Zawgyi ျဖင့္ဖတ္ရန္

တ႐ုတ္ႏိုင္ငံမွ ေလယာဥ္မယ္တဦးဟာ ေလယာဥ္ဆင္းသက္ရပ္နားၿပီးခ်ိန္မွာ တံခါးၾကားကေန ေျမျပင္ဆီကို ျပဳတ္က်ခဲ့ၿပီး ထိခိုက္ဒဏ္ရာေတြ ရရွိသြားခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ တ႐ုတ္ေလေၾကာင္းလိုင္းတခုျဖစ္တဲ့ ရွားမင္ေလေၾကာင္းလိုင္းပိုင္ ေလယာဥ္တစင္းေပၚမွာ ျဖစ္ခဲ့တာလို႔ ေဒးလီးေမးလ္သတင္းတပုဒ္မွာ ဒီကေန႔ ေဖာ္ျပပါတယ္။

ေလယာဥ္ဆိုက္ကပ္ရပ္နားခ်ိန္မွာ ေလယာဥ္တံခါးနဲ႔ အဆင္း ေလွကားၾကားကေန ထြက္က်ခဲ့ၿပီး ေျမျပင္မွ ၉ ေပေလာက္အျမင့္ကေန တြဲေလာင္းက်လ်က္သား အေျခအေနနဲ႔ ရွိေနခဲ့ၿပီးမွ ေျမျပင္ဆီ ျပဳတ္က်ခဲ့တာကို ႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာ ေတြ႕ရပါတယ္။

ေလယာဥ္ေပၚပါ ေဆးဘက္ဆိုင္ရာ ဆရာဝန္တဦးကေတာ့ ဒီအျဖစ္အပ်က္မွာ ေလယာဥ္မယ္ဟာ ေက်ာ႐ိုးထိခိုက္သြားခဲ့တယ္လို႔ ေျပာပါတယ္။

ရွားမင္ေလေၾကာင္းလိုင္းကေတာ့ အမ္အက္ဖ္ ၈၂၅၃ ေလယာဥ္ဟာ ႏိုဝင္ဘာ ၁၀ ရက္ေန႔က ေဇာင္က်ိဳးဇင္က်ိဳေလဆိပ္ကို ဆိုက္ေရာက္ခ်ိန္မွာ ခုလိုျဖစ္ခဲ့တာလို႔ အတည္ျပဳ ေျပာလိုက္တာပါ။

ေလယာဥ္မယ္ဟာ ေလယာဥ္အေနာက္ပိုင္းဆီ အစားအစာထည့္ထားတဲ့ လင္ဗန္းနဲ႔အတူ ျပန္လွည့္ထြက္ခဲ့ခ်ိန္မွာ ေျခေခ်ာ္လဲက်ခဲ့ၿပီး ခုလိုျဖစ္ခဲ့တာလို႔ ဆိုပါတယ္။

လက္ရွိမွာေတာ့ သူ႔ကို ေဆး႐ုံအေရးေပၚဌာနဆီ ပို႔ေဆာင္ထားခဲ့ၿပီး ေဆးကုသမႈေတြ လုပ္ေဆာင္ေနတာပါ။

ဆရာဝန္ေတြကေတာ့ သီတင္းတပတ္အတြင္း ျပန္ေကာင္းလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားတာျဖစ္ၿပီး အလုပ္ျပန္လည္ လုပ္ႏိုင္မလား ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိႏိုင္ေသးဘူးလို႔ ေျပာပါတယ္။

Credit ; DVB

Unicode ဖြင့်ဖတ်ရန်

 

တရုတ်နိုင်ငံမှ လေယာဉ်မယ်တဦးဟာ လေယာဉ်ဆင်းသက်ရပ်နားပြီးချိန်မှာ တံခါးကြားကနေ မြေပြင်ဆီကို ပြုတ်ကျခဲ့ပြီး ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ တရုတ်လေကြောင်းလိုင်းတခုဖြစ်တဲ့ ရှားမင်လေကြောင်းလိုင်းပိုင် လေယာဉ်တစင်းပေါ်မှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။

လေယာဉ်ဆိုက်ကပ်ရပ်နားချိန်မှာ လေယာဉ်တံခါးနဲ့ အဆင်း လှေကားကြားကနေ ထွက်ကျခဲ့ပြီး မြေပြင်မှ ၉ ပေလောက်အမြင့်ကနေ တွဲလောင်းကျလျက်သား အခြေအနေနဲ့ ရှိနေခဲ့ပြီးမှ မြေပြင်ဆီ ပြုတ်ကျခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

READ  ေလယာဥ္မွဴး နဲ႔ တြဲဖက္ေလယာဥ္မွဴးတို႔ဟာ အစားအစာ တူတာစားလို႔မရဘူးဆိုတာ သင္သိပါသလား ? ? ?

လေယာဉ်ပေါ်ပါ ဆေးဘက်ဆိုင်ရာ ဆရာဝန်တဦးကတော့ ဒီအဖြစ်အပျက်မှာ လေယာဉ်မယ်ဟာ ကျောရိုးထိခိုက်သွားခဲ့တယ်လို့ ပြောပါတယ်။

ရှားမင်လေကြောင်းလိုင်းကတော့ အမ်အက်ဖ် ၈၂၅၃ လေယာဉ်ဟာ နိုဝင်ဘာ ၁၀ ရက်နေ့က ဇောင်ကျိုးဇင်ကျိုလေဆိပ်ကို ဆိုက်ရောက်ချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ အတည်ပြု ပြောလိုက်တာပါ။

လေယာဉ်မယ်ဟာ လေယာဉ်အနောက်ပိုင်းဆီ အစားအစာထည့်ထားတဲ့ လင်ဗန်းနဲ့အတူ ပြန်လှည့်ထွက်ခဲ့ချိန်မှာ ခြေချော်လဲကျခဲ့ပြီး ခုလိုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ သူ့ကို ဆေးရုံအရေးပေါ်ဌာနဆီ ပို့ဆောင်ထားခဲ့ပြီး ဆေးကုသမှုတွေ လုပ်ဆောင်နေတာပါ။

ဆရာဝန်တွေကတော့ သီတင်းတပတ်အတွင်း ပြန်ကောင်းလာလိမ့်မယ်လို့ မျှော်လင့်ထားတာဖြစ်ပြီး အလုပ်ပြန်လည် လုပ်နိုင်မလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးဘူးလို့ ပြောပါတယ်။

Credit ; DVB

LEAVE A REPLY