Zawgyi ျဖင့္ဖတ္ရန္

မႏၱ​ေလးၿမိဳ႕၊​ေအာင္​​ေျမသာစံၿမိဳ႕နယ္​႐ွိ ​ေရႊမန္​း​ေတာင္​အားကစားကြင္​းတိုက္​တန္​းမွာ ​ေသြးအိုင္​အတြင္​း​ဒဏ္​ရာ​ေတြနဲ႔ ​ေသဆံုး​ေနတဲ့ အ​ေလာင္​းတစ္​​ေလာင္​း​ကို ယ​ေန႔(​ႏိုဝင္​ဘာ၁၄ရက္​)မနက္​ပိုင္​း ​ေတြ႔႐ွိရတာျဖစ္​ပါတယ္​။
​ေသြးအိုင္​အတြင္​း​ေသဆံုး​ေနတဲ့အသက္​၃၇ႏွစ္​အရြယ္​႐ွိအမ်ဳိးသားဟာ အဲသည္​တိုက္​ခန္​းမွာတစ္​ဦးတည္​း​ေနထိုင္​သူျဖစ္​ပါတယ္​။အခုလ၁၄ရက္​မွာ ​ေသဆံုးသူရဲ႕မိခင္​ျဖစ္​သူက ​ေနအိမ္​ကို သားျဖစ္​သူထမင္​းလာမစား​ေသးတာ​ေၾကာင္​့
ဖုန္​းဆက္​သြယ္​ရာ ဖုန္​းစက္​ပိတ္​ထားလို႔ စိတ္​ပူၿပီး သားျဖစ္​သူ႐ွိရာတိုက္​ခန္​းကို သြား​ေရာက္​တာျဖစ္​ပါတယ္​။
တိုက္​ခန္​းကို​ေရာက္​တဲ့ခ်ိန္​မွာ အဲ့သည္​တိုက္​ခန္​းနဲ႔ တစ္​ခန္​း​ေက်ာ္​မွာ​ေနထိုင္​တဲ့အမ်ိဳးသမီးတစ္​ဦးက မ​ေန႔ည၇း၀၀နာရီခန္​႔က ​ေသဆံုးသူရဲ႕အခန္​းဘက္​မွာ ဆူညံသံၾကာရတာ၊​ေနာက္​ပိုင္​းမွာ ၿငိမ္​သက္​သြားၿပီး သြား​ေရာက္​​မ​ေမးျမန္​းမိ​ေၾကာင္​း
​ေျပာျပသိ႐ွိရတာျဖစ္​ပါတယ္​။
အျပင္​တံခါးမွာလည္​းအတြင္​းဘက္​က​ေန​ေသာ့ခတ္​ထားတာ​ေၾကာင္​့ ပတ္​ဝန္​းက်င္​ကို အကူညီ​ေတာင္​းကာ တံခါး​ေသာ့႐ိုက္​ဖ်က္​ဝင္​​ေရာက္​ကာ ​ေသြးအိုင္​အတြင္​း​ေသဆံုး​ေနတဲ့ သားျဖစ္​သူကို​ေတြ႔႐ွိရတာျဖစ္​ပါတယ္​။
​ေသဆံုးသူဟာ လည္​ပင္​း၊နဖူး၊မ်က္​ခံုးတို႔မွာ ျပတ္​႐ွဒဏ္​ရာနဲ႔ ဦး​ေခါင္​း​ေပါက္​ျပဲဒဏ္​ရာတို႔ကို​ေတြ႔႐ွိရကာ မႏၱ​ေလး​ေဆး႐ုံႀကီးကို တင္​ပို႔စစ္​​ေဆး​ေနၿပီး၊ ျဖစ္​စဥ္​နဲ႔ပတ္​သက္​ၿပီး ​(ပ )၃၂၇/၂၀၁၇ပုဒ္​မ ၃၀၂အရ
အ​ေသးစိတ္​စစ္​​ေဆ​ေဆာင္​ရြက္​​ေနတယ္​လို႔ အမွတ္​၂နယ္​​ေျမရဲစခန္​းက သိရပါတယ္​။

Author-နန္​း​ေဟမာ​ေထြး

Credit: Kumudra

Unicode ဖြင့်ဖတ်ရန်

 

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်ရှိ ရွှေမန်းတောင်အားကစားကွင်းတိုက်တန်းမှာ သွေးအိုင်အတွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းတစ်လောင်းကို ယနေ့(နိုဝင်ဘာ၁၄ရက်)မနက်ပိုင်း တွေ့ရှိရတာဖြစ်ပါတယ်။
သွေးအိုင်အတွင်းသေဆုံးနေတဲ့အသက်၃၇နှစ်အရွယ်ရှိအမျိုးသားဟာ အဲသည်တိုက်ခန်းမှာတစ်ဦးတည်းနေထိုင်သူဖြစ်ပါတယ်။အခုလ၁၄ရက်မှာ သေဆုံးသူရဲ့မိခင်ဖြစ်သူက နေအိမ်ကို သားဖြစ်သူထမင်းလာမစားသေးတာကြောင့်
ဖုန်းဆက်သွယ်ရာ ဖုန်းစက်ပိတ်ထားလို့ စိတ်ပူပြီး သားဖြစ်သူရှိရာတိုက်ခန်းကို သွားရောက်တာဖြစ်ပါတယ်။
တိုက်ခန်းကိုရောက်တဲ့ချိန်မှာ အဲ့သည်တိုက်ခန်းနဲ့ တစ်ခန်းကျော်မှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးက မနေ့ညရး၀၀နာရီခန့်က သေဆုံးသူရဲ့အခန်းဘက်မှာ ဆူညံသံကြာရတာ၊နောက်ပိုင်းမှာ ငြိမ်သက်သွားပြီး သွားရောက်မမေးမြန်းမိကြောင်း
ပြောပြသိရှိရတာဖြစ်ပါတယ်။
အပြင်တံခါးမှာလည်းအတွင်းဘက်ကနေသော့ခတ်ထားတာကြောင့် ပတ်ဝန်းကျင်ကို အကူညီတောင်းကာ တံခါးသော့ရိုက်ဖျက်ဝင်ရောက်ကာ သွေးအိုင်အတွင်းသေဆုံးနေတဲ့ သားဖြစ်သူကိုတွေ့ရှိရတာဖြစ်ပါတယ်။
သေဆုံးသူဟာ လည်ပင်း၊နဖူး၊မျက်ခုံးတို့မှာ ပြတ်ရှဒဏ်ရာနဲ့ ဦးခေါင်းပေါက်ပြဲဒဏ်ရာတို့ကိုတွေ့ရှိရကာ မန္တလေးဆေးရုံကြီးကို တင်ပို့စစ်ဆေးနေပြီး၊ ဖြစ်စဉ်နဲ့ပတ်သက်ပြီး (ပ )၃၂၇/၂၀၁၇ပုဒ်မ ၃၀၂အရ
အသေးစိတ်စစ်ဆေဆောင်ရွက်နေတယ်လို့ အမှတ်၂နယ်မြေရဲစခန်းက သိရပါတယ်။

Author-နန်းဟေမာထွေး

Credit: Kumudra

READ  ေဆး႐ုံ ေပၚမွ လူေသ အေလာင္း နွင့္ လိင္ဆက္ဆံ ခဲ့သည့္ အမ်ိဳးသား သူနာျပဳ အား ဖမ္းဆီး

LEAVE A REPLY