Zawgyi ဖြင့်ဖတ်ရန်




 


Unicode ဖြင့်ဖတ်ရန်

မနက်ဖြန်မှာ တစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတော်တော်များများမှာ ရုံတင်ပြသတော့မဲ့ တာတေကြီးရုပ်ရှင်ဇာတ်ကားဟာ 2011 ခုနှစ်က ထွက်ရှိခဲ့တဲ့ တမီးလ်သရဲကား Kanchana ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ ထိုအကြောင်းကို တာတေကြီးရုပ်ရှင် ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဝိုင်း ( Own Creater ) ကိုယ်တိုင် အင်တာဗျူးတော်တော်များများမှာ ဖြေကြားခဲ့ပြီးသားလည်း ဖြစ်ပါတယ်။ မူရင်းဇာတ်ကားဖြစ်တဲ့ Kanchana ဇာတ်ကားဟာလည်း အားပေးမှုတော်တော်လေးရခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Ojmefteprptpd1suzves

Kanchana ဇာတ်ကားဟာ Muni Film Series ထဲက ဒုတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Raghava ဟာ အလွန် သရဲကြောက်တတ်သူုဖြစ်ပြီး တစ်ရက်မှာ အငြိုးတကြီးကလဲ့စားချေချင်နေတဲ့ သရဲမ ရဲ့ဝင်ရောက်ပူးကပ်ခြင်းကို ခံရပါတယ်။ ပူးကပ်ခံရပြီးတဲ့နောက်ပိုင်းမှာ Raghava တစ်ယောက်ထူးထူးဆန်းဆန်း အပြုအမူတွေလုပ်ပြီး ပယောဂဆရာတွေပါ ကုပေးလို့မရတော့ပဲ ချစ်သူကိုပါ အန္တရာယ်ပြုလာပါတော့တယ်။

Kanchana Movie Trailer

 

ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ တာတေကြီးကတော့ မနက်ဖြန်မှာ ရုံတင်တော့မှာပဲဖြစ်ပါတယ်။ မူရင်း Kanchana ဇာတ်ကားကို ကြည့်ဖူးတဲ့သူတွေရော မကြည့်ဖူးတဲ့သူတွေအတွက်ပါ မနက်ဖြန် တာတေကြီးကိုတော့ ကြည့်ဖြစ်အောင်သွားကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ မှီငြမ်းထားတဲ့ဇာတ်ကားဆိုပေမဲ့ ဒါရိုက်တာ ဝိုင်းရဲ့ရိုက်ချက်တွေနဲ့မမတာကို ဘယ်လို ဖန်တီးထားလဲဆိုတာကို စောင့်ကြည့်ကြရအောင်နော်။
Credit; Myat Thu ( Momolay )