Zawgyi ျဖင့္ဖတ္ရန္

ပုဇြန္ေတာင္ ျမိဳ႕နယ္၊ အမွတ္(၁)ရပ္ကြက္၊ မဟာဗႏၶဳလလမ္းႏွင့္ (၅၂)လမ္းေထာင့္၊ အမွတ္ (၇၇)ရွိ ေၾကးမုံ သတင္းစာတိုက္ မန္ေနဂ်ာရုံးခန္းတြင္မီးလန္႔မႈျဖစ္ပြားျခင္းႏွင့္ ပတ္သက္၍ ဖစ္စဥ္အမွန္မွာ ေငြ အလြဲသုံးစား ျပဳရန္ရည္ရြယ္၍ မီးရိႈ႕ခ့ဲေၾကာင္း သိရသည္။

 

ျဖစ္စဥ္မွာ ေအာက္တိုဘာ ၃၀ ရက္ေန႔ ညေန ၁၈း၀၀ အခ်ိန္ခန္႔ က ပုဇြန္ေတာင္ ၿမိိဳ႕နယ္ ရွိ ေၾကးမုံ သတင္းစာတိုက္ မန္ေနဂ်ာရုံးခန္းတြင္ မီးခံေသတၱာ မွာပြင့္လ်က္ အတြင္းရွိ ပီနံအိတ္ ျဖင့္ထည့္ထားသည့္ေန႔စဥ္၀င္ ေငြ မ်ား မီး ေလာင္ကြ်မ္း ေနသည္ကိုေတြ႔ရသျဖင့္ မီး အား၀ိုင္း၀န္းၿငွိမ္းသတ္ခ့ဲၿပီး ပုဇြန္ေတာင္ၿမိဳ႕မရဲစခန္းသို႔ ဆက္သြယ္အေၾကာင္းၾကားခ့ဲ၍အေရွ႕ပိုင္းခရိုင္ရဲတပ္ဖြဲ႕မွဴးႏွင့္ ပုဇြန္ေတာင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕၀ငမ်ားက သြားေရာက္စစ္ေဆးရာ မီးခံေသတၱာ ေသာ့မွာ ေငြကိုင္ တာ၀န္ခံေဒၚျဖဴျဖဴ၀င္း (၅၉)ႏွစ္၊ တစ္ဦးတည္းသာ ကိုင္ေဆာင္ထားေၾကာင္း ၊

မီးခံေသတၱာ အတြင္းတြင္ ေငြ(၈၅၈၅၇၅၃၀)က်ပ္ သိမ္းဆည္းထားေၾကာင္း၊မီးေလာင္ကြ်မ္း ထားသည့္ ပီနံအိတ္ အားစစ္ေဆးရာ သတင္းစာ စကၠဴ အေဟာင္းမ်ား၊ ေငြ စကၠဴ ပုံသ႑န္ ျပလုပ္၍ သားေရကြင္း စီးထားေသာ သတင္းစာ စကၠဴ ျဖတ္စမ်ား၊ တစ္၀က္တစ္ျပတ္ မီးေလာင္ကြ်မ္း ေနသည့္(၅၀၀)က်ပ္တန္ ေငြ စကၠဴ အေဟာင္း (၁၀)အုပ္ခန္႔၊ အခန္းအတြင္း ဓာတ္ဆီေလာင္း၍ မီးရိႈ႕ရာတြင္ အသုံးျပဳေသာ ဓာတ္ဆီ မ်ားထည္ထားသည့္ပ လတ္စတစ္ဘူး အားေတြ႕ရွိရသည့္အျပင္ ေငြကိုင္တာ၀န္ခံ ေဒၚျဖဴျဖဴ၀င္း ၏အခန္းအတြင္းမွ (၅၀၀)က်ပ္တန္ ေငြစကၠဴ(၆)အုပ္အား ရွာေဖြေတြ႔ရွိသိမ္းဆည္းရရွိခ့ဲသည္။

ရန္ကုန္တိုင္း ေဒသႀကီး ရဲတပ္ဖြဲ႕က ျဖစ္စဥ္အေပၚ အမႈမွန္ ေဖာ္ထုတ္ရရွိေရးအတြက္ စုံစမ္း ေဆာင္ရြက္ခ့ဲရာ မီးလန္႔မႈမွာ ၀ါယာေရွာ့ျဖစ္၍ မီးေလာင္ကြ်မ္းျခင္း မဟုတ္ဘဲ ေငြကိုင္ တာ၀န္ခံမွ ၎ထံအပ္ႏွံထားသည့္ ေငြ မ်ားကိုအလြဲသုံးစားျပဳရန္ ရည္ရြယ္၍ မီးရိႈ႕ ခ့ဲျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္ရရွိသည္။

 

အဆိုပါအမႈကို ပုဇြန္ေတာင္ ၿမိဳ႕မရဲစခန္း(ပ) ၂၆၀/၂၀၁၇ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၀၉/၄၃၆ ျဖင့္ အမႈဖြင့္ အေရးယူခ့ဲၿပီး ဆက္လက္စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

Credit : Yangon Police

Unicode ဖြင့်ဖတ်ရန်

ကြေးမုံ သတင်းစာတိုက် မီးလောင်မှုမှ ပက်စက်သော အကြံ

ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် (၅၂)လမ်းထောင့်၊ အမှတ် (၇၇)ရှိ ကြေးမုံ သတင်းစာတိုက် မန်နေဂျာရုံးခန်းတွင်မီးလန့်မှုဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဖစ်စဉ်အမှန်မှာ ငွေအလွဲသုံးစားပြုရန်ရည်ရွယ်၍ မီးရှို့ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၁၈း၀၀ အချိန်ခန့်ကပုဇွန်တောင်မြို့နယ်ရှိကြေးမုံသတင်း စာတိုက် မန်နေဂျာရုံးခန်းတွင်မီးခံသေတ္တာမှာပွင့်လျက် အတွင်းရှိ ပီနံအိတ်ဖြင့်ထည့်ထားသည့်နေ့စဉ်ဝင် ငွေများမီးလောင်ကျွမ်းနေသည်ကိုတွေ့ရသဖြင့် မီးအားဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး ပုဇွန်တောင်မြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့၍အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ပုဇွန်တောင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝငများက သွားရောက်စစ်ဆေးရာ မီးခံသေတ္တာသော့မှာ ငွေကိုင်တာဝန်ခံဒေါ်ဖြူဖြူဝင်း (၅၉)နှစ်၊ တစ်ဦးတည်းသာ ကိုင်ဆောင်ထားကြောင်း ၊

မီးခံသေတ္တာအတွင်းတွင် ငွေ(၈၅၈၅၇၅၃၀)ကျပ် သိမ်းဆည်းထားကြောင်း၊မီးလောင်ကျွမ်းထားသည့် ပီနံအိတ်အားစစ်ဆေးရာ သတင်းစာစက္ကူအဟောင်းများ၊ ငွေစက္ကူပုံသဏ္ဍန် ပြလုပ်၍ သားရေကွင်းစီးထားသောသတင်းစာစက္ကူဖြတ်စများ၊ တစ်ဝက်တစ်ပြတ် မီးလောင်ကျွမ်းနေသည့်(၅၀၀)ကျပ်တန် ငွေစက္ကူအဟောင်း (၁၀)အုပ်ခန့်၊ အခန်းအတွင်း ဓာတ်ဆီ
လောင်း၍ မီးရှို့ရာတွင် အသုံးပြုသော ဓာတ်ဆီများထည်ထားသည့်ပလတ်စတစ်ဘူးအားတွေ့ရှိရသည့်အပြင် ငွေကိုင်တာဝန်ခံ ဒေါ်ဖြူဖြူဝင်း၏အခန်းအတွင်းမှ (၅၀၀)ကျပ်တန် ငွေစက္ကူ(၆)အုပ်အား ရှာဖွေတွေ့ရှိသိမ်းဆည်းရရှိခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖြစ်စဉ်အပေါ် အမှုမှန်ဖော်ထုတ်ရရှိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ မီးလန့်မှုမှာ ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းခြင်းမဟုတ်ဘဲ ငွေကိုင်တာဝန်ခံမှ ၎င်းထံအပ်နှံထားသည့် ငွေများကိုအလွဲသုံးစားပြုရန် ရည်ရွယ်၍ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်ရရှိသည်။

 

အဆိုပါအမှုကို ပုဇွန်တောင်မြို့မရဲစခန်း(ပ) ၂၆၀/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉/၄၃၆ ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Credit : Yangon Police