Zawgyi ဖြင့်ဖတ်ရန်
Credit : nan thuzar fb
Unicode ဖြင့်ဖတ်ရန်
နန်းသူဇာကို မမေ့နိုင်အောင် ပြုလုပ်ခဲ့တဲ့ အွန်လိုင်းပေါ်က ဝေဖန်မှုတစ်ခု
မော်ဒယ်အဆိုတော်တစ်ဦးဖြစ်သူ နန်းသူဇာက တခြားအနုပညာရှင်တွေနည်းတူ သူမအနေနဲ့လည်း အွန်လိုင်းပေါ်မှာ ဝေဖန်ခံရဖူးကြောင်းနဲ့ ဒီလို ဝေဖန်ခံရတဲ့အထဲမှာ သူမကို အမြဲတမ်း သတိရစေမယ့် ဝေဖန်မှုတစ်ခုရှိကြောင်း Screenshot ရိုက်ထားတဲ့ ဓါတ်ပုံနဲ့တကွ အခုလို ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။။။
” သတိရတိုင်း ဒီ Comment Screen Shot ကို ကြည့်ဖြစ်တယ်။ တော်တော်တော့ကြာပါပြီ။ တော်တော်လဲ ဝမ်းနည်းသွားခဲ့တယ်။ Online Media တစ်ခုရဲ့ ကိုယ့် post တစ်ခုအောက်မှာ တွေ့မိလို့ ရိုက်လိုက်တာ။
တခြားသူတွေ ရေးတာလဲ ရှိမှာပါ။ ဒါကတော့ ကိုယ်ဖတ်မိတာလေး တစ်ခုပေါ့။ သူဘယ်သူဘယ်ဝါ ကိုယ်စိတ်မဝင်စားဘူး။ ဒါပေမယ့် ကျေးဇူးပါ။ သူ့ကြောင့် ပဲ ကိုယ့်ကိုကိုယ် ပိုဂရုစိုက်ဖြစ်တာပေါ့။ ဝတာလေးတော့ ကြိုးစားလျော့နေတယ်။
ကျန်းမာရေးတွက်လဲ ပါတာပေါ့လေ။ ရုပ်ဆိုးတာတော့ မပြင်တော့ပါဘူး။ စိတ်လှအောင်ပဲနေပါတယ်။ ခုမှ စိတ်ထဲ တင်ချင်လာလို့ တင်လိုက်တာပါ။ Cyber Bully တွေကို စိတ်ထဲ မထားကျပါနဲ့လို့ ”
Credit : nan thuzar fb