Zawgyi ျဖင့္ဖတ္ရန္

လာမယ့္ႏွစ္မွာ မီတာခ ၁ ယူနစ္ကို က်ပ္ ၆၀ ဝန္းက်င္ ျပင္ဆင္သတ္မွတ္ဖို႔ စီစဥ္ေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။

ရန္ကုန္တိုင္းဟာ တႏိုင္ငံလုံးရဲ႕ လၽွပ္စစ္သုံးစြဲမႈ ၇၀ ရာခိုင္ႏႈန္းအထိ ရွိေနတာေၾကာင့္ မီတာခေတြကို ရန္ကုန္ၿမိဳ႕ကို အေျချပဳၿပီး သတ္မွတ္ဖို႔ စီစဥ္ေနတယ္လို႔လည္း ဆိုပါတယ္။

ဒါ့အျပင္ System Breakdown ေၾကာင့္ မီးပ်က္တာေတြ မျဖစ္ေအာင္ အရန္ပင္မ လၽွပ္စစ္ဓာတ္အားလိုင္းကိုလည္း တည္ေဆာက္ဖို႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။

လက္ရွိမီတာခဟာ ၁ ယူနစ္ကို ၅၆ က်ပ္ဝန္းက်င္ ရွိေနေပမယ့္ အစိုးရက အ႐ံႈးခံ ေရာင္းခ်ေနရလို႔ မီတာခေတြကို ထပ္ျမႇင့္ဖို႔ လုပ္ေဆာင္ေနတာလို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က ဆိုပါတယ္။

ျပင္ပလၽွပ္စစ္ထုတ္လုပ္ေရး လုပ္ငန္းေတြဆီက ဝယ္ယူတဲ့ လၽွပ္စစ္ဓာတ္အား ေဈးႏႈန္းေတြကေတာ့ ၁ ယူနစ္ကို ၁၂၀ က်ပ္ဝန္းက်င္ ရွိပါတယ္။

Credit: DVB

Unicode ဖြင့်ဖတ်ရန်

လာမယ့်နှစ်မှာ မီတာခ ၁ ယူနစ်ကို ကျပ် ၆၀ ဝန်းကျင် ပြင်ဆင်သတ်မှတ်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ရန်ကုန်တိုင်းဟာ တနိုင်ငံလုံးရဲ့ လျှပ်စစ်သုံးစွဲမှု ၇၀ ရာခိုင်နှုန်းအထိ ရှိနေတာကြောင့် မီတာခတွေကို ရန်ကုန်မြို့ကို အခြေပြုပြီး သတ်မှတ်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် System Breakdown ကြောင့် မီးပျက်တာတွေ မဖြစ်အောင် အရန်ပင်မ လျှပ်စစ်ဓာတ်အားလိုင်းကိုလည်း တည်ဆောက်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

လက်ရှိမီတာခဟာ ၁ ယူနစ်ကို ၅၆ ကျပ်ဝန်းကျင် ရှိနေပေမယ့် အစိုးရက အရှုံးခံ ရောင်းချနေရလို့ မီတာခတွေကို ထပ်မြှင့်ဖို့ လုပ်ဆောင်နေတာလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဆိုပါတယ်။

ပြင်ပလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းတွေဆီက ဝယ်ယူတဲ့ လျှပ်စစ်ဓာတ်အား ဈေးနှုန်းတွေကတော့ ၁ ယူနစ်ကို ၁၂၀ ကျပ်ဝန်းကျင် ရှိပါတယ်။

Credit: DVB