Zawgyi ျဖင့္ဖတ္ရန္

ပုိက္ဆံ အသစ္ထုတ္ရင္ ကုန္က်မဲ႔ စရိတ္(ဘေလာက္တုံး/ႏုိင္ငံျခား စကၠဴ /ဒီဇုိင္း/ကမၻာကအသိအမွတ္ျပဳဖုိ႕/ အေထြေထြကုန္က်စရိတ္) ေဒၚလာ သန္းခ်ီ ကုန္က်မွဳ ကုိ ဘယ္သူခြင့္ျပဳၿပီး ဘယ္သူစုိက္မွာလဲ?

မင္းကင္းမဲဆႏၵနယ္ ျပည္သူ့လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ျမင့္ ယေန႕တင္ထားတာေလးပါ ဘာလို႕ကန္႕ကြက္ရသလဲဆိုတာရွင္းရွင္းေလးရယ္##
——————————–
ေရာက္တတ္ရာရာစာစုမ်ား (၂၆၄)
ကၽြန္ေတာ္ ဗိုလ္ခ်ဳပ္ကို ခ်စ္ပါတယ္ ဒါေပမဲ့

ပီးခဲတဲ့ ၃ လေလာက္က ေငြစကၠဴေတြမွာဗိုလ္ခ်ဳပ္ပံု ႐ိုက္ႏွိပ္ဖို႔ NLD ကိုယ္စားလွယ္ ၁
ေယာက္က လႊတ္ေတာ္မွာ ေမးခြန္း ေမးခဲ့ပါတယ္။
ဒါေပမဲ့ ဗဟိုဘဏ္က ဒီကိစၥဟာ ဘီလီယံရာနဲ႔ခ်ီ ကုန္က်မွာ ျဖစ္ပီး ႏိုင္ငံကလည္း စီး
ပြားေရးမေကာင္းလို႔ ေဆာင္ရြက္ႏိူင္ျခင္း မရွိပါေၾကာင္း ေျဖၾကားခဲ့ၿပီး ျဖစ္ပါတယ္။
သာမန္အားျဖင့္ ေမးခြန္းေမးပီးသား ကိစၥကို အဆိုထပ္တင္တယ္ဆိုတာ လႊတ္ေတာ္
မွာ မရွိပါဘူး။ ဒါကို NLD ကိုယ္စားလွယ္ ၁ေယာက္က အဆိုတင္ခဲ့ပီး ဥကၠဌ ကလည္းခြင့္ျပဳ၊ ေနာက္ဆံုး အဆိုက ေအာင္ျမင္သြားပါတယ္။
ဒီေန႔ (ႏို ၁၇ ) အဲဒီ အဆိုကို ကိုယ္စားလွယ္ ၉ ေယာက္က ေဆြးေႏြးခဲ့ၾကပါတယ္။ ၈ေယာက္ကအဆိုကို ေထာက္ခဲခဲ့ပီး တပ္က၁ ေယာက္ကပဲ စီးပြားေရး မေကာင္းလို႔ ေငြကုန္ေၾကးက် မ်ားမဲ့ ကိစၥကို မလုပ္သင့္ေသး
ေၾကာင္း ေဆြးေႏြးပါတယ္။ ကၽြန္ေတာ္မေဆြးေႏြးေပမယ့္ သူ႔ရဲ႕ ရပ္တည္ခ်က္နဲ႔ အတူတူ
ပါပဲခင္ဗ်ား။
ကၽြန္ေတာ္တို႔ႏိုင္ငံမွာ အမ်ားစုက ေငြကိုကိုင္ပီး သံုးၾကတာပါ၊ ဒါေပမယ့္ ကမ႓ာႀကီးနဲ႔
ဆက္ဆံလာတဲ့အခါ Credit Card ေတြ၊Debit Card ေတြ အသံုးျပဳပီး ေငြေပး၊ေငြ
ယူ လုပ္လာၾကပါၿပီ။
OK Dollar , Wave Money တို႔ကို သံုးလာၾကပါၿပီ၊ Third Party Payment စံနစ္ကေတာ့ Card မလို၊ ဘဏ္မလိုပဲ ဖုန္းကေနတစ္ဆင့္ ေငြေပးေငြယူ လုပ္ႏိုင္တဲ့ စံနစ္ ကို
လည္း ကမ႓ာမွာ သံုးေနၾကၿပီ ျဖစ္လို႔ မၾကာခင္မွာ ကၽြန္ေတာ္တို႔ဆီ ေရာက္လာေတာ့ မွာ
ပါ။
အဲဒီအခ်ိန္က်ရင္ ေငြစကၠဴရဲ႕ အခန္းက႑ဟာ သိပ္မက်န္ေတာ့ပါဘူး ခင္ဗ်ာ။ အဲဒီလို
စံနစ္ေတြကို သံုးႏိုင္ပါမွ လူမႈစီးပြားဘဝေတြဖြ႕ံၿဖိဳးတိုးတက္ေစမွာပါ။
လႊတ္ေတာ္ဆိုတာ အဲဒီလို ကမ႓ာနဲ႔ ရင္ေဘာင္တန္းႏိုင္တဲ့ စံနစ္ေတြ အသံုးျပဳႏိုင္ေစ
ဖို႔ ေဆြးေႏြးရမွာပါ၊ ခုဟာကေတာ့ ဗိုလ္ခ်ဳပ္ရဲ႕ပံုကိုထည့္သြင္း႐ိုက္ႏွိပ္ဖို႔ ပဲ ေဆြးေႏြးေန လို႔
ကၽြန္ေတာ့္အျမင္ကေတာ့ ေသးႏုပ္ေနသလားလို႔ပါခင္ဗ်ာ။
ကိုယ္စားလွယ္ေတြ ေဆြးေႏြးေတာ့လည္းအမ်ိဳးသမီး ၁ ေယာက္က အတိုင္ပင္ခံ မေသ
ခင္မွာ ေငြစကၠဴကို ဗိုလ္ခ်ဳပ္ပံု ႐ိုက္မွကို ျဖစ္မယ္ဆိုေတာ့ ၊ စဥ္းစားၾကည့္ေလဗ်ာ ၊ သူ႔စ
ကားက ဘယ္ကို ေရာက္သြားပီလဲဆိုတာ။ေနာက္တစ္ေယာက္ကလည္း လုပ္လိုက္ေသးသဗ်၊ ေငြစကၠဴ႐ိုက္ဖို႔ပလိပ္မွာ စကၠဴစက္ရံု ရွိပါသတဲ့၊ လုပ္ပံု ၊ လုပ္ပံု။
ေနာက္ဆံုး အဆိုကိုကန္႔ကြက္တဲ့သူေတြမတ္တတ္ရပ္ပါ ဆိုေတာ့ တပ္က အားလံုးနဲ႔
ကၽြန္ေတာ္နဲ႔ ပဲ ရပ္ၾကပါတယ္။ ဒါဟာ ဗိုလ္ခ်ဳပ္ကို မခ်စ္လို႔ မဟုတ္ပါဘူး၊ ႏိုင္ငံကို ပိုခ်စ္
လို႔ပါ၊ လူအခ်ိဳ႕ ငတ္ေနခ်ိန္မွာ ဗိုလ္ခ်ဳပ္ပိုက္ဆံ ကိုင္ပီး ဂုဏ္ယူစရာ မလိုပါဘူးခင္ဗ်ာ။
လူႀကီး လုပ္ေနတဲ့သူေတြ စဥ္းစားၾကစမ္း
ပါ ဘယ္အရာက ႏိုင္ငံကို တစိကယ္တိုးတက္ေစမွာလဲ? အဲဒါေတြ လုပ္ၾကစမ္းပါဗ်ာႏိုင္ငံေရးအျမတ္ အလို႔ငွာ တစ္ခါလာလဲဗိုလ္ခ်ဳပ္၊ တစ္ခါလာလည္း ဗိုလ္ခ်ဳပ္နဲ႔ လုပ္
ေနၾကတာ နည္းနည္းမ်ားသြားပါၿပီ။
ဘယ့္ႏွယ့္ဗ်ာ၊ ပန္းျခံ ၁ ခုထဲမွာတင္၊ ဗိုလ္ခ်ဳပ္ ေၾကး႐ုပ္ ၂ ခုနဲ႔ ၊ မယံုရင္ တ/ ဥကၠလာ
မွာ လာၾကည့္ၾကစမ္းပါ။နိဂံုးခ်ဳပ္အေနနဲ႔ ကေတာ့ ကိုယ့္အေရာင္နဲ႔
ကိုယ္ လင္းေအာင္ လုပ္စမ္းပါ။တန္ဖိုးရွိတဲ့ လႊတ္ေတာ္က်င္းပေနခ်ိန္မွာ
လက္ေတြ႕မက်တဲ့ေဆြးေႏြးခ်က္ေတြနဲ႔ အ
ခ်ိန္ကုန္ မခံပါနဲ႔ေတာ့လို႔ ေျပာၾကားရင္း။

Credit; စာၿပီးရက္-၂၀၁၇ ႏို ၁၇ (ျဖည့္စြက္မွတ္ခ်က္။ ဝါဇီ စက္ရုံ ေလ့လာေရး ပုိ႕ေပးလုိက္ပါအုံး)AS

Unicode ဖြင့်ဖတ်ရန်

 

ပိုက်ဆံအသစ်ထုတ်ရင် ကုန်ကျမဲ့ စရိတ်(ဘလောက်တုံး/နိုင်ငံခြား စက္ကူ /ဒီဇိုင်း/ကမ္ဘာကအသိအမှတ်ပြုဖို့/ အထွေထွေကုန်ကျစရိတ်) ဒေါ်လာ သန်းချီ ကုန်ကျမှု ကို ဘယ်သူခွင့်ပြုပြီး ဘယ်သူစိုက်မှာလဲ?

မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့် ယနေ့တင်ထားတာလေးပါ ဘာလို့ကန့်ကွက်ရသလဲဆိုတာရှင်းရှင်းလေးရယ်##
——————————–
ရောက်တတ်ရာရာစာစုများ (၂၆၄)
ကျွန်တော် ဗိုလ်ချုပ်ကို ချစ်ပါတယ် ဒါပေမဲ့

ပီးခဲတဲ့ ၃ လလောက်က ငွေစက္ကူတွေမှာဗိုလ်ချုပ်ပုံ ရိုက်နှိပ်ဖို့ NLD ကိုယ်စားလှယ် ၁
ယောက်က လွှတ်တော်မှာ မေးခွန်း မေးခဲ့ပါတယ်။
ဒါပေမဲ့ ဗဟိုဘဏ်က ဒီကိစ္စဟာ ဘီလီယံရာနဲ့ချီ ကုန်ကျမှာ ဖြစ်ပီး နိုင်ငံကလည်း စီး
ပွားရေးမကောင်းလို့ ဆောင်ရွက်နိူင်ခြင်း မရှိပါကြောင်း ဖြေကြားခဲ့ပြီး ဖြစ်ပါတယ်။
သာမန်အားဖြင့် မေးခွန်းမေးပီးသား ကိစ္စကို အဆိုထပ်တင်တယ်ဆိုတာ လွှတ်တော်
မှာ မရှိပါဘူး။ ဒါကို NLD ကိုယ်စားလှယ် ၁ယောက်က အဆိုတင်ခဲ့ပီး ဥက္ကဌ ကလည်းခွင့်ပြု၊ နောက်ဆုံး အဆိုက အောင်မြင်သွားပါတယ်။
ဒီနေ့ (နို ၁၇ ) အဲဒီ အဆိုကို ကိုယ်စားလှယ် ၉ ယောက်က ဆွေးနွေးခဲ့ကြပါတယ်။ ၈ယောက်ကအဆိုကို ထောက်ခဲခဲ့ပီး တပ်က၁ ယောက်ကပဲ စီးပွားရေး မကောင်းလို့ ငွေကုန်ကြေးကျ များမဲ့ ကိစ္စကို မလုပ်သင့်သေး
ကြောင်း ဆွေးနွေးပါတယ်။ ကျွန်တော်မဆွေးနွေးပေမယ့် သူ့ရဲ့ ရပ်တည်ချက်နဲ့ အတူတူ
ပါပဲခင်ဗျား။
ကျွန်တော်တို့နိုင်ငံမှာ အများစုက ငွေကိုကိုင်ပီး သုံးကြတာပါ၊ ဒါပေမယ့် ကမ္ဘာကြီးနဲ့
ဆက်ဆံလာတဲ့အခါ Credit Card တွေ၊Debit Card တွေ အသုံးပြုပီး ငွေပေး၊ငွေ
ယူ လုပ်လာကြပါပြီ။
OK Dollar , Wave Money တို့ကို သုံးလာကြပါပြီ၊ Third Party Payment စံနစ်ကတော့ Card မလို၊ ဘဏ်မလိုပဲ ဖုန်းကနေတစ်ဆင့် ငွေပေးငွေယူ လုပ်နိုင်တဲ့ စံနစ် ကို
လည်း ကမ္ဘာမှာ သုံးနေကြပြီ ဖြစ်လို့ မကြာခင်မှာ ကျွန်တော်တို့ဆီ ရောက်လာတော့ မှာ
ပါ။
အဲဒီအချိန်ကျရင် ငွေစက္ကူရဲ့ အခန်းကဏ္ဍဟာ သိပ်မကျန်တော့ပါဘူး ခင်ဗျာ။ အဲဒီလို
စံနစ်တွေကို သုံးနိုင်ပါမှ လူမှုစီးပွားဘဝတွေဖွံ့ဖြိုးတိုးတက်စေမှာပါ။
လွှတ်တော်ဆိုတာ အဲဒီလို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ စံနစ်တွေ အသုံးပြုနိုင်စေ
ဖို့ ဆွေးနွေးရမှာပါ၊ ခုဟာကတော့ ဗိုလ်ချုပ်ရဲ့ပုံကိုထည့်သွင်းရိုက်နှိပ်ဖို့ ပဲ ဆွေးနွေးနေ လို့
ကျွန်တော့်အမြင်ကတော့ သေးနုပ်နေသလားလို့ပါခင်ဗျာ။
ကိုယ်စားလှယ်တွေ ဆွေးနွေးတော့လည်းအမျိုးသမီး ၁ ယောက်က အတိုင်ပင်ခံ မသေ
ခင်မှာ ငွေစက္ကူကို ဗိုလ်ချုပ်ပုံ ရိုက်မှကို ဖြစ်မယ်ဆိုတော့ ၊ စဉ်းစားကြည့်လေဗျာ ၊ သူ့စ
ကားက ဘယ်ကို ရောက်သွားပီလဲဆိုတာ။နောက်တစ်ယောက်ကလည်း လုပ်လိုက်သေးသဗျ၊ ငွေစက္ကူရိုက်ဖို့ပလိပ်မှာ စက္ကူစက်ရုံ ရှိပါသတဲ့၊ လုပ်ပုံ ၊ လုပ်ပုံ။
နောက်ဆုံး အဆိုကိုကန့်ကွက်တဲ့သူတွေမတ်တတ်ရပ်ပါ ဆိုတော့ တပ်က အားလုံးနဲ့
ကျွန်တော်နဲ့ ပဲ ရပ်ကြပါတယ်။ ဒါဟာ ဗိုလ်ချုပ်ကို မချစ်လို့ မဟုတ်ပါဘူး၊ နိုင်ငံကို ပိုချစ်
လို့ပါ၊ လူအချို့ ငတ်နေချိန်မှာ ဗိုလ်ချုပ်ပိုက်ဆံ ကိုင်ပီး ဂုဏ်ယူစရာ မလိုပါဘူးခင်ဗျာ။
လူကြီး လုပ်နေတဲ့သူတွေ စဉ်းစားကြစမ်း
ပါ ဘယ်အရာက နိုင်ငံကို တစိကယ်တိုးတက်စေမှာလဲ? အဲဒါတွေ လုပ်ကြစမ်းပါဗျာနိုင်ငံရေးအမြတ် အလို့ငှာ တစ်ခါလာလဲဗိုလ်ချုပ်၊ တစ်ခါလာလည်း ဗိုလ်ချုပ်နဲ့ လုပ်
နေကြတာ နည်းနည်းများသွားပါပြီ။
ဘယ့်နှယ့်ဗျာ၊ ပန်းခြံ ၁ ခုထဲမှာတင်၊ ဗိုလ်ချုပ် ကြေးရုပ် ၂ ခုနဲ့ ၊ မယုံရင် တ/ ဥက္ကလာ
မှာ လာကြည့်ကြစမ်းပါ။နိဂုံးချုပ်အနေနဲ့ ကတော့ ကိုယ့်အရောင်နဲ့
ကိုယ် လင်းအောင် လုပ်စမ်းပါ။တန်ဖိုးရှိတဲ့ လွှတ်တော်ကျင်းပနေချိန်မှာ
လက်တွေ့မကျတဲ့ဆွေးနွေးချက်တွေနဲ့ အ
ချိန်ကုန် မခံပါနဲ့တော့လို့ ပြောကြားရင်း။

Credit; စာၿပီးရက္-၂၀၁၇ ႏို ၁၇ (ျဖည့္စြက္မွတ္ခ်က္။ ဝါဇီ စက္ရုံ ေလ့လာေရး ပုိ႕ေပးလုိက္ပါအုံး)AS