Zawgyi ဖြင့်ဖတ်ရန်


( BBC, 14 .11.17)

Credit; Pyi Myanmar

Unicode ဖြင့်ဖတ်ရန်

အီရန်အနောက်ပိုင်းတွင် အပြင်းအထန်လှုပ်သွားသည့် ငလျင်ကြောင့် အီရန်နိုင်ငံသားများ အိမ်ထဲတွင် မအိပ်ရဲဘဲ အရိုးကွဲတမျှ ချမ်းအေးလှသည့် လဟာပြင်တွင် ဒုတိယည ဆက်အိပ်ကြရပြန်သည်။ ငလျင်ဒဏ်အဆိုးဆုံးခံလိုက်ရသည့်နေရာမှာ တောင်တန်းထူထပ်သည့် ကာမန်ရှန်ပြည်နယ်ဖြစ်ပြီး အိမ်ပေါင်းမြောက်မြားစွာ ပျက်စီးသွားခဲ့သည်။ သေဆုံးသူဦးရေမှာလည်း ခုန်ခုန်ပြီးတက်လာရာ နောက်ဆုံးရရှိသည့်သတင်းများတွင် ၄၅၀ ဦးခန့်ဟု ဖော်ပြထားသည်။ နိုဝင်ဘာလ ၁၂ ရက်တွင် အီရန်-အီရတ်နယ်စပ်၌ လှုပ်သွားသည့်ငလျင်ကြောင့် လူပေါင်း ၇ ၀၀၀ ခန့် ထိခိုက်ဒဏ်ရာရသွားသည်။ နိုဝင်ဘာလ ၁၄ ရက်ကို သေဆုံးသွားသူများအတွက် ဝမ်းနည်းကြေကွဲသည့်နေ့အဖြစ် အစိုးရက ကြေညာခဲ့သည်။ ယင်းနေရာကို သမ္မတ ဟဆန်ရိုဟာနီလာရောက်လည်ပတ်ရန်ရှိနေသည်။ အီရန်ဘက်တွင် အသေအပျောက်အလွန်များပြီး အီရတ်ဘက်တွင်မူ သေဆုံးသူ ကိုးဦးသာ ရှိသည်။

READ  အမျိုးသားခြေအိတ်နှင့် အတွင်းခံများကိုသာ ဖောက်ထွင်းခိုးယူသည့် ကြောင်မလေး

( BBC, 14 .11.17)

Credit: PYi Myanmar

 

LEAVE A REPLY