထံသို႔ လႊဲေျပာင္းေပးအပ္ခဲ့ျခင္း ျဖစ္သည္။
အေနာ္ရထာလက္ထက္တြင္ အရိႏၵမာလွံတံက အထူးထင္႐ွားခဲ့သည္။
သို႔ေၾကာင့္လည္း အရိႏၵမာလွံတံအေၾကာင္း ေႏွာင္းေခတ္ျပည္သူတို႔ သိ႐ွိလာခဲ့ရျခင္း ျဖစ္သည္။ အေနာ္ရထာ ဘုရင္ျဖစ္လာၿပီးေနာက္ ဥႆာပဲခူးမွျပန္လာေသာ က်န္စစ္သားအေပၚ မဏိစႏၵာမင္းသမီးႏွင့္ ပတ္သက္၍ သံသယ႐ွိ အမ်က္ေတာ္႐ွကာ အရိႏၵမာလွံတံျဖင့္ ပစ္လိုက္သည္။ ဤတြင္ အရိႏၵမာလွံတံက ေႏွာင္ႀကိဳးကို ထိမွန္ျပတ္ေတာက္သြားရာ က်န္စစ္သားက လွံတံကို ေကာက္ယူေျပးေတာ့သည္။ သို႔ျဖင့္ အရိႏၵမာလွံတံသည္ က်န္စစ္သားလက္ထဲသို႔ ေရာက္သြား၏။
က်န္စစ္သားသည္ ေက်ာင္းျဖဴရပ္႐ွိ မထီးေက်ာင္းသို႔ ေရာက္ေသာအခါ သံပုရာခ်ဥ္သီးမ်ားကို လွံတံျဖင့္ ထိုးဆြတ္စားေသာက္ေလရာ သံပုရာသီးမ်ားက ခ်ိဳျမသြားသည္ဟု ဆိုပါသည္။ က်န္စစ္သားႏွင့္ သိၾကားမင္းတို႔ကလည္း အလြမ္းသင့္ၾကဟန္ တူပါသည္။ သိၾကားမင္းသည္ မိမိ၏ အရိႏၵမာလွံတံ က်န္စစ္သားလက္တြင္းသို႔ ေရာက္သြားသည္ကို ေက်ေက်နပ္နပ္ လက္ခံထားပံုရသည္။
အေနာ္ရထာမင္းလက္ထက္က မၿပီးျပတ္ခဲ့သည့္ ေရႊစည္းခံုေစတီေတာ္ကို ဆက္လက္တည္ထား ကိုးကြယ္ခဲ့ရာတြင္ သိၾကားမင္းသည္ ပန္းရံႀကီးေယာင္ေဆာင္၍ ဝင္ေရာက္ကူညီခဲ့ေသးသည္ ဆို၏။ သိၾကားမင္းက ေက်ာက္ေရြလုပ္ငန္း၊ သရြတ္က်ံလုပ္ငန္းမ်ားကိုလည္း ေစ့စပ္ေသခ်ာမႈ႐ွိေစရန္ ပါဝင္လုပ္ေဆာင္ခဲ့ေသးသည္။
ထို႔ျပင္ ေရႊစည္းခံုေစတီေတာ္ အေ႐ွ႕ေတာင္ေထာင့္မွ ေက်ာက္ျခေသၤ့႐ုပ္တုကိုပင္ ဝင္ေရာက္ထုလုပ္ေပးခဲ့သည္ ဆိုပါသည္။
က်န္စစ္သား၏ အရိႏၵမာလွံတံသည္ သူ႔အားဆက္ခံသည့္ ေျမးေတာ္ အေလာင္းစည္သူမင္းထံသို႔ ဆက္လက္ေရာက္႐ွိသြားသည္ဟု မွန္းဆရပါသည္။ သို႔ေသာ္ ရာဇဝင္က်မ္းမ်ားတြင္ အရိႏၵမာလွံတံအေၾကာင္း စိုးစဥ္းမ်ွ မေတြ႔ရေတာ့။ အေလာင္းစည္သူမင္းကို ဘိသိက္ေပးခဲ့သူက သိၾကားမင္းကိုယ္တိုင္ ျဖစ္ပါသည္။ သို႔ေၾကာင့္လည္း အရိႏၵမာလွံတံသည္ အေလာင္းစည္သူထံတြင္ ႐ွိမည္ဟု မွန္းဆမိျခင္း ျဖစ္သည္။
ပုဂံေခတ္၊ အင္းဝေခတ္ စသည့္ ေခတ္အဆက္ဆက္သာ ေျပာင္းလဲသြားသည္။ အရိႏၵမာ အေၾကာင္းက သဲလြန္စပင္ မရေတာ့။ အရိႏၵမာလွံတံ ရာဇဝင္ထဲမွ ေပ်ာက္ဆံုးသြားျခင္းကို ဘဝင္မက် ျဖစ္ေနမိသည္။ မဆီမဆိုင္ အေတြးက အရိႏၵမာဆီသို႔ ေရာက္ေနမိသည္။ ရာဇဝင္က်မ္းမ်ား၊ သမိုင္းစာအုပ္မ်ားကို ဖတ္တိုင္း သတိထား႐ွာေဖြရမည့္ ေဝါဟာရမ်ားထဲတြင္ အရိႏၵမာ ပါလာသည္။
အရိႏၵမာလွံ ဘယ္ေရာက္သြားသနည္း။ ရာဇဝင္က်မ္းမ်ားကို ဖတ္ရင္း အေတြးေပါက္လာမိသည္။ အရိႏၵမာလွံသည္ သိၾကားမင္းပိုင္ လွံတံျဖစ္သည္။ တန္ခိုးထက္ေသာ လွံတံလည္း ျဖစ္သည္။ သံပုရာသီး အခ်ဥ္ကိုပင္ ခ်ိဳႏိုင္ေအာင္ စြမ္းေဆာင္ႏိုင္စြမ္း႐ွိေသာ ပစၥည္းျဖစ္သည္။ သိၾကားမင္းက ဘုရင္တစ္ပါးပါးအေပၚ စိတ္ခုၿပီး အရိႏၵမာလွံတံကို ျပန္လည္သိမ္းယူသြားေလသလား အေတြးနယ္ခ်ဲ့မိသည္။
ေနာက္ဆံုးေတာ့ ေပ်ာက္ေသာသူ ႐ွာရင္ေတြ႔ ဆိုသကဲ့သို႔ အရိႏၵမာလွံတံကို အမွတ္မထင္ ျပန္လည္ေတြ႔႐ွိရေတာ့သည္။ အေလာင္းမင္းတရားႀကီး၏ အမိန္႔ေတာ္မ်ားထဲတြင္ အမွတ္မထင္ ေတြ႔႐ွိရျခင္းျဖစ္၏။ ၉ ဧၿပီ ၁၇၅၆ တြင္ သိၾကားမင္းထံမွ စာလႊာအျဖစ္ အမိန္႔ေတာ္ထုတ္ျပန္ရာ၌ အရိႏၵမာလွံတံ ပါဝင္လာခဲ့ျခင္း ျဖစ္ပါသည္။
သိၾကားမင္းထံမွ စာလႊာ၌ “ငါ့ကိုလည္း ဘုရားသခင္ ပရိနိဗၺာန္ ယူေတာ္မူခါနီး၌ သာသနာေတာ္ျမတ္ကို ေစာင္မရမည္ အမိန္႔ေတာ္႐ွိ၍ ကုန္းေဘာင္ျပည္မင္းကို ငါ ေစာင္မရသည္။ ဆင္ျဖဴလည္း ၅ စီး ငါေပးၿပီ။ အရိႏၵမာလွံလည္း ငါ အပ္ၿပီ´´ ဟူ၍ ပါ႐ွိပါသည္။
ယင္းေနာက္ပိုင္း၌ အေလာင္းမင္းတရား အမိန္႔ေတာ္မ်ားတြင္ “အရိႏၵမာ စၾကာေရႊလွံရ အေဆာင္ေဆာင္ေသာ ျပာသာဒ္သခင္ ျဖစ္ေတာ္မူေသာ´´ စသည္ျဖင့္ ထည့္သြင္းေဖာ္ျပလာပါသည္။
သို႔ေသာ္ အေလာင္းမင္းတရားေနာက္ပိုင္း ဆက္ခံၾကသည့္ ကုန္းေဘာင္မင္းမ်ားလက္ထက္တြင္ အရိႏၵမာလွံတံအေၾကာင္း လံုးဝ ေဖာ္ျပျခင္း မ႐ွိေတာ့ေခ်။ အရိႏၵမာလွံတံကား ေပ်ာက္ျခင္းမလွ ေပ်ာက္သြားျပန္ေလၿပီ။
(တင္ႏိုင္တိုး)
ကိုးကား
~~~~~~
၁။ မဟာရာဇဝင္ႀကီး ပအုပ္- ဦးကုလား
၂။ အေလာင္းမင္းတရား အမိန္႔ေတာ္မ်ား- ေဒၚခင္ခင္စိန္
ေမာင္သန္းေဆြ (ထားဝယ္) ေရးသားေသာ သီေပါမင္း လက္ထက္ လွံပ်ံစၾကာအေၾကာင္း အနည္းငယ္ ဆက္၍ေဖာ္ျပလိုပါသည္။
ေရႊဘိုခ႐ိုင္၊ ဝက္လက္ၿမိဳ႕နယ္၊ ဟန္လင္းႀကီးၿမိဳ႕ေဟာင္းတြင္ “ေဖာ့တစ္ပင္ေ႐ွာင္၊ အိုေအာင္မဆင္းရဲ´´ ဟု အမ်ားက သတ္မွတ္သမုတ္ခံရေသာ လူ႐ႈပ္လူေပြ ဖိုးသူေတာ္ႀကီး ဦးေဖာ့ ၏ ပါးစပ္ေဆာ့မႈေၾကာင့္ လက္ယာေၾကာင္း ေသနတ္ဗိုလ္ ဗိုလ္အိမ္ႀကီးေမာင္ ဆိုသူ ဒုကၡေရာက္ခဲ့ဖူးသည္။ မဟုတ္တမ္းတရားမ်ားကို ၾကံၾကံဖန္ဖန္ ေျပာဆိုတတ္ေသာ ဖိုးသူေတာ္ႀကီး ဦးေဖာ့သည္ ရတနာပံု ေနျပည္ေတာ္ သို႔ ေရာက္႐ွိလာကာ သဒၶမၼပါလဓဇ သိရီပဝရ မဟာရာဇာဓိရာဇဂု႐ု တံဆိပ္ေတာ္ရ ေသာဘိတာရာမ ဆရာေတာ္ႀကီး အား ဟန္လင္းႀကီးၿမိဳ႕ေဟာင္း႐ွိ ပုဂံျပည့္႐ွင္ နရပတိစည္သူမင္းႀကီး၏ ကုသိုလ္ေတာ္ ေရႊရပ္ေတာ္ ေစတီေတာ္ အနီးတြင္ ဘုန္းသမၻာ ထူးျမတ္သည့္ မင္းေကာင္းမင္းျမတ္မ်ားႏွင့္သာ ထိုက္တန္ေသာ လွံပ်ံစၾကာကို ျမႇဳပ္ႏွံထားေၾကာင္း ေၾကးပုရပိုက္တြင္ အထင္အ႐ွား ေတြ႔ဖူးေၾကာင္း ၿဖီးျဖန္းေလ်ွာက္ထားခဲ့ပါ၏။
ဖိုးသူေတာ္ႀကီး ဦးေဖာ့၏  အက်င့္စ႐ိုက္ ကို သိေတာ္မမူ႐ွာေသာ ေသာဘိတာရာမ ဆရာေတာ္ႀကီးသည္ ဤအေၾကာင္းအရာကို သီေပါမင္းတရားအား ထပ္ဆင့္မိန္႔ႁမြက္ေတာ္မူရာတြင္ သီေပါမ င္းသည္ စိတ္ဝင္စားေတာ္မူသျဖင့္ ရတနာသိဃၤၿမိဳ႕ဝန္ ရဲဘက္ျမင္းဝန္ ေ႐ွ႕ဝင္းေတာ္မႉး သတိုးမင္းႀကီး မဟာမင္းေခါင္ရာဇာဘြဲ႔ခံ ဗိုလ္ျပင္ႏွင့္ လက္ယာေၾကာင္း ေသနတ္ဗိုလ္ ဗိုလ္အိမ္ႀကီးေမာင္တို႔အား ယင္းလွံပ်ံစၾကာကို တူးေဖာ္ဆက္သရန္ ျမန္မာခုႏွစ္ ၁၂၄၀ ျပည့္ႏွစ္ တေပါင္းလတြင္ အမိန္႔ေတာ္ ခ်မွတ္ပါ၏။
ယင္းအမိန္႔ေတာ္ႏွင့္အညီ လက္ယာေၾကာင္း ေသနတ္ဗိုလ္ ဗိုလ္အိမ္ႀကီးေမာင္သည္ ဟန္လင္းႀကီးေက်းရြာသို႔ လာေရာက္ကာ ဖိုးသူေတာ္ႀကီး ဦးေဖာ့ ၫႊန္ျပေသာ ေနရာ၌ ျမန္မာခုႏွစ္ ၁၂၄၀ ျပည့္ႏွစ္၊ တေပါင္းလဆန္း ၈ ရက္၊ ၾကာသပေတးေန႔ (ခရစ္ႏွစ္ ၁၈၇၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၇ ရက္) တြင္ စတင္ တူးေဖာ္ပါ၏။
ေနပူက်ဲက်ဲေတာက္ အရိပ္အာဝါသ ကင္းမဲ့ေသာ လြင္တီးေခါင္၌ တူးေဖာ္ၾကရေသာေၾကာင့္ တူးေဖာ္ရသူမ်ား အလြန္ပင္ပန္း ဆင္းရဲၾကပါ၏။ ရက္အနည္းငယ္ ၾကာျမင့္လာေသာ္လည္း ဖိုးသူေတာ္ႀကီး ေျပာဆိုသကဲ့သို႔ လွံပ်ံစၾကာကို မေတြ႔ရေသာေၾကာင့္ ဗိုလ္အိမ္ႀကီးေမာင္က ဖိုးသူေတာ္ႀကီး ဦးေဖာ့ အား လွံပ်ံစၾကာ ေတြ႔လ်ွင္ေတြ႔၊ မေတြ႔လ်ွင္ လူ႔ျပည္မွာ အ႐ွင္မထားဘူး စသည္ျဖင့္ လည္ကုပ္ေပၚ ဓားတင္ကာ ႀကိမ္းဝါးသည္တြင္ ဖိုးသူေတာ္ႀကီး ဦးေဖာ့ သည္ လွံအက်ိဳးအပဲ့ အေဟာင္းအျမင္း တစ္စင္းကို မရမေန ႐ွာယူကာ လူသူမသိ ညဥ့္ကာလအခ်ိန္တြင္ က်င္းထဲသို႔ တိတ္တဆိတ္ လာေရာက္ျမႇဳပ္ႏွံရေၾကာင္း ေ႐ွ႕မီေနာက္မီ ပုဂၢိဳလ္ မ်ားက ေျပာျပဖူးပါသည္။
ဤအေၾကာင္းျခင္းရာကို ကုန္းေဘာင္ဆက္ မဟာရာဇဝင္ေတာ္ႀကီး တတိယတြဲ စာမ်က္ႏွာ ၃၄၃၊ စာေၾကာင္းေရ ၇ ၌ ဖိုးသူေတာ္ႀကီး ဦးေဖာ့ အေၾကာင္းကို ထိမ္ခ်န္လ်က္ ကုသိုလ္ေတာ္ပြားကန္ေတာ္ တူးေဖာ္ရာ၌ လွံပ်ံစၾကာ ေတြ႔႐ွိေသာေၾကာင့္ ျမန္မာခုႏွစ္ ၁၂၄၀ ျပည့္ႏွစ္၊ ေႏွာင္းတန္ခူးလဆန္း ၄ ရက္၊ ဗုဒၶဟူးေန႔ (ခရစ္ႏွစ္ ၁၈၇၉ ခုႏွစ္၊ မတ္လ ၁ ရက္)တြင္ သီေပါမင္းတရား၏ ေ႐ွ႕ေတာ္သို႔ တပ္ဝင္းအခမ္းအနားျဖင့္ တင္သြင္းရေၾကာင္း ေဖာ္ျပထားသည္ကို ဖတ္ရဖူးသျဖင့္ ကုန္းေဘာင္ဆက္ မဟာရာဇဝင္လာ လွံပ်ံစၾကာႏွင့္ ပတ္သက္ေသာ အေၾကာင္းျခင္းရာမ်ားကို ဆင္ျခင္ရန္ ႐ွိပါေလေတာ့သည္။

share from : Search myanmar

 

Unicode ဖြင့်ဖတ်ရန်

ပျောက်ဆုံးနေသည့် အရိန္ဒမာလှံတံ

သိကြားမင်းသည် မြန်မာဘုရင်များနှင့် နီးနီးစပ်စပ် ရှိနေသည်ကတော့ သေချာသည်။ မြန်မာ့ရိုးရာ ၃၇ မင်းနတ်များထဲတွင် သိကြားမင်းက နံပါတ် ၁.နေရာက ပါဝင်သည်။ သိကြားမင်းသည် ဘီစီ ၆၀၆ ခုနှစ်တွင် ဒဂုန်၌နန်းတက်ခဲ့သည့် ဒဂုန်မင်းဆက်၏ ၃၂ ဆက်မြောက်ဘုရင် ဥက္ကလာပမင်းကြီး၏ ခမည်းတော် ဖြစ်သည်ဟု ဆိုသည်။ သိကြားမင်းနှင့် ကြင်ယာတော် မယ်လမုတို့မှ ဥက္ကလာပမင်းကြီးကို ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။ ရွှေတိဂုံစေတီတော် တည်စဉ်ကလည်း သိကြားမင်းသည် သားတော် ဥက္ကလာပမင်းကြီး၊ ကုန်သည်ညီနောင်တို့နှင့်အတူ ပါခဲ့သေးသည်။
သိကြားမင်း၏ အရိန္ဒမာလှံတံကို အစောဆုံး ဆက်သခံခဲ့ရသူမှာ ဒွတ္တဘောင်မင်း ဖြစ်သည်ဟု ဆိုပါသည်။ ဒွတ္တဘောင်သည် သိကြားမင်းနှင့် အတော်အတန် ရင်းနှီးသူဟု ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုံအဆင့်ဆင့်ပါ နန်းတော် ၃ ဆောင် ပြီးစီးချိန်တွင် သိကြားမင်းကိုယ်တိုင် ဒွတ္တဘောင်မင်း၏ လက်ကိုဆွဲလျက် နန်းတင်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်တွင် သိကြားမင်းက ဒွတ္တဘောင်အား အရိန္ဒမာလှံတံကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အရိန္ဒမာသည် ပုဂံခေတ်ဦးတွင် ပြန်လည် ပေါ်ပေါက်လာခဲ့ပြန်သည်။ ပုဂံတွင် မင်းလောင်းပေါ်နေသည်ကို သွားရောက်ကြည့်ရှုလိုသည့် ကွမ်းဆော်လုလင်အား အဘိုးအိုယောင်ဆောင်ထားသည့် သိကြားမင်းက မြင်းကိုပေးအပ်ရာတွင် အရိန္ဒမာလှံတံလည်း ပါဝင်ခဲ့သည်။ ကွမ်းဆော်လုလင်သည် ကျောင်းဖြူမင်းအဖြစ် ပုဂံတွင် ထီးနန်းစိုးစံခဲ့ပြီးနောက် နန်းကျသွားသောအခါ အရိန္ဒမာလှံတံက သားတော် အနော်ရထာမင်းထံသို့ ရောက်ရှိသွားပါသည်။ စုက္ကတေးမင်းက အမိကွဲညီတော် အနော်ရထာမင်းသားအပေါ် မောက်မာစော်ကားလာသည်ကို နန်းကျဘုရင် ကျောင်းဖြူမင်းက မကျေမနပ်ဖြစ်ကာ တန်ခိုးထက်လှသော အရိန္ဒမာလှံတံကို သားတော် အနော်ရထာထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အနော်ရထာလက်ထက်တွင် အရိန္ဒမာလှံတံက အထူးထင်ရှားခဲ့သည်။
သို့ကြောင့်လည်း အရိန္ဒမာလှံတံအကြောင်း နှောင်းခေတ်ပြည်သူတို့ သိရှိလာခဲ့ရခြင်း ဖြစ်သည်။ အနော်ရထာ ဘုရင်ဖြစ်လာပြီးနောက် ဥဿာပဲခူးမှပြန်လာသော ကျန်စစ်သားအပေါ် မဏိစန္ဒာမင်းသမီးနှင့် ပတ်သက်၍ သံသယရှိ အမျက်တော်ရှကာ အရိန္ဒမာလှံတံဖြင့် ပစ်လိုက်သည်။ ဤတွင် အရိန္ဒမာလှံတံက နှောင်ကြိုးကို ထိမှန်ပြတ်တောက်သွားရာ ကျန်စစ်သားက လှံတံကို ကောက်ယူပြေးတော့သည်။ သို့ဖြင့် အရိန္ဒမာလှံတံသည် ကျန်စစ်သားလက်ထဲသို့ ရောက်သွား၏။
ကျန်စစ်သားသည် ကျောင်းဖြူရပ်ရှိ မထီးကျောင်းသို့ ရောက်သောအခါ သံပုရာချဉ်သီးများကို လှံတံဖြင့် ထိုးဆွတ်စားသောက်လေရာ သံပုရာသီးများက ချိုမြသွားသည်ဟု ဆိုပါသည်။ ကျန်စစ်သားနှင့် သိကြားမင်းတို့ကလည်း အလွမ်းသင့်ကြဟန် တူပါသည်။ သိကြားမင်းသည် မိမိ၏ အရိန္ဒမာလှံတံ ကျန်စစ်သားလက်တွင်းသို့ ရောက်သွားသည်ကို ကျေကျေနပ်နပ် လက်ခံထားပုံရသည်။
အနော်ရထာမင်းလက်ထက်က မပြီးပြတ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကို ဆက်လက်တည်ထား ကိုးကွယ်ခဲ့ရာတွင် သိကြားမင်းသည် ပန်းရံကြီးယောင်ဆောင်၍ ဝင်ရောက်ကူညီခဲ့သေးသည် ဆို၏။ သိကြားမင်းက ကျောက်ရွေလုပ်ငန်း၊ သရွတ်ကျံလုပ်ငန်းများကိုလည်း စေ့စပ်သေချာမှုရှိစေရန် ပါဝင်လုပ်ဆောင်ခဲ့သေးသည်။
ထို့ပြင် ရွှေစည်းခုံစေတီတော် အရှေ့တောင်ထောင့်မှ ကျောက်ခင်္သြေ့ရုပ်တုကိုပင် ဝင်ရောက်ထုလုပ်ပေးခဲ့သည် ဆိုပါသည်။
ကျန်စစ်သား၏ အရိန္ဒမာလှံတံသည် သူ့အားဆက်ခံသည့် မြေးတော် အလောင်းစည်သူမင်းထံသို့ ဆက်လက်ရောက်ရှိသွားသည်ဟု မှန်းဆရပါသည်။ သို့သော် ရာဇဝင်ကျမ်းများတွင် အရိန္ဒမာလှံတံအကြောင်း စိုးစဉ်းမျှ မတွေ့ရတော့။ အလောင်းစည်သူမင်းကို ဘိသိက်ပေးခဲ့သူက သိကြားမင်းကိုယ်တိုင် ဖြစ်ပါသည်။ သို့ကြောင့်လည်း အရိန္ဒမာလှံတံသည် အလောင်းစည်သူထံတွင် ရှိမည်ဟု မှန်းဆမိခြင်း ဖြစ်သည်။
ပုဂံခေတ်၊ အင်းဝခေတ် စသည့် ခေတ်အဆက်ဆက်သာ ပြောင်းလဲသွားသည်။ အရိန္ဒမာ အကြောင်းက သဲလွန်စပင် မရတော့။ အရိန္ဒမာလှံတံ ရာဇဝင်ထဲမှ ပျောက်ဆုံးသွားခြင်းကို ဘဝင်မကျ ဖြစ်နေမိသည်။ မဆီမဆိုင် အတွေးက အရိန္ဒမာဆီသို့ ရောက်နေမိသည်။ ရာဇဝင်ကျမ်းများ၊ သမိုင်းစာအုပ်များကို ဖတ်တိုင်း သတိထားရှာဖွေရမည့် ဝေါဟာရများထဲတွင် အရိန္ဒမာ ပါလာသည်။
အရိန္ဒမာလှံ ဘယ်ရောက်သွားသနည်း။ ရာဇဝင်ကျမ်းများကို ဖတ်ရင်း အတွေးပေါက်လာမိသည်။ အရိန္ဒမာလှံသည် သိကြားမင်းပိုင် လှံတံဖြစ်သည်။ တန်ခိုးထက်သော လှံတံလည်း ဖြစ်သည်။ သံပုရာသီး အချဉ်ကိုပင် ချိုနိုင်အောင် စွမ်းဆောင်နိုင်စွမ်းရှိသော ပစ္စည်းဖြစ်သည်။ သိကြားမင်းက ဘုရင်တစ်ပါးပါးအပေါ် စိတ်ခုပြီး အရိန္ဒမာလှံတံကို ပြန်လည်သိမ်းယူသွားလေသလား အတွေးနယ်ချဲ့မိသည်။
နောက်ဆုံးတော့ ပျောက်သောသူ ရှာရင်တွေ့ ဆိုသကဲ့သို့ အရိန္ဒမာလှံတံကို အမှတ်မထင် ပြန်လည်တွေ့ရှိရတော့သည်။ အလောင်းမင်းတရားကြီး၏ အမိန့်တော်များထဲတွင် အမှတ်မထင် တွေ့ရှိရခြင်းဖြစ်၏။ ၉ ဧပြီ ၁၇၅၆ တွင် သိကြားမင်းထံမှ စာလွှာအဖြစ် အမိန့်တော်ထုတ်ပြန်ရာ၌ အရိန္ဒမာလှံတံ ပါဝင်လာခဲ့ခြင်း ဖြစ်ပါသည်။
သိကြားမင်းထံမှ စာလွှာ၌ “ငါ့ကိုလည်း ဘုရားသခင် ပရိနိဗ္ဗာန် ယူတော်မူခါနီး၌ သာသနာတော်မြတ်ကို စောင်မရမည် အမိန့်တော်ရှိ၍ ကုန်းဘောင်ပြည်မင်းကို ငါ စောင်မရသည်။ ဆင်ဖြူလည်း ၅ စီး ငါပေးပြီ။ အရိန္ဒမာလှံလည်း ငါ အပ်ပြီ´´ ဟူ၍ ပါရှိပါသည်။
ယင်းနောက်ပိုင်း၌ အလောင်းမင်းတရား အမိန့်တော်များတွင် “အရိန္ဒမာ စကြာရွှေလှံရ အဆောင်ဆောင်သော ပြာသာဒ်သခင် ဖြစ်တော်မူသော´´ စသည်ဖြင့် ထည့်သွင်းဖော်ပြလာပါသည်။
သို့သော် အလောင်းမင်းတရားနောက်ပိုင်း ဆက်ခံကြသည့် ကုန်းဘောင်မင်းများလက်ထက်တွင် အရိန္ဒမာလှံတံအကြောင်း လုံးဝ ဖော်ပြခြင်း မရှိတော့ချေ။ အရိန္ဒမာလှံတံကား ပျောက်ခြင်းမလှ ပျောက်သွားပြန်လေပြီ။
(တင်နိုင်တိုး)
ကိုးကား
~~~~~~
၁။ မဟာရာဇဝင်ကြီး ပအုပ်- ဦးကုလား
၂။ အလောင်းမင်းတရား အမိန့်တော်များ- ဒေါ်ခင်ခင်စိန်
မောင်သန်းဆွေ (ထားဝယ်) ရေးသားသော သီပေါမင်းလက်ထက် လှံပျံစကြာအကြောင်း အနည်းငယ် ဆက်၍ဖော်ပြလိုပါသည်။
ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟန်လင်းကြီးမြို့ဟောင်းတွင် “ဖော့တစ်ပင်ရှောင်၊ အိုအောင်မဆင်းရဲ´´ ဟု အများက သတ်မှတ်သမုတ်ခံရသော လူရှုပ်လူပွေ ဖိုးသူတော်ကြီး ဦးဖော့၏ ပါးစပ်ဆော့မှုကြောင့် လက်ယာကြောင်း သေနတ်ဗိုလ် ဗိုလ်အိမ်ကြီးမောင် ဆိုသူ ဒုက္ခရောက်ခဲ့ဖူးသည်။ မဟုတ်တမ်းတရားများကို ကြံကြံဖန်ဖန် ပြောဆိုတတ်သော ဖိုးသူတော်ကြီး ဦးဖော့သည် ရတနာပုံ နေပြည်တော်သို့ ရောက်ရှိလာကာ သဒ္ဓမ္မပါလဓဇ သိရီပဝရ မဟာရာဇာဓိရာဇဂုရု တံဆိပ်တော်ရ သောဘိတာရာမ ဆရာတော်ကြီးအား ဟန်လင်းကြီးမြို့ဟောင်းရှိ ပုဂံပြည့်ရှင် နရပတိစည်သူမင်းကြီး၏ ကုသိုလ်တော် ရွှေရပ်တော် စေတီတော် အနီးတွင် ဘုန်းသမ္ဘာ ထူးမြတ်သည့် မင်းကောင်းမင်းမြတ်များနှင့်သာ ထိုက်တန်သော လှံပျံစကြာကို မြှုပ်နှံထားကြောင်း ကြေးပုရပိုက်တွင် အထင်အရှား တွေ့ဖူးကြောင်း ဖြီးဖြန်းလျှောက်ထားခဲ့ပါ၏။
ဖိုးသူတော်ကြီး ဦးဖော့၏ အကျင့်စရိုက်ကို သိတော်မမူရှာသော သောဘိတာရာမ ဆရာတော်ကြီးသည် ဤအကြောင်းအရာကို သီပေါမင်းတရားအား ထပ်ဆင့်မိန့်မြွက်တော်မူရာတွင် သီပေါမင်းသည် စိတ်ဝင်စားတော်မူသဖြင့် ရတနာသိင်္ဃမြို့ဝန် ရဲဘက်မြင်းဝန် ရှေ့ဝင်းတော်မှူး သတိုးမင်းကြီး မဟာမင်းခေါင်ရာဇာဘွဲ့ခံ ဗိုလ်ပြင်နှင့် လက်ယာကြောင်း သေနတ်ဗိုလ် ဗိုလ်အိမ်ကြီးမောင်တို့အား ယင်းလှံပျံစကြာကို တူးဖော်ဆက်သရန် မြန်မာခုနှစ် ၁၂၄၀ ပြည့်နှစ် တပေါင်းလတွင် အမိန့်တော် ချမှတ်ပါ၏။
ယင်းအမိန့်တော်နှင့်အညီ လက်ယာကြောင်း သေနတ်ဗိုလ် ဗိုလ်အိမ်ကြီးမောင်သည် ဟန်လင်းကြီးကျေးရွာသို့ လာရောက်ကာ ဖိုးသူတော်ကြီး ဦးဖော့ ညွှန်ပြသော နေရာ၌ မြန်မာခုနှစ် ၁၂၄၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၈ ရက်၊ ကြာသပတေးနေ့ (ခရစ်နှစ် ၁၈၇၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်) တွင် စတင် တူးဖော်ပါ၏။
နေပူကျဲကျဲတောက် အရိပ်အာဝါသ ကင်းမဲ့သော လွင်တီးခေါင်၌ တူးဖော်ကြရသောကြောင့် တူးဖော်ရသူများ အလွန်ပင်ပန်း ဆင်းရဲကြပါ၏။ ရက်အနည်းငယ် ကြာမြင့်လာသော်လည်း ဖိုးသူတော်ကြီး ပြောဆိုသကဲ့သို့ လှံပျံစကြာကို မတွေ့ရသောကြောင့် ဗိုလ်အိမ်ကြီးမောင်က ဖိုးသူတော်ကြီး ဦးဖော့အား လှံပျံစကြာ တွေ့လျှင်တွေ့၊ မတွေ့လျှင် လူ့ပြည်မှာ အရှင်မထားဘူး စသည်ဖြင့် လည်ကုပ်ပေါ် ဓားတင်ကာ ကြိမ်းဝါးသည်တွင် ဖိုးသူတော်ကြီး ဦးဖော့သည် လှံအကျိုးအပဲ့ အဟောင်းအမြင်း တစ်စင်းကို မရမနေ ရှာယူကာ လူသူမသိ ညဉ့်ကာလအချိန်တွင် ကျင်းထဲသို့ တိတ်တဆိတ် လာရောက်မြှုပ်နှံရကြောင်း ရှေ့မီနောက်မီ ပုဂ္ဂိုလ်များက ပြောပြဖူးပါသည်။
ဤအကြောင်းခြင်းရာကို ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး တတိယတွဲ စာမျက်နှာ ၃၄၃၊ စာကြောင်းရေ ၇ ၌ ဖိုးသူတော်ကြီး ဦးဖော့အကြောင်းကို ထိမ်ချန်လျက် ကုသိုလ်တော်ပွားကန်တော် တူးဖော်ရာ၌ လှံပျံစကြာ တွေ့ရှိသောကြောင့် မြန်မာခုနှစ် ၁၂၄၀ ပြည့်နှစ်၊ နှောင်းတန်ခူးလဆန်း ၄ ရက်၊ ဗုဒ္ဓဟူးနေ့ (ခရစ်နှစ် ၁၈၇၉ ခုနှစ်၊ မတ်လ ၁ ရက်)တွင် သီပေါမင်းတရား၏ ရှေ့တော်သို့ တပ်ဝင်းအခမ်းအနားဖြင့် တင်သွင်းရကြောင်း ဖော်ပြထားသည်ကို ဖတ်ရဖူးသဖြင့် ကုန်းဘောင်ဆက် မဟာရာဇဝင်လာ လှံပျံစကြာနှင့် ပတ်သက်သော အကြောင်းခြင်းရာများကို ဆင်ခြင်ရန် ရှိပါလေတော့သည်။

share from : Search myanmar