Zawgyi ျဖင့္ဖတ္ရန္

 

ပန္မြန္ဂြၽန္းၿမိဳ႕ရဲ႕ စစ္ေျပၿငိမ္း႐ြာနယ္စပ္မွာ ေတာင္ကိုရီးယားႏိုင္ငံထဲ ဘက္ေျပာင္းခိုလႈံဖို႔ဝင္လာတဲ့ ေျမာက္ကိုရီးယားစစ္သားတစ္ဦးကို ေျမာက္ကိုရီးယားဘက္က ေသနတ္နဲ႔ပစ္ခတ္ခဲ့လို႔ ဒဏ္ရာရခဲ့တယ္လို႔ တနလၤာေန႔က ေတာင္ကိုရီးယားစစ္တပ္က ေျပာပါတယ္။ အဆင့္နိမ့္တပ္သားျဖစ္မယ္လို႔ယူဆရတဲ့အဲဒီစစ္သားကို တစ္ခုတည္းေသာစစ္ေျပၿငိမ္းထားတဲ့နယ္စပ္ေဒသျဖစ္ၿပီး ႏွစ္ဖက္တပ္ဖြဲ႕ေတြ မ်က္ႏွာခ်င္းဆိုင္ရွိေနတဲ့ေနရာျဖစ္တဲ့ ပန္မြန္ဂြၽန္းနယ္ျခားရဲ႕ေတာင္ဘက္အျခမ္းတစ္ေနရာမွာ ပုခုံးနဲ႔တံေတာင္မွာ ေသြးထြက္ေနတဲ့ ဒဏ္ရာေတြ နဲ႔ ထိတ္လန႔္ေနဟန္နဲ႔ ေတြ႕ရွိခဲ့တယ္လို႔ ဆိုးလ္ရဲ႕ ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႕ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

“ကြၽန္ေတာ္တို႔စစ္တပ္က ေျမာက္ကိုရီးယားကိုျဖတ္ေက်ာ္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ လြတ္လပ္တဲ့အိမ္ဆီကိုဦးတည္လာတဲ့ ေျမာက္ကိုရီးယားစစ္သားကို လက္ခံခဲ့တယ္”လို႔ နယ္ျခားေတြနဲ႔ ႏွစ္ပိုင္းခြဲထားတဲ့ စစ္ေျပၿငိမ္းထားတဲ့႐ြာရဲ႕ ေတာင္ဘက္ အျခမ္းက အေဆာက္အဦတစ္ခုကို ရည္ၫႊန္းၿပီး ထုတ္ျပန္ပါတယ္။ ေျမာက္ကိုရီးယားဘက္ကေနေသနတ္နဲ႔ပစ္ျခင္းခံခဲ့ရတဲ့ သည္ဘက္ေျပာင္းခိုလႈံလာတဲ့ စစ္သားကို ကုလသမဂၢ ရဟတ္ယာဥ္တစ္စင္းနဲ႔ ေဆး႐ုံကိုပို႔ေဆာင္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ဆိုပါတယ္။ သူ႔ကို ေတာင္ကိုရီးယား ဘက္ျခမ္းက ေတြ႕ရွိခ်ိန္မွာ သတိျပန္လည္ေနၿပီျဖစ္ေပမယ့္ ဒဏ္ရာက အသက္အႏၲရာယ္ရွိ မရွိ ခ်က္ခ်င္းမသိရေသးပါဘူး။ စစ္တပ္ဘက္ေျပာင္းခိုလႈံျခင္းဟာ ကိုရီးယားႏွစ္ႏိုင္ငံရဲ႕ ႀကီးမားတဲ့အခိုင္အမာစစ္ေျပၿငိမ္းထားတဲ့ေနရာမွာ အျဖစ္မ်ားေပမယ့္ ခရီးသြားေတြကိုဆြဲေဆာင္တဲ့အဓိကေနရာတစ္ခုျဖစ္တဲ့ ပန္မြန္ဂြၽန္းၿမိဳ႕မွာေတာ့ ေတာ္ေတာ္ရွားပါးပါတယ္။

ေျမာက္ကိုရီးယားစစ္သားႏွစ္ဦးဟာ ဇြန္လမွာ ေတာင္ကိုရီးယားထံကို နယ္စပ္ေဒသ အျခားတစ္ဖက္ကေန ခိုလႈံဝင္ေရာက္ခဲ့ပါတယ္။ သည္ကြၽန္းဆြယ္ကို ပိုင္းျခားအၿပီး ၿပီးခဲ့တဲ့ဆယ္စုႏွစ္ေတြကတည္းက မူလနယ္စပ္ကေန တစ္ဖက္စီမွာ ႏွစ္ကီလိုမီတာေလာက္က်ယ္တဲ့ စစ္ေျပၿငိမ္းေရးေဒသကိုျဖတ္ၿပီး ေတာင္ကိုရီးယားကို ထြက္ေျပးလာခဲ့တဲ့ ေျမာက္ကိုရီးယား စစ္သားေပါင္း ဆယ္ဂဏန္းအေရအတြက္ေလာက္ရွိခဲ့ၿပီးျဖစ္ပါတယ္။ ေျမာက္ကိုရီးယားက ပဲ့ထိန္းဒုံးက်ည္စမ္းသပ္မႈေတြကို တိုးျမႇင့္လုပ္ေဆာင္ခဲ့တဲ့အတြက္ ႏွစ္ဖက္ဆက္ဆံေရးဟာ လေတာ္ေတာ္မ်ားမ်ားတင္မားေနခဲ့ၿပီးျဖစ္ပါတယ္။ ေျမာက္ကိုရီးယားက ဟိုက္ဒ႐ိုဂ်င္ဗုံးလို႔ေခၚတဲ့ ေျခာက္ႀကိမ္ေျမာက္ အႀကီးမားဆုံးန်ဴကလီးယားစမ္းသပ္မႈကို စက္တင္ဘာလမွာ လုပ္ေဆာင္ခဲ့ပါတယ္။

ေမသက္ [Ref: AFP. Nov 13, 2017]
Credit: Kumudra

READ  နစ္ျမဳပ္ၿပီး သံုးႏွစ္နီးပါး အၾကာတြင္ ေတာင္ကိုရီးယား ကူးတို႔ေရယာဉ္ကို ဆိပ္ကမ္းသို႔ ဆြဲယူ

Unicode ဖြင့်ဖတ်ရန်

ပန်မွန်ဂျွန်းမြို့ရဲ့ စစ်ပြေငြိမ်းရွာနယ်စပ်မှာ တောင်ကိုရီးယားနိုင်ငံထဲ ဘက်ပြောင်းခိုလှုံဖို့ဝင်လာတဲ့ မြောက်ကိုရီးယားစစ်သားတစ်ဦးကို မြောက်ကိုရီးယားဘက်က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဒဏ်ရာရခဲ့တယ်လို့ တနင်္လာနေ့က တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ အဆင့်နိမ့်တပ်သားဖြစ်မယ်လို့ယူဆရတဲ့အဲဒီစစ်သားကို တစ်ခုတည်းသောစစ်ပြေငြိမ်းထားတဲ့နယ်စပ်ဒေသဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့တွေ မျက်နှာချင်းဆိုင်ရှိနေတဲ့နေရာဖြစ်တဲ့ ပန်မွန်ဂျွန်းနယ်ခြားရဲ့တောင်ဘက်အခြမ်းတစ်နေရာမှာ ပုခုံးနဲ့တံတောင်မှာ သွေးထွက်နေတဲ့ ဒဏ်ရာတွေ နဲ့ ထိတ်လန့်နေဟန်နဲ့ တွေ့ရှိခဲ့တယ်လို့ ဆိုးလ်ရဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

“ကျွန်တော်တို့စစ်တပ်က မြောက်ကိုရီးယားကိုဖြတ်ကျော်ပြီး ကျွန်တော်တို့ရဲ့ လွတ်လပ်တဲ့အိမ်ဆီကိုဦးတည်လာတဲ့ မြောက်ကိုရီးယားစစ်သားကို လက်ခံခဲ့တယ်”လို့ နယ်ခြားတွေနဲ့ နှစ်ပိုင်းခွဲထားတဲ့ စစ်ပြေငြိမ်းထားတဲ့ရွာရဲ့ တောင်ဘက် အခြမ်းက အဆောက်အဦတစ်ခုကို ရည်ညွှန်းပြီး ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားဘက်ကနေသေနတ်နဲ့ပစ်ခြင်းခံခဲ့ရတဲ့ သည်ဘက်ပြောင်းခိုလှုံလာတဲ့ စစ်သားကို ကုလသမဂ္ဂ ရဟတ်ယာဉ်တစ်စင်းနဲ့ ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဆိုပါတယ်။ သူ့ကို တောင်ကိုရီးယား ဘက်ခြမ်းက တွေ့ရှိချိန်မှာ သတိပြန်လည်နေပြီဖြစ်ပေမယ့် ဒဏ်ရာက အသက်အန္တရာယ်ရှိ မရှိ ချက်ချင်းမသိရသေးပါဘူး။ စစ်တပ်ဘက်ပြောင်းခိုလှုံခြင်းဟာ ကိုရီးယားနှစ်နိုင်ငံရဲ့ ကြီးမားတဲ့အခိုင်အမာစစ်ပြေငြိမ်းထားတဲ့နေရာမှာ အဖြစ်များပေမယ့် ခရီးသွားတွေကိုဆွဲဆောင်တဲ့အဓိကနေရာတစ်ခုဖြစ်တဲ့ ပန်မွန်ဂျွန်းမြို့မှာတော့ တော်တော်ရှားပါးပါတယ်။

မြောက်ကိုရီးယားစစ်သားနှစ်ဦးဟာ ဇွန်လမှာ တောင်ကိုရီးယားထံကို နယ်စပ်ဒေသ အခြားတစ်ဖက်ကနေ ခိုလှုံဝင်ရောက်ခဲ့ပါတယ်။ သည်ကျွန်းဆွယ်ကို ပိုင်းခြားအပြီး ပြီးခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက မူလနယ်စပ်ကနေ တစ်ဖက်စီမှာ နှစ်ကီလိုမီတာလောက်ကျယ်တဲ့ စစ်ပြေငြိမ်းရေးဒေသကိုဖြတ်ပြီး တောင်ကိုရီးယားကို ထွက်ပြေးလာခဲ့တဲ့ မြောက်ကိုရီးယား စစ်သားပေါင်း ဆယ်ဂဏန်းအရေအတွက်လောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့တဲ့အတွက် နှစ်ဖက်ဆက်ဆံရေးဟာ လတော်တော်များများတင်မားနေခဲ့ပြီးဖြစ်ပါတယ်။ မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံးလို့ခေါ်တဲ့ ခြောက်ကြိမ်မြောက် အကြီးမားဆုံးနျူကလီးယားစမ်းသပ်မှုကို စက်တင်ဘာလမှာ လုပ်ဆောင်ခဲ့ပါတယ်။

မေသက် [Ref: AFP. Nov 13, 2017]
Credit: Kumudra

READ  လုပ္သား ေတြ တစ္ပတ္ႏွစ္ရက္နားရမယ့္ ဥပေဒ ထိုင္ဝမ္ထုတ္ျပန္

LEAVE A REPLY