Zawgyi ျဖင့္ဖတ္ရန္

အခုရက္ပိုင္း ေနျပည္ေတာ္ အိမ္ၿခံေျမေဈးကြက္မွာ က်ပ္သိန္း ၃၀ဝ ဝန္းက်င္ရွိ ေျမကြက္အခ်ိဳ႕အေရာင္းသြက္ေနတယ္လို႔ ေနျပည္ေတာ္ အိမ္ၿခံေျမေဈးကြက္မွသိရပါတယ္။
ဝယ္တဲ့သူေတြက အေဆာက္အအံုပါတာမပါတာသိပ္မၾကည့္ဘူး၊ ေျမေနရာကိုပဲ အဓိကၾကည့္တယ္၊ လမ္းသာတဲ့ေနရာေလးေတြဆို ပိုႀကိဳက္ၾကတာေပါ့၊ တခ်ိဳ႕ဆို ပ်ဥ္ေထာင္အိမ္ႏွစ္ထပ္ေလးေတြေတာ့ ပါတဲ့ဟာပါတယ္လို႔ ေအာင္ဆုပန္အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းမွ ေဒၚေအးနန္းစိုးက ေျပာပါတယ္။

က်ပ္သိန္း ၃၀ဝဝန္းက်င္ရွိေျမကြက္ေတြကေတာ့မ်ားေသာအားျဖင့္ ေပ ၆၀ ပတ္လည္ ေျမကြက္ေတြျဖစ္ၿပီး အေရာင္းအဝယ္အမ်ားဆံုးျဖစ္တာက ဥတၱရသီရိ ၿမိဳ႕နယ္၊ ဒကၡိဏသီရိၿမိဳ႕နယ္နဲ႔ ဇမၺဴသီရိ ၿမိဳ႕နယ္တို႔ျဖစ္တယ္လို႔သိရပါတယ္။ အခုလို သည္ၿမိဳ႕နယ္ေတြမွာ က်ပ္သိန္း ၃၀ဝ တန္ေျမ ကြက္ေတြ အေရာင္းအဝယ္ျဖစ္ေနေပမဲ့လည္း သည္လိုေျမကြက္မ်ိဳးေတြကို လူေနထူထပ္တဲ့ေနရာေတြနဲ႔ လမ္းသာတဲ့ေနရာေတြ ေတာ္ေတာ္မ်ားမ်ား က်န္ရွိေနေသးတဲ့အတြက္ ဝယ္ယူသူေတြအေနနဲ႔ ေရြးခ်ယ္ခြင့္ရႏိုင္ေသးတယ္လို႔လည္း သိရပါတယ္။

ေပါင္းေလာင္းဘက္ေတြလဲမဆိုးပါဘူး၊ ေျမကြက္ေလးေတြ သူ႕ဟာနဲ႔သူျဖစ္ပါတယ္၊ ၃၀ဝ တန္ေလးေတြလဲျဖစ္ပါတယ္၊ အငွားကေတာ့ တစ္သိန္း ေက်ာ္၊ သံုးသိန္းဝန္းက်င္တန္ေတြေလာက္ပဲျဖစ္တာပါလို႔ ေရႊလက္ပံအိမ္ၿခံေျမ အက်ိဳးေဆာင္လုပ္ငန္းမွ ဦးေက်ာ္စြာျမင့္က ေျပာပါတယ္။ေနျပည္ေတာ္ရဲ႕ အိမ္ၿခံေျမေဈးကြက္ အေနအထားဟာ သည္ႏွစ္ထဲမွာအေရာင္းအဝယ္ေရာ အငွားပါပံုမွန္ျဖစ္ေနေပမဲ့လည္း ေဈးႏႈန္းအေနနဲ႔ကေတာ့ မႏွစ္ကထက္ အနည္းငယ္ေအးေနတယ္လို႔သိရပါတယ္။ အခုရက္ပိုင္းအေရာင္းအဝယ္ျဖစ္ေနတဲ့ သိန္း ၃၀ဝ ဝန္းက်င္ရွိ ေျမကြက္အမ်ိဳးအစားေတြဟာလည္း ၿပီးခဲ့တဲ့ႏွစ္က သည္ေဈးဝန္းက်င္ေလာက္သာရွိေနခဲ့ၾကတယ္လို႔ သိရပါတယ္။

Author – မာရီခိုင္
Credit; Kumudra

Unicode ဖြင့်ဖတ်ရန်

 

အခုရက်ပိုင်း နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ ကျပ်သိန်း ၃၀ဝ ဝန်းကျင်ရှိ မြေကွက်အချို့အရောင်းသွက်နေတယ်လို့ နေပြည်တော် အိမ်ခြံမြေဈေးကွက်မှသိရပါတယ်။
ဝယ်တဲ့သူတွေက အဆောက်အအုံပါတာမပါတာသိပ်မကြည့်ဘူး၊ မြေနေရာကိုပဲ အဓိကကြည့်တယ်၊ လမ်းသာတဲ့နေရာလေးတွေဆို ပိုကြိုက်ကြတာပေါ့၊ တချို့ဆို ပျဉ်ထောင်အိမ်နှစ်ထပ်လေးတွေတော့ ပါတဲ့ဟာပါတယ်လို့ အောင်ဆုပန်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဒေါ်အေးနန်းစိုးက ပြောပါတယ်။

READ  အဂတိ လိုက္စားမႈျဖင့္ ဖမ္းဆီးခံ ရေသာ ေနျပည္ေတာ္ စည္ပင္ ဌာနမွဴး နွစ္ဦးကို မႏၲေလး အိုးဘိုေထာင္ သို႔ ပို႔ေဆာင္

ကျပ်သိန်း ၃၀ဝဝန်းကျင်ရှိမြေကွက်တွေကတော့များသောအားဖြင့် ပေ ၆၀ ပတ်လည် မြေကွက်တွေဖြစ်ပြီး အရောင်းအဝယ်အများဆုံးဖြစ်တာက ဥတ္တရသီရိ မြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နဲ့ ဇမ္ဗူသီရိ မြို့နယ်တို့ဖြစ်တယ်လို့သိရပါတယ်။ အခုလို သည်မြို့နယ်တွေမှာ ကျပ်သိန်း ၃၀ဝ တန်မြေ ကွက်တွေ အရောင်းအဝယ်ဖြစ်နေပေမဲ့လည်း သည်လိုမြေကွက်မျိုးတွေကို လူနေထူထပ်တဲ့နေရာတွေနဲ့ လမ်းသာတဲ့နေရာတွေ တော်တော်များများ ကျန်ရှိနေသေးတဲ့အတွက် ဝယ်ယူသူတွေအနေနဲ့ ရွေးချယ်ခွင့်ရနိုင်သေးတယ်လို့လည်း သိရပါတယ်။

ပေါင်းလောင်းဘက်တွေလဲမဆိုးပါဘူး၊ မြေကွက်လေးတွေ သူ့ဟာနဲ့သူဖြစ်ပါတယ်၊ ၃၀ဝ တန်လေးတွေလဲဖြစ်ပါတယ်၊ အငှားကတော့ တစ်သိန်း ကျော်၊ သုံးသိန်းဝန်းကျင်တန်တွေလောက်ပဲဖြစ်တာပါလို့ ရွှေလက်ပံအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးကျော်စွာမြင့်က ပြောပါတယ်။နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက် အနေအထားဟာ သည်နှစ်ထဲမှာအရောင်းအဝယ်ရော အငှားပါပုံမှန်ဖြစ်နေပေမဲ့လည်း ဈေးနှုန်းအနေနဲ့ကတော့ မနှစ်ကထက် အနည်းငယ်အေးနေတယ်လို့သိရပါတယ်။ အခုရက်ပိုင်းအရောင်းအဝယ်ဖြစ်နေတဲ့ သိန်း ၃၀ဝ ဝန်းကျင်ရှိ မြေကွက်အမျိုးအစားတွေဟာလည်း ပြီးခဲ့တဲ့နှစ်က သည်ဈေးဝန်းကျင်လောက်သာရှိနေခဲ့ကြတယ်လို့ သိရပါတယ်။

Author – မာရီခိုင်
Credit; Kumudra

 

 

LEAVE A REPLY