Zawgyi ျဖင့္ဖတ္ရန္

 

င႐ုတ္သီးခူးဆြတ္ၿပီး လက္ထဲမွ ျပန္လႊတ္လိုက္ သည့္ င႐ုတ္ကိုင္းက မအိအိေမႊး မ်က္ႏွာကို ႐ုတ္ တရက္ လာ႐ိုက္သည္။ ႐ိုက္ခ်က္ျပင္းေသာ ေၾကာင့္ ညာဘက္မ်က္လုံး စူးခနဲျဖစ္ကာ နာက်င္ သြား၏။
မ်က္လုံးထိခိုက္သြားသျဖင့္ ခ်က္ခ်င္းပင္ မအိအိေမႊးကို ေပ်ာ္ဘြယ္ၿမိဳ႕နယ္ရွိ ေဆးခန္းတစ္ခုတြင္ ျပသခဲ့သည္။ ေဆးခန္းမွ မ်က္စဥ္းခတ္ေပးလိုက္သည္။ မသက္သာသည့္အျပင္ ေလး၊ ငါး လခန႔္ ၾကာေသာအခါ မ်က္စိတိမ္ဖုံးလာကာ မျမင္ရေတာ့ေပ။ တစ္ႏွစ္ေက်ာ္ၾကာေသာအခါမွ မိတၳီလာၿမိဳ႕ရွိ မ်က္စိေဆးခန္း တစ္ခုတြင္ ထပ္မံျပသခဲ့သည္။ ထိုေဆးခန္းကလည္း မ်က္စဥ္း ေဆး ပုံမွန္ခတ္ရန္သာ ၫႊန္ၾကားခဲ့သည္။ ထို႔ေနာက္ ေငြေၾကး အခက္အခဲေၾကာင့္ ေဆးခန္းဆက္မျပျဖစ္ေတာ့။

 

Photo – YGN National Eye Bank
ငါးႏွစ္ၾကာေသာအခါမွ ရန္ကုန္မ်က္စိအထူးကုေဆး႐ုံႀကီး တြင္ မ်က္ၾကည္လႊာကို အခမဲ့အစားထိုးကုသေပးေနသည္ဟု သတင္းၾကားေသာေၾကာင့္ ယခုႏွစ္ ဇူလိုင္လဆန္းပိုင္းတြင္ လာ ေရာက္စမ္းသပ္မႈခံယူရာ မ်က္ၾကည္လႊာအစားထိုးပါက ျပန္ျမင္ ႏိုင္သည္ဟုဆိုသျဖင့္ စာရင္းေပးခဲ့ၿပီး ေစာင့္ဆိုင္းေနသည္ဟု မႏၲေလးတိုင္းေဒသႀကီး၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ပန္းေတာေက်း႐ြာ တြင္ ေနထိုင္ေသာ အသက္ ၂ဝ အ႐ြယ္ မအိအိေမႊးက ဆိုပါသည္။
”ဆရာဝန္ႀကီးက ျပန္ျမင္မယ္လို႔ေျပာေတာ့ ေျပာမျပ တတ္ေအာင္ ဝမ္းသာသြားတယ္။ မ်က္ၾကည္လႊာကို လူအမ်ား ႀကီးေစာင့္ေနေတာ့ ကံထူးၿပီးရႏိုင္ေအာင္ ညအိပ္ရာဝင္တိုင္း ဘုရားမွာဆုေတာင္းၿပီးမွ အိပ္ျဖစ္တယ္” ဟု သူက ေျပာသည္။
သို႔ေသာ္ မ်က္ၾကည္လႊာအစားထိုးကုသႏိုင္ရန္ ေစာင့္ဆိုင္း ေနသူအေရအတြက္ ေထာင္ဂဏန္းက သူ႔ေရွ႕တြင္ရွိေနေသာ ေၾကာင့္ သူ႔အလွည့္က်ေရာက္ရန္ အခ်ိန္မည္မွ်ေစာင့္ဆိုင္းရဦး မည္ကိုမူ မခန႔္မွန္းႏိုင္ေသး။
ျမန္မာတစ္ႏိုင္ငံလုံးတြင္ မ်က္ၾကည္လႊာအလႉခံရရွိမႈမွာ တစ္လလွ်င္ ၃ဝ ဦးခန႔္သာရွိေနၿပီး မအိအိေမႊးတို႔လို မ်က္ၾကည္ လႊာလိုအပ္သျဖင့္ ေစာင့္ဆိုင္းလူနာမ်ားမွာ သုံးေထာင္ေက်ာ္ ရွိေနသည္ဟု ရန္ကုန္ႏွင့္ မႏၲေလးရွိ မ်က္စိအထူးကုေဆး႐ုံႀကီး မ်ား၏ စာရင္းမ်ားတြင္ ေဖာ္ျပထားသည္။ တစ္လလွ်င္ အနည္း ဆုံး ပ်မ္းမွ် ဆယ္ဦးခန႔္ကို မ်က္ၾကည္လႊာ အစားထိုးကုသေပးေန သည္ဟု ထိုစာရင္းမ်ားက ဆိုသည္။
ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ၏ ၂ဝ၁၅ ခုႏွစ္ ထုတ္ ျပန္ခ်က္အရ ကမာၻေပၚတြင္မ်က္စိမျမင္သည့္လူဦးေရ ၃၉ သန္း ၏ ေလးရာခိုင္ႏႈန္း (တစ္သန္းခြဲေက်ာ္ ၁,၅၆ဝ,ဝဝဝ)မွာ မ်က္ ၾကည္လႊာတြင္ တိမ္ဖုံးျခင္း(သို႔) အမာ႐ြတ္ျဖစ္ျခင္းတို႔ေၾကာင့္ မ်က္စိမျမင္သည့္ေရာဂါ ခံစားေနရၿပီး မ်က္ၾကည္လႊာ လိုအပ္ ေနလ်က္ရွိေနသည္ဟု ထုတ္ျပန္ထားသည္။

မ်က္ၾကည္လႊာ ဆိုသည္မွာ
မ်က္ၾကည္လႊာသည္ မ်က္လုံးကိုဖုံးအုပ္ထားသည့္ တစ္ သွ်ဴးတစ္ခုျဖစ္ၿပီး မ်က္လုံးအတြင္းသို႔ ဝင္ေရာက္သည့္ အလင္း ေရာင္သည္ မ်က္ၾကည္လႊာကို ပထမဆုံးျဖတ္သန္းရသည္။ ၿပီးမွ အလင္းေရာင္သည္ သူငယ္အိမ္၊ မွန္ဘီလူးတို႔ကို ျဖတ္ကာ အျမင္ လႊာေပၚသို႔က်ၿပီး အရာဝတၳဳမ်ားကို ျမင္ရျခင္းျဖစ္သည္။
ေမြးရာပါမ်က္ၾကည္လႊာေရာဂါႏွင့္ ထိခိုက္ဒဏ္ရာေၾကာင့္ မ်က္ၾကည္လႊာအမာ႐ြတ္ ျဖစ္သြားျခင္း၊ မ်က္ၾကည္လႊာတြင္ ေရာဂါပိုးဝင္ကာ ပ်က္စီးျခင္းတို႔ကို အစားထိုးကုသရမည္ျဖစ္ၿပီး အျခားေသာ အစားထိုးရႏိုင္သည့္ပစၥည္းမ်ား မတီထြင္ႏိုင္ေသး သျဖင့္ ေသဆုံးသူ၏မ်က္ၾကည္လႊာျဖင့္သာ အစားထိုးကုသႏိုင္ ေၾကာင္း မ်က္စိေဆး႐ုံႀကီး၏ ေဆး႐ုံအုပ္ႀကီး ပါေမာကၡ ေဒါက္ တာတင္ဝင္းက ဆိုသည္။
မ်က္ၾကည္လႊာပ်က္စီးသူ၏ ပ်က္စီးမႈအေနအထားကို မူ တည္၍ မ်က္ၾကည္လႊာတစ္ခုႏွင့္ လူနာႏွစ္ေယာက္ကို အစားထိုး ကုသေပးႏိုင္သလို မ်က္ၾကည္လႊာတစ္ခုလုံး လိုအပ္သည့္ လူနာ ကိုမူ တစ္ခုလုံးအစားထိုးေပးရေၾကာင္း ၎က ဆက္ေျပာသည္။
မ်က္ၾကည္လႊာတြင္ အလႊာငါးလႊာပါဝင္ၿပီး အစားထိုးေပး သည္ Endothelium သည္ ျပင္ပမွ ေရာဂါကူးစက္မႈႏွင့္ ထိခိုက္မႈ တို႔ မျဖစ္ေစရန္ အတားအဆီးအျဖစ္ ျပဳလုပ္ေပးသည့္ ဆဲလ္ျဖစ္ ၿပီး မ်က္ၾကည္လႊာ၏ အျပင္ဘက္ဆုံးအလႊာျဖစ္သည္။ Stroma အလႊာသည္ အမွ်င္မ်ားျဖင့္ တင္းမာသည့္ အလင္းေဖာက္ထြင္း ႏိုင္သည့္ တစ္သွ်ဴးျဖစ္ၿပီး မ်က္ၾကည္လႊာတစ္ခုလုံး အထူ၏ ၉ဝ ရာခိုင္ႏႈန္းခန႔္ရွိသည္။
ထို Stroma ႏွင့္ Endothelium ပ်က္စီးသည့္ လူနာ ႏွစ္ဦးရွိပါက အလႉခံရရွိသည့္ မ်က္ၾကည္လႊာတစ္ခုကို ထိုအလႊာ ႏွစ္ခုကို ခြဲထုတ္ၿပီးကုသေပးလ်က္ရွိသည္။ မ်က္ၾကည္လႊာတစ္ခု ျဖင့္ လူနာႏွစ္ေယာက္အား အစားထိုးကုသေပးျခင္းကို ရန္ကုန္ မ်က္စိေဆး႐ုံႀကီး တစ္ခုတည္းကသာ ေဆာင္႐ြက္ေပးႏိုင္သည္။
၂ဝ၁၅ တစ္ႏွစ္လုံးတြင္ ရန္ကုန္အမ်ိဳးသားမ်က္စိဘဏ္မွ အလႉရွင္ ၇၅ ဦး၏ မ်က္ၾကည္လႊာကို အလႉခံရရွိခဲ့ၿပီး ေစာင့္ဆိုင္း လူနာ ၂၁၂ ဦးအား မ်က္ၾကည္လႊာ အစားထိုးကုသေပးႏိုင္ခဲ့ သည္။ ယခုႏွစ္တြင္ ဇန္နဝါရီမွ ေအာက္တိုဘာကုန္ထိ မ်က္ၾကည္ လႊာအလႉရွင္ ၆၃ ဦး ရွိခဲ့ၿပီး ေစာင့္ဆိုင္းလူနာ ၁၆ဝ ဦးကို မ်က္ ၾကည္လႊာ အစားထိုးလဲလွယ္ေပးႏိုင္ခဲ့သည္ဟု မ်က္စိေဆး႐ုံႀကီး ၏ မွတ္တမ္းမ်ားတြင္ ေဖာ္ျပထားသည္။

 

မ်က္ၾကည္လႊာထုတ္ယူေနစဥ္ ။ Photo – YGN National Eye Bank
မ်က္ၾကည္လႊာ ရဖို႔ခက္ခဲ
ျမန္မာႏိုင္ငံတြင္ အမ်ိဳးသားမ်က္စိဘဏ္ကို ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕ ၌သာ ဖြင့္လွစ္ထားႏိုင္ကာ ပုဂၢလိကေဆး႐ုံ၊ ေဆးခန္း မ်ားအေနျဖင့္ လက္ရွိတြင္ မ်က္ၾကည္လႊာအစားထိုးလဲလွယ္ေပး ႏိုင္ျခင္း မရွိေသးေပ။
ရန္ကုန္အမ်ိဳးသားမ်က္စိဘဏ္သည္ မ်က္ၾကည္လႊာစု ေဆာင္းျခင္းကို ရန္ကုန္ေဆး႐ုံႀကီး၌ ေသဆုံးသူ၏ေဆြမ်ိဳးမ်ားထံ မွ အဓိကအလႉခံရယူသည့္အျပင္ မ်က္ၾကည္လႊာလႉဒါန္းထားသူ မ်ား ေသဆုံးသြားသည့္အခါ က်န္ရစ္သည့္မိသားစုမွ ရယူသည့္ နည္းလမ္းတို႔ျဖင့္ စုေဆာင္းေနျခင္းျဖစ္သည္ဟု ကုသေရးဦးစီး ဌာနထံမွသိရသည္။
မ်က္ၾကည္လႊာအလႉခံရာတြင္ လူနာရွင္မိသားစုဝင္မ်ား မွာ မ်က္ၾကည္လႊာလႉဒါန္းႏိုင္သည္ကို မသိၾကျခင္း၊ ငယ္႐ြယ္ သည့္ သားသမီးမ်ားေသဆုံးသည့္အခါ မိဘမ်ားက ယူက်ဳံးမရ ျဖစ္၍ မ်က္ၾကည္လႊာလႉဒါန္းမႈမရွိျခင္း၊ မ်က္ၾကည္လႊာထုတ္ ပါက မ်က္လုံးပုံပ်က္သြားမည္ဟု ထင္မွတ္ေနျခင္းႏွင့္ လႉဒါန္းပါ က ေနာင္ဘဝတြင္ မ်က္လုံးပုံပ်က္မည္ဟု ယူဆေနျခင္းမ်ား ေၾကာင့္ မ်က္ၾကည္လႊာရရွိမႈ နည္းပါးရသည္ဟု ေဆး႐ုံႀကီးရွိ အမ်ိဳးသားမ်က္စိဘဏ္မွ ေဆးလူမႈဆက္ဆံေရးမႉး (ျပန္ၾကား ေရးတာဝန္ခံ) ဦးေဇာ္ဟိန္းက ဆိုသည္။
ထို႔အျပင္ အမ်ိဳးသားမ်က္စိဘဏ္သို႔ မေသဆုံးမီ ဆႏၵျပဳ မ်က္ၾကည္လႊာလာေရာက္လႉဒါန္းၾကသူမ်ားအေနျဖင့္လည္း လႉဒါန္းသည့္ကတ္ျပားကို ထင္သာျမင္သာရွိသည့္ေနရာတြင္ မထားျခင္းႏွင့္ ၎ေသဆုံးသည့္အခါတြင္ မိသားစုဝင္မ်ားက မ်က္စိဘဏ္သို႔ မဆက္သြယ္ေပးျခင္းတို႔ေၾကာင့္ မ်က္ၾကည္လႊာ ရရွိမႈ ခက္ခဲရျခင္းမ်ား ျဖစ္သည္ဟု ဆိုပါသည္။
ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ မ်က္စိဘဏ္ခြဲဖြင့္လွစ္ထား ျခင္းေၾကာင့္ ေဆး႐ုံရွိ ဆရာဝန္ႏွင့္ သူနာျပဳဆရာမမ်ားကလည္း ေဆး႐ုံလာတတ္သည့္ လူနာ၏မိသားစုဝင္မ်ားကို မ်က္ၾကည္လႊာ လႉဒါန္းႏိုင္သည့္အေၾကာင္းမ်ား ရွင္းျပျခင္းျဖင့္ ကူညီေပးၾက သည္ဟု ရန္ကုန္ျပည္သူ႔ေဆး႐ုုံႀကီးမွ လက္ေထာက္ေဆး႐ုံအုပ္ ေဒါက္တာေနဝင္းသိန္းက ရွင္းျပသည္။
သို႔ေသာ္ လက္ရွိတြင္ မ်က္ၾကည္လႊာအလႉခံရရွိမႈမွာ ပ်မ္း မွ်အားျဖင့္ ေသဆုံးသူ ၁ဝဦးအား အလႉခံပါက သုံးဦးခန႔္သာ ေအာင္ျမင္မႈရရွိသည္ဟု အမ်ိဳးသားမ်က္စိဘဏ္(ရန္ကုန္)၏သုေတသနျပဳခ်က္မ်ားအရ သိရသည္။
ထို႔ျပင္ ေသဆုံးသူမ်ားထံမွလည္း မ်က္ၾကည္လႊာအလႉခံ ရန္ အေလာင္းသယ္သည့္အလုပ္သမားမ်ားကို တာဝန္က်သူနာ ျပဳ ႏွစ္ဦးက ေန႔စဥ္ ေသဆုံးသူ လူနာ ရွိ၊ မရွိကို ဖုန္းျဖင့္ ဆက္သြယ္ ေနေသာ္လည္း တစ္ခါတစ္ရံတြင္ အေလာင္းသယ္သည့္ အလုပ္ သမားမ်ားမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆက္သြယ္ျခင္း မရွိ ၾကေပ။
”မ်က္ၾကည္လႊာရဖို႔က ပူးေပါင္းေဆာင္႐ြက္တဲ့ အေလာင္း သယ္တဲ့ အလုပ္သမားေတြရဲ႕ ေခါင္းေဆာင္ေတြေပၚမွာ မူတည္ပါ တယ္။ သူတို႔ေခၚရင္ေခၚသလို ရွိတဲ့သူကို ရေအာင္အလႉခံပါတယ္။ မ်က္ၾကည္လႊာရရွိမႈက ပုံေသေတာ့ေျပာလို႔မရပါဘူး”ဟု ရန္ ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊ အမ်ိဳးသားမ်က္စိဘဏ္ခြဲမွ မ်က္ၾကည္ လႊာထုတ္ယူမႈကို ေဆာင္႐ြက္ေနရသည့္ သူနာျပဳဆရာမႀကီး ေဒၚအိအိသြယ္က ေျပာျပသည္။
ေသဆုံးသူထံမွ မ်က္ၾကည္လႊာရယူရာတြင္ ဦးစြာ ေသဆုံး သူ၏ ေဆးကုသမႈမွတ္တမ္းကို ၾကည့္၍ ခုခံအားက်ဆင္းမႈကူး စက္ေရာဂါ၊ ကာလသားေရာဂါ၊ အသည္းေရာင္အသားဝါဘီပိုး၊ စီပိုး၊ အသည္းကင္ဆာႏွင့္ ေသြးကင္ဆာေရာဂါမ်ား ရွိ၊ မရွိ စစ္ ေဆးၿပီး မရွိသည့္အခါမွ ၎၏ မိသားစုထံသို႔သြားၿပီး အလႉခံၾက ရျခင္းျဖစ္သည္။
ထိုေရာဂါရွိသူမ်ားမွလြဲ၍ မ်က္စိအတြင္းတိမ္ရွိသူ၊ မ်က္ မွန္တပ္သူ၊ ဆီးခ်ိဳေရာဂါရွိသူ၊ ေသြးတိုးေရာဂါရွိသူႏွင့္ အသက္ ၇၅ ႏွစ္ ေအာက္ရွိသူမ်ားပါ လႉဒါန္းႏိုင္သည္ဟု ရန္ကုန္အမ်ိဳး သားမ်က္စိဘဏ္၏ ထုတ္ျပန္ထားေသာ မ်က္ၾကည္လႊာအသိ ပညာေပးလက္ကမ္းစာေစာင္မ်ားတြင္ ေဖာ္ျပထားသည္။
မႏၲေလး မ်က္စိ၊ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္းေရာဂါကု ေဆး႐ုံႀကီးတြင္ေတာ့ မ်က္ၾကည္လႊာစုေဆာင္းျခင္းကို မေသ ဆုံးမီ ဆႏၵျပဳထားသူမ်ားထံမွသာ စုေဆာင္းလ်က္ရွိၿပီး ေသဆုံး သူ၏ မိသားစုဝင္မ်ားက မ်က္ၾကည္လႊာလႉဒါန္းရန္ ဖုန္းဆက္ အေၾကာင္းၾကားရာတြင္ ေလးနာရီအတြင္း မေရာက္ႏိုင္သည့္ ေနရာမ်ားမွ ဆက္သြယ္လွ်င္ သြားေရာက္ထုတ္ယူရန္ အခက္ အခဲရွိေၾကာင္း ယင္းေဆး႐ုံႀကီး၏ ေဆး႐ုံအုပ္ ေဒါက္တာယဥ္မ်ိဳး ေအးက ေမာ္ကြန္းကို ရွင္းျပသည္။
”အခုေနာက္ပိုင္း လႉတဲ့သူေတြကိုလည္း ေသခ်ာရွင္းျပ ထားလို႔ သူတို႔ဘက္က ေနာက္က်ၿပီး ေခၚတာေတြကေတာ့ အရမ္းနည္းပါတယ္”
မႏၲေလးမ်က္စိဘဏ္အေနျဖင့္ မေသဆုံးမီ ဆႏၵျပဳလႉဒါန္း သူမ်ားေသာေၾကာင့္ တစ္လတြင္ မ်က္ၾကည္လႊာရရွိမႈမွာ အနည္း ဆုံး ရွစ္ဦးမွ အမ်ားဆုံး ၂ဝ ဦး ၾကားထိရရွိၿပီး တစ္ခါတစ္ရံ ရန္ ကုန္မ်က္စိအထူးကုေဆး႐ုံႀကီးရွိ အေရးေပၚ မ်က္ၾကည္လႊာလို အပ္မႈမ်ားကို အကူအညီေပးေနရေၾကာင္း ေဒါက္တာယဥ္မ်ိဳး ေအးက ဆိုသည္။

 

မ်က္ၾကည္လႊာ ခြဲစိတ္တပ္ဆင္ေနစဥ္ ။ Photo – YGN National Eye Bank
မ်က္ၾကည္လႊာထုတ္ယူမႈ
မ်က္ၾကည္လႊာ ထုတ္ယူမည္ဆိုပါက လူတစ္ဦးေသဆုံးၿပီး ေနာက္ မ်က္ၾကည္လႊာဆဲလ္မ်ား မပ်က္စီးမီ ေလးနာရီအခ်ိန္ အတြင္း ထုတ္ယူရျခင္းျဖစ္သည္။ မ်က္ၾကည္လႊာထုတ္ယူခ်ိန္မွာ မိနစ္ ၃ဝ ခန႔္သာၾကာၿပီး ထုတ္ယူၿပီးလွ်င္ ေသဆုံးသူ၏ မ်က္စိ ပုံစံမပ်က္ေစရန္ ပလတ္စတစ္ မ်က္လုံးပုံစံကတ္ျပားကို ေသခ်ာ ျပန္အုပ္၍ စနစ္တက်လုပ္ေပးေၾကာင္း ရန္ကုန္မ်က္စိအထူးကု ေဆး႐ုံႀကီးမွ ေဆး႐ုံအုပ္ႀကီး ပါေမာကၡ ေဒါက္တာတင္ဝင္းက ဆိုသည္။
ထုတ္ယူၿပီးခဲ့ေသာ မ်က္ၾကည္လႊာမ်ားကို မ်က္ၾကည္လႊာ စိမ္ေဆးရည္ပုလင္းတြင္ အခ်ိန္တစ္ပတ္ခန႔္အထိ ထားသိုကာ ကူးစက္ေရာဂါကင္းရွင္းပါက ရန္ကုန္မ်က္စိအထူးကုေဆး႐ုံႀကီး မွ ေဆး႐ုံအုပ္ႀကီးက မ်က္ၾကည္လႊာအရည္အေသြးကို စိစစ္၍ လိုအပ္သည့္လူနာမ်ားအား အျမန္ဆုံးဆက္သြယ္ၿပီး အစားထိုး ခြဲစိတ္ေပးလ်က္ရွိကာ လႉဒါန္းရရွိသည့္ မ်က္ၾကည္လႊာမ်ား၏ ၉ဝ ရာခိုင္ႏႈန္းခန႔္ကို ျပန္လည္အစားထိုးကုသေပးရာ၌ ေအာင္ ျမင္စြာ ေဆာင္႐ြက္ေပးႏိုင္ေၾကာင္း ေဒါက္တာတင္ဝင္းက ဆိုသည္။
၁၉၉၆၊ ေဖေဖာ္ဝါရီ ၁၉ ရက္တြင္ထုတ္ျပန္ခဲ့ေသာ မ်က္စိ လႉဒါန္းျခင္းဆိုင္ရာ ဥပေဒအရ မ်က္ၾကည္လႊာ လႉဒါန္းမည္ဆို ပါက အသက္ ၁၈ ႏွစ္ ျပည့္ၿပီးသူျဖစ္ရမည္ ျဖစ္သလို ၎၏မိသားစုဝင္မ်ားအားလုံး သေဘာတူလက္ခံမွသာလွ်င္ အမ်ိဳး သားမ်က္စိဘဏ္က မ်က္ၾကည္လႊာထုတ္ယူခြင့္ရရွိသည္။
ရန္ကုန္အမ်ိဳးသားမ်က္စိဘဏ္တြင္ မ်က္ၾကည္လႊာလႉ ဒါန္းထားသူ ေဒၚမာမာဦးသည္ သူေသဆုံးသည့္အခါ မ်က္ၾကည္ လႊာကို ဆက္သြယ္လႉဒါန္းေပးရန္ မိသားစုအား ေသခ်ာမွာထား ခဲ့သည္။ ထို႔ေၾကာင့္ သူေသဆုံးသည့္အခါတြင္ အမ်ိဳးသားမ်က္စိ ဘဏ္သို႔ အခ်ိန္မီဆက္သြယ္၍ ေလးနာရီအတြင္း မ်က္ၾကည္လႊာ ကို လႉဒါန္းႏိုင္ခဲ့သည္ဟု ေဒၚမာမာဦး၏ သားျဖစ္သူ ကိုေဇာ္ရဲ ထက္က ဆိုသည္။
မိခင္ျဖစ္သူ ေဒၚမာမာဦးသည္ မ်က္ၾကည္လႊာလႉဒါန္း သည့္ အဝါေရာင္ကတ္ျပားေလးကို ထင္သာျမင္သာရွိသည့္ အဝတ္ဗီ႐ို၏ ၾကည့္မွန္တြင္ ေသခ်ာကပ္ထားခဲ့သည္ဟု သူက ဆိုသည္။
”ကိုယ့္အေမရဲ႕ မ်က္ၾကည္လႊာနဲ႔ တျခားတစ္ဦး အလင္း ျပန္ျမင္သြားလိမ့္မယ္ဆိုတဲ့ ပီတိက အေမရွိေနသလို ကြၽန္ေတာ္ ခံစားရပါတယ္။ အေမျဖစ္ခ်င္တာ လုပ္ေပးလိုက္ႏိုင္လို႔လည္း အရမ္းကို ဝမ္းသာပီတိျဖစ္ရပါတယ္”ဟု ကိုေဇာ္ရဲထက္က ဆိုသည္။
ေမာ္ကြန္းသို႔ ျပန္ေျပာျပေနစဥ္ သူသည္ မိခင္ျဖစ္သူ၏ မ်က္ၾကည္လႊာလႉဒါန္းသည့္ ကတ္ျပားေလးကို ကိုင္ထားၿပီး ေခတၱမွ် ၿငိမ္သက္သြားကာ မ်က္ဝန္းတစ္ဝိုက္တြင္ စို႔လာေသာ မ်က္ရည္မ်ားကိုသုတ္ကာ အခုလို ဆက္ေျပာသည္။
”မ်က္ၾကည္လႊာလႉလိုက္လို႔ အေမ့မ်က္လုံးက ပုံမပ်က္ သြားပါဘူး။ သူတို႔က အေပၚကမ်က္ၾကည္ကိုပဲ ယူလိုက္တာပါ။ ၿပီး ေတာ့ ပလတ္စတစ္မ်က္ကပ္မွန္ေလး ျပန္တပ္ေပးၿပီး အေမ့မ်က္ လုံးကို ပိတ္ေပးပါတယ္”

 

မ်က္ၾကည္လႊာ အစားမထိုးမီပုံ ။ Photo – YGN National Eye Bank

 

မ်က္ၾကည္လႊာ အစားထိုးေပးၿပီး ေတြ႕ရပုံ ။ Photo – YGN National Eye Bank
ေဒသတြင္းအေျခအေန
ကမာၻ႔ႏိုင္ငံမ်ားအနက္ မ်က္ၾကည္လႊာလႉဒါန္းရရွိမႈအမ်ား ဆုံးႏိုင္ငံမွာ လူဦးေရသန္း ၂ဝ ေက်ာ္ရွိေသာ သီရိလကၤာႏိုင္ငံ ျဖစ္ ၿပီး ၂ဝ၁၅ တစ္ႏွစ္လုံးတြင္ မ်က္ၾကည္လႊာ ၅,၅၈ဝ ခုရရွိခဲ့ၿပီး မ်က္စိဘဏ္စတင္တည္ေထာင္သည့္ ၁၉၆၁ မွ ယေန႔အခ်ိန္အထိ မ်က္ၾကည္လႊာအေရအတြက္ ၆ဝ,ဝဝဝ ေက်ာ္ကို အစားထိုးေပး ႏိုင္ခဲ့ကာ လူဦးေရ ကိုးသိန္းနီးပါးမွာလည္း ေသဆုံးၿပီးေနာက္ လႉဒါန္းရန္ စာရင္းေပးသြင္းထားသည့္ ဆႏၵျပဳလႉဒါန္းသူ (Living Donor) မ်ားျဖစ္ေၾကာင္း Sri Lanka Eye ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ ႏိုင္ငံအတြင္း၌ မ်က္ၾကည္လႊာ လိုအပ္၍ ေစာင့္ ဆိုင္းေနသူ လူနာမရွိေသာေၾကာင့္ အျခားေသာ ႏိုင္ငံေပါင္း ၅၇ ႏိုင္ငံသို႔ ႏွစ္စဥ္မ်က္ၾကည္လႊာ ေထာက္ပံ့ေပးလ်က္ရွိသည္။
ျမန္မာႏိုင္ငံ၏ အိမ္နီးခ်င္းႏိုင္ငံျဖစ္ေသာ ထိုင္းႏိုင္ငံတြင္ ေတာ့ မ်က္ၾကည္လႊာရရွိမႈနည္းပါးေသာေၾကာင့္ က်န္းမာေရး ဝန္ႀကီးဌာနက ၾကက္ေျခနီအသင္းႏွင့္ က်န္းမာေရးရန္ပုံေငြအဖြဲ႕ သုံးဖြဲ႕ႏွင့္ ပူးေပါင္း၍ မ်က္ၾကည္လႊာလိုအပ္သည့္လူနာေပါင္း ၈,၄ဝဝ ခန႔္ကို အခမဲ့အစားထိုးေပးႏိုင္ရန္ ယခုႏွစ္ ၾသဂုတ္ ၂၁ ရက္မွ ၂ဝ၂၁၊ ၾသဂုတ္ ၁၂ ရက္ထိ အခမဲ့မ်က္ၾကည္လႊာ အစား ထိုးႏိုင္ေရး လူထုလႈပ္ရွားမႈ(Campaign)ျပဳလုပ္သြားမည္ဟု Thai Red Cross Eye Bank ဝက္ဘ္ဆိုက္၌ ေဖာ္ျပထားသည္။
ယခုႏွစ္ စက္တင္ဘာလအတြင္းတြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ျပည္ေထာင္စုဝန္ႀကီးမွ ဦးေဆာင္ၿပီး ကိုယ္အဂၤါအစိတ္အပိုင္းမ်ား အစားထိုးကုသေပးျခင္းကို ယခင္ ထက္ က်ယ္က်ယ္ျပန႔္ျပန႔္ေဆာင္႐ြက္ႏိုင္ရန္ ေဆးပညာေလာက ရွိ ကြၽမ္းက်င္ပညာရွင္မ်ား၊ ပါေမာကၡႀကီးမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြး ခဲ့ၿပီး မ်က္ၾကည္လႊာကိစၥလည္း ပါဝင္သည္ဟု ကုသေရးဦးစီး ဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ပါေမာကၡေဒါက္တာျမင့္ဟန္က ေမာ္ကြန္းသို႔ ေျပာၾကားသည္။
ရန္ကုန္ႏွင့္ မႏၲေလးရွိ အမ်ိဳးသားမ်က္စိဘဏ္တစ္ခုစီတြင္ မေသဆုံးမီ ဆႏၵျပဳမ်က္ၾကည္လႊာလႉဒါန္းသူမ်ားမွာ ပ်မ္းမွ် တစ္ေန႔လွ်င္ ရွစ္ဦးခန႔္ရွိၿပီး တစ္ႏွစ္လွ်င္ သုံးေထာင္နီးပါးရွိကာ ထိုသူမ်ားထံမွ အလႉခံရရွိသည့္ပမာဏမွာ ငါးရာခိုင္ႏႈန္းခန႔္ (၁၅ဝ) သာ ရရွိေနေၾကာင္း ကုသေရးဦးစီးဌာနထံမွ သိရသည္။

READ  ခိုင္မာတဲ့အခ်စ္နဲ႔ မခိုင္ခံ့တဲ့အခ်စ္ ႏွစ္ခုရဲ႕ျခားနားခ်က္

မ်က္ၾကည္လႊာ လႉဒါန္းမႈတိုးလာဖို႔
ျမန္မာႏိုင္ငံတြင္လည္း သီရိလကၤာႏိုင္ငံကဲ့သို႔ မ်က္ၾကည္ လႊာလႉဒါန္းမႈ မ်ားလာေစရန္ လူထုအတြင္း ပညာေပးစည္း႐ုံး သည့္လုပ္ငန္းမ်ား ပိုမိုလုပ္ေဆာင္ၾကရန္ႏွင့္ မ်က္ၾကည္လႊာ လႉ ဒါန္းျခင္းႏွင့္ ပတ္သက္၍ လြဲမွားေနသည့္ အယူသည္းမႈမ်ားကို ေခ်ဖ်က္ေပးရန္ လိုအပ္သည္ဟု မ်က္ၾကည္လႊာရရွိေရး စည္း႐ုံး ေဆာင္႐ြက္ေနသူမ်ားက အႀကံျပဳၾကသည္။
မ်က္ၾကည္လႊာလႉဒါန္းျခင္းႏွင့္ ပတ္သက္၍ ႐ုပ္ျမင္သံ ၾကားမွ ပညာေပးမႈမ်ား မရွိသေလာက္နည္းေနရာ ဆရာဝန္မ်ား ၏ ေျပာဆိုစည္း႐ုံးမႈအျပင္ အႏုပညာရွင္မ်ားပါ ပါဝင္ပညာေပး စည္း႐ုံးသင့္သည္ဟု အျပည္ျပည္ဆိုင္ရာ ဓမၼစကၡေဖာင္ေဒးရွင္း မွ မ်က္ၾကည္လႊာရရွိေရး စည္း႐ုံးေဆာင္႐ြက္ခဲ့ဖူးသူ ဓမၼစကၡ ဦးေမာင္ေမာင္က အႀကံျပဳသည္။
”ပရဟိတက႑တစ္ခုအေနနဲ႔ တီဗီေတြမွာ ထုတ္လႊင့္သင့္ တယ္။ က်န္းမာေရးအခန္းက႑တစ္ခုအေနနဲ႔ ထုတ္လႊင့္ေပးႏိုင္ ရင္ လူထုေတာ္ေတာ္ စိတ္ဝင္စားလာမွာပါ။ ဒါဆိုရင္ မ်က္ၾကည္ လႊာလိုအပ္ေနတာေတြကို ျဖည့္ဆည္းေပးႏိုင္ပါလိမ့္မယ္” ဟု သူက ဆိုသည္။
သူသည္ ျပည္သူလူထုကို မ်က္ၾကည္လႊာလႉဒါန္းႏိုင္ေရး အတြက္ စည္း႐ုံးပညာေပးျခင္းကို ၂ဝ၁ဝ ခုႏွစ္မွ စတင္ေဆာင္ ႐ြက္ခဲ့ၿပီး ရန္ကုန္မ်က္စိဘဏ္သို႔ စာရင္းေပးလႉဒါန္းသူ ၁,၈ဝဝ ဦးေက်ာ္ႏွင့္ မႏၲေလးရွိ မ်က္စိဘဏ္မ်ားသို႔ လႉဒါန္းသူ ၇ဝဝ ဦး ေက်ာ္ ရရွိရန္ ကူညီေပးႏိုင္ခဲ့သည့္အျပင္ လက္ရွိတြင္လည္း လႉ ဒါန္းသူမ်ားရွိပါက ယင္းမ်က္စိဘဏ္မ်ားႏွင့္ ခ်ိတ္ဆက္ေပး လ်က္ ရွိသည္။
သူက မ်က္ၾကည္လႊာရရွိႏိုင္ေရးအတြက္ ပညာေပးမည့္ ပရဟိတအဖြဲ႕မ်ား ပိုမိုေပၚထြက္လာရန္ လိုအပ္သလို ဝန္ႀကီးဌာန အေနျဖင့္လည္း မ်က္ၾကည္လႊာပိုမိုရရွိေရးကို စီမံကိန္းမ်ားေရး ဆြဲ၍ အေကာင္အထည္ေဖာ္ရန္လိုအပ္ၿပီး ရန္ကုန္ႏွင့္ မႏၲေလး တြင္သာရွိေသာ မ်က္စိဘဏ္မ်ားတြင္သာမဟုတ္ဘဲ အျခားေဆး ႐ုံမ်ားတြင္ပါ မ်က္ၾကည္လႊာအလႉခံဌာနမ်ား တိုးခ်ဲ႕သင့္ေၾကာင္း အႀကံျပဳသည္။
ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ အဖြဲ႕ ဝင္ (၅)ျဖစ္သလို နာေရးကူညီမႈအသင္း (ရန္ကုန္)၏ ဒုတိယဥကၠ႒ ေဒၚသန္းျမင့္ေအာင္ကလည္း ”ဘဏ္ခြဲေတြအမ်ားႀကီး ဖြင့္ထား ရင္လည္း မ်က္ၾကည္လႊာက အမ်ားႀကီးရဖို႔ မေသခ်ာပါဘူး။ မ်က္ၾကည္လႊာဘဏ္ခြဲေတြ ဖြင့္ရင္ေတာင္ လူထုအေနနဲ႔ မ်က္ ၾကည္လႊာလႉဒါန္းရတာ ေကာင္းတယ္၊ အလြန္မြန္ျမတ္တယ္ဆို တာ သိဖို႔လိုပါတယ္။ အဲဒီေတာ့ မိသားစုေတြ ၾကည္ၾကည္ျဖဴျဖဴ ေပးႏိုင္ဖို႔အတြက္ ကြၽန္မတို႔ လႈံ႕ေဆာ္ရလိမ့္မယ္။ အသိပညာေပး စည္း႐ုံးရပါလိမ့္မယ္”ဟု အႀကံျပဳသည္။
ရန္ကုန္မ်က္စိအထူးကုေဆး႐ုံႀကီးမွ ေဆး႐ုံအုပ္ႀကီး ပါေမာကၡေဒါက္တာတင္ဝင္းကလည္း အမ်ိဳးသားမ်က္စိဘဏ္ (ရန္ကုန္) မွ မ်က္ၾကည္လႊာထုတ္ယူရသည့္ သူနာျပဳဆရာမမ်ား ကို လက္ရွိ ေလးဦးရွိရာမွ ဖြဲ႕စည္းပုံအတိုင္း ေျခာက္ဦးအထိ ခန႔္ ထားႏိုင္ေရးႏွင့္ အသိပညာေပးလႈံ႕ေဆာ္ေပးမည့္ က်န္းမာေရး ပညာေပးဝန္ထမ္းမ်ား ခန႔္အပ္ႏိုင္ေရးအား ဝန္ႀကီးဌာနသို႔ တင္ ျပထားသည္ဟု ဆိုသည္။
”အဓိက မ်က္ၾကည္လႊာအရ နည္းတာက စည္း႐ုံးမႈအား နည္းတာျဖစ္လို႔ စည္း႐ုံးမႈအားေကာင္းေအာင္ က်န္းမာေရးပညာ ေပးဝန္ထမ္းေတြကို မ်ားမ်ား ခန႔္ႏိုင္ေအာင္ တင္ျပထားပါတယ္”ဟု ပါေမာကၡေဒါက္တာတင္ဝင္းက ရွင္းျပသည္။
ထို႔ျပင္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ကုသေရး ဦးစီးဌာနအေနျဖင့္ အစားထိုး ကုသေပးရာတြင္ မ်က္ၾကည္လႊာ တစ္ခုမွ လူသုံးဦးထိကုသေပးရန္ ႀကိဳးပမ္းျခင္း၊ ပညာေပး စည္း ႐ုံးသည့္အခါ လႉဒါန္းသူ အမ်ားစုမွာ လူငယ္ပိုင္းမ်ားျဖစ္၍ အခ်ိန္အတန္ၾကာ မ်က္ၾကည္လႊာရရွိရန္ ေစာင့္ရမည္ျဖစ္ေသာ ေၾကာင့္ အသက္အ႐ြယ္ႀကီးပုဂၢိဳလ္မ်ားကို အဓိကထားစည္း႐ုံး ျခင္းကို ေဆာင္႐ြက္သြားမည္ဟု ယင္းဌာနမွ သိရသည္။
လက္ရွိ မ်က္ၾကည္လႊာရရွိမႈ နည္းပါေနသည့္အခ်ိန္တြင္ ေတာ့ မအိအိေမႊးတို႔လို စကၡဳအလင္းျပန္လည္ရလိုသူမ်ားသည္ အခ်ိန္အေတာ္ၾကာ ေစာင့္ဆိုင္းေနရဦးမည္ျဖစ္ပါသည္။
ဖခင္ျဖစ္သူဦးေသာင္းထိုက္မွာ မ်က္ၾကည္လႊာရရွိပါက သြားေရးလာေရးလြယ္ကူေစရန္ မိသားစုလိုက္ ရန္ကုန္ၿမိဳ႕သို႔ ေျပာင္းကာ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ ပန္းရန္လုပ္ကိုင္ ေနရသည္။ သမီးျဖစ္သူ ဘယ္ေန႔ မ်က္ၾကည္လႊာရမည္ဆိုတာ လည္း ေသခ်ာမသိရေသး။
ထို႔ေၾကာင့္ ဦးေသာင္းထိုက္က မ်က္ၾကည္လႊာ လႉဒါန္း ေပးႏိုင္မည့္ အလႉရွင္ အျမန္ဆုံးေပၚေပါက္လာေစဖို႔ ”ဘုရားမွာ ေန႔စဥ္ဆုေတာင္းေနရတယ္”ဟု ဆိုပါသည္ ။ ။

၂၀၁၆-ဒီဇင္ဘာလထုတ္၊ ေမာ္ကြန္းမဂၢဇင္း အမွတ္(၄၁)မွ သတင္းေဆာင္းပါး ျဖစ္ပါသည္။

Credit; ေအာင္ေဖၾကည္စိုး ေရးသည္။

Unicode ဖြင့်ဖတ်ရန်

ငရုတ်သီးခူးဆွတ်ပြီး လက်ထဲမှ ပြန်လွှတ်လိုက် သည့် ငရုတ်ကိုင်းက မအိအိမွှေး မျက်နှာကို ရုတ် တရက် လာရိုက်သည်။ ရိုက်ချက်ပြင်းသော ကြောင့် ညာဘက်မျက်လုံး စူးခနဲဖြစ်ကာ နာကျင် သွား၏။
မျက်လုံးထိခိုက်သွားသဖြင့် ချက်ချင်းပင် မအိအိမွှေးကို ပျော်ဘွယ်မြို့နယ်ရှိ ဆေးခန်းတစ်ခုတွင် ပြသခဲ့သည်။ ဆေးခန်းမှ မျက်စဉ်းခတ်ပေးလိုက်သည်။ မသက်သာသည့်အပြင် လေး၊ ငါး လခန့် ကြာသောအခါ မျက်စိတိမ်ဖုံးလာကာ မမြင်ရတော့ပေ။ တစ်နှစ်ကျော်ကြာသောအခါမှ မိတ္ထီလာမြို့ရှိ မျက်စိဆေးခန်း တစ်ခုတွင် ထပ်မံပြသခဲ့သည်။ ထိုဆေးခန်းကလည်း မျက်စဉ်း ဆေး ပုံမှန်ခတ်ရန်သာ ညွှန်ကြားခဲ့သည်။ ထို့နောက် ငွေကြေး အခက်အခဲကြောင့် ဆေးခန်းဆက်မပြဖြစ်တော့။

 

Photo – YGN National Eye Bank
ငါးနှစ်ကြာသောအခါမှ ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး တွင် မျက်ကြည်လွှာကို အခမဲ့အစားထိုးကုသပေးနေသည်ဟု သတင်းကြားသောကြောင့် ယခုနှစ် ဇူလိုင်လဆန်းပိုင်းတွင် လာ ရောက်စမ်းသပ်မှုခံယူရာ မျက်ကြည်လွှာအစားထိုးပါက ပြန်မြင် နိုင်သည်ဟုဆိုသဖြင့် စာရင်းပေးခဲ့ပြီး စောင့်ဆိုင်းနေသည်ဟု မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပန်းတောကျေးရွာ တွင် နေထိုင်သော အသက် ၂ဝ အရွယ် မအိအိမွှေးက ဆိုပါသည်။
”ဆရာဝန်ကြီးက ပြန်မြင်မယ်လို့ပြောတော့ ပြောမပြ တတ်အောင် ဝမ်းသာသွားတယ်။ မျက်ကြည်လွှာကို လူအများ ကြီးစောင့်နေတော့ ကံထူးပြီးရနိုင်အောင် ညအိပ်ရာဝင်တိုင်း ဘုရားမှာဆုတောင်းပြီးမှ အိပ်ဖြစ်တယ်” ဟု သူက ပြောသည်။
သို့သော် မျက်ကြည်လွှာအစားထိုးကုသနိုင်ရန် စောင့်ဆိုင်း နေသူအရေအတွက် ထောင်ဂဏန်းက သူ့ရှေ့တွင်ရှိနေသော ကြောင့် သူ့အလှည့်ကျရောက်ရန် အချိန်မည်မျှစောင့်ဆိုင်းရဦး မည်ကိုမူ မခန့်မှန်းနိုင်သေး။
မြန်မာတစ်နိုင်ငံလုံးတွင် မျက်ကြည်လွှာအလှူခံရရှိမှုမှာ တစ်လလျှင် ၃ဝ ဦးခန့်သာရှိနေပြီး မအိအိမွှေးတို့လို မျက်ကြည် လွှာလိုအပ်သဖြင့် စောင့်ဆိုင်းလူနာများမှာ သုံးထောင်ကျော် ရှိနေသည်ဟု ရန်ကုန်နှင့် မန္တလေးရှိ မျက်စိအထူးကုဆေးရုံကြီး များ၏ စာရင်းများတွင် ဖော်ပြထားသည်။ တစ်လလျှင် အနည်း ဆုံး ပျမ်းမျှ ဆယ်ဦးခန့်ကို မျက်ကြည်လွှာ အစားထိုးကုသပေးနေ သည်ဟု ထိုစာရင်းများက ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ၂ဝ၁၅ ခုနှစ် ထုတ် ပြန်ချက်အရ ကမ္ဘာပေါ်တွင်မျက်စိမမြင်သည့်လူဦးရေ ၃၉ သန်း ၏ လေးရာခိုင်နှုန်း (တစ်သန်းခွဲကျော် ၁,၅၆ဝ,ဝဝဝ)မှာ မျက် ကြည်လွှာတွင် တိမ်ဖုံးခြင်း(သို့) အမာရွတ်ဖြစ်ခြင်းတို့ကြောင့် မျက်စိမမြင်သည့်ရောဂါ ခံစားနေရပြီး မျက်ကြည်လွှာ လိုအပ် နေလျက်ရှိနေသည်ဟု ထုတ်ပြန်ထားသည်။

မျက်ကြည်လွှာ ဆိုသည်မှာ
မျက်ကြည်လွှာသည် မျက်လုံးကိုဖုံးအုပ်ထားသည့် တစ် သျှူးတစ်ခုဖြစ်ပြီး မျက်လုံးအတွင်းသို့ ဝင်ရောက်သည့် အလင်း ရောင်သည် မျက်ကြည်လွှာကို ပထမဆုံးဖြတ်သန်းရသည်။ ပြီးမှ အလင်းရောင်သည် သူငယ်အိမ်၊ မှန်ဘီလူးတို့ကို ဖြတ်ကာ အမြင် လွှာပေါ်သို့ကျပြီး အရာဝတ္ထုများကို မြင်ရခြင်းဖြစ်သည်။
မွေးရာပါမျက်ကြည်လွှာရောဂါနှင့် ထိခိုက်ဒဏ်ရာကြောင့် မျက်ကြည်လွှာအမာရွတ် ဖြစ်သွားခြင်း၊ မျက်ကြည်လွှာတွင် ရောဂါပိုးဝင်ကာ ပျက်စီးခြင်းတို့ကို အစားထိုးကုသရမည်ဖြစ်ပြီး အခြားသော အစားထိုးရနိုင်သည့်ပစ္စည်းများ မတီထွင်နိုင်သေး သဖြင့် သေဆုံးသူ၏မျက်ကြည်လွှာဖြင့်သာ အစားထိုးကုသနိုင် ကြောင်း မျက်စိဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက် တာတင်ဝင်းက ဆိုသည်။
မျက်ကြည်လွှာပျက်စီးသူ၏ ပျက်စီးမှုအနေအထားကို မူ တည်၍ မျက်ကြည်လွှာတစ်ခုနှင့် လူနာနှစ်ယောက်ကို အစားထိုး ကုသပေးနိုင်သလို မျက်ကြည်လွှာတစ်ခုလုံး လိုအပ်သည့် လူနာ ကိုမူ တစ်ခုလုံးအစားထိုးပေးရကြောင်း ၎င်းက ဆက်ပြောသည်။
မျက်ကြည်လွှာတွင် အလွှာငါးလွှာပါဝင်ပြီး အစားထိုးပေး သည် Endothelium သည် ပြင်ပမှ ရောဂါကူးစက်မှုနှင့် ထိခိုက်မှု တို့ မဖြစ်စေရန် အတားအဆီးအဖြစ် ပြုလုပ်ပေးသည့် ဆဲလ်ဖြစ် ပြီး မျက်ကြည်လွှာ၏ အပြင်ဘက်ဆုံးအလွှာဖြစ်သည်။ Stroma အလွှာသည် အမျှင်များဖြင့် တင်းမာသည့် အလင်းဖောက်ထွင်း နိုင်သည့် တစ်သျှူးဖြစ်ပြီး မျက်ကြည်လွှာတစ်ခုလုံး အထူ၏ ၉ဝ ရာခိုင်နှုန်းခန့်ရှိသည်။
ထို Stroma နှင့် Endothelium ပျက်စီးသည့် လူနာ နှစ်ဦးရှိပါက အလှူခံရရှိသည့် မျက်ကြည်လွှာတစ်ခုကို ထိုအလွှာ နှစ်ခုကို ခွဲထုတ်ပြီးကုသပေးလျက်ရှိသည်။ မျက်ကြည်လွှာတစ်ခု ဖြင့် လူနာနှစ်ယောက်အား အစားထိုးကုသပေးခြင်းကို ရန်ကုန် မျက်စိဆေးရုံကြီး တစ်ခုတည်းကသာ ဆောင်ရွက်ပေးနိုင်သည်။
၂ဝ၁၅ တစ်နှစ်လုံးတွင် ရန်ကုန်အမျိုးသားမျက်စိဘဏ်မှ အလှူရှင် ၇၅ ဦး၏ မျက်ကြည်လွှာကို အလှူခံရရှိခဲ့ပြီး စောင့်ဆိုင်း လူနာ ၂၁၂ ဦးအား မျက်ကြည်လွှာ အစားထိုးကုသပေးနိုင်ခဲ့ သည်။ ယခုနှစ်တွင် ဇန်နဝါရီမှ အောက်တိုဘာကုန်ထိ မျက်ကြည် လွှာအလှူရှင် ၆၃ ဦး ရှိခဲ့ပြီး စောင့်ဆိုင်းလူနာ ၁၆ဝ ဦးကို မျက် ကြည်လွှာ အစားထိုးလဲလှယ်ပေးနိုင်ခဲ့သည်ဟု မျက်စိဆေးရုံကြီး ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

 

မျက်ကြည်လွှာထုတ်ယူနေစဉ် ။ Photo – YGN National Eye Bank
မျက်ကြည်လွှာ ရဖို့ခက်ခဲ
မြန်မာနိုင်ငံတွင် အမျိုးသားမျက်စိဘဏ်ကို ရန်ကုန်နှင့် မန္တလေးမြို့ ၌သာ ဖွင့်လှစ်ထားနိုင်ကာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း များအနေဖြင့် လက်ရှိတွင် မျက်ကြည်လွှာအစားထိုးလဲလှယ်ပေး နိုင်ခြင်း မရှိသေးပေ။
ရန်ကုန်အမျိုးသားမျက်စိဘဏ်သည် မျက်ကြည်လွှာစု ဆောင်းခြင်းကို ရန်ကုန်ဆေးရုံကြီး၌ သေဆုံးသူ၏ဆွေမျိုးများထံ မှ အဓိကအလှူခံရယူသည့်အပြင် မျက်ကြည်လွှာလှူဒါန်းထားသူ များ သေဆုံးသွားသည့်အခါ ကျန်ရစ်သည့်မိသားစုမှ ရယူသည့် နည်းလမ်းတို့ဖြင့် စုဆောင်းနေခြင်းဖြစ်သည်ဟု ကုသရေးဦးစီး ဌာနထံမှသိရသည်။
မျက်ကြည်လွှာအလှူခံရာတွင် လူနာရှင်မိသားစုဝင်များ မှာ မျက်ကြည်လွှာလှူဒါန်းနိုင်သည်ကို မသိကြခြင်း၊ ငယ်ရွယ် သည့် သားသမီးများသေဆုံးသည့်အခါ မိဘများက ယူကျုံးမရ ဖြစ်၍ မျက်ကြည်လွှာလှူဒါန်းမှုမရှိခြင်း၊ မျက်ကြည်လွှာထုတ် ပါက မျက်လုံးပုံပျက်သွားမည်ဟု ထင်မှတ်နေခြင်းနှင့် လှူဒါန်းပါ က နောင်ဘဝတွင် မျက်လုံးပုံပျက်မည်ဟု ယူဆနေခြင်းများ ကြောင့် မျက်ကြည်လွှာရရှိမှု နည်းပါးရသည်ဟု ဆေးရုံကြီးရှိ အမျိုးသားမျက်စိဘဏ်မှ ဆေးလူမှုဆက်ဆံရေးမှူး (ပြန်ကြား ရေးတာဝန်ခံ) ဦးဇော်ဟိန်းက ဆိုသည်။
ထို့အပြင် အမျိုးသားမျက်စိဘဏ်သို့ မသေဆုံးမီ ဆန္ဒပြု မျက်ကြည်လွှာလာရောက်လှူဒါန်းကြသူများအနေဖြင့်လည်း လှူဒါန်းသည့်ကတ်ပြားကို ထင်သာမြင်သာရှိသည့်နေရာတွင် မထားခြင်းနှင့် ၎င်းသေဆုံးသည့်အခါတွင် မိသားစုဝင်များက မျက်စိဘဏ်သို့ မဆက်သွယ်ပေးခြင်းတို့ကြောင့် မျက်ကြည်လွှာ ရရှိမှု ခက်ခဲရခြင်းများ ဖြစ်သည်ဟု ဆိုပါသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် မျက်စိဘဏ်ခွဲဖွင့်လှစ်ထား ခြင်းကြောင့် ဆေးရုံရှိ ဆရာဝန်နှင့် သူနာပြုဆရာမများကလည်း ဆေးရုံလာတတ်သည့် လူနာ၏မိသားစုဝင်များကို မျက်ကြည်လွှာ လှူဒါန်းနိုင်သည့်အကြောင်းများ ရှင်းပြခြင်းဖြင့် ကူညီပေးကြ သည်ဟု ရန်ကုန်ပြည်သူ့ဆေးရုုံကြီးမှ လက်ထောက်ဆေးရုံအုပ် ဒေါက်တာနေဝင်းသိန်းက ရှင်းပြသည်။
သို့သော် လက်ရှိတွင် မျက်ကြည်လွှာအလှူခံရရှိမှုမှာ ပျမ်း မျှအားဖြင့် သေဆုံးသူ ၁ဝဦးအား အလှူခံပါက သုံးဦးခန့်သာ အောင်မြင်မှုရရှိသည်ဟု အမျိုးသားမျက်စိဘဏ်(ရန်ကုန်)၏သုတေသနပြုချက်များအရ သိရသည်။
ထို့ပြင် သေဆုံးသူများထံမှလည်း မျက်ကြည်လွှာအလှူခံ ရန် အလောင်းသယ်သည့်အလုပ်သမားများကို တာဝန်ကျသူနာ ပြု နှစ်ဦးက နေ့စဉ် သေဆုံးသူ လူနာ ရှိ၊ မရှိကို ဖုန်းဖြင့် ဆက်သွယ် နေသော်လည်း တစ်ခါတစ်ရံတွင် အလောင်းသယ်သည့် အလုပ် သမားများမှာ အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်ခြင်း မရှိ ကြပေ။
”မျက်ကြည်လွှာရဖို့က ပူးပေါင်းဆောင်ရွက်တဲ့ အလောင်း သယ်တဲ့ အလုပ်သမားတွေရဲ့ ခေါင်းဆောင်တွေပေါ်မှာ မူတည်ပါ တယ်။ သူတို့ခေါ်ရင်ခေါ်သလို ရှိတဲ့သူကို ရအောင်အလှူခံပါတယ်။ မျက်ကြည်လွှာရရှိမှုက ပုံသေတော့ပြောလို့မရပါဘူး”ဟု ရန် ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားမျက်စိဘဏ်ခွဲမှ မျက်ကြည် လွှာထုတ်ယူမှုကို ဆောင်ရွက်နေရသည့် သူနာပြုဆရာမကြီး ဒေါ်အိအိသွယ်က ပြောပြသည်။
သေဆုံးသူထံမှ မျက်ကြည်လွှာရယူရာတွင် ဦးစွာ သေဆုံး သူ၏ ဆေးကုသမှုမှတ်တမ်းကို ကြည့်၍ ခုခံအားကျဆင်းမှုကူး စက်ရောဂါ၊ ကာလသားရောဂါ၊ အသည်းရောင်အသားဝါဘီပိုး၊ စီပိုး၊ အသည်းကင်ဆာနှင့် သွေးကင်ဆာရောဂါများ ရှိ၊ မရှိ စစ် ဆေးပြီး မရှိသည့်အခါမှ ၎င်း၏ မိသားစုထံသို့သွားပြီး အလှူခံကြ ရခြင်းဖြစ်သည်။
ထိုရောဂါရှိသူများမှလွဲ၍ မျက်စိအတွင်းတိမ်ရှိသူ၊ မျက် မှန်တပ်သူ၊ ဆီးချိုရောဂါရှိသူ၊ သွေးတိုးရောဂါရှိသူနှင့် အသက် ၇၅ နှစ် အောက်ရှိသူများပါ လှူဒါန်းနိုင်သည်ဟု ရန်ကုန်အမျိုး သားမျက်စိဘဏ်၏ ထုတ်ပြန်ထားသော မျက်ကြည်လွှာအသိ ပညာပေးလက်ကမ်းစာစောင်များတွင် ဖော်ပြထားသည်။
မန္တလေး မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါကု ဆေးရုံကြီးတွင်တော့ မျက်ကြည်လွှာစုဆောင်းခြင်းကို မသေ ဆုံးမီ ဆန္ဒပြုထားသူများထံမှသာ စုဆောင်းလျက်ရှိပြီး သေဆုံး သူ၏ မိသားစုဝင်များက မျက်ကြည်လွှာလှူဒါန်းရန် ဖုန်းဆက် အကြောင်းကြားရာတွင် လေးနာရီအတွင်း မရောက်နိုင်သည့် နေရာများမှ ဆက်သွယ်လျှင် သွားရောက်ထုတ်ယူရန် အခက် အခဲရှိကြောင်း ယင်းဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာယဉ်မျိုး အေးက မော်ကွန်းကို ရှင်းပြသည်။
”အခုနောက်ပိုင်း လှူတဲ့သူတွေကိုလည်း သေချာရှင်းပြ ထားလို့ သူတို့ဘက်က နောက်ကျပြီး ခေါ်တာတွေကတော့ အရမ်းနည်းပါတယ်”
မန္တလေးမျက်စိဘဏ်အနေဖြင့် မသေဆုံးမီ ဆန္ဒပြုလှူဒါန်း သူများသောကြောင့် တစ်လတွင် မျက်ကြည်လွှာရရှိမှုမှာ အနည်း ဆုံး ရှစ်ဦးမှ အများဆုံး ၂ဝ ဦး ကြားထိရရှိပြီး တစ်ခါတစ်ရံ ရန် ကုန်မျက်စိအထူးကုဆေးရုံကြီးရှိ အရေးပေါ် မျက်ကြည်လွှာလို အပ်မှုများကို အကူအညီပေးနေရကြောင်း ဒေါက်တာယဉ်မျိုး အေးက ဆိုသည်။

READ  ကုမၸဏီႀကီးမ်ားရဲ ႔ ပြင့္လင္းျမင္သာမႈ

 

မျက်ကြည်လွှာ ခွဲစိတ်တပ်ဆင်နေစဉ် ။ Photo – YGN National Eye Bank
မျက်ကြည်လွှာထုတ်ယူမှု
မျက်ကြည်လွှာ ထုတ်ယူမည်ဆိုပါက လူတစ်ဦးသေဆုံးပြီး နောက် မျက်ကြည်လွှာဆဲလ်များ မပျက်စီးမီ လေးနာရီအချိန် အတွင်း ထုတ်ယူရခြင်းဖြစ်သည်။ မျက်ကြည်လွှာထုတ်ယူချိန်မှာ မိနစ် ၃ဝ ခန့်သာကြာပြီး ထုတ်ယူပြီးလျှင် သေဆုံးသူ၏ မျက်စိ ပုံစံမပျက်စေရန် ပလတ်စတစ် မျက်လုံးပုံစံကတ်ပြားကို သေချာ ပြန်အုပ်၍ စနစ်တကျလုပ်ပေးကြောင်း ရန်ကုန်မျက်စိအထူးကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာတင်ဝင်းက ဆိုသည်။
ထုတ်ယူပြီးခဲ့သော မျက်ကြည်လွှာများကို မျက်ကြည်လွှာ စိမ်ဆေးရည်ပုလင်းတွင် အချိန်တစ်ပတ်ခန့်အထိ ထားသိုကာ ကူးစက်ရောဂါကင်းရှင်းပါက ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး မှ ဆေးရုံအုပ်ကြီးက မျက်ကြည်လွှာအရည်အသွေးကို စိစစ်၍ လိုအပ်သည့်လူနာများအား အမြန်ဆုံးဆက်သွယ်ပြီး အစားထိုး ခွဲစိတ်ပေးလျက်ရှိကာ လှူဒါန်းရရှိသည့် မျက်ကြည်လွှာများ၏ ၉ဝ ရာခိုင်နှုန်းခန့်ကို ပြန်လည်အစားထိုးကုသပေးရာ၌ အောင် မြင်စွာ ဆောင်ရွက်ပေးနိုင်ကြောင်း ဒေါက်တာတင်ဝင်းက ဆိုသည်။
၁၉၉၆၊ ဖေဖော်ဝါရီ ၁၉ ရက်တွင်ထုတ်ပြန်ခဲ့သော မျက်စိ လှူဒါန်းခြင်းဆိုင်ရာ ဥပဒေအရ မျက်ကြည်လွှာ လှူဒါန်းမည်ဆို ပါက အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ရမည် ဖြစ်သလို ၎င်း၏မိသားစုဝင်များအားလုံး သဘောတူလက်ခံမှသာလျှင် အမျိုး သားမျက်စိဘဏ်က မျက်ကြည်လွှာထုတ်ယူခွင့်ရရှိသည်။
ရန်ကုန်အမျိုးသားမျက်စိဘဏ်တွင် မျက်ကြည်လွှာလှူ ဒါန်းထားသူ ဒေါ်မာမာဦးသည် သူသေဆုံးသည့်အခါ မျက်ကြည် လွှာကို ဆက်သွယ်လှူဒါန်းပေးရန် မိသားစုအား သေချာမှာထား ခဲ့သည်။ ထို့ကြောင့် သူသေဆုံးသည့်အခါတွင် အမျိုးသားမျက်စိ ဘဏ်သို့ အချိန်မီဆက်သွယ်၍ လေးနာရီအတွင်း မျက်ကြည်လွှာ ကို လှူဒါန်းနိုင်ခဲ့သည်ဟု ဒေါ်မာမာဦး၏ သားဖြစ်သူ ကိုဇော်ရဲ ထက်က ဆိုသည်။
မိခင်ဖြစ်သူ ဒေါ်မာမာဦးသည် မျက်ကြည်လွှာလှူဒါန်း သည့် အဝါရောင်ကတ်ပြားလေးကို ထင်သာမြင်သာရှိသည့် အဝတ်ဗီရို၏ ကြည့်မှန်တွင် သေချာကပ်ထားခဲ့သည်ဟု သူက ဆိုသည်။
”ကိုယ့်အမေရဲ့ မျက်ကြည်လွှာနဲ့ တခြားတစ်ဦး အလင်း ပြန်မြင်သွားလိမ့်မယ်ဆိုတဲ့ ပီတိက အမေရှိနေသလို ကျွန်တော် ခံစားရပါတယ်။ အမေဖြစ်ချင်တာ လုပ်ပေးလိုက်နိုင်လို့လည်း အရမ်းကို ဝမ်းသာပီတိဖြစ်ရပါတယ်”ဟု ကိုဇော်ရဲထက်က ဆိုသည်။
မော်ကွန်းသို့ ပြန်ပြောပြနေစဉ် သူသည် မိခင်ဖြစ်သူ၏ မျက်ကြည်လွှာလှူဒါန်းသည့် ကတ်ပြားလေးကို ကိုင်ထားပြီး ခေတ္တမျှ ငြိမ်သက်သွားကာ မျက်ဝန်းတစ်ဝိုက်တွင် စို့လာသော မျက်ရည်များကိုသုတ်ကာ အခုလို ဆက်ပြောသည်။
”မျက်ကြည်လွှာလှူလိုက်လို့ အမေ့မျက်လုံးက ပုံမပျက် သွားပါဘူး။ သူတို့က အပေါ်ကမျက်ကြည်ကိုပဲ ယူလိုက်တာပါ။ ပြီး တော့ ပလတ်စတစ်မျက်ကပ်မှန်လေး ပြန်တပ်ပေးပြီး အမေ့မျက် လုံးကို ပိတ်ပေးပါတယ်”

 

မျက်ကြည်လွှာ အစားမထိုးမီပုံ ။ Photo – YGN National Eye Bank

 

မျက်ကြည်လွှာ အစားထိုးပေးပြီး တွေ့ရပုံ ။ Photo – YGN National Eye Bank
ဒေသတွင်းအခြေအနေ
ကမ္ဘာ့နိုင်ငံများအနက် မျက်ကြည်လွှာလှူဒါန်းရရှိမှုအများ ဆုံးနိုင်ငံမှာ လူဦးရေသန်း ၂ဝ ကျော်ရှိသော သီရိလင်္ကာနိုင်ငံ ဖြစ် ပြီး ၂ဝ၁၅ တစ်နှစ်လုံးတွင် မျက်ကြည်လွှာ ၅,၅၈ဝ ခုရရှိခဲ့ပြီး မျက်စိဘဏ်စတင်တည်ထောင်သည့် ၁၉၆၁ မှ ယနေ့အချိန်အထိ မျက်ကြည်လွှာအရေအတွက် ၆ဝ,ဝဝဝ ကျော်ကို အစားထိုးပေး နိုင်ခဲ့ကာ လူဦးရေ ကိုးသိန်းနီးပါးမှာလည်း သေဆုံးပြီးနောက် လှူဒါန်းရန် စာရင်းပေးသွင်းထားသည့် ဆန္ဒပြုလှူဒါန်းသူ (Living Donor) များဖြစ်ကြောင်း Sri Lanka Eye ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံအတွင်း၌ မျက်ကြည်လွှာ လိုအပ်၍ စောင့် ဆိုင်းနေသူ လူနာမရှိသောကြောင့် အခြားသော နိုင်ငံပေါင်း ၅၇ နိုင်ငံသို့ နှစ်စဉ်မျက်ကြည်လွှာ ထောက်ပံ့ပေးလျက်ရှိသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင် တော့ မျက်ကြည်လွှာရရှိမှုနည်းပါးသောကြောင့် ကျန်းမာရေး ဝန်ကြီးဌာနက ကြက်ခြေနီအသင်းနှင့် ကျန်းမာရေးရန်ပုံငွေအဖွဲ့ သုံးဖွဲ့နှင့် ပူးပေါင်း၍ မျက်ကြည်လွှာလိုအပ်သည့်လူနာပေါင်း ၈,၄ဝဝ ခန့်ကို အခမဲ့အစားထိုးပေးနိုင်ရန် ယခုနှစ် သြဂုတ် ၂၁ ရက်မှ ၂ဝ၂၁၊ သြဂုတ် ၁၂ ရက်ထိ အခမဲ့မျက်ကြည်လွှာ အစား ထိုးနိုင်ရေး လူထုလှုပ်ရှားမှု(Campaign)ပြုလုပ်သွားမည်ဟု Thai Red Cross Eye Bank ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
ယခုနှစ် စက်တင်ဘာလအတွင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးမှ ဦးဆောင်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းများ အစားထိုးကုသပေးခြင်းကို ယခင် ထက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် ဆေးပညာလောက ရှိ ကျွမ်းကျင်ပညာရှင်များ၊ ပါမောက္ခကြီးများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပြီး မျက်ကြည်လွှာကိစ္စလည်း ပါဝင်သည်ဟု ကုသရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာမြင့်ဟန်က မော်ကွန်းသို့ ပြောကြားသည်။
ရန်ကုန်နှင့် မန္တလေးရှိ အမျိုးသားမျက်စိဘဏ်တစ်ခုစီတွင် မသေဆုံးမီ ဆန္ဒပြုမျက်ကြည်လွှာလှူဒါန်းသူများမှာ ပျမ်းမျှ တစ်နေ့လျှင် ရှစ်ဦးခန့်ရှိပြီး တစ်နှစ်လျှင် သုံးထောင်နီးပါးရှိကာ ထိုသူများထံမှ အလှူခံရရှိသည့်ပမာဏမှာ ငါးရာခိုင်နှုန်းခန့် (၁၅ဝ) သာ ရရှိနေကြောင်း ကုသရေးဦးစီးဌာနထံမှ သိရသည်။

မျက်ကြည်လွှာ လှူဒါန်းမှုတိုးလာဖို့
မြန်မာနိုင်ငံတွင်လည်း သီရိလင်္ကာနိုင်ငံကဲ့သို့ မျက်ကြည် လွှာလှူဒါန်းမှု များလာစေရန် လူထုအတွင်း ပညာပေးစည်းရုံး သည့်လုပ်ငန်းများ ပိုမိုလုပ်ဆောင်ကြရန်နှင့် မျက်ကြည်လွှာ လှူ ဒါန်းခြင်းနှင့် ပတ်သက်၍ လွဲမှားနေသည့် အယူသည်းမှုများကို ချေဖျက်ပေးရန် လိုအပ်သည်ဟု မျက်ကြည်လွှာရရှိရေး စည်းရုံး ဆောင်ရွက်နေသူများက အကြံပြုကြသည်။
မျက်ကြည်လွှာလှူဒါန်းခြင်းနှင့် ပတ်သက်၍ ရုပ်မြင်သံ ကြားမှ ပညာပေးမှုများ မရှိသလောက်နည်းနေရာ ဆရာဝန်များ ၏ ပြောဆိုစည်းရုံးမှုအပြင် အနုပညာရှင်များပါ ပါဝင်ပညာပေး စည်းရုံးသင့်သည်ဟု အပြည်ပြည်ဆိုင်ရာ ဓမ္မစက္ခဖောင်ဒေးရှင်း မှ မျက်ကြည်လွှာရရှိရေး စည်းရုံးဆောင်ရွက်ခဲ့ဖူးသူ ဓမ္မစက္ခ ဦးမောင်မောင်က အကြံပြုသည်။
”ပရဟိတကဏ္ဍတစ်ခုအနေနဲ့ တီဗီတွေမှာ ထုတ်လွှင့်သင့် တယ်။ ကျန်းမာရေးအခန်းကဏ္ဍတစ်ခုအနေနဲ့ ထုတ်လွှင့်ပေးနိုင် ရင် လူထုတော်တော် စိတ်ဝင်စားလာမှာပါ။ ဒါဆိုရင် မျက်ကြည် လွှာလိုအပ်နေတာတွေကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်” ဟု သူက ဆိုသည်။
သူသည် ပြည်သူလူထုကို မျက်ကြည်လွှာလှူဒါန်းနိုင်ရေး အတွက် စည်းရုံးပညာပေးခြင်းကို ၂ဝ၁ဝ ခုနှစ်မှ စတင်ဆောင် ရွက်ခဲ့ပြီး ရန်ကုန်မျက်စိဘဏ်သို့ စာရင်းပေးလှူဒါန်းသူ ၁,၈ဝဝ ဦးကျော်နှင့် မန္တလေးရှိ မျက်စိဘဏ်များသို့ လှူဒါန်းသူ ၇ဝဝ ဦး ကျော် ရရှိရန် ကူညီပေးနိုင်ခဲ့သည့်အပြင် လက်ရှိတွင်လည်း လှူ ဒါန်းသူများရှိပါက ယင်းမျက်စိဘဏ်များနှင့် ချိတ်ဆက်ပေး လျက် ရှိသည်။
သူက မျက်ကြည်လွှာရရှိနိုင်ရေးအတွက် ပညာပေးမည့် ပရဟိတအဖွဲ့များ ပိုမိုပေါ်ထွက်လာရန် လိုအပ်သလို ဝန်ကြီးဌာန အနေဖြင့်လည်း မျက်ကြည်လွှာပိုမိုရရှိရေးကို စီမံကိန်းများရေး ဆွဲ၍ အကောင်အထည်ဖော်ရန်လိုအပ်ပြီး ရန်ကုန်နှင့် မန္တလေး တွင်သာရှိသော မျက်စိဘဏ်များတွင်သာမဟုတ်ဘဲ အခြားဆေး ရုံများတွင်ပါ မျက်ကြည်လွှာအလှူခံဌာနများ တိုးချဲ့သင့်ကြောင်း အကြံပြုသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အဖွဲ့ ဝင် (၅)ဖြစ်သလို နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်ကလည်း ”ဘဏ်ခွဲတွေအများကြီး ဖွင့်ထား ရင်လည်း မျက်ကြည်လွှာက အများကြီးရဖို့ မသေချာပါဘူး။ မျက်ကြည်လွှာဘဏ်ခွဲတွေ ဖွင့်ရင်တောင် လူထုအနေနဲ့ မျက် ကြည်လွှာလှူဒါန်းရတာ ကောင်းတယ်၊ အလွန်မွန်မြတ်တယ်ဆို တာ သိဖို့လိုပါတယ်။ အဲဒီတော့ မိသားစုတွေ ကြည်ကြည်ဖြူဖြူ ပေးနိုင်ဖို့အတွက် ကျွန်မတို့ လှုံ့ဆော်ရလိမ့်မယ်။ အသိပညာပေး စည်းရုံးရပါလိမ့်မယ်”ဟု အကြံပြုသည်။
ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာတင်ဝင်းကလည်း အမျိုးသားမျက်စိဘဏ် (ရန်ကုန်) မှ မျက်ကြည်လွှာထုတ်ယူရသည့် သူနာပြုဆရာမများ ကို လက်ရှိ လေးဦးရှိရာမှ ဖွဲ့စည်းပုံအတိုင်း ခြောက်ဦးအထိ ခန့် ထားနိုင်ရေးနှင့် အသိပညာပေးလှုံ့ဆော်ပေးမည့် ကျန်းမာရေး ပညာပေးဝန်ထမ်းများ ခန့်အပ်နိုင်ရေးအား ဝန်ကြီးဌာနသို့ တင် ပြထားသည်ဟု ဆိုသည်။
”အဓိက မျက်ကြည်လွှာအရ နည်းတာက စည်းရုံးမှုအား နည်းတာဖြစ်လို့ စည်းရုံးမှုအားကောင်းအောင် ကျန်းမာရေးပညာ ပေးဝန်ထမ်းတွေကို များများ ခန့်နိုင်အောင် တင်ပြထားပါတယ်”ဟု ပါမောက္ခဒေါက်တာတင်ဝင်းက ရှင်းပြသည်။
ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာနအနေဖြင့် အစားထိုး ကုသပေးရာတွင် မျက်ကြည်လွှာ တစ်ခုမှ လူသုံးဦးထိကုသပေးရန် ကြိုးပမ်းခြင်း၊ ပညာပေး စည်း ရုံးသည့်အခါ လှူဒါန်းသူ အများစုမှာ လူငယ်ပိုင်းများဖြစ်၍ အချိန်အတန်ကြာ မျက်ကြည်လွှာရရှိရန် စောင့်ရမည်ဖြစ်သော ကြောင့် အသက်အရွယ်ကြီးပုဂ္ဂိုလ်များကို အဓိကထားစည်းရုံး ခြင်းကို ဆောင်ရွက်သွားမည်ဟု ယင်းဌာနမှ သိရသည်။
လက်ရှိ မျက်ကြည်လွှာရရှိမှု နည်းပါနေသည့်အချိန်တွင် တော့ မအိအိမွှေးတို့လို စက္ခုအလင်းပြန်လည်ရလိုသူများသည် အချိန်အတော်ကြာ စောင့်ဆိုင်းနေရဦးမည်ဖြစ်ပါသည်။
ဖခင်ဖြစ်သူဦးသောင်းထိုက်မှာ မျက်ကြည်လွှာရရှိပါက သွားရေးလာရေးလွယ်ကူစေရန် မိသားစုလိုက် ရန်ကုန်မြို့သို့ ပြောင်းကာ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပန်းရန်လုပ်ကိုင် နေရသည်။ သမီးဖြစ်သူ ဘယ်နေ့ မျက်ကြည်လွှာရမည်ဆိုတာ လည်း သေချာမသိရသေး။
ထို့ကြောင့် ဦးသောင်းထိုက်က မျက်ကြည်လွှာ လှူဒါန်း ပေးနိုင်မည့် အလှူရှင် အမြန်ဆုံးပေါ်ပေါက်လာစေဖို့ ”ဘုရားမှာ နေ့စဉ်ဆုတောင်းနေရတယ်”ဟု ဆိုပါသည် ။ ။

၂၀၁၆-ဒီဇင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၁)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

Credit; ေအာင္ေဖၾကည္စိုး ေရးသည္။

 

LEAVE A REPLY