Zawgyi ျဖင့္ဖတ္ရန္

ဆရာmercury သုိ႔မဟုတ္ Lead အဆိပ္သင့္ တာကုိ ဘယ္လုိ ကုသရ မလဲ သိလုိပါတယ္ခင္ဗ်ား။ မက္ေဆ့ aဘာက္က ေမးရင္ ရွည္မွာမုိ႔ အီးေမးပုိ႔လုိက္ရပါတယ္။
ကၽြန္ေတာ္ အတန္းထဲမွာ စာညံ့လာတာ၊ short-term memory အားနည္း လာတာ၊ ဆရာ စာသင္ရင္ စိတ္တျခားလူတျခား ျဖစ္ေနုျပီး ဘာေတြ သင္လုိ႔ သင္သြားမွန္း မသိလုိက္တာေတြ ခံစားရပါတယ္။
ကၽြန္ေတာ္ ခံစားရတဲ့ လကၡဏာ ေတြကုိ စစ္ေဆးျပီး မာက်ဴရီ ဒါမွမဟုတ္ ခဲဆိပ္ သင့္တာ ျဖစ္ႏုိင္တယ္လုိ ႔ေျပာပါတယ္။ ကၽြန္ေတာ္ အရင္က ေသြးအားေကာင္းေအာင္ဆုိျပီး
ေက်ာက္ေသြး ကုိ ေရေဖ်ာ္ေသာက္တတ္တဲ့အက်င့္ရွိပါတယ္။ နီရဲရဲနဲ႔ သံေခ်း ရည္ လုိ ျဖစ္ျပီး အရသာလဲ သံေခ်း သတၱဳေခ်း အရည္ကုိ ေသာက္ရတာနဲ႔ တူပါတယ္။ အခု ျဖစ္တာ အဲဒါနဲ႔ေတာ့ ဆုိင္မလား မသိဘူး။
ဘာေတြ လုပ္ရမလဲဆရာ။ ကၽြန္ေတာ္ ပံုမွန္ျပန္ျဖစ္ဖုိ႔ဆုိ ဘာပဲလုပ္ရလုပ္ရ လုပ္ပါ့မယ္။ ပညာေရး ေရာ ဘ၀တက္လမ္းေရာ အားလံုး အၾကီးအက်ယ္ ထိခုိက္ေနလုိ႔ပါ။
ဗီတာမင္ဘီ နဲ႔ သတၱဳဓာတ္ ေတြလဲ မခ်ိဳ႕တဲ့ေအာင္ ဂရုစုိက္ရမယ္ဆုိလုိ႔ ဗီတာမင္ အားေဆး ေသာက္ေနတာ ၃ လေက်ာ္ျပီဆရာ။ သိပ္မထူးျခားလုိ႔ ေသာက္တဲ့ပမာဏ နည္းေနလုိ႔လား၊ ဘယ္ေလာက္ထိ အလြန္ဆံုး ေန႔စဥ္ ေသာက္ႏုိင္လဲ သိခ်င္ပါတယ္။ ကၽြန္ေတာ္ ေသာက္တဲ့ အားေဆး မွာ ပါတဲ့ ဗီတာမင္ ေတြက ေဆးတစ္လံုးမွာ-
B 1.1 mg
B2 1.4 mg
B3 1.6 mg
B5 6 mg
B6 1.4 mg
B9 200 mcg
B12 2.5 mcg
ေန႔စဥ္ ဘယ္ႏွစ္လံုး အလြန္ဆံုး ေသာက္ရမလဲဆရာ။ ဗီတာမင္ ဘီ က ေရမွာေပ်ာ္၀င္တာမုိ႔လုိ႔ high dose ေသာက္လဲ ကုိယ္ထဲမွာ ပုိလွ်ံတာ ျဖစ္ခဲတယ္ဆုိတာ ဟုတ္ပါသလား။ Vitermin B deficiency ရွိရင္ ဘယ္ႏွစ္လံုး ေသာက္ရပါမလဲ။
က်န္တဲ့ေဆးအေနနဲ႔ မဂၢနီစီယမ္န႔ဲ ကယ္လ္စီယမ္ ေသာက္ရမယ္ဆုိလုိ႔ ေသာက္ပါတယ္။ အဲဒါလဲ ကၽြန္ေတာ့္ မွာ ခ်ိဳ႕ငဲ့ႏုိင္တယ္ဆုိလုိ႔ ေန႔စဥ္ ေသာက္သင့္တဲ့ ပမာဏ ေျပာျပပါခင္ဗ်ာ။
detoxify ျဖစ္ေစဖုိ႔ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္ ေတြ မ်ားမ်ားစားေပးပါဆုိလုိ႔ ဒါလဲ စားပါတယ္။
ဘာေတြ လုပ္ဖုိ႔ လုိအပ္သလဲ. ဘာေတြ လုိက္နာရမလဲ ေျဖဆုိေပးေစခ်င္ပါသည္ခင္ဗ်ား။
ေလးစားစြာျဖင့္
……
ေမးထားတဲ့အပိုင္းက သတၱဳဆိပ္ သင့္တာျဖစ္ပါတယ္။ ဝင္နိုင္တဲ့နည္းေတြက အမ်ိဳးမ်ိဳးရွိတယ္။ မ်ိဳခ်မိတာ၊ရႈရိႈက္မိတာနဲ႕ အေရျပားလႊာက စုပ္ယူလိုက္တာမ်ိဳး ျဖစ္တယ္။ သတၱဳေတြဝင္လာရင္ ခႏၶာကိုယ္ ရဲ႕ soft tissue မွာ သိမ္းဆည္းထားတယ္။ျပႆနာတခုက ဝင္လာျပီး တျခား ခႏၶာကိုယ္ တြင္း ပရိုတင္းေတြနဲ႕သြားေပါင္းတယ္။ ရလာဒ္ကေတာ့ အင္ဇုိင္းလုပ္ေဆာင္မႈ ပ်က္ျပားေစျပီး ဇီဝကမၼေျပာင္းလဲလာျပီး ခႏၶာကိုယ္ တြင္း အစိတ္အပိုင္းေတြကို ဒုကၡေပးေတာ့တယ္။ အျဖစ္မ်ားတဲ့သတၱဳေတြက ခဲဆိပ္၊မာက်ဴရီ၊သံဓာတ္၊ကတ္ဒ္မီယမ္(Cadmium)၊သယ္လ္လီယမ္(Thallium)၊ဘစ္စ္မတ္နဲ႕ အာဆင္းနစ္ဓာတ္ေတြ ျဖစ္ၾကတယ္။

ဒီ သတၱဳေတြထဲမွာ အျဖစ္မ်ားဆံုးက lead poison ေခၚတဲ့ ခဲဆိပ္သင့္တာျဖစ္ပါတယ္။ ခဲဆိပ္ကို ရႈရိႈက္မိလို႕၊မ်ိဳခ်မိလို႕ျဖစ္ၾကတယ္။ ခဲဆိပ္ က ခႏၶာကိုယ္ ထဲ ျဖည္းျဖည္းခ်င္းဝင္ေပမယ့္ ပိုဆိုးတယ္။ ဦးေနွာက္နဲ႕အာရံုေၾကာကို ဆိုးရြားစြာထိခိုက္ေစျပီး ေက်ာက္ကပ္ကိုပါ ဒုကၡေပးတယ္။ ဦးေနွာက္ဆဲလ္ သေဘာက ပ်က္ဆီးရင္ ျပန္မေကာင္းေတာ့ပါ။ ေသြးေပါင္ပါတက္လာတယ္။ ေသြးနီဥသက္တမ္းတိုသြားျပီး ေသြးအားနည္းေရာဂါ(hypochromic microcytic anaemia)ကိုပါ ျဖစ္ေစတယ္။ သံဓာတ္အားနည္းရင္ ခဲဆိပ္ကို စုပယူမႈမ်ားလို႕ ပိုဆိုးတယ္။ ငယ္ေလ အူလမ္းေၾကာင္း အဆိပ္အေတာက္ျဖစ္ေစပဲ ျဖစ္ပါတယ္။
ဘာေတြကျဖစ္နိုင္လဲ
သတၱဳ တြင္းတူးေဖာ္သူေတြမွာ ခဲဆိပ္ အေငြ႕ရႈရိႈက္ျခင္းေျကာင့္ ျဖစ္ျကတယ္။ ခဲ သတၱဳအရည္က်ိဳတာ၊ေရာစပ္တာ၊သန္႕စင္တာေတြကလည္း ျဖစ္ၾကတယ္။ေရနံ၊သုတ္ေဆး၊မႈတ္ေဆးနဲ႕ ဆီသြပ္ဗူး ေတြကတဆင့္ ျဖစ္နိုင္တယ္။ကေလးေတြမွာ ဓာတ္ခဲ၊မီးသီးကိုက္ရာကေနျဖစ္နိုင္တယ္။ ဘက္ထရီျပင္တဲ့ေနရာေတြက ခဲဆိပ္ သင့္နိုင္တဲ့ေနရာေတြျဖစ္ပါတယ္။ေလ့လာခ်က္ေတြအရ လူၾကီးေတြထက္ ကေလးေတြမွာ ပိုအျဖစ္မ်ားတယ္။ ကေလးသံုးနွစ္ေအာက္ေတြ ပိုျဖစ္ၾကတယ္။လူၾကီးေတြမွာ အလုပ္အကိုင္နဲ႕ ပိုဆိုင္တယ္။ ပတ္ဝန္းက်င္မွာထိေတြ႕မႈမ်ားရာက ျဖစ္တယ္။ သဘာဝအားေဆး၊တိုင္းရင္းေဆးဆိုတာေတြ သံုးစြဲရာကျဖစ္နိုင္တယ္။ ေနာက္ပိုင္းမွာ ခဲသတၱဳသံုးတာကို တတ္နိုင္သမွ် ေလွ်ာ့ခ်လာၾကတယ္။ ကေလးသူငယ္ဆိုင္ရာ ပစၥည္းေတြမွာ ခဲသတၱဳ မသံုးဖုိ႕ေျပာလာၾကတယ္။ ရုိးရာေဆးဝါး(folk remedies)ေတြသံုးတဲ့အခါ သတိရွိဖို႕ ပညာေပးလာၾကတယ္။

သတၱဳဆိပ္ သင့္ရင္ ယာယီနဲ႕နာတာရွည္ ဆိုျပီး ခြဲထားတယ္။

လကၡဏာေတြက IQ နည္းလာတာနဲ႕ အမူအက်င့္ေျပာင္းလဲလာတာျဖစ္ပါတယ္။ စိတ္အာရံုမစုစည္းနိုင္ၾကေတာ့ဘူး။ဗုိက္နာတာ၊ပ်ိဳ႕အန္ခ်င္တာ၊အသားဝါတာ၊စိတ္ေလလြင့္သလိုခံစားရတာ၊လုပ္ခ်င္ကိုင္ခ်င္စိတ္ေပ်ာက္တာ၊ ကေယာင္ကတန္းျဖစ္တာ၊ တက္တာမ်ိဳးေတြ ျဖစ္နိုင္တယ္။
ခဲဆိပ္သင့္တာ ၾကာလာတာနဲ႕အမွ် ေအာက္ပါ လကၡဏာ ေတြ ခံစားရတယ္။ဗိုက္နာတာ၊ဝမ္းခ်ဳပ္တာ၊စိတ္တိုလြယ္တာ၊ေခါင္းကိုက္တာ၊ အၾကားအာရံုခ်ိဳ႕တဲ့တာ၊ေျခ၊လက္အားယုတ္တာ၊ကေလးရဖို႕ခက္ခဲတာ၊ သတိေမ့တတ္တာ၊သတိလက္လြတ္ျဖစ္တာ၊မွတ္ဥာဏ္တျဖည္းျဖည္း ယိုယြင္းတာလာေတြ ျဖစ္တယ္။တခါတရံေက်ာက္ကပ္ေရာင္တဲ့ လကၡဏာေတြနဲ႕ တြဲဖက္နိုင္တယ္။သိသာတဲ့လကၡဏာေတြက သြားဖံုး ျပာတာ၊ေသြးအားနည္းတာ၊အအိပ္အစားနည္းတာ၊အျငိမ္မေနတာ၊မွတ္မိနိုင္စြမ္းအားနည္းတာ၊ၾကြက္သားအားနည္းလာတာထိမႈသိမႈ အာရံုခံစားမႈ၊လႈပ္ရွားမႈ နည္းပါးလာတာေတြ ရွိတယ္။
ခဲဆိပ္လို႕ ဘယ္လိုသိနိုင္လဲ
အကယ္၍ ေသြးထဲမွာ ခဲဓာတ္ ≥10 μg/dL မ်ားရင္ ခဲဆိပ္သင့္တယ္လို႕ သတ္မွတ္ပါတယ္။ ကေလးေတြမွာ အရင္ဆံုး မွတ္ဥာဏ္အားခ်ိဳ႕ယြင္းလာတယ္။ 45 μg/dL အထက္ေရာက္ရင္ အစာအိမ္နဲ႕ အူလမ္းေၾကာင္းဆိုငရာ လကၡဏာေတြ ေပၚေပါက္လာတယ္။70 μg/dL ထက္ေက်ာ္ရင္ ဦးေနွာက္နဲ႕ အာရံုေၾကာကိုဆိုးဆိုးဝါးဝါး ထိခိုက္ ေနျပီး 100 μg/dLေက်ာ္ရင္ေတာ့ အသက္အႏၱရာယ္ပါ စုိးရိမ္လာရျပီ။ ကေလးေတြမွာ X ray ဓာတ္မွန္ရိုက္ရင္ ေပါင္ရုိးေတြမွာ lead band အစင္းေျကာင္းေတြ အလ်ားလုိက္ေတြ႕ရတယ္။
ဘယ္လိုကုသလဲ
ရုတ္တရက္ မ်ိဳခ်မိျပီး အေျခအေနဆိုးရင္(lead >60 μg/dL) နွာေခါင္းပိုက္တပ္ျပီး polyethylene glycolနဲ႕ ေဆးရတယ္။calcium disodium edetate ကို အေၾကာေဆး ဒရစ္သြင္းရတယ္။ အဆိပ္ေခ်ဖ်ကိတ့့ဲေဆး(chelator)ေပးျပီး သတၱဳနဲ့့ေပါင္းျပီး စြန္႕ထုတ္နိုင္ေအာင္ ကူညီေပးရတယ္။ ေသြးေပါင္ေကာင္းေအာင္ normal salineခ်ိတ္ေပးတယ္။ရုတ္တရက္အသည္းအသန္လူနာေတြမွာ ေသခ်ာၾကပ္မပ္ကုသေပးရင္ သက္သာလာပါတယ္။အေနာက္နိုင္ငံေတြမွာ ေသဆံုးမႈနည္းတယ္။
ျဖည္းျဖည္းခ်င္းျဖစ္တာ ဒါမွမဟုတ္ သိပ္မဆိုးရင္ အဆိပ္ ေျဖေဆး (Oral chelation therapy) ေပးနိုင္တယ္။ Dimercaptosuccinic acid (DMSA, or succimer) ဆိုတာလည္း သုံးတယ္။ မေကာင္းတာက ၾကီးထြားမႈကို ေနွာင့္ေနွးေစနိုင္တယ္။ D-penicillamine လည္း အသံုးမ်ားတယ္။ မေကာင္းတာက ေသြးျဖဴဥနဲ႕ ေသြးဥမႊားကို ထိခိုက္ေစတာပါ။ သတိျပဳရမွာက ေျဖေဆး(Chelation therapy )ျဖတ္တဲ့အခါ ခပ္ျဖည္းျဖည္း ျဖတ္ေပးရတယ္။ မဟုတ္ရင္ အရိုးထဲက ဓာတ္ေတြပါထြက္လာျပီး ရုတ္တရက္ ျပန္ျဖစ္တတ္တယ္။
ေရရွည္မွာ ဘာေတြဆက္ျဖစ္လဲ
ဦးေနွာက္အျပင္ တကိုယ္လံုးကို ထိခိုက္နိုင္တယ္။ အဆိပ္အေတာက္ ကို စြန္႕ထုတ္ေပးတဲ့ အသည္းနဲ႕ေက်ာက္ကပ္ကိုပါ ထိခိုက္ေစတယ္။ တခါတရံ အဆိပ္ေျဖေဆးကိုယ္တိုင္က ေသြးတိုး၊ေက်ာက္ကပ္နဲ႕ ဦးႏွာက္ကိုထိခိုက္ေစတာမ်ိဳး ရွိတယ္။ကေလးေတြမွာ ခဲဆိပ္သင့္တဲ့အခါ သင္ၾကားမႈနဲ႕ သင္ယူမႈအျပင္ စိတ္ခံစားမႈ၊အမူအက်င့္ေတြေျပာင္းလဲလာတာကလည္း ပညာေရးကို ထိခိုက္ေစတယ္။ ေရရွည္မွာ လႈပ္ရွားမႈနဲ႕ဆိုင္တဲ့ အာရံုေၾကာေတြ ထိခိုက္လာတာ၊စိတ္က်လြယ္ စိတ္တိုလြယ္တာ၊အမူအက်င့္ေျပာင္းလဲတာနဲ႕ မ်ိဳးပြားနိုင္စြမ္းကိုပါ ထိခိုက္ေစလာတယ္။
မာက်ဴရီ ဆိပ္သင့္တာ
မာက်ဴရီ ဓာတ္ 10-50 mg/kg ထက္မ်ားရင္ အဆိပ္သင့္ နိုင္တယ္။ အူလမ္းေၾကာင္းက မစုပ္ယူနိုင္တာေၾကာင့္ ဒုကၡသိပ္မေပးနုိင္ေပမယ့္ အေရျပားကတဆင့္ စုပ္ယူနိုင္တယ္။စက္ရံုေတြမွာသံုးတဲ့ ေက်ာက္မီးေသြးမီးေလာက္ရင္ မာက်ဴရီေတြ ထြက္သြားတယ္။ျပဒါးဆိပ္သင့္တာက်ေတာ့ ပင္လယ္ငါး၊ပိုးသတ္ေဆးနဲ႕ ျပဒါးတိုင္လိုပစၥည္းေတြကျဖစ္တယ္။
ေရတုိလကၡဏာေတြက တုပ္ေကြးဆန္ဆန္ ၾကြက္သားနာတာ၊အစာအိ္မ္နာတာ၊စိတ္တိုလြယ္တာ၊အာရံုေၾကာပ်က္ဆီးတာ၊အသညး္ေက်ာက္ကပ္ထိခိုက္ေစတာတို့ျဖစ္တယ္။
ဘာေတြလုပ္ျကလဲ
မာက်ဴရီကို ရႈရိႈက္မိျပီး အဆိပ္သင့္တဲ့အခါ အဆုတ္ကို ထိခိုက္တာသက္သာေစဖို႕ hydrocortisoneကို အေၾကာထဲထိုးေပးရတယ္။ ပါးစပ္ကမ်ိဳခ်မိရင္ d-penicillamine ေပးျပီး သက္သာေစတယ္။
ေမးထားသူအတြက္ ေျဖရွင္းခ်က္
-လကၡဏာက ခဲဆိပ္သင့္တာနဲ႕ ပိုတူတယ္။
-ဒီအတြက္ ဆရာဝန္နဲ႕ ေသခ်ာစနစ္တက် ကုသဖို႕လိုအပ္ပါတယ္။
-ေမးထားတဲ့ ဗီတာမင္ေဆးေတြကေတာ့ ပမာဏနည္းလြန္းတယ္။ တျခားေဆးတမ်ိဳးမ်ိဳးေျပာင္းေသာက္ပါ။ ေရမ်ားမ်ားေသာက္ပါ။
– ဗီတာမင္ ဘီနည္းနည္းပါးပါးပိုေသာက္တာကို ခႏၶာကိုယ္ က စြန္႕ထုတ္နိုင္တယ္။
-အာရံုေၾကာအတြက္ vitamin B1,6,12ပါတာေတြ ေသာက္ပါ။
-coQ10 ပါတဲ့ေဆးမ်ိဳးလိုအပိနိုင္တယ္။ 30mg တေန႕ သံုးၾကိမ္ေသာက္ပါ။
-calcium ေရာ magnesium ပါ ပါဝင္တဲ့ေဆးက ostocal-M ဆိုတာရွိတယ္။ တေန႕၂ၾကိမ္ေသာက္ပါ။
-ကမာၻဦးရြက္(ginkgo biloba)ေဆးေသာက္ပါ။ bio-biloba 100mg တေန႕ ၂ၾကိမ္ေသာက္ပါ။
-mega 3 ကို တေန႕ ၂ၾကိမ္ေသာက္ပါ။
-အရင္ကေသာက္ေနတဲ့ သံဓာတ္လို တိုင္းရင္းေဆးကို မေသာက္ပါနဲ႕။
-ဗီတာမင္ အားေဆးေတြအေၾကာင္း တခုခ်င္းအေသးစိတ္ေရးထားပါတယ္။ ေဆးဝါးကမာၻဘေလာ့ခ္မွာ ဝင္ဖတ္ပါ။

Credit : ဒေါက်တာအေးမင်းထူး

 

Unicode ဖြင့်ဖတ်ရန်

သတ္တုဆိပ်သင့်ခြင်း

ဆရာmercury သို့မဟုတ် Lead အဆိပ်သင့်တာကို ဘယ်လို ကုသရမလဲ သိလိုပါတယ်ခင်ဗျား။ မက်ဆေ့ဘောက်က မေးရင် ရှည်မှာမို့ အီးမေးပို့လိုက်ရပါတယ်။
ကျွန်တော် အတန်းထဲမှာ စာညံ့လာတာ၊ short-term memory အားနည်းလာတာ၊ ဆရာ စာသင်ရင် စိတ်တခြားလူတခြား ဖြစ်နေုပြီး ဘာတွေ သင်လို့ သင်သွားမှန်း မသိလိုက်တာတွေ ခံစားရပါတယ်။
ကျွန်တော် ခံစားရတဲ့ လက္ခဏာတွေကို စစ်ဆေးပြီး မာကျူရီ ဒါမှမဟုတ် ခဲဆိပ်သင့်တာ ဖြစ်နိုင်တယ်လို့ပြောပါတယ်။ ကျွန်တော် အရင်က သွေးအားကောင်းအောင်ဆိုပြီး
ကျောက်သွေးကို ရေဖျော်သောက်တတ်တဲ့အကျင့်ရှိပါတယ်။ နီရဲရဲနဲ့ သံချေးရည်လို ဖြစ်ပြီး အရသာလဲ သံချေး သတ္တုချေး အရည်ကို သောက်ရတာနဲ့ တူပါတယ်။ အခု ဖြစ်တာ အဲဒါနဲ့တော့ ဆိုင်မလား မသိဘူး။
ဘာတွေ လုပ်ရမလဲဆရာ။ ကျွန်တော် ပုံမှန်ပြန်ဖြစ်ဖို့ဆို ဘာပဲလုပ်ရလုပ်ရ လုပ်ပါ့မယ်။ ပညာရေးရော ဘဝတက်လမ်းရော အားလုံး အကြီးအကျယ် ထိခိုက်နေလို့ပါ။
ဗီတာမင်ဘီနဲ့ သတ္တုဓာတ်တွေလဲ မချို့တဲ့အောင် ဂရုစိုက်ရမယ်ဆိုလို့ ဗီတာမင်အားဆေး သောက်နေတာ ၃ လကျော်ပြီဆရာ။ သိပ်မထူးခြားလို့ သောက်တဲ့ပမာဏ နည်းနေလို့လား၊ ဘယ်လောက်ထိ အလွန်ဆုံး နေ့စဉ် သောက်နိုင်လဲ သိချင်ပါတယ်။ ကျွန်တော် သောက်တဲ့ အားဆေးမှာ ပါတဲ့ ဗီတာမင်တွေက ဆေးတစ်လုံးမှာ-
B 1.1 mg
B2 1.4 mg
B3 1.6 mg
B5 6 mg
B6 1.4 mg
B9 200 mcg
B12 2.5 mcg
နေ့စဉ် ဘယ်နှစ်လုံး အလွန်ဆုံး သောက်ရမလဲဆရာ။ ဗီတာမင်ဘီက ရေမှာပျော်ဝင်တာမို့လို့ high dose သောက်လဲ ကိုယ်ထဲမှာ ပိုလျှံတာ ဖြစ်ခဲတယ်ဆိုတာ ဟုတ်ပါသလား။ Vitermin B deficiency ရှိရင် ဘယ်နှစ်လုံး သောက်ရပါမလဲ။
ကျန်တဲ့ဆေးအနေနဲ့ မဂ္ဂနီစီယမ်နဲ့ ကယ်လ်စီယမ် သောက်ရမယ်ဆိုလို့ သောက်ပါတယ်။ အဲဒါလဲ ကျွန်တော့်မှာ ချို့ငဲ့နိုင်တယ်ဆိုလို့ နေ့စဉ် သောက်သင့်တဲ့ ပမာဏ ပြောပြပါခင်ဗျာ။
detoxify ဖြစ်စေဖို့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ များများစားပေးပါဆိုလို့ ဒါလဲ စားပါတယ်။
ဘာတွေ လုပ်ဖို့ လိုအပ်သလဲ. ဘာတွေ လိုက်နာရမလဲ ဖြေဆိုပေးစေချင်ပါသည်ခင်ဗျား။
လေးစားစွာဖြင့်
……
မေးထားတဲ့အပိုင်းက သတ္တုဆိပ်သင့်တာဖြစ်ပါတယ်။ ဝင်နိုင်တဲ့နည်းတွေက အမျိုးမျိုးရှိတယ်။ မျိုချမိတာ၊ရှုရှိုက်မိတာနဲ့ အရေပြားလွှာက စုပ်ယူလိုက်တာမျိုး ဖြစ်တယ်။ သတ္တုတွေဝင်လာရင် ခန္ဓာကိုယ်ရဲ့ soft tissue မှာ သိမ်းဆည်းထားတယ်။ပြဿနာတခုက ဝင်လာပြီး တခြားခန္ဓာကိုယ်တွင်း ပရိုတင်းတွေနဲ့သွားပေါင်းတယ်။ ရလာဒ်ကတော့ အင်ဇိုင်းလုပ်ဆောင်မှု ပျက်ပြားစေပြီး ဇီဝကမ္မပြောင်းလဲလာပြီး ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေကို ဒုက္ခပေးတော့တယ်။ အဖြစ်များတဲ့သတ္တုတွေက ခဲဆိပ်၊မာကျူရီ၊သံဓာတ်၊ကတ်ဒ်မီယမ်(Cadmium)၊သယ်လ်လီယမ်(Thallium)၊ဘစ်စ်မတ်နဲ့ အာဆင်းနစ်ဓာတ်တွေ ဖြစ်ကြတယ်။

ဒီသတ္တုတွေထဲမှာ အဖြစ်များဆုံးက lead poison ခေါ်တဲ့ ခဲဆိပ်သင့်တာဖြစ်ပါတယ်။ ခဲဆိပ်ကို ရှုရှိုက်မိလို့၊မျိုချမိလို့ဖြစ်ကြတယ်။ ခဲဆိပ်က ခန္ဓာကိုယ်ထဲ ဖြည်းဖြည်းချင်းဝင်ပေမယ့် ပိုဆိုးတယ်။ ဦးနှောက်နဲ့အာရုံကြောကို ဆိုးရွားစွာထိခိုက်စေပြီး ကျောက်ကပ်ကိုပါ ဒုက္ခပေးတယ်။ ဦးနှောက်ဆဲလ်သဘောက ပျက်ဆီးရင် ပြန်မကောင်းတော့ပါ။ သွေးပေါင်ပါတက်လာတယ်။ သွေးနီဥသက်တမ်းတိုသွားပြီး သွေးအားနည်းရောဂါ(hypochromic microcytic anaemia)ကိုပါ ဖြစ်စေတယ်။ သံဓာတ်အားနည်းရင် ခဲဆိပ်ကို စုပယူမှုများလို့ ပိုဆိုးတယ်။ ငယ်လေ အူလမ်းကြောင်း အဆိပ်အတောက်ဖြစ်စေပဲ ဖြစ်ပါတယ်။
ဘာတွေကဖြစ်နိုင်လဲ
သတ္တုတွင်းတူးဖော်သူတွေမှာ ခဲဆိပ်အငွေ့ရှုရှိုက်ခြင်းကြောင့် ဖြစ်ကြတယ်။ ခဲသတ္တုအရည်ကျိုတာ၊ရောစပ်တာ၊သန့်စင်တာတွေကလည်း ဖြစ်ကြတယ်။ရေနံ၊သုတ်ဆေး၊မှုတ်ဆေးနဲ့ ဆီသွပ်ဗူးတွေကတဆင့် ဖြစ်နိုင်တယ်။ကလေးတွေမှာ ဓာတ်ခဲ၊မီးသီးကိုက်ရာကနေဖြစ်နိုင်တယ်။ ဘက်ထရီပြင်တဲ့နေရာတွေက ခဲဆိပ်သင့်နိုင်တဲ့နေရာတွေဖြစ်ပါတယ်။လေ့လာချက်တွေအရ လူကြီးတွေထက် ကလေးတွေမှာ ပိုအဖြစ်များတယ်။ ကလေးသုံးနှစ်အောက်တွေ ပိုဖြစ်ကြတယ်။လူကြီးတွေမှာ အလုပ်အကိုင်နဲ့ ပိုဆိုင်တယ်။ ပတ်ဝန်းကျင်မှာထိတွေ့မှုများရာက ဖြစ်တယ်။ သဘာဝအားဆေး၊တိုင်းရင်းဆေးဆိုတာတွေ သုံးစွဲရာကဖြစ်နိုင်တယ်။ နောက်ပိုင်းမှာ ခဲသတ္တုသုံးတာကို တတ်နိုင်သမျှ လျှော့ချလာကြတယ်။ ကလေးသူငယ်ဆိုင်ရာ ပစ္စည်းတွေမှာ ခဲသတ္တုမသုံးဖို့ပြောလာကြတယ်။ ရိုးရာဆေးဝါး(folk remedies)တွေသုံးတဲ့အခါ သတိရှိဖို့ ပညာပေးလာကြတယ်။

သတ္တုဆိပ်သင့်ရင် ယာယီနဲ့နာတာရှည် ဆိုပြီး ခွဲထားတယ်။

လက္ခဏာတွေက IQ နည်းလာတာနဲ့ အမူအကျင့်ပြောင်းလဲလာတာဖြစ်ပါတယ်။ စိတ်အာရုံမစုစည်းနိုင်ကြတော့ဘူး။ဗိုက်နာတာ၊ပျို့အန်ချင်တာ၊အသားဝါတာ၊စိတ်လေလွင့်သလိုခံစားရတာ၊လုပ်ချင်ကိုင်ချင်စိတ်ပျောက်တာ၊ ကယောင်ကတန်းဖြစ်တာ၊ တက်တာမျိုးတွေ ဖြစ်နိုင်တယ်။
ခဲဆိပ်သင့်တာ ကြာလာတာနဲ့အမျှ အောက်ပါလက္ခဏာတွေ ခံစားရတယ်။ဗိုက်နာတာ၊ဝမ်းချုပ်တာ၊စိတ်တိုလွယ်တာ၊ခေါင်းကိုက်တာ၊ အကြားအာရုံချို့တဲ့တာ၊ခြေ၊လက်အားယုတ်တာ၊ကလေးရဖို့ခက်ခဲတာ၊ သတိမေ့တတ်တာ၊သတိလက်လွတ်ဖြစ်တာ၊မှတ်ဉာဏ်တဖြည်းဖြည်း ယိုယွင်းတာလာတွေ ဖြစ်တယ်။တခါတရံကျောက်ကပ်ရောင်တဲ့ လက္ခဏာတွေနဲ့ တွဲဖက်နိုင်တယ်။သိသာတဲ့လက္ခဏာတွေက သွားဖုံး ပြာတာ၊သွေးအားနည်းတာ၊အအိပ်အစားနည်းတာ၊အငြိမ်မနေတာ၊မှတ်မိနိုင်စွမ်းအားနည်းတာ၊ကြွက်သားအားနည်းလာတာထိမှုသိမှု အာရုံခံစားမှု၊လှုပ်ရှားမှု နည်းပါးလာတာတွေ ရှိတယ်။
ခဲဆိပ်လို့ ဘယ်လိုသိနိုင်လဲ
အကယ်၍ သွေးထဲမှာ ခဲဓာတ် ≥10 μg/dL များရင် ခဲဆိပ်သင့်တယ်လို့ သတ်မှတ်ပါတယ်။ ကလေးတွေမှာ အရင်ဆုံး မှတ်ဉာဏ်အားချို့ယွင်းလာတယ်။ 45 μg/dL အထက်ရောက်ရင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုငရာ လက္ခဏာတွေ ပေါ်ပေါက်လာတယ်။70 μg/dL ထက်ကျော်ရင် ဦးနှောက်နဲ့ အာရုံကြောကိုဆိုးဆိုးဝါးဝါး ထိခိုက် နေပြီး 100 μg/dLကျော်ရင်တော့ အသက်အန္တရာယ်ပါ စိုးရိမ်လာရပြီ။ ကလေးတွေမှာ X ray ဓာတ်မှန်ရိုက်ရင် ပေါင်ရိုးတွေမှာ lead band အစင်းကြောင်းတွေ အလျားလိုက်တွေ့ရတယ်။
ဘယ်လိုကုသလဲ
ရုတ်တရက် မျိုချမိပြီး အခြေအနေဆိုးရင်(lead >60 μg/dL) နှာခေါင်းပိုက်တပ်ပြီး polyethylene glycolနဲ့ ဆေးရတယ်။calcium disodium edetate ကို အကြောဆေး ဒရစ်သွင်းရတယ်။ အဆိပ်ချေဖျကိတ့ဲဆေး(chelator)ပေးပြီး သတ္တုနဲ့ပေါင်းပြီး စွန့်ထုတ်နိုင်အောင် ကူညီပေးရတယ်။ သွေးပေါင်ကောင်းအောင် normal salineချိတ်ပေးတယ်။ရုတ်တရက်အသည်းအသန်လူနာတွေမှာ သေချာကြပ်မပ်ကုသပေးရင် သက်သာလာပါတယ်။အနောက်နိုင်ငံတွေမှာ သေဆုံးမှုနည်းတယ်။
ဖြည်းဖြည်းချင်းဖြစ်တာ ဒါမှမဟုတ် သိပ်မဆိုးရင် အဆိပ်ဖြေဆေး(Oral chelation therapy) ပေးနိုင်တယ်။ Dimercaptosuccinic acid (DMSA, or succimer) ဆိုတာလည်း သုံးတယ်။ မကောင်းတာက ကြီးထွားမှုကို နှောင့်နှေးစေနိုင်တယ်။ D-penicillamine လည်း အသုံးများတယ်။ မကောင်းတာက သွေးဖြူဥနဲ့ သွေးဥမွှားကို ထိခိုက်စေတာပါ။ သတိပြုရမှာက ဖြေဆေး(Chelation therapy )ဖြတ်တဲ့အခါ ခပ်ဖြည်းဖြည်း ဖြတ်ပေးရတယ်။ မဟုတ်ရင် အရိုးထဲက ဓာတ်တွေပါထွက်လာပြီး ရုတ်တရက် ပြန်ဖြစ်တတ်တယ်။
ရေရှည်မှာ ဘာတွေဆက်ဖြစ်လဲ
ဦးနှောက်အပြင် တကိုယ်လုံးကို ထိခိုက်နိုင်တယ်။ အဆိပ်အတောက်ကို စွန့်ထုတ်ပေးတဲ့ အသည်းနဲ့ကျောက်ကပ်ကိုပါ ထိခိုက်စေတယ်။ တခါတရံ အဆိပ်ဖြေဆေးကိုယ်တိုင်က သွေးတိုး၊ကျောက်ကပ်နဲ့ ဦးနှာက်ကိုထိခိုက်စေတာမျိုး ရှိတယ်။ကလေးတွေမှာ ခဲဆိပ်သင့်တဲ့အခါ သင်ကြားမှုနဲ့ သင်ယူမှုအပြင် စိတ်ခံစားမှု၊အမူအကျင့်တွေပြောင်းလဲလာတာကလည်း ပညာရေးကို ထိခိုက်စေတယ်။ ရေရှည်မှာ လှုပ်ရှားမှုနဲ့ဆိုင်တဲ့ အာရုံကြောတွေ ထိခိုက်လာတာ၊စိတ်ကျလွယ် စိတ်တိုလွယ်တာ၊အမူအကျင့်ပြောင်းလဲတာနဲ့ မျိုးပွားနိုင်စွမ်းကိုပါ ထိခိုက်စေလာတယ်။
မာကျူရီဆိပ်သင့်တာ
မာကျူရီဓာတ် 10-50 mg/kg ထက်များရင် အဆိပ်သင့်နိုင်တယ်။ အူလမ်းကြောင်းက မစုပ်ယူနိုင်တာကြောင့် ဒုက္ခသိပ်မပေးနိုင်ပေမယ့် အရေပြားကတဆင့် စုပ်ယူနိုင်တယ်။စက်ရုံတွေမှာသုံးတဲ့ ကျောက်မီးသွေးမီးလောက်ရင် မာကျူရီတွေ ထွက်သွားတယ်။ပြဒါးဆိပ်သင့်တာကျတော့ ပင်လယ်ငါး၊ပိုးသတ်ဆေးနဲ့ ပြဒါးတိုင်လိုပစ္စည်းတွေကဖြစ်တယ်။
ရေတိုလက္ခဏာတွေက တုပ်ကွေးဆန်ဆန် ကြွက်သားနာတာ၊အစာအိမ်နာတာ၊စိတ်တိုလွယ်တာ၊အာရုံကြောပျက်ဆီးတာ၊အသည်းကျောက်ကပ်ထိခိုက်စေတာတို့ဖြစ်တယ်။
ဘာတွေလုပ်ကြလဲ
မာကျူရီကို ရှုရှိုက်မိပြီး အဆိပ်သင့်တဲ့အခါ အဆုတ်ကို ထိခိုက်တာသက်သာစေဖို့ hydrocortisoneကို အကြောထဲထိုးပေးရတယ်။ ပါးစပ်ကမျိုချမိရင် d-penicillamine ပေးပြီး သက်သာစေတယ်။
မေးထားသူအတွက် ဖြေရှင်းချက်
-လက္ခဏာက ခဲဆိပ်သင့်တာနဲ့ ပိုတူတယ်။
-ဒီအတွက် ဆရာဝန်နဲ့ သေချာစနစ်တကျ ကုသဖို့လိုအပ်ပါတယ်။
-မေးထားတဲ့ ဗီတာမင်ဆေးတွေကတော့ ပမာဏနည်းလွန်းတယ်။ တခြားဆေးတမျိုးမျိုးပြောင်းသောက်ပါ။ ရေများများသောက်ပါ။
-ဗီတာမင် ဘီနည်းနည်းပါးပါးပိုသောက်တာကို ခန္ဓာကိုယ်က စွန့်ထုတ်နိုင်တယ်။
-အာရုံကြောအတွက် vitamin B1,6,12ပါတာတွေ သောက်ပါ။
-coQ10 ပါတဲ့ဆေးမျိုးလိုအပိနိုင်တယ်။ 30mg တနေ့ သုံးကြိမ်သောက်ပါ။
-calcium ရော magnesium ပါ ပါဝင်တဲ့ဆေးက ostocal-M ဆိုတာရှိတယ်။ တနေ့၂ကြိမ်သောက်ပါ။
-ကမ္ဘာဦးရွက်(ginkgo biloba)ဆေးသောက်ပါ။ bio-biloba 100mg တနေ့ ၂ကြိမ်သောက်ပါ။
-mega 3 ကို တနေ့ ၂ကြိမ်သောက်ပါ။
-အရင်ကသောက်နေတဲ့ သံဓာတ်လို တိုင်းရင်းဆေးကို မသောက်ပါနဲ့။
-ဗီတာမင် အားဆေးတွေအကြောင်း တခုချင်းအသေးစိတ်ရေးထားပါတယ်။ ဆေးဝါးကမ္ဘာဘလော့ခ်မှာ ဝင်ဖတ်ပါ။

Credit : ဒေါက်တာအေးမင်းထူး