Zawgyi ဖြင့်ဖတ်ရန်
Credit : popolay
Unicode ဖြင့်ဖတ်ရန်
မိန်းကလေး၊ ဒါတွေမရှောင်သေးရင် သင်ကိုယ်ဝန်ရနိုင်ပါသေးတယ်
မိန်းကလေးများ သတိပြုပါ။ ထိရောက်တဲ့ ကာမဆက်ဆံမှု(အတွင်းသားထဲထိမရောက်) မပြုသော်လည်း ကိုယ်ဝန်ရနိုင်သေးတယ်ဆိုတာ သင်သိပါသလား..?
လိင်မဆံပဲန ကိုယ်ဝန်ရတတ်တာဟာ အဖြစ်နည်းပေမယ့် အမျိုးသားရဲ့ သုတ်ရေဟာ ဘယ်အတိုင်းတာမှာ အဆုံးသတ်သွားလဲဆိုတဲ့ အခြေအနေပေါ်မူတည်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက သုတ်ပိုးတွေဟာ ခန္ဓာကိုယ်ပြင်ပမှာလည်း ရှင်သန်နေနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာကြာ ရှင်သန်နိုင်ခဲဆိုတာကတော့ ပတ်ဝန်းကျင်ရဲ့ အပူချိန်နဲ့ စိုထိုင်းမှုအခြေနေတွေပေါ် မူတည်ပါတယ်။
သုတ်ရည်ဟာ အိပ်ယာခင်းပေါ်ကျသွားရင်တော့ ပြဿနာမရှိပါဘူး ဒါပေမယ့် သင့်ရဲ့ ပေါင်ခြံကြား၊ အသားအမျှောင်းကြားရောက်နေရင်တော့ သုတ်ပိုးက ကြာကြာအသက်ရှင်နိုင်ပါတယ်။ အဲဒီနေရာတွေမှာဆိုရင် သေချာဆေးကြောမသုတ်သင်ရင် ငါးရက်ခန့်ထိ အသက်ရှင်နိုင်ပါတယ်။
ဒီလိုအခြေနေတွေကြောင့် သင်ဟာ ရာသီလာနေချိန်မှာတောင် ကိုယ်ဝန်ရဖို့အနေအထား ရှိနေပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေက ရာသီလာချိန် လိင်ဆက်ဆံတဲ့အခါ ကိုယ်ဝန်မရနိုင်ဘူးဆိုတဲ့ အတွေးအခေါ်ကို လက်မခံပါဘူး၊ သုတ်ပိုးအတွက် ပူနွေးစိုထိုင်းမှုဟာ အသက်ရှင်ဖို့ အကောင်းဆုံးအထောက်အပံ့ဖြစ်လို့ ရာသီလာချိန်မှာ အကာကွယ်မဲ့ လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ချေရှိပါတယ်။
ဖြစ်နိုင်ချေနည်းတယ်ဆိုပေမယ့် ဖြစ်နိုင်သေးတယ်ဆိုတဲ့ အကြောင်းကရှိနေတာကြောင့် ကိုယ်ဝန်မရချင်သူတွေအတွက် အထဲမရောက်ပါဘူးဆိုပြီး ပေါ့ပေါ့ဆဆ မနေသင့်သလို လိင်ဆက်ဆံမယ်ဆိုရင် ကွန်ဒုံး၊ တားဆေး စတာတွေနဲ့ ကာကွယ်ပြီးမှသာ ဘေးကင်းလုံခြုံစွာ ချစ်တင်းနှောဖို့ အသိပေးလိုက်ပါတယ်နော်။
Credit : popolay