Zawgyi ျဖင့္ဖတ္ရန္ထ

ကိုေလးျဖဴနဲ႔ျပသနာျဖစ္တာေကာပါတယ္….တကယ့္တန္ဖိုးရွိပါတယ္..ဖတ္ၾကည့္ၾကပါဦး……
ဒိုးလုံးက Alter ခ်ည္းပဲ လုပ္ခဲ့သူဆိုေတာ့ Alter ကို ဘယ္လို ဖြင့္ဆိုေပးမလဲ။
-Alter အေၾကာင္းဖြင့္ဆိုခ်က္ဆိုရင္ စာဆန္ဆန္ ေျပာလို႔ရွိရင္ ရင္တြင္းျဖစ္ အရင္းႏွီးဆုံးေသာ သံစဥ္ျဖစ္ပါတယ္။ လူငယ္ဆန္ဆန္ ေျပာရရင္ေတာ့ “ေဟ့ေကာင္ေတြ ေပ်ာ္ေပ်ာ္သာေနၾက၊ လုပ္ခ်င္ရင္သာလုပ္၊ ကိုယ့္စိတ္ထဲမွာ ရွိတာေတြကို ကိုယ္တတ္ရင္ တတ္သေလာက္သာလုပ္၊ ၿပီးရင္ ကိုယ္ေက်နပ္၊ တန္တယ္၊ ေက်နပ္တယ္ဆိုရင္ ဒါပဲ။ Free လြတ္လပ္ခ်င္တယ္ကြာ ဒါပဲ”။
ဒိုးလုံး စႏၵယားတီးတယ္ေနာ္။
-တီးတယ္။ တကယ့္ Main ကေတာ့ စႏၵရားတီးတာေပါ့။ စႏၵရားမတီးတာ (၁၀)ႏွစ္ေလာက္ ရွိမွာေပါ့။ ကြၽန္ေတာ္ နံပါတ္(၁)က Classic ေတြ တီးခဲ့ရတာ။ ကြၽန္ေတာ့္အေမက ကြၽန္ေတာ့္ကို တုတ္နဲ႔႐ိုက္တာ။ ကြၽန္ေတာ္ေဘာလုံး မကန္တတ္ဘူး။ သူမ်ား ေဘာလုံးကန္ေနတဲ့ အခ်ိန္မွာ ကြၽန္ေတာ္က မ်က္ရည္နဲ႔မ်က္ခြက္။ ပီယာႏိုတီးေနရတာ အဲဒီလိုမ်ိဳး။
မိန္းမရတာနဲ႔ အေမရတာေတြေရာ ကံေကာင္းခဲ့ရဲ႕လား။
-ကြၽန္ေတာ္ကႏွစ္ခုစလုံးကို ကံေကာင္းတယ္။ သူတို႔တစ္ေတြက ကြၽန္ေတာ့္စိတ္ကို အရမ္းနားလည္ေပးတယ္ဗ်ာ။ ကြၽန္ေတာ္ လုပ္ခ်င္ရာကိုလုပ္။ ကြၽန္ေတာ့္ရဲ႕စိတ္။ ကြၽန္ေတာ့္ရဲ႕ စိတ္ဆႏၵေပါ့ေနာ္။ ေက်နပ္ေနမယ္ ဆိုရင္လုပ္။ ကြၽန္ေတာ္က အၿမဲပဲ သူတို႔ႏွစ္ေယာက္ မ်က္ႏွာကို ၾကည့္တယ္ခင္ဗ်။ ကြၽန္ေတာ့္ကမာၻႀကီးပါ။ သူတို႔ စိတ္ဆင္းရဲေနတယ္ဆိုရင္ ကြၽန္ေတာ္ကမာၻပ်က္ၿပီဗ်။ သူတို႔ကလည္း ကြၽန္ေတာ့္ကို အရမ္းအလိုလိုက္တယ္။ နားလည္တယ္ဗ်။ အခုအႏုပညာလုပ္တယ္ဆိုရင္ “စက္ေတြ” လိုခ်င္တယ္ဆိုရင္ ဝယ္ေပးတယ္။ ဝယ္။ အဓိကကေတာ့ အျပင္မသြားနဲ႔။ သူတို႔က အဲဒီတစ္ခုေတာ့ ရွိတယ္ေပါ့။ အေပါင္းအသင္းေတြ မမ်ားမိေစနဲ႔။ အိမ္ထဲမွာေန။ အိမ္ထဲမွာဆိုရင္ ႀကိဳက္တာလုပ္။
ခင္ဗ်ားအသက္ ဘယ္ေလာက္ရွိၿပီလဲ။
-၂၅ႏွစ္၊ အခုလာမယ့္ ၁၄ ရက္ေန႔ဆိုရင္ ၂၅ ႏွစ္ျပည့္မယ္။ (မွတ္ခ်က္- အင္တာဗ်ဴးမွာ ၂၀၀၃ ခုႏွစ္ျဖစ္သည္။)
ငယ္ငယ္တုန္းက စႏၵရားတစ္လုံးက…။
-အေမဝယ္ေပးတာ။
မိုးမိုးနဲ႔ပါပါးက…။
-ဦးစတင္းဖိုဒ့္နဲ႔ ေဒၚေဌးေဌးယု။
အဲဒီေတာ့ ငယ္ငယ္တုန္းက ပီယာႏိုဝယ္ေပးခဲ့ၿပီ။ ခုႀကီးေတာ့ စတူဒီယိုပစၥည္းေတြ ဝယ္ေပးတယ္ေပ့ါ။
-Studio ပစၥည္းေတြကေတာ့ ကြၽန္ေတာ္ဝယ္တာေပါ့။ မိန္းမနဲ႔ အတိုက္အခံ လုပ္ၿပီးေတာ့ ကြၽန္ေတာ္က “ကား”မစီးဘူး။ ဖုန္း မကိုင္ဘူး။ ကြၽန္ေတာ္လုပ္ခ်င္တာက ဒါပဲ။
့ျမန္မာ့ေခတ္ေပၚဂီတမွာ Alter ကိုစတင္သြင္းတာ ဒိုးလုံး နဲ႔ The Ants တို႔ေပါ့ေနာ္။
-The Ants နဲ႔ ကြၽန္ေတာ္နဲ႔ စတာပါ။ ဒါေပမယ့္ ကြဲသြားၾကတာ။ အဲလိုကြဲသြားၾကေတာ့ ၿပိဳင္လို႔ရၿပီ။ မင္းတို႔အရင္ထြက္မလား။ ငါအရင္ထြက္မလား၊ နာမည္ယူၾကရေတာ့မွာကိုး။
ေမာင္ေမာင္ေဇာ္လတ္တို႔နဲ႔လား။
-အင္း The Ants နဲ႔ ကြၽန္ေတာ္နဲ႔ လိုင္းကြဲသြားရတာ “ကိုေလးျဖဴ” ေၾကာင့္။ ကိုေလးျဖဴက ၾကားကေန ကြၽန္ေတာ့္ကို လာခ်ဳပ္တာ။ ကဲ ဒိုးလုံး မင္း The Ants မွာဆိုလို႔ရွိရင္ (The Ants ထုတ္လုပ္သူက ေလးျဖဴ) တျခား ဘာေခြမွ ဆိုလို႔မရေတာ့ဘူး။ အဲဒါနဲ႔ ကြၽန္ေတာ့္အေမကို ကြၽန္ေတာ္ေျပာျပတယ္။ အဲလိုပဲ။ ကြၽန္ေတာ့္ကို စာခ်ဳပ္ခ်ဳပ္တယ္။ အဲေတာ့ အေမက “မဆိုနဲ႔ ငါ့သားေရ။ ငါလုပ္ေပးမယ္”ဆိုေတာ့ အဲဒါနဲ႔ The Ants နဲ႔ ကြဲသြားေရာ။ Alternative ဆိုတာ ျမန္မာျပည္မွာ ေျပာရဲပါတယ္။ အခုလက္ရွိ စီးဆင္းေနဆဲ ေသြးထဲမွာ ရွိတာ အယ္ေနာင္းရယ္။ အယ္ျဖဴရယ္၊၊ ေဇာ္လတ္ (ေမာင္ေမာင္ေဇာ္လတ္) ရယ္၊ ကြၽန္ေတာ္ရယ္ပဲ ရွိတာပါ။ ဒါအခိုင္အမာ ရွိတာ။ ကြၽန္ေတာ္အခု ျပန္ေပါင္းစပ္ဖို႔ အစီအစဥ္ အမ်ားႀကီးရွိတယ္။ အဲမွာ သူ႔မာနနဲ႔ ကိုယ့္မာန ၿပိဳင္ၾကတာ။ ဘယ္သူအရင္ထြက္မလဲကြ ဆိုၿပီးေတာ့။ ဒီ Alternative ေတြကို ျမန္မာႏိုင္ငံမွာ ဘယ္သူအရင္လုပ္မလဲ ဆိုၿပီး ႀကိဳးစားခဲ့ၾကတာ။ အဲလိုက်ေတာ့ ကြၽန္ေတာ္အရင္ ထြက္တယ္။ Quality ကအစ၊ မခံခ်င္စိတ္နဲ႔ ႀကိဳးစားလိုက္တာ၊ ကြၽန္ေတာ္ အဲဒီတုန္းက….
Alter ပဲလုပ္လုပ္၊ ဘာ Music ပဲလုပ္လုပ္ သင္႐ိုးကေတာ့ ေၾကဖို႔လိုမယ္ ထင္တာပဲဗ်ာ။ ဘာလို႔ဆိုေတာ့ ခင္ဗ်ားကိုပဲ ၾကည့္ေလ။ ခင္ဗ်ားက ပီယာႏိုတီးလာတာေလ။
-ေၾကရတာေပါ့။ ကြၽန္ေတာ္ International Grade 1 ေၾကလိုက္တာမွ မြတ္ေနတာပဲ။ World Standard ရဲ႕ Grade 1 ေနာ္။ အသက္အားျဖင့္ (ဒုတိယတန္း) ကေနၿပီးမွ ၈ တန္းအထိ ကြၽန္ေတာ္တီးခဲ့ရတာ။ ဘာသီခ်င္းမွ မတီးရဘူး။ Notes ေတြခ်ည္း တီးခဲ့ရတာ။
ခင္ဗ်ားတို႔ အားလုံးက တကယ့္အတီးသမားေတြခ်ည္းပါပဲ။
-ကြၽန္ေတာ့္အေပၚ လူေတြရဲ႕ အျမင္က တစ္မ်ိဳးေပါ့ေနာ္။ Alternative ဆိုတာ ဘာမွမတတ္ပဲ လုပ္လို႔ရတယ္ေပါ့ဗ်ာ။ တကယ္က ကြၽန္ေတာ္တို႔ ျမင္တာက အဲဒါေတြကို ေသြဖည္ရတာလို႔။ ဟုတ္တယ္မဟုတ္လား။ ဥပမာဗ်ာ A.. Cm … F..G တီးေနတဲ့သူေတြ၊ ဒီ Music ေတြက ၿငီးသြားၿပီဗ်ာ။ ကြၽန္ေတာ္တို႔က သိသိႀကီးနဲ႔ တမင္ခ်ိဳးၿပီး လုပ္ယူရတာ။ လူေတြက အမ်ိဳးမ်ိဳး နားလည္မႈ လြဲေနၾကတယ္။ ဒါေပမယ့္ ကြၽန္ေတာ္က ေျပာျပပါတယ္။ ရင္တြင္းျဖစ္ အရင္းႏွီးဆုံး သံစဥ္ ဆိုေတာ့ မပုတ္ခတ္ပါဘူး။ A ရယ္၊ Cm ရယ္၊ F ရယ္ G ရယ္ တီးတတ္ရင္လည္း သီခ်င္းေရးလို႔ ရတယ္ေနာ္။ သူ႔ခံစားခ်က္နဲ႔သူ ေရးလို႔ရတယ္။ ဒါ Alter ပဲ။ ကြၽန္ေတာ္ဆိုလိုတာက ဒူ…ထပ္…ထပ္.. ဒူထပ္ ဆိုတဲ့ Drum Pattern မ်ိဳးမွ Alter မဟုတ္ဘူး။ လူေတြကလည္း အဲဒါလည္း အစြဲအလမ္း ရွိေသးတယ္။ မဆိုင္ဘူး၊ ေရး။ ကိုယ္စိတ္ေက်နပ္မယ္၊ စိတ္ခ်မ္းသာတယ္၊ ကိုယ္ေက်နပ္ ေနတယ္ထင္တယ္ဆိုရင္ လုပ္ပစ္လိုက္။ Nirvana ေရွာသြားတယ္။ Sucide လုပ္တယ္။ သူေက်နပ္တယ္၊ သူတန္တယ္ထင္လို႔ သူသိမ္းလိုက္တာေလ။ တစ္ကမာၻလုံးကို သိမ္းလိုက္တာေလ။
ဒိုးလုံးရဲ႕ Ideal (စံျပပုဂၢိဳလ္)ေပါ့။ ဘယ္သူေတြ ရွိမလဲ။
-ကြၽန္ေတာ္ေလးစားတဲ့ ပုဂၢိဳလ္ေတြ ဆိုလို႔ရွိရင္ Queen ရယ္၊ နံပါတ္(၁)က Queen ကြာ။ Skid Row ကေကာင စပတ္ရွဲဗတ္၊ အဲဒီေကာင္ အရမ္း႐ိုင္းတယ္ကြာ။ အဲဒါကို ႀကိဳက္တယ္။ အဲလစ္အင္ခ်ိန္းရယ္။ နဗားနားက ကတ္ကိုဘိန္း ရယ္ေပ့ါ။ Alternative ဘက္မွာေတာ့ အဲလစ္အင္ခ်ိန္းနဲ႔ ကတ္ကိုဘိန္း။ ကြၽန္ေတာ္ စံထားတာေပါ့။ သူတို႔ရဲ႕ ေသြဖည္တဲ့ဟာေတြကိုေပါ့။ ဘာေၾကာင့္လဲဆိုရင္ ကမာၻေပၚမွာ သူတို႔ပဲ ရမ္းေနၾကတာပဲ၊ လုပ္ေနၾကတာပဲေလ။
Santana ျပန္ျဖစ္လာတဲ့အေပၚ ဒိုးလုံးအျမင္၊ ကားလိုစ့္စန္တာနာဆိုတာ တစ္သက္လုံး လက္တင္မုဒ္ေတြခ်ည္း တီးခဲ့သူႀကီးဗ်ာ။
-ေလာကႀကီးမွာဗ်ာ လူေတြက ရွင္းရွင္းေျပာရလို႔ရွိရင္ ေဘာင္းဘီက အတိုကေန ရွည္သြားတယ္။ ရွည္သြားရာကေန တိုသြားျပန္ေရာ၊ ပြသြားတယ္။ ပြၿပီးေတာ့ က်ဥ္းသြားတယ္။ ဟုတ္တယ္ေနာ္။ အက်ီရွည္လာတယ္၊ တိုသြားတယ္။ က်ယ္သြားတယ္၊ က်ဳံသြားတယ္၊ ဒါပဲရွိတယ္။ Limit ဟုတ္တယ္ဟုတ္။ ဒီ Santana ကိုလည္း ၿငီးေငြ႕လို႔ အီသြား့လို႔ရွိရင္ ဘာေျပာမလဲ။ ဒါမေကာင္းပါဘူး။ ေမ့သြားေရာ။ ေနာက္တစ္ခါ တစ္ေၾကာ့ျပန္လာျပန္ေရာ။ အသစ္အဆန္းႀကီးလိုျဖစ္လို႔။ ေကာင္းတယ္၊ ဒါႀကီးေကာင္းတယ္။ ဒါပဲ ေနာက္ဆုံးေတာ့။ ကြၽန္ေတာ့္အေမက ကြၽန္ေတာ္ေမြးကတည္းက Carpenter တို႔ ABBA တို႔နဲ႔ ႀကိဳက္ခဲ့ ႀကီးျပင္းခဲ့ရတာ။ ကြၽန္ေတာ္မွီတယ္ေနာ္။ ခုနကြၽန္ေတာ္ေျပာခဲ့သလို ဘာမွ Foundation မရွိတဲ့ သူတစ္ေယာက္က ဂီတေကာ့ဒ္ သုံးေလး၊ ငါးခု တီးတတ္ရင္ သီခ်င္းေရးလို႔ရတယ္။ တကယ့္ကို အေျခခံကို က်က်နန လုပ္ၿပီးေတာ့မွ အကုန္လုံးကို သိၿပီးေတာ့ အကြက္က်က် ဆင္ၿပီးေရးသြားတာ။ (ဒါက ေရးတာတစ္ခုေနာ္)။ အဲဒါေတာင္မွ True Story ဆိုတာလိုတယ္။ “ရင္ဘက္ထဲက နာေနရတဲ့ဟာ”။ အဲဒီ True Story ဆိုတာ လိုတယ္။ ငါ ဒီအခ်ိန္မွာ ေၾကကြဲေနတယ္။ ငါ အဲဒီေၾကကြဲေနတာ စာသားေတြက ကဗ်ာဖတ္ထားတဲ့ အထဲက (ကဗ်ာထဲက) စာသားေတြ မဟုတ္ဘူး။ ဒီရင္ဘက္ထဲက ထြက္ေနတဲ့ စာသားေတြ။ တစ္မ်ိဳး မျမင္နဲ႔ေနာ္၊ ကြၽန္ေတာ္ဆိုရင္ လုံးဝကဗ်ာ မဖတ္ဘူး။ လုံး၀ ရင္တြင္းျဖစ္ အမွန္အကန္ပဲ ေရးတာ။ ကြၽန္ေတာ့္ သီခ်င္းေတြကို ၾကည့္လိုက္ပါ။ ကြၽန္ေတာ့္ကို အခုသီခ်င္းလာအပ္တဲ့ သူေတြ အမ်ားႀကီး ရွိတယ္။ ကြၽန္ေတာ္ ပိုက္ဆံယူၿပီးသြားရင္ ဘာေျပာသလဲဆိုတာ ကြၽန္ေတာ့္ကိုေစာင့္ေပးပါ။ တစ္လေလာက္ေတာ့ အနည္းဆုံး ေစာင့္ေပးပါ။ ကြၽန္ေတာ္ ရင္တြင္းျဖစ္၊ ကြၽန္ေတာ့္ရင္ထဲက ဟာပဲ ေရးေပးခ်င္တယ္။ ကြၽန္ေတာ္ စိတ္ဆိုးေနလို႔ရွိရင္ ကြၽန္ေတာ့္သီခ်င္းက ျမန္ေနမယ္။ ကြၽန္ေတာ္ ေပါက္ကြဲခ်င္ရင္လည္း ကြၽန္ေတာ့္သီခ်င္းက အဲလိုမ်ိဳး၊ ကြၽန္ေတာ္ ခ်စ္ေနတယ္ ဆိုရင္လည္း အခ်စ္ေတြ ေရေရလည္လည္ ႏု႐ြတာေပါ့၊ လာတာေပါ့။ ကြၽန္ေတာ္က အဲဒီလိုမ်ိဳး စာမဖတ္ဘူး။ ကဗ်ာမဖတ္ဘူး။ အဲလိုမ်ိဳး… ဒါေၾကာင့္ ကြၽန္ေတာ့္ရင္ထဲက ထြက္တဲ့ ဟာေတြပဲ။ ပင္ကို ရင္တြင္းျဖစ္ေတြပဲ။ ခုနကေျပာခဲ့တဲ့ ငယ္ငယ္တုန္းက သင္ၾကားခဲ့ရတာ။ ဒီစည္းေတြ၊ ေဘာင္ေတြ၊ ဒီဟာေတြ ေပတံ ေတြပဲ။ အႏုပညာနဲ႔ မဆိုင္ဘူး။ ေပတံတစ္ေခ်ာင္းပဲ။ ဒါ ကေလးတစ္ေယာက္ လမ္းေလွ်ာက္တတ္ေအာင္ သင္ေပးသလိုပဲ။ အဲလိုမ်ိဳး။
Modern Rock ေတြေရာ ဒိုးလုံး စိတ္ဝင္စားလား။
-အခုပဲ ၾကည့္ေလ။ Alternative ဆိုတာ အကုန္လုံး Modern Rock ေတြပဲ။ Alternative ကေန ဆင္းသက္လာတဲ့ Family ကို ဆြဲခ်လိုက္ရင္ Alternative Version ဆိုရင္ အကုန္လုံးက Modern rock ေတြခ်ည္းပဲ။အဲဒီကေန ခြဲထြက္သြားတာ။ Modern Rock ဆိုတာ Alter ကလာတဲ့ ေရေသာက္ျမစ္ တစ္ခုပါပဲ။ အရင္တုန္းက Rock ကေန စခဲ့တယ္။ ၿပီးေတာ့ Heavy Rock ၊ေနာက္ေတာ့ Heavy Metal ။ အဲဒီလိုပဲေပါ့။ အခု Alternative Version ဆိုျခင္းေၾကာင့္ Modern Rock ေတြခ်ည္းပဲ လာမွာေပါ့။ အဲဒီမွာ Pop ေတြ ဘာေတြ မပါေတာ့ဘူး။ Heavy ေတြလည္း မပါေတာ့ဘူး။
ဟန္သစ္မဂၢဇင္းမွာ ပါခဲ့တဲ့ Alter အဓိပၸါယ္ ဖြင့္ဆိုခ်က္ေတြကို ဒိုးလုံး ဖတ္ခဲ့ရသလား။
-ဖတ္ရတယ္။ အဲဒီမွာ ကြၽန္ေတာ္ေျဖထားတယ္ေလ။
ဒိုးလုံးရဲ႕ အဲဒီတုန္းက ဖြင့္ဆိုခ်က္နဲ႔ အခုထက္ထိေတာ့ ဒါပဲေလ။ သူတို႔ဖြင့္ဆိုခဲ့တဲ့ အေပၚမွာ ခင္ဗ်ားဘယ္လိုျမင္သလဲ။ ဒီေမးခြန္းကို ေမးရဲတာက ခင္ဗ်ားက ခင္ဗ်ား အဓိပၸါယ္ ဖြင့္ခဲ့သလို Alter ျဖစ္လာခဲ့လို႔ပါပဲ။
-ကြၽန္ေတာ္ အဲဒီအခ်ိန္ကေတာ့ ကိုယ့္အယူအဆနဲ႔ ကိုယ္ေပါ့ေနာ္။ ကိုယ့္ရဲ႕ေမြးဖြားရာ၊ ကိုယ့္ဇာတိ၊ ကိုယ့္သေႏၵ၊ ဒီအေပၚ မူတည္ၿပီးေတာ့ လူေတြဟာ စဥ္းစားေတြးေခၚတတ္တာေလ။ သိတယ္မဟုတ္လား။ သူတို႔ေျပာတာလဲ သူတို႔မွန္ေနတာပဲေလ။ ကြၽန္ေတာ္ေျပာတာလဲ ကြၽန္ေတာ္မွန္ေနတာပဲ။ ဒါေပမယ့္ လူေတြအမ်ားႀကီးကို ၾကည့္လိုက္။ ဘယ္သူ႔ရဲ႕စကားကို လက္ခံသလဲ၊ ဘယ္သူေတြက လက္ခံသလဲ။ အဲ့ဒီဟာကို ၾကည့္ရတာေပါ့။ အခ်င္းခ်င္း ရန္တိုက္ေပးသလိုေတာင္ ျဖစ္တယ္။ ဒီေမးခြန္းေတြကေလ။ ဒါေၾကာင့္ ကြၽန္ေတာ္ေျပာတာ ရင္တြင္းျဖစ္ပဲ။ လြတ္လပ္ျခင္းတစ္ခုပဲ။ လြတ္လပ္ျခင္း ဆိုေပမယ့္ ဝ႐ုန္းသုန္းကားေတာ့ မလုပ္နဲ႔၊ မရဘူး။ ရင္တြင္းျဖစ္ အရင္းႏွီးဆုံး သံစဥ္ျဖစ္ရမယ္။ ကိုယ့္ကိုယ္ကိုဟန္မေဆာင္နဲ႔။ မလိမ္နဲ႔၊ မညာနဲ႔ ကိုယ္တတ္တဲ့အတိုင္း ၊ ဘာမွရွက္စရာ မရွိဘူး။ ကိုယ္ေက်နပ္တယ္၊ တန္တယ္ဆိုရင္ လုပ္ပစ္လိုက္။ ဒါ Alter ပဲ။
ခင္ဗ်ားသီခ်င္းေရးေတာ့ Drum Patterm ကိုအရင္ခ်ေရးသလား။
-ကြၽန္ေတာ္မ်ားေသာအားျဖင့္ သီခ်င္းကို Chord Phrasing အရင္ေရးတာ ရွိတယ္။ ကြၽန္ေတာ္ အမ်ိဳးမ်ိဳးေရးတယ္။ ဘာမွမပါဘဲ ပါးစပ္နဲ႔ သီခ်င္းစာသားနဲ႔ပဲ ခရီးသြားေနရင္းလည္း ေရးတယ္၊ ေနာက္ၿပီး Drum Pattern ေတြ အကုန္စီၿပီးေတာ့မွလည္း ေရးတယ္။
ခုကာလမွာ ကြၽန္ေတာ့္အယူအဆက Lyric,Composer, Musician အားလုံး Home Studio နဲ႔ Computer ရွိရမယ္ထင္တယ္ဗ်။
-မယူဆနဲ႔၊ မွားသြားမယ္။ အဲဒါေတြက “အဆိပ္”ေတြ။ ဒီအႏုပညာကို ဖန္တးီးေပးတဲ့ စက္ပစၥည္းေတြ အားလုံးသည္ အဆိပ္ေတြလို႔ မွတ္ထားလိုက္၊ လုံးဝအဆိပ္ေတြ။ ဘာလို႔လည္းဆိုေတာ့ တကယ္ဦးေႏွာက္စားတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ေတြးေခၚေနတဲ့ Mind ေတြကို ဖ်က္ဆီးတယ္။ သူကဒုကၡေပးေနတယ္ေလ။ ဘယ္နား Harm ထြက္ေနမွန္း မသိဘူး။ ကိုင္း ဒီကေကာင္က လိုက္ရွာေနရၿပီ။ အဲဒီမွာ ကြၽန္ေတာ္စဥ္းစားေနတဲ့ စာသားေတြက ေပ်ာက္သြားေရာ။ ခံစားခ်က္ေတြ ေပ်ာက္သြားေရာ။ Pattern ေတြအတြက္ေတာ့ အဆင္သိပ္ေျပတာေပါ့။ ဒါေပမယ့္ အဆိပ္ပဲ။ အမွန္က “လက္”နဲ႔ တီးရမွာေလ။ ဒီေကာင္ေတြကေတာ့ တီးစရာမလိုေတာ့ဘူး။ ေရေရလည္လည္ ေကာင္းတာကိုး။ တီးစရာ မလိုေတာ့ဘူး။ ခလုတ္ႏွိပ္လိုက္တာနဲ႔ တန္းလာၿပီး အလြယ္လိုက္သြားၿပီ။ အလြယ္လိုက္သြားၿပီ ဆိုကတည္းက ကြၽန္ေတာ္တို႔သည္ ႀကိဳးစားခ်င္တဲ့စိတ္ တစ္ဝက္ေလ်ာ့သြားၿပီ၊ အေကာင္းဆုံးကို အႀကံေပးရရင္ Hollow Guitar ေလးတစ္လုံးဟာ အေကာင္းဆုံးပဲ။
ဒိုးလုံးရဲ႕ အခု Home Studio လုပ္ထားတာက သီခ်င္းေရးဖို႔လား။
-ဒါက ကြၽန္ေတာ့္သီခ်င္းေတြ အတြက္ပဲ။ ကြၽန္ေတာ့္သီခ်င္းေတြကို စိတ္ကူးေပါက္ၿပီး တေရးႏိုးမွ ရလို႔ရွိရင္ ထဆိုလို႔ ရေအာင္လို႔ပါ။ Main က အဲဒါပဲ။ စီးပြားျဖစ္ေတာ့ မလုပ္ပါဘူး။ ကြၽန္ေတာ္ သူမ်ားသီခ်င္း အပ္ရင္လည္း ေရးေပးပါတယ္။ ကြၽန္ေတာ္စဝင္လာတ အဆိုေတာ္ အေနနဲ႔ စဝင္လာတာ မဟုတ္ဘူး။ Composer Life နဲ႔ စခဲ့တာပါ။
ဦးေက်ာ္က ခင္ဗ်ားကို မစားလိုက္ဘူးလား။ DVD ေခြမွာေလ။
-စားတယ္ေလ။ …………………………………….ေက်နပ္ေအာင္ ၊တန္ေအာင္။ သူကလည္း ကြၽန္ေတာ့္ကို စားတယ္၊ ကြၽန္ေတာ္ကလည္း သူ႔ကိုစားတယ္။ သူက Alter ျပန္လာၿပီး တက္သိမ္းလို႔ ရမယ္ထင္တာ။ လုံး၀ မရဘူး။ ကြၽန္ေတာ္ကေတာ့ ခ်က္ခ်င္းသိသြားၿပီ။ မရေတာ့ဘူး။ တာ့တာလို႔။
အခု DVD အသစ္လုပ္ဖို႔ ရွိသလား။
-မရွိေသးဘူး၊ တစ္ကိုယ္ေတာ္ အေခြေပါ့။ နံပါတ္၄ အေခြေပါ့။ ဒီေကာင့္ထက္ (ဒိုးလုံး အေကာင္းဆုံးေတးမ်ားကို ရည္ၫႊန္းျခင္း ျဖစ္ပါသည္) ေကာင္းတဲ့ အေခြတစ္ေခြ လုပ္ျပမယ္။ ဒီဟာထက္ မေကာင္းဘူးဆိုရင္ လူေတြ အျပစ္ေျပာၾကေတာ့မယ္။
ဒိုးလုံးက VCD ေတြ DVD ေတြ ႐ိုက္ေနၿပီဆိုေတာ့ Performance Art ကို စိတ္ဝင္စားလာၿပီေပါ့ေလ။
-Performance Art ကို စိတ္ပါလားဆိုရင္ ကြၽန္ေတာ့္ရဲ႕ ငယ္ငယ္က စိတ္တစ္ခုကို ေျပာျပမယ္။ ကမာၻႀကီးေပၚမွာ ေလတိုက္လို႔ သစ္႐ြက္ေလးတစ္ခု လႈပ္သြားတာဟာ အဓိပၸါယ္ ရွိတယ္လို႔။ အဲဒါဆိုရင္ Performance Art က ကုန္သြားၿပီ။ ဘယ္အရာမွ အလကားမဟုတ္ဘူး။ ေလတိုက္လို႔ သစ္႐ြက္ကေလး လႈပ္သြားရတယ္။ သစ္႐ြက္ကေလး လႈပ္သြားရတဲ့ အေၾကာင္းရင္းက ဘာလို႔လဲစဥ္းစား။ Performance ပဲ။ ဒါ ကြၽန္ေတာ္ျမင္တဲ့ Performance Art ကေတာ့ အဲလိုေပ့ါ။
ပြဲတစ္ပြဲ (ဟိုတယ္ပြဲ) မွာ DL က ေမွာ္ဆရာလိုလို ဝတ္လာခဲ့တယ္။ ခြဲစိတ္ခန္း ဝတ္စုံလိုလို ဝတ္လာခဲ့ဖူးလို႔ ေမးရတာ။ Performance ဓာတ္ကေလး ရွိပုံရလို႔ပါ။
-ဥပမာ ကြၽန္ေတာ္ “အၿငိမ္”ေပါ့ေနာ္။ ကြၽန္ေတာ့္ကို ကန္ထ႐ိုက္က ေျပာတယ္ေပါ့။ မတ္တပ္ထလို႔ မရဘူးေပါ့ေနာ္။ ထိုင္ၿပီး ၿငိမ္ၿငိမ္ပဲ ဆိုရမယ္လို႔ ဆိုခဲ့လို႔ရွိရင္ ကြၽန္ေတာ္က ဘယ္လိုမ်ိဳး Performance လုပ္သြားသလဲဆိုေတာ့ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ အမ်ိဳးမ်ိဳး ျခယ္သ သြားမယ္။ ၿပီးေတာ့ ထိုင္ေနရတာကိုပဲ ရေအာင္ “က”မယ္။ ဒါကေတာ့ စိတ္တစ္ခုေပါ့ေနာ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ လူေတြရဲ႕ Attraction ကို စိတ္ဝင္စားမႈ တစ္ခုကို ယူဖို႔အတြက္ Performance လုပ္ရမယ္။ သီခ်င္းကို ဒီလိုပဲ မတ္တပ္တက္ဆို၊ ဒါကေတာ့ သီခ်င္းဆိုတာပဲ။ ငါ့သီခ်င္းကို ၾကားဖူးမထားဘူး။ နားမေထာင္ဖူးတဲ့သူေတြကို ငါနံပါတ္ (၁) Performance နဲ႔မွ စၿပီး ဆြဲေဆာင္မယ္ ဆိုတာပါ။
ပရိသတ္ကို Performance လုပ္တာကိုး။ ပရိသတ္နဲ႔ ကိုယ္နဲ႔မွ်ေအာင္ သူတို႔ကို ေခၚရေသးတာကိုး။ တစ္ခါတစ္ေလ ပရိသတ္က လိုက္မလာႏိုင္တာတို႔၊ ကိုယ္ကလည္း လိုခ်င္လြန္း အားႀကီးသြားတာတို႔၊ အဲဒါမ်ိဳး ျဖစ္ဖူးမယ္ ထင္တယ္။
-ပထမဦးဆုံး ျဖစ္ဖူးခဲ့တာကေတာ့ “ျမရိပ္ညိဳ”မွာ။ ကြၽန္ေတာ့္ Life မွာ တစ္ခါမွ “ေရသန႔္ဘူး” နဲ႔အေပါက္မခံခဲ့ရဖူးဘူး။ သူတို႔တစ္ေတြက စၿပီး ေရသန႔္ဘူးနဲ႔ ေပါက္ၾကတာ။ ကြၽန္ေတာ္က ေတာင္းပန္တယ္။ လာ ဆိုၾကမယ္။ ဒါေပမယ့္ အဲလို ျဖစ္သြားတာကေတာ့ ကြၽန္ေတာ္လည္း မွားတာပါပဲ။ ေဘးနားက လူေတြအားလုံးက ကြၽန္ေတာ့္သီခ်င္းကို လိုက္ဆိုၾကတယ္။ ေဘးနားက ဝိုင္းေလးတစ္ဝိုင္းကပဲ ကြၽန္ေတာ့္ကို ေရသန႔္ဘူးနဲ႔ ေပါက္ခဲ့တာ။ အဲေတာ့ ကြၽန္ေတာ္ Performance လုပ္ေနတုန္း စိတ္အေႏွာင့္အယွက္ေပးေနေတာ့ Feel က “ငုပ္” ကေရာ။ အဲဒီအနားက Group ပဲ။ ကြၽန္ေတာ္ေတာင္းပန္တယ္။ မလုပ္ပါနဲ႔။ လာပါ။ Happy New Year ပဲ။ ေတာင္းပန္တယ္။ ေတာင္းပန္တဲ့ အခ်ိန္မွာ ဘယ္လိုျဖစ္သြားတာလဲ ဆိုေတာ့ ကြၽန္ေတာ္ရွက္သြားခဲ့တယ္။ ကြၽန္ေတာ့္ Life မွာ မရွိဘူး။ ကြၽန္ေတာ္ အစြမ္းကုန္သေလာက္ “ေပး” ေနတာပါ။ အဲဒီမွာ သူတို႔က သူတို႔ကို ေစာ္ကားေနတယ္လို႔ ယူဆၿပီး ေရသန႔္ဘူးနဲ႔ ေပါက္တာေနမွာေပါ့။ အဲဒီမွာတင္ ကြၽန္ေတာ္ရွက္သြားတာ။ ငါတကယ္ေတာ့ အဲဒီလိုမ်ိဳး ျဖစ္ေနရပါလား၊ သူတို႔ ေရသန႔္ဘူးနဲ႔ ေပါက္ရေလာက္ေအာင္ ျဖစ္ရပါလားဆိုၿပီး နည္းနည္း ရွက္တဲ့စိတ္ကလည္း ပါသြားတာေပါ့။ အဲဒီမွာတင္ ဘာေတြ ျဖစ္သြားသလဲ မသိပါဘူး။ ၆ သိန္းခြဲေတာ့ ထြက္သြားေတာ့တာပဲ။ အမွန္က “ကတ္ကိုဘိန္း” ကိုအားက်လို႔ အတုခိုးလို႔ မဟုတ္ပါဘူး။ မြဲသြားတယ္။ လုံးဝမြဲသြားမယ္။ အဲဒီညက ပြဲက ဆုံးေနပါၿပီ။ အဲဒီအခ်ိန္မွာ အပိတ္ကေလးေပါ့။ Alternative ပိတ္တာကေတာ့ တစ္မ်ိဳးေပါ့ေနာ္။ ခုျဖစ္ရပ္ကို Performance သက္သက္လို႔ပဲ ယူဆလိုက္ၾကပါလို႔။ ဒီျဖစ္ရပ္ဟာ ကြၽန္ေတာ္ ပရိသတ္ကို လုံးလုံး မေစာ္ကားဘူး။ ပရိသတ္ကို ကြၽန္ေတာ္ တကယ္ေလးစားပါတယ္။ ကြၽန္ေတာ္ ေတာင္းပန္စာတစ္ေစာင္ ေရးမယ္လို႔ပါ။ အဲဒီစာေရးၿပီးေတာ့ မဂၢဇင္းေတြ၊ ဂ်ာနယ္ေတြကေန ျဖန႔္မယ္ဗ်ာ။ ကြၽန္ေတာ္ ေအးေဆး။ အပီအျပင္ေရးခ်င္တာ။ ေရးၿပီးမွ အကုန္လုံးကို လိုက္ပို႔မွာ။ ေတာင္းပန္စာထည့္မွာ။ အစ္ကိုကလည္း ပရိသတ္မုန္းေအာင္ မေရးလိုက္နဲ႔ဦးေနာ္………

Credit~~~~~WHAT-Music Group
လြမ္းမိပါတယ္ ကိုဒိုးလုံးရယ္…….😢

Unicode ဖြင့်ဖတ်ရန်

 

ကိုလေးဖြူနဲ့ပြသနာဖြစ်တာကောပါတယ်….တကယ့်တန်ဖိုးရှိပါတယ်..ဖတ်ကြည့်ကြပါဦး……
ဒိုးလုံးက Alter ချည်းပဲ လုပ်ခဲ့သူဆိုတော့ Alter ကို ဘယ်လို ဖွင့်ဆိုပေးမလဲ။
-Alter အကြောင်းဖွင့်ဆိုချက်ဆိုရင် စာဆန်ဆန် ပြောလို့ရှိရင် ရင်တွင်းဖြစ် အရင်းနှီးဆုံးသော သံစဉ်ဖြစ်ပါတယ်။ လူငယ်ဆန်ဆန် ပြောရရင်တော့ “ဟေ့ကောင်တွေ ပျော်ပျော်သာနေကြ၊ လုပ်ချင်ရင်သာလုပ်၊ ကိုယ့်စိတ်ထဲမှာ ရှိတာတွေကို ကိုယ်တတ်ရင် တတ်သလောက်သာလုပ်၊ ပြီးရင် ကိုယ်ကျေနပ်၊ တန်တယ်၊ ကျေနပ်တယ်ဆိုရင် ဒါပဲ။ Free လွတ်လပ်ချင်တယ်ကွာ ဒါပဲ”။
ဒိုးလုံး စန္ဒယားတီးတယ်နော်။
-တီးတယ်။ တကယ့် Main ကတော့ စန္ဒရားတီးတာပေါ့။ စန္ဒရားမတီးတာ (၁၀)နှစ်လောက် ရှိမှာပေါ့။ ကျွန်တော် နံပါတ်(၁)က Classic တွေ တီးခဲ့ရတာ။ ကျွန်တော့်အမေက ကျွန်တော့်ကို တုတ်နဲ့ရိုက်တာ။ ကျွန်တော်ဘောလုံး မကန်တတ်ဘူး။ သူများ ဘောလုံးကန်နေတဲ့ အချိန်မှာ ကျွန်တော်က မျက်ရည်နဲ့မျက်ခွက်။ ပီယာနိုတီးနေရတာ အဲဒီလိုမျိုး။
မိန်းမရတာနဲ့ အမေရတာတွေရော ကံကောင်းခဲ့ရဲ့လား။
-ကျွန်တော်ကနှစ်ခုစလုံးကို ကံကောင်းတယ်။ သူတို့တစ်တွေက ကျွန်တော့်စိတ်ကို အရမ်းနားလည်ပေးတယ်ဗျာ။ ကျွန်တော် လုပ်ချင်ရာကိုလုပ်။ ကျွန်တော့်ရဲ့စိတ်။ ကျွန်တော့်ရဲ့ စိတ်ဆန္ဒပေါ့နော်။ ကျေနပ်နေမယ် ဆိုရင်လုပ်။ ကျွန်တော်က အမြဲပဲ သူတို့နှစ်ယောက် မျက်နှာကို ကြည့်တယ်ခင်ဗျ။ ကျွန်တော့်ကမ္ဘာကြီးပါ။ သူတို့ စိတ်ဆင်းရဲနေတယ်ဆိုရင် ကျွန်တော်ကမ္ဘာပျက်ပြီဗျ။ သူတို့ကလည်း ကျွန်တော့်ကို အရမ်းအလိုလိုက်တယ်။ နားလည်တယ်ဗျ။ အခုအနုပညာလုပ်တယ်ဆိုရင် “စက်တွေ” လိုချင်တယ်ဆိုရင် ဝယ်ပေးတယ်။ ဝယ်။ အဓိကကတော့ အပြင်မသွားနဲ့။ သူတို့က အဲဒီတစ်ခုတော့ ရှိတယ်ပေါ့။ အပေါင်းအသင်းတွေ မများမိစေနဲ့။ အိမ်ထဲမှာနေ။ အိမ်ထဲမှာဆိုရင် ကြိုက်တာလုပ်။
ခင်ဗျားအသက် ဘယ်လောက်ရှိပြီလဲ။
-၂၅နှစ်၊ အခုလာမယ့် ၁၄ ရက်နေ့ဆိုရင် ၂၅ နှစ်ပြည့်မယ်။ (မှတ်ချက်- အင်တာဗျူးမှာ ၂၀၀၃ ခုနှစ်ဖြစ်သည်။)
ငယ်ငယ်တုန်းက စန္ဒရားတစ်လုံးက…။
-အမေဝယ်ပေးတာ။
မိုးမိုးနဲ့ပါပါးက…။
-ဦးစတင်းဖိုဒ့်နဲ့ ဒေါ်ဌေးဌေးယု။
အဲဒီတော့ ငယ်ငယ်တုန်းက ပီယာနိုဝယ်ပေးခဲ့ပြီ။ ခုကြီးတော့ စတူဒီယိုပစ္စည်းတွေ ဝယ်ပေးတယ်ပေ့ါ။
-Studio ပစ္စည်းတွေကတော့ ကျွန်တော်ဝယ်တာပေါ့။ မိန်းမနဲ့ အတိုက်အခံ လုပ်ပြီးတော့ ကျွန်တော်က “ကား”မစီးဘူး။ ဖုန်း မကိုင်ဘူး။ ကျွန်တော်လုပ်ချင်တာက ဒါပဲ။
့မြန်မာ့ခေတ်ပေါ်ဂီတမှာ Alter ကိုစတင်သွင်းတာ ဒိုးလုံး နဲ့ The Ants တို့ပေါ့နော်။
-The Ants နဲ့ ကျွန်တော်နဲ့ စတာပါ။ ဒါပေမယ့် ကွဲသွားကြတာ။ အဲလိုကွဲသွားကြတော့ ပြိုင်လို့ရပြီ။ မင်းတို့အရင်ထွက်မလား။ ငါအရင်ထွက်မလား၊ နာမည်ယူကြရတော့မှာကိုး။
မောင်မောင်ဇော်လတ်တို့နဲ့လား။
-အင်း The Ants နဲ့ ကျွန်တော်နဲ့ လိုင်းကွဲသွားရတာ “ကိုလေးဖြူ” ကြောင့်။ ကိုလေးဖြူက ကြားကနေ ကျွန်တော့်ကို လာချုပ်တာ။ ကဲ ဒိုးလုံး မင်း The Ants မှာဆိုလို့ရှိရင် (The Ants ထုတ်လုပ်သူက လေးဖြူ) တခြား ဘာခွေမှ ဆိုလို့မရတော့ဘူး။ အဲဒါနဲ့ ကျွန်တော့်အမေကို ကျွန်တော်ပြောပြတယ်။ အဲလိုပဲ။ ကျွန်တော့်ကို စာချုပ်ချုပ်တယ်။ အဲတော့ အမေက “မဆိုနဲ့ ငါ့သားရေ။ ငါလုပ်ပေးမယ်”ဆိုတော့ အဲဒါနဲ့ The Ants နဲ့ ကွဲသွားရော။ Alternative ဆိုတာ မြန်မာပြည်မှာ ပြောရဲပါတယ်။ အခုလက်ရှိ စီးဆင်းနေဆဲ သွေးထဲမှာ ရှိတာ အယ်နောင်းရယ်။ အယ်ဖြူရယ်၊၊ ဇော်လတ် (မောင်မောင်ဇော်လတ်) ရယ်၊ ကျွန်တော်ရယ်ပဲ ရှိတာပါ။ ဒါအခိုင်အမာ ရှိတာ။ ကျွန်တော်အခု ပြန်ပေါင်းစပ်ဖို့ အစီအစဉ် အများကြီးရှိတယ်။ အဲမှာ သူ့မာနနဲ့ ကိုယ့်မာန ပြိုင်ကြတာ။ ဘယ်သူအရင်ထွက်မလဲကွ ဆိုပြီးတော့။ ဒီ Alternative တွေကို မြန်မာနိုင်ငံမှာ ဘယ်သူအရင်လုပ်မလဲ ဆိုပြီး ကြိုးစားခဲ့ကြတာ။ အဲလိုကျတော့ ကျွန်တော်အရင် ထွက်တယ်။ Quality ကအစ၊ မခံချင်စိတ်နဲ့ ကြိုးစားလိုက်တာ၊ ကျွန်တော် အဲဒီတုန်းက….
Alter ပဲလုပ်လုပ်၊ ဘာ Music ပဲလုပ်လုပ် သင်ရိုးကတော့ ကြေဖို့လိုမယ် ထင်တာပဲဗျာ။ ဘာလို့ဆိုတော့ ခင်ဗျားကိုပဲ ကြည့်လေ။ ခင်ဗျားက ပီယာနိုတီးလာတာလေ။
-ကြေရတာပေါ့။ ကျွန်တော် International Grade 1 ကြေလိုက်တာမှ မွတ်နေတာပဲ။ World Standard ရဲ့ Grade 1 နော်။ အသက်အားဖြင့် (ဒုတိယတန်း) ကနေပြီးမှ ၈ တန်းအထိ ကျွန်တော်တီးခဲ့ရတာ။ ဘာသီချင်းမှ မတီးရဘူး။ Notes တွေချည်း တီးခဲ့ရတာ။
ခင်ဗျားတို့ အားလုံးက တကယ့်အတီးသမားတွေချည်းပါပဲ။
-ကျွန်တော့်အပေါ် လူတွေရဲ့ အမြင်က တစ်မျိုးပေါ့နော်။ Alternative ဆိုတာ ဘာမှမတတ်ပဲ လုပ်လို့ရတယ်ပေါ့ဗျာ။ တကယ်က ကျွန်တော်တို့ မြင်တာက အဲဒါတွေကို သွေဖည်ရတာလို့။ ဟုတ်တယ်မဟုတ်လား။ ဥပမာဗျာ A.. Cm … F..G တီးနေတဲ့သူတွေ၊ ဒီ Music တွေက ငြီးသွားပြီဗျာ။ ကျွန်တော်တို့က သိသိကြီးနဲ့ တမင်ချိုးပြီး လုပ်ယူရတာ။ လူတွေက အမျိုးမျိုး နားလည်မှု လွဲနေကြတယ်။ ဒါပေမယ့် ကျွန်တော်က ပြောပြပါတယ်။ ရင်တွင်းဖြစ် အရင်းနှီးဆုံး သံစဉ် ဆိုတော့ မပုတ်ခတ်ပါဘူး။ A ရယ်၊ Cm ရယ်၊ F ရယ် G ရယ် တီးတတ်ရင်လည်း သီချင်းရေးလို့ ရတယ်နော်။ သူ့ခံစားချက်နဲ့သူ ရေးလို့ရတယ်။ ဒါ Alter ပဲ။ ကျွန်တော်ဆိုလိုတာက ဒူ…ထပ်…ထပ်.. ဒူထပ် ဆိုတဲ့ Drum Pattern မျိုးမှ Alter မဟုတ်ဘူး။ လူတွေကလည်း အဲဒါလည်း အစွဲအလမ်း ရှိသေးတယ်။ မဆိုင်ဘူး၊ ရေး။ ကိုယ်စိတ်ကျေနပ်မယ်၊ စိတ်ချမ်းသာတယ်၊ ကိုယ်ကျေနပ် နေတယ်ထင်တယ်ဆိုရင် လုပ်ပစ်လိုက်။ Nirvana ရှောသွားတယ်။ Sucide လုပ်တယ်။ သူကျေနပ်တယ်၊ သူတန်တယ်ထင်လို့ သူသိမ်းလိုက်တာလေ။ တစ်ကမ္ဘာလုံးကို သိမ်းလိုက်တာလေ။
ဒိုးလုံးရဲ့ Ideal (စံပြပုဂ္ဂိုလ်)ပေါ့။ ဘယ်သူတွေ ရှိမလဲ။
-ကျွန်တော်လေးစားတဲ့ ပုဂ္ဂိုလ်တွေ ဆိုလို့ရှိရင် Queen ရယ်၊ နံပါတ်(၁)က Queen ကွာ။ Skid Row ကကောင စပတ်ရှဲဗတ်၊ အဲဒီကောင် အရမ်းရိုင်းတယ်ကွာ။ အဲဒါကို ကြိုက်တယ်။ အဲလစ်အင်ချိန်းရယ်။ နဗားနားက ကတ်ကိုဘိန်း ရယ်ပေ့ါ။ Alternative ဘက်မှာတော့ အဲလစ်အင်ချိန်းနဲ့ ကတ်ကိုဘိန်း။ ကျွန်တော် စံထားတာပေါ့။ သူတို့ရဲ့ သွေဖည်တဲ့ဟာတွေကိုပေါ့။ ဘာကြောင့်လဲဆိုရင် ကမ္ဘာပေါ်မှာ သူတို့ပဲ ရမ်းနေကြတာပဲ၊ လုပ်နေကြတာပဲလေ။
Santana ပြန်ဖြစ်လာတဲ့အပေါ် ဒိုးလုံးအမြင်၊ ကားလိုစ့်စန်တာနာဆိုတာ တစ်သက်လုံး လက်တင်မုဒ်တွေချည်း တီးခဲ့သူကြီးဗျာ။
-လောကကြီးမှာဗျာ လူတွေက ရှင်းရှင်းပြောရလို့ရှိရင် ဘောင်းဘီက အတိုကနေ ရှည်သွားတယ်။ ရှည်သွားရာကနေ တိုသွားပြန်ရော၊ ပွသွားတယ်။ ပွပြီးတော့ ကျဉ်းသွားတယ်။ ဟုတ်တယ်နော်။ အကျီရှည်လာတယ်၊ တိုသွားတယ်။ ကျယ်သွားတယ်၊ ကျုံသွားတယ်၊ ဒါပဲရှိတယ်။ Limit ဟုတ်တယ်ဟုတ်။ ဒီ Santana ကိုလည်း ငြီးငွေ့လို့ အီသွား့လို့ရှိရင် ဘာပြောမလဲ။ ဒါမကောင်းပါဘူး။ မေ့သွားရော။ နောက်တစ်ခါ တစ်ကြော့ပြန်လာပြန်ရော။ အသစ်အဆန်းကြီးလိုဖြစ်လို့။ ကောင်းတယ်၊ ဒါကြီးကောင်းတယ်။ ဒါပဲ နောက်ဆုံးတော့။ ကျွန်တော့်အမေက ကျွန်တော်မွေးကတည်းက Carpenter တို့ ABBA တို့နဲ့ ကြိုက်ခဲ့ ကြီးပြင်းခဲ့ရတာ။ ကျွန်တော်မှီတယ်နော်။ ခုနကျွန်တော်ပြောခဲ့သလို ဘာမှ Foundation မရှိတဲ့ သူတစ်ယောက်က ဂီတကော့ဒ် သုံးလေး၊ ငါးခု တီးတတ်ရင် သီချင်းရေးလို့ရတယ်။ တကယ့်ကို အခြေခံကို ကျကျနန လုပ်ပြီးတော့မှ အကုန်လုံးကို သိပြီးတော့ အကွက်ကျကျ ဆင်ပြီးရေးသွားတာ။ (ဒါက ရေးတာတစ်ခုနော်)။ အဲဒါတောင်မှ True Story ဆိုတာလိုတယ်။ “ရင်ဘက်ထဲက နာနေရတဲ့ဟာ”။ အဲဒီ True Story ဆိုတာ လိုတယ်။ ငါ ဒီအချိန်မှာ ကြေကွဲနေတယ်။ ငါ အဲဒီကြေကွဲနေတာ စာသားတွေက ကဗျာဖတ်ထားတဲ့ အထဲက (ကဗျာထဲက) စာသားတွေ မဟုတ်ဘူး။ ဒီရင်ဘက်ထဲက ထွက်နေတဲ့ စာသားတွေ။ တစ်မျိုး မမြင်နဲ့နော်၊ ကျွန်တော်ဆိုရင် လုံးဝကဗျာ မဖတ်ဘူး။ လုံး၀ ရင်တွင်းဖြစ် အမှန်အကန်ပဲ ရေးတာ။ ကျွန်တော့် သီချင်းတွေကို ကြည့်လိုက်ပါ။ ကျွန်တော့်ကို အခုသီချင်းလာအပ်တဲ့ သူတွေ အများကြီး ရှိတယ်။ ကျွန်တော် ပိုက်ဆံယူပြီးသွားရင် ဘာပြောသလဲဆိုတာ ကျွန်တော့်ကိုစောင့်ပေးပါ။ တစ်လလောက်တော့ အနည်းဆုံး စောင့်ပေးပါ။ ကျွန်တော် ရင်တွင်းဖြစ်၊ ကျွန်တော့်ရင်ထဲက ဟာပဲ ရေးပေးချင်တယ်။ ကျွန်တော် စိတ်ဆိုးနေလို့ရှိရင် ကျွန်တော့်သီချင်းက မြန်နေမယ်။ ကျွန်တော် ပေါက်ကွဲချင်ရင်လည်း ကျွန်တော့်သီချင်းက အဲလိုမျိုး၊ ကျွန်တော် ချစ်နေတယ် ဆိုရင်လည်း အချစ်တွေ ရေရေလည်လည် နုရွတာပေါ့၊ လာတာပေါ့။ ကျွန်တော်က အဲဒီလိုမျိုး စာမဖတ်ဘူး။ ကဗျာမဖတ်ဘူး။ အဲလိုမျိုး… ဒါကြောင့် ကျွန်တော့်ရင်ထဲက ထွက်တဲ့ ဟာတွေပဲ။ ပင်ကို ရင်တွင်းဖြစ်တွေပဲ။ ခုနကပြောခဲ့တဲ့ ငယ်ငယ်တုန်းက သင်ကြားခဲ့ရတာ။ ဒီစည်းတွေ၊ ဘောင်တွေ၊ ဒီဟာတွေ ပေတံ တွေပဲ။ အနုပညာနဲ့ မဆိုင်ဘူး။ ပေတံတစ်ချောင်းပဲ။ ဒါ ကလေးတစ်ယောက် လမ်းလျှောက်တတ်အောင် သင်ပေးသလိုပဲ။ အဲလိုမျိုး။
Modern Rock တွေရော ဒိုးလုံး စိတ်ဝင်စားလား။
-အခုပဲ ကြည့်လေ။ Alternative ဆိုတာ အကုန်လုံး Modern Rock တွေပဲ။ Alternative ကနေ ဆင်းသက်လာတဲ့ Family ကို ဆွဲချလိုက်ရင် Alternative Version ဆိုရင် အကုန်လုံးက Modern rock တွေချည်းပဲ။အဲဒီကနေ ခွဲထွက်သွားတာ။ Modern Rock ဆိုတာ Alter ကလာတဲ့ ရေသောက်မြစ် တစ်ခုပါပဲ။ အရင်တုန်းက Rock ကနေ စခဲ့တယ်။ ပြီးတော့ Heavy Rock ၊နောက်တော့ Heavy Metal ။ အဲဒီလိုပဲပေါ့။ အခု Alternative Version ဆိုခြင်းကြောင့် Modern Rock တွေချည်းပဲ လာမှာပေါ့။ အဲဒီမှာ Pop တွေ ဘာတွေ မပါတော့ဘူး။ Heavy တွေလည်း မပါတော့ဘူး။
ဟန်သစ်မဂ္ဂဇင်းမှာ ပါခဲ့တဲ့ Alter အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို ဒိုးလုံး ဖတ်ခဲ့ရသလား။
-ဖတ်ရတယ်။ အဲဒီမှာ ကျွန်တော်ဖြေထားတယ်လေ။
ဒိုးလုံးရဲ့ အဲဒီတုန်းက ဖွင့်ဆိုချက်နဲ့ အခုထက်ထိတော့ ဒါပဲလေ။ သူတို့ဖွင့်ဆိုခဲ့တဲ့ အပေါ်မှာ ခင်ဗျားဘယ်လိုမြင်သလဲ။ ဒီမေးခွန်းကို မေးရဲတာက ခင်ဗျားက ခင်ဗျား အဓိပ္ပါယ် ဖွင့်ခဲ့သလို Alter ဖြစ်လာခဲ့လို့ပါပဲ။
-ကျွန်တော် အဲဒီအချိန်ကတော့ ကိုယ့်အယူအဆနဲ့ ကိုယ်ပေါ့နော်။ ကိုယ့်ရဲ့မွေးဖွားရာ၊ ကိုယ့်ဇာတိ၊ ကိုယ့်သန္ဒေ၊ ဒီအပေါ် မူတည်ပြီးတော့ လူတွေဟာ စဉ်းစားတွေးခေါ်တတ်တာလေ။ သိတယ်မဟုတ်လား။ သူတို့ပြောတာလဲ သူတို့မှန်နေတာပဲလေ။ ကျွန်တော်ပြောတာလဲ ကျွန်တော်မှန်နေတာပဲ။ ဒါပေမယ့် လူတွေအများကြီးကို ကြည့်လိုက်။ ဘယ်သူ့ရဲ့စကားကို လက်ခံသလဲ၊ ဘယ်သူတွေက လက်ခံသလဲ။ အဲ့ဒီဟာကို ကြည့်ရတာပေါ့။ အချင်းချင်း ရန်တိုက်ပေးသလိုတောင် ဖြစ်တယ်။ ဒီမေးခွန်းတွေကလေ။ ဒါကြောင့် ကျွန်တော်ပြောတာ ရင်တွင်းဖြစ်ပဲ။ လွတ်လပ်ခြင်းတစ်ခုပဲ။ လွတ်လပ်ခြင်း ဆိုပေမယ့် ဝရုန်းသုန်းကားတော့ မလုပ်နဲ့၊ မရဘူး။ ရင်တွင်းဖြစ် အရင်းနှီးဆုံး သံစဉ်ဖြစ်ရမယ်။ ကိုယ့်ကိုယ်ကိုဟန်မဆောင်နဲ့။ မလိမ်နဲ့၊ မညာနဲ့ ကိုယ်တတ်တဲ့အတိုင်း ၊ ဘာမှရှက်စရာ မရှိဘူး။ ကိုယ်ကျေနပ်တယ်၊ တန်တယ်ဆိုရင် လုပ်ပစ်လိုက်။ ဒါ Alter ပဲ။
ခင်ဗျားသီချင်းရေးတော့ Drum Patterm ကိုအရင်ချရေးသလား။
-ကျွန်တော်များသောအားဖြင့် သီချင်းကို Chord Phrasing အရင်ရေးတာ ရှိတယ်။ ကျွန်တော် အမျိုးမျိုးရေးတယ်။ ဘာမှမပါဘဲ ပါးစပ်နဲ့ သီချင်းစာသားနဲ့ပဲ ခရီးသွားနေရင်းလည်း ရေးတယ်၊ နောက်ပြီး Drum Pattern တွေ အကုန်စီပြီးတော့မှလည်း ရေးတယ်။
ခုကာလမှာ ကျွန်တော့်အယူအဆက Lyric,Composer, Musician အားလုံး Home Studio နဲ့ Computer ရှိရမယ်ထင်တယ်ဗျ။
-မယူဆနဲ့၊ မှားသွားမယ်။ အဲဒါတွေက “အဆိပ်”တွေ။ ဒီအနုပညာကို ဖန်တးီးပေးတဲ့ စက်ပစ္စည်းတွေ အားလုံးသည် အဆိပ်တွေလို့ မှတ်ထားလိုက်၊ လုံးဝအဆိပ်တွေ။ ဘာလို့လည်းဆိုတော့ တကယ်ဦးနှောက်စားတယ်။ ကျွန်တော်တို့ရဲ့ တွေးခေါ်နေတဲ့ Mind တွေကို ဖျက်ဆီးတယ်။ သူကဒုက္ခပေးနေတယ်လေ။ ဘယ်နား Harm ထွက်နေမှန်း မသိဘူး။ ကိုင်း ဒီကကောင်က လိုက်ရှာနေရပြီ။ အဲဒီမှာ ကျွန်တော်စဉ်းစားနေတဲ့ စာသားတွေက ပျောက်သွားရော။ ခံစားချက်တွေ ပျောက်သွားရော။ Pattern တွေအတွက်တော့ အဆင်သိပ်ပြေတာပေါ့။ ဒါပေမယ့် အဆိပ်ပဲ။ အမှန်က “လက်”နဲ့ တီးရမှာလေ။ ဒီကောင်တွေကတော့ တီးစရာမလိုတော့ဘူး။ ရေရေလည်လည် ကောင်းတာကိုး။ တီးစရာ မလိုတော့ဘူး။ ခလုတ်နှိပ်လိုက်တာနဲ့ တန်းလာပြီး အလွယ်လိုက်သွားပြီ။ အလွယ်လိုက်သွားပြီ ဆိုကတည်းက ကျွန်တော်တို့သည် ကြိုးစားချင်တဲ့စိတ် တစ်ဝက်လျော့သွားပြီ၊ အကောင်းဆုံးကို အကြံပေးရရင် Hollow Guitar လေးတစ်လုံးဟာ အကောင်းဆုံးပဲ။
ဒိုးလုံးရဲ့ အခု Home Studio လုပ်ထားတာက သီချင်းရေးဖို့လား။
-ဒါက ကျွန်တော့်သီချင်းတွေ အတွက်ပဲ။ ကျွန်တော့်သီချင်းတွေကို စိတ်ကူးပေါက်ပြီး တရေးနိုးမှ ရလို့ရှိရင် ထဆိုလို့ ရအောင်လို့ပါ။ Main က အဲဒါပဲ။ စီးပွားဖြစ်တော့ မလုပ်ပါဘူး။ ကျွန်တော် သူများသီချင်း အပ်ရင်လည်း ရေးပေးပါတယ်။ ကျွန်တော်စဝင်လာတ အဆိုတော် အနေနဲ့ စဝင်လာတာ မဟုတ်ဘူး။ Composer Life နဲ့ စခဲ့တာပါ။
ဦးကျော်က ခင်ဗျားကို မစားလိုက်ဘူးလား။ DVD ခွေမှာလေ။
-စားတယ်လေ။ …………………………………….ကျေနပ်အောင် ၊တန်အောင်။ သူကလည်း ကျွန်တော့်ကို စားတယ်၊ ကျွန်တော်ကလည်း သူ့ကိုစားတယ်။ သူက Alter ပြန်လာပြီး တက်သိမ်းလို့ ရမယ်ထင်တာ။ လုံး၀ မရဘူး။ ကျွန်တော်ကတော့ ချက်ချင်းသိသွားပြီ။ မရတော့ဘူး။ တာ့တာလို့။
အခု DVD အသစ်လုပ်ဖို့ ရှိသလား။
-မရှိသေးဘူး၊ တစ်ကိုယ်တော် အခွေပေါ့။ နံပါတ်၄ အခွေပေါ့။ ဒီကောင့်ထက် (ဒိုးလုံး အကောင်းဆုံးတေးများကို ရည်ညွှန်းခြင်း ဖြစ်ပါသည်) ကောင်းတဲ့ အခွေတစ်ခွေ လုပ်ပြမယ်။ ဒီဟာထက် မကောင်းဘူးဆိုရင် လူတွေ အပြစ်ပြောကြတော့မယ်။
ဒိုးလုံးက VCD တွေ DVD တွေ ရိုက်နေပြီဆိုတော့ Performance Art ကို စိတ်ဝင်စားလာပြီပေါ့လေ။
-Performance Art ကို စိတ်ပါလားဆိုရင် ကျွန်တော့်ရဲ့ ငယ်ငယ်က စိတ်တစ်ခုကို ပြောပြမယ်။ ကမ္ဘာကြီးပေါ်မှာ လေတိုက်လို့ သစ်ရွက်လေးတစ်ခု လှုပ်သွားတာဟာ အဓိပ္ပါယ် ရှိတယ်လို့။ အဲဒါဆိုရင် Performance Art က ကုန်သွားပြီ။ ဘယ်အရာမှ အလကားမဟုတ်ဘူး။ လေတိုက်လို့ သစ်ရွက်ကလေး လှုပ်သွားရတယ်။ သစ်ရွက်ကလေး လှုပ်သွားရတဲ့ အကြောင်းရင်းက ဘာလို့လဲစဉ်းစား။ Performance ပဲ။ ဒါ ကျွန်တော်မြင်တဲ့ Performance Art ကတော့ အဲလိုပေ့ါ။
ပွဲတစ်ပွဲ (ဟိုတယ်ပွဲ) မှာ DL က မှော်ဆရာလိုလို ဝတ်လာခဲ့တယ်။ ခွဲစိတ်ခန်း ဝတ်စုံလိုလို ဝတ်လာခဲ့ဖူးလို့ မေးရတာ။ Performance ဓာတ်ကလေး ရှိပုံရလို့ပါ။
-ဥပမာ ကျွန်တော် “အငြိမ်”ပေါ့နော်။ ကျွန်တော့်ကို ကန်ထရိုက်က ပြောတယ်ပေါ့။ မတ်တပ်ထလို့ မရဘူးပေါ့နော်။ ထိုင်ပြီး ငြိမ်ငြိမ်ပဲ ဆိုရမယ်လို့ ဆိုခဲ့လို့ရှိရင် ကျွန်တော်က ဘယ်လိုမျိုး Performance လုပ်သွားသလဲဆိုတော့ ကျွန်တော့်ကိုယ် ကျွန်တော် အမျိုးမျိုး ခြယ်သ သွားမယ်။ ပြီးတော့ ထိုင်နေရတာကိုပဲ ရအောင် “က”မယ်။ ဒါကတော့ စိတ်တစ်ခုပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေရဲ့ Attraction ကို စိတ်ဝင်စားမှု တစ်ခုကို ယူဖို့အတွက် Performance လုပ်ရမယ်။ သီချင်းကို ဒီလိုပဲ မတ်တပ်တက်ဆို၊ ဒါကတော့ သီချင်းဆိုတာပဲ။ ငါ့သီချင်းကို ကြားဖူးမထားဘူး။ နားမထောင်ဖူးတဲ့သူတွေကို ငါနံပါတ် (၁) Performance နဲ့မှ စပြီး ဆွဲဆောင်မယ် ဆိုတာပါ။
ပရိသတ်ကို Performance လုပ်တာကိုး။ ပရိသတ်နဲ့ ကိုယ်နဲ့မျှအောင် သူတို့ကို ခေါ်ရသေးတာကိုး။ တစ်ခါတစ်လေ ပရိသတ်က လိုက်မလာနိုင်တာတို့၊ ကိုယ်ကလည်း လိုချင်လွန်း အားကြီးသွားတာတို့၊ အဲဒါမျိုး ဖြစ်ဖူးမယ် ထင်တယ်။
-ပထမဦးဆုံး ဖြစ်ဖူးခဲ့တာကတော့ “မြရိပ်ညို”မှာ။ ကျွန်တော့် Life မှာ တစ်ခါမှ “ရေသန့်ဘူး” နဲ့အပေါက်မခံခဲ့ရဖူးဘူး။ သူတို့တစ်တွေက စပြီး ရေသန့်ဘူးနဲ့ ပေါက်ကြတာ။ ကျွန်တော်က တောင်းပန်တယ်။ လာ ဆိုကြမယ်။ ဒါပေမယ့် အဲလို ဖြစ်သွားတာကတော့ ကျွန်တော်လည်း မှားတာပါပဲ။ ဘေးနားက လူတွေအားလုံးက ကျွန်တော့်သီချင်းကို လိုက်ဆိုကြတယ်။ ဘေးနားက ဝိုင်းလေးတစ်ဝိုင်းကပဲ ကျွန်တော့်ကို ရေသန့်ဘူးနဲ့ ပေါက်ခဲ့တာ။ အဲတော့ ကျွန်တော် Performance လုပ်နေတုန်း စိတ်အနှောင့်အယှက်ပေးနေတော့ Feel က “ငုပ်” ကရော။ အဲဒီအနားက Group ပဲ။ ကျွန်တော်တောင်းပန်တယ်။ မလုပ်ပါနဲ့။ လာပါ။ Happy New Year ပဲ။ တောင်းပန်တယ်။ တောင်းပန်တဲ့ အချိန်မှာ ဘယ်လိုဖြစ်သွားတာလဲ ဆိုတော့ ကျွန်တော်ရှက်သွားခဲ့တယ်။ ကျွန်တော့် Life မှာ မရှိဘူး။ ကျွန်တော် အစွမ်းကုန်သလောက် “ပေး” နေတာပါ။ အဲဒီမှာ သူတို့က သူတို့ကို စော်ကားနေတယ်လို့ ယူဆပြီး ရေသန့်ဘူးနဲ့ ပေါက်တာနေမှာပေါ့။ အဲဒီမှာတင် ကျွန်တော်ရှက်သွားတာ။ ငါတကယ်တော့ အဲဒီလိုမျိုး ဖြစ်နေရပါလား၊ သူတို့ ရေသန့်ဘူးနဲ့ ပေါက်ရလောက်အောင် ဖြစ်ရပါလားဆိုပြီး နည်းနည်း ရှက်တဲ့စိတ်ကလည်း ပါသွားတာပေါ့။ အဲဒီမှာတင် ဘာတွေ ဖြစ်သွားသလဲ မသိပါဘူး။ ၆ သိန်းခွဲတော့ ထွက်သွားတော့တာပဲ။ အမှန်က “ကတ်ကိုဘိန်း” ကိုအားကျလို့ အတုခိုးလို့ မဟုတ်ပါဘူး။ မွဲသွားတယ်။ လုံးဝမွဲသွားမယ်။ အဲဒီညက ပွဲက ဆုံးနေပါပြီ။ အဲဒီအချိန်မှာ အပိတ်ကလေးပေါ့။ Alternative ပိတ်တာကတော့ တစ်မျိုးပေါ့နော်။ ခုဖြစ်ရပ်ကို Performance သက်သက်လို့ပဲ ယူဆလိုက်ကြပါလို့။ ဒီဖြစ်ရပ်ဟာ ကျွန်တော် ပရိသတ်ကို လုံးလုံး မစော်ကားဘူး။ ပရိသတ်ကို ကျွန်တော် တကယ်လေးစားပါတယ်။ ကျွန်တော် တောင်းပန်စာတစ်စောင် ရေးမယ်လို့ပါ။ အဲဒီစာရေးပြီးတော့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကနေ ဖြန့်မယ်ဗျာ။ ကျွန်တော် အေးဆေး။ အပီအပြင်ရေးချင်တာ။ ရေးပြီးမှ အကုန်လုံးကို လိုက်ပို့မှာ။ တောင်းပန်စာထည့်မှာ။ အစ်ကိုကလည်း ပရိသတ်မုန်းအောင် မရေးလိုက်နဲ့ဦးနော်………
Credit~~~~~WHAT-Music Group
လွမ်းမိပါတယ် ကိုဒိုးလုံးရယ်…….😢