Zawgyi ျဖင့္ဖတ္၇န္

ျမန္မာႏိုင္ငံကိုယ္စားအလွမယ္ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ Miss Universe 2017 ၿပိဳင္ပြဲႀကီးကေတာ့ ၿပီးဆံုးလို႕သြားခဲ့ပါၿပီ။ Miss Universe 2017 ၿပိဳင္ပြဲကို အေမရိကန္ႏိုင္ငံ လက္စ္ဗီးဂက္စ္မွာ ႏိုဝင္ဘာ(၂၆)ရက္ေန႕ညက က်င္းပခဲ့တာ ျဖစ္ပါတယ္ ။

ၿပိဳင္ပြဲႀကီး ၿပီးဆံုးသြားၿပီးေနာက္ ျမန္မာႏိုင္ငံကိုယ္စားျပဳ အလွမယ္ ဇြန္သံစဥ္ကလည္း သူမရဲ႕ ခံစားခ်က္ကို သူမရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ တင္ခဲ့ပါတယ္။
အဲ့ဒါကေတာ့ သူမႀကိဳးစားေပမယ့္ တာဝန္မေက်ပြန္တဲ့အတြက္ စိတ္မေကာင္းပါဘူးဆိုတဲ့ စာသားေလးပါပဲ။ သူမအေကာင္းဆံုး ႀကိဳးစားခဲ့တာ ကိုလည္း ပရိသတ္ေတြက သိေနတာေၾကာင့္ ပရိသတ္ေတြ အားလံုးက သူမကို အားေပးစကားေတြ ေျပာထားၾကပါတယ္။

သူမကို စိတ္ဓာတ္မက်ဖို႕ စိတ္မေကာင္းမျဖစ္ဖို႕နဲ႕ဆုရျခင္း မရျခင္းထက္ ႀကိဳးစားယွဥ္ၿပိဳင္မႈသာ အဓိကပါဆိုၿပီး အားေပးစကားေတြ ေျပာေပးထားၾကတာကိုလည္း ေတြ႕ရပါတယ္။
ျမန္မာႏိုင္ငံကိုယ္စားျပဳ အလွမယ္ ဇြန္သံစဥ္အေနနဲ႕ ျမန္မာႏိုင္ငံအတြက္ ဘာဆုမွ မယူေပးႏိုင္ခဲ့ေပမယ့္ ျမန္မာကို ကမၻာက သိေအာင္ ႀကိဳးစားခဲ့ႏိုင္သူ တစ္ဦးျဖစ္ပါတယ္။

Miss Universe ၿပိဳင္ပြဲမွာ ႏိုင္ငံေပါင္း ၉၂ ႏုိင္ငံက ကိုယ္စားျပဳအလွမယ္ေတြ ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ေတာင္အာဖရိကအလွမယ္ Demi-Leigh Nel-Peters ကေတာ့ Miss Universe ဆုႀကီးကို ဆြတ္ခူးရရွိသြားပါတယ္။
အသက္ ၂၂ ႏွစ္အရြယ္ Nel-Peters က သရဖူကုိ သိမ္းပိုက္ႏိုင္ခဲ့ၿပီး First runner-up ဆုကို ကိုလမ္ဘီယာအလွမယ္ Laura González နဲ႔ Second runner-up ဆုကို ဂ်ေမကာအလွမယ္ Davina Bennett တုိ႔က ရရွိခဲ့ပါတယ္။

ဒီၿပိဳင္ပြဲမွာ ဆန္ကာတင္ဝင္ခဲ့တဲ့ ၁၃ ႏိုင္ငံကေတာ့ ထိုင္း၊ သီရိလကၤာ၊ ဂါနာ၊ စပိန္၊ အိုင္ယာလန္၊ ခ႐ိုေအးရွား၊ ဂရိတ္ၿဗိတိန္၊ အေမရိက၊ ဘရာဇီး၊ ကေနဒါ၊ ဖိလစ္ပိုင္၊ ဗင္နီဇြဲလားနဲ႔ တ႐ုတ္တုိ႔ပဲျဖစ္ပါတယ္။

Photo : ဇြန္သံစဥ္၊ Miss Universe 2017

Unicodeဖြင့်ဖတ်ရန်
မြန်မာနိုင်ငံကိုယ်စားအလှမယ် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Miss Universe 2017 ပြိုင်ပွဲကြီးကတော့ ပြီးဆုံးလို့သွားခဲ့ပါပြီ။ Miss Universe 2017 ပြိုင်ပွဲကို အမေရိကန်နိုင်ငံ လက်စ်ဗီးဂက်စ်မှာ နိုဝင်ဘာ(၂၆)ရက်နေ့ညက ကျင်းပခဲ့တာ ဖြစ်ပါတယ် ။

ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီးနောက် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဇွန်သံစဉ်ကလည်း သူမရဲ့ ခံစားချက်ကို သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ခဲ့ပါတယ်။
အဲ့ဒါကတော့ သူမကြိုးစားပေမယ့် တာဝန်မကျေပွန်တဲ့အတွက် စိတ်မကောင်းပါဘူးဆိုတဲ့ စာသားလေးပါပဲ။ သူမအကောင်းဆုံး ကြိုးစားခဲ့တာ ကိုလည်း ပရိသတ်တွေက သိနေတာကြောင့် ပရိသတ်တွေ အားလုံးက သူမကို အားပေးစကားတွေ ပြောထားကြပါတယ်။

သူမကို စိတ်ဓာတ်မကျဖို့ စိတ်မကောင်းမဖြစ်ဖို့နဲ့ဆုရခြင်း မရခြင်းထက် ကြိုးစားယှဉ်ပြိုင်မှုသာ အဓိကပါဆိုပြီး အားပေးစကားတွေ ပြောပေးထားကြတာကိုလည်း တွေ့ရပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဇွန်သံစဉ်အနေနဲ့ မြန်မာနိုင်ငံအတွက် ဘာဆုမှ မယူပေးနိုင်ခဲ့ပေမယ့် မြန်မာကို ကမ္ဘာက သိအောင် ကြိုးစားခဲ့နိုင်သူ တစ်ဦးဖြစ်ပါတယ်။


Miss Universe ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၉၂ နိုင်ငံက ကိုယ်စားပြုအလှမယ်တွေ ယှဉ်ပြိုင်ခဲ့ကြပြီး တောင်အာဖရိကအလှမယ် Demi-Leigh Nel-Peters ကတော့ Miss Universe ဆုကြီးကို ဆွတ်ခူးရရှိသွားပါတယ်။
အသက် ၂၂ နှစ်အရွယ် Nel-Peters က သရဖူကို သိမ်းပိုက်နိုင်ခဲ့ပြီး First runner-up ဆုကို ကိုလမ်ဘီယာအလှမယ် Laura González နဲ့ Second runner-up ဆုကို ဂျမေကာအလှမယ် Davina Bennett တို့က ရရှိခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ဆန်ကာတင်ဝင်ခဲ့တဲ့ ၁၃ နိုင်ငံကတော့ ထိုင်း၊ သီရိလင်္ကာ၊ ဂါနာ၊ စပိန်၊ အိုင်ယာလန်၊ ခရိုအေးရှား၊ ဂရိတ်ဗြိတိန်၊ အမေရိက၊ ဘရာဇီး၊ ကနေဒါ၊ ဖိလစ်ပိုင်၊ ဗင်နီဇွဲလားနဲ့ တရုတ်တို့ပဲဖြစ်ပါတယ်။

Photo : ဇွန်သံစဉ်၊ Miss Universe 2017

Credit: Duwun