Zawgyi ဖြင့်ဖတ်ရန်
Credit : yawthama
Unicode ဖြင့်ဖတ်ရန်
နှစ်များစွာအိပ်ယာထက်မှာသာလဲနေရသည့်သားအမိသုံးယောက်၏အဖြစ်ဆိုး
ကူညီshareပေးကြပါအုံး အကူညီများများရအောင်လို့ပါကျွန်တော့်ဘဝမှာ ဒီသားအမိသုံးယောက်လောက်ကံဆိုးသည့်သူများ မတွေ့ဖူးသေးပါ။သုံးယောက်စလုံးပြိုင်တူအိပ်ယာထက်လဲနေရသည့်ဆိုးလွန်းသည့်အဖြစ်။
Facebook friend မစိုးမှ `ကိုဝမ်းရေကူညီပေးပါဦး ဒီမိသားစုကို’ဆိုပြီးဖုန်းဆက်အကူအညီတောင်းလာ၍ သူငယ်ချင်းဝင်းမြင့်ကားနဲ့ချက်ချင်းသွားလိုက်သည်။မန္တလေးမြို့မြို့ဟောင်းဘူတာဈေးအရှေ့ဘက်က ပြိုယိုင်လဲလဲ တဲအိမ်ထဲငုံဝင်လိုက်တော့ သားအမိသုံးယောက်စလုံး အိပ်ယာပေါ်မှာ
ပက်လက်တွေ့လိုက်ရသည်။ သားဖြစ်သူကမောင်ငြိမ်းချမ်းမောင် အသက်က၂၃နှစ် ဒါပေမယ့်မြင်တဲ့အတိုင်းခြေလက်အရိုးကွေးကောက်တွန့်လို့ မထနိုင်မသွားနိုင်တဲ့အနေအထား၊သူ့အစ်မကတော့ အသက်၂၈နှစ်မွေးကတည်းကထော့နဲ့ထော့နဲ့နဲ့လမ်းလျှောက်နိုင်သေးတယ်
အခုတော့ လုံးဝမထနိုင်တော့ အိပ်ယာပေါ်မှာပဲပက်လက်။ အမေဖြစ်သူက အယင်ကဈေးရောင်းကျွေးသည် တစ်နေ့ဆိုင်ကယ်တစ်စီးကဝင်တိုက်သွား၍ ခါးရိုးဆစ်တစ်ဆစ်ကျိုးသွား၍ အိပ်ယာထက်သာလဲနေရသည် ဈေးရောင်းမကျွေးနိုင်တော့။အခုအဖေဖြစ်သူက ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာ တောက်တိုမယ်ရလုပ်ပေးပြီး သူများပေးသည့် ပိုက်ဆံတစ်ထောင်နှစ်ထောင်နှင့် လုပ်ကျွေးနေရသည်။နောက်ညီမအငယ်က တစ်ပွဲ၂၀၀တန်ဒံပေါက်ထုတ်လေးတွေလှည့်ရောင်းပြီးရှာဖွေကျွေးမွေးရှာပါသည်။သူကလဲတစ်နေ့နှစ်ထောင်လောက်သာ အမြတ်ကျန်သည်။
မနက်ဆို အဖေဖြစ်သူက သူတို့အနား ရေခွက်တွင်ရေဖြည့်ပြီးထားပေးသွားသည်။ရေဆာယင်ယူပြီးဘေးတိုက်စောင်းသောက်ကြရတာပေါ့ နေ့လည်စာထမင်းဟင်းကတော့ အဖေနဲ့သမီးပိုက်ဆံရလို့ပြန်လာမှချက်ပြုတ်ကျွေးမှ စားကြရရှာပါသည်။ ဒါကြောင့်ONETOONEပြည်သူ့ကူညီရေး မှအမေဖြစ်သူ၊သားနှင့်သမီးတို့အားအရိုးဆေးရုံတွင် ပြသ၍ကုသပေးမည်။အိမ်ခေါင်မိုးမှာပေါက်ပြဲ၍ မိုးရွာယင်မိုးယိုပြီးအိမ်ထဲဗွက်ထနေသဖြင့် အိမ်အမိုးမိုးပေးမည်။
နေ့စဉ်စားသောက်ရန်အတွက်ဆီ၊ဆန်၊ဆားလိုအပ်သည်များထောက်ပံပေးသွားပါမည်။ထိုကြောင့် စေတနာရှင်အလှုရှင်များ ကံဆိုးရှာတဲ့ဒီသားအမိသုံးယောက်ကို ကယ်တင်ကူညီလှုပေးကြပါဦးလို့ 🙁
ONETOONE ပြည်သူ့ကူညီရေးအဖွဲ့
ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈
မောင်လူပျော် ဖုန်း ၀၉၄၀၂၅၇၇၁၄၃
Credit : yawthama