Xudemkmfwlszitkxcdnv
Zawgyi ဖြင့်ဖတ်ရန်
Credit: မျက်ပြေ(မိုမိုလေး)
Unicode ဖြင့်ဖတ်ရန်
မေပန်းချီတစ်ယောက် ဇာတ်ကားရိုက်ကူးနေရင်း မင်းသမီးတစ်ယောက်ရဲ့ အချေကို ခံလိုက်ရပါပြီ။ ဒိုင်ယာလော့ထဲမှာ မပါတဲ့ စာသားတွေကိုပါပြောလာတဲ့ မင်းသမီးရဲ့ စကားတွေက ငါးစိမ်းတန်းထဲရောက်သလို ခံစားလိုက်ရပြီး ချေတာလဲချေပေါ့ညီမလေးရယ် ချစ်ဖို့ကောင်းအောင်ချေပါ။ အိုက်တင်ကောင်းတာထက် ရိုင်းတယ်ဆိုတဲ့ ခေါင်းစဉ်ကိုအတပ်မခံရပါစေနဲ့ ဆိုပြီးတော့ သူမကို ချေလိုက်တဲ့ မင်းသမီးနဲ့ ပတ်သတ်ပြီး မေပန်းချီက သူမရဲ့ ဖေ့ဘုတ်မှာ ရေးလာခဲ့ပါတယ်။
မေပန်းချီက သူမတို့ ဇာတ်ပို့တွေက ဇာတ်ကားတစ်ကားမှာ အနုပညာ ချပြခွင့် အခွင့်အလမ်းနဲပါးတာကြောင့် ရတဲ့ အခွင့်အရေးလေးကိုတော့ အပြည့်အဝလုပ်ပါရစေ အောင်မြင်နေတဲ့ ညီမလေးနဲ့ယှဉ်ပြောပြိုင်ပြောရင်လဲ အစ်မတို့ပဲ လူမုန်းများမှာပေါ့ ညီမလေးရယ်။ ညီမလေးကအောင်မြင်ပြီးသားပါ။ ဘယ်လိုလုပ်ယှဉ်နိူင်မှာလဲ။ အစ်မတို့လဲပြောတတ်ပါတယ်။ ဒါပင်မဲ့မရိုင်းပါရစေနဲ့ အစ်မတို့ကဘာမှမဟုတ်ဘူးလေ ဆိုပြီးတော့လဲ ရေးထားပါသေးတယ်။
မေပန်းချီက လတ်တလောမှာ စိတ်ကြီးဝင်နေတဲ့ မိန်းမ ရုပ်ရှင်ကားကြီးကို မြတ်သူကျော်၊ ရွှေမှုံရတီတို့နဲ့ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။
မေပန်းချီကို ချေလိုက်တဲ့ မင်းသမီးက ဘယ်သူဖြစ်မယ်ထင်လဲ။
Credit: မျက်ပြေ(မိုမိုလေး)