ZawGyiျဖင့္ဖတ္ရန္

 

လက္ရွိ လူ႔အဖြဲ႔အစည္းမွာဆိုရင္ ပိုမို သက္ေတာင္႔သက္သာ ရွိေစမယ္႔ လူေနမႈ စနစ္ ျဖစ္လာဖို႔ ေန႔စဥ္ဘဝမွာ အင္တာနက္က မရွိမျဖစ္အေနနဲ႔ လိုအပ္လာျပီ လို႔ ေျပာလို႔ရပါတယ္။

 

ဘယ္ေနရာေတြမွာ အေထာက္အကူျဖစ္လာသလဲ ဆိုတာ ဥပမာေပးရရင္ေတာ႔ အြန္လိုင္းကေန တဆင္႔ လုပ္ေဆာင္လို႔ရတဲ႔ အလုပ္ေတြ၊ အြန္လိုင္းေပၚကေန ရွာေဖြလို႔ရတဲ႔ သတင္း အခ်က္အလက္ေတြ အျပင္ အြန္လိုင္းကို အသံုးျပဳျပီး ေပးေခ်လို႔ရတဲ႔ ေငြေပးေခ်စနစ္၊ ေငြလႊဲစနစ္ အစရွိတဲ႔ ေနရာေတြ ကို ၾကည္႔ရင္ သိႏိုင္မွာပါ။ ေန႔စဥ္ဘဝမွာ အင္တာနက္ကို အသံုးျပဳေနပံု အခ်ိဳ႕ကို ေလ႔လာၾကည္႔ရေအာင္။

 

၁။ အင္တာနက္နဲ႔ ဆက္ႏြယ္ေနတဲ႔ ေက်ာင္းသားလူငယ္ေတြ

 

ေက်ာင္းသားလူငယ္ေတြ အေနနဲ႔ အင္တာနက္ ေခတ္မစားခင္ အခ်ိန္ကလို လိုခ်င္တဲ႔ ေလ႔လာစရာ၊ ကိုးကားစရာ အခ်က္အလက္ေတြကို ခက္ခက္ခဲခဲနဲ႔ ပင္ပန္းၾကီးစြာ ရွာေနဖို႔ သိပ္ျပီး မလိုအပ္ေတာ႔ပါဘူး။ အြန္လိုင္းစာၾကည္႔တိုက္ေတြကေန တဆင္႔ စာအုပ္ေတြ၊ စာတမ္းေတြ၊ အခ်က္အလက္ေတြကို လြယ္လြယ္ကူကူရရွိႏိုင္ေနျပီလို႔ ဆိုရမွာပါ။ ဒါ႔ျပင္ အြန္လိုင္းကေန တဆင္႔ သင္တန္းေတြ၊ ေက်ာင္းေတြလည္း တက္ေရာက္ႏို္င္တဲ႔ အတြက္ အင္တာနက္က ေက်ာင္းသားလူငယ္ေတြအတြက္ေတာ႔ မရွိမျဖစ္ အရာတစ္ခု ျဖစ္လာတာ အမွန္ပါပဲ။ ဥပမာ အေနနဲ႔ေျပာရရင္ https://www.futurelearn.com/ လို ေနရာမ်ိဳးမွာဆိုရင္ ေတာ႔ စိတ္ဝင္စားစရာ ပညာရပ္အမ်ိဳးမ်ိဳးကို အြန္လိုင္း သင္တန္းေတြအျဖစ္ အခမဲ႔ အေနနဲ႔ေရာ၊ အခေၾကးေငြနဲ႔ပါ သင္ယူႏိုင္မွာ ျဖစ္ပါတယ္။

 

၂။ အလုပ္ခြင္မွာ မရွိမျဖစ္အေရးပါလာတဲ႔ အင္တာနက္
ရုံးေရာက္ရင္ ကြန္ပ်ဴတာ ဖြင္႔ျပီး Email စစ္ၾကတဲ႔သူေတြ ရိုးရာေလး ပရိတ္သတ္ေတြထဲ ဘယ္ႏွစ္ေယာက္ေလာက္ရွိပါသလဲ။ ဟုတ္ပါတယ္။ ေန႔တစ္ေန႔ရဲ႕ အလုပ္ခြင္အစကို အင္တာနက္ကို အသံုးျပဳျပီး စတင္ၾကတာက သမားရိုးက် နည္းလမ္းတစ္ခု ျဖစ္လာခဲ႔ပါျပီ။ အြန္လိုင္းေပၚကေန တဆင္႔ ခ်ိတ္ဆက္ဆက္သြယ္ျပီး အြန္လို္င္းကုန္သြယ္မႈေတြ ျပဳလုပ္ႏိုင္မယ္။ အြန္လိုင္းကို အသံုးျပဳျပီး ကုန္ပစၥည္းေၾကာ္ျငာေတြ၊ ပရိုမိုးရွင္း အစီအစဥ္ေတြ ျပဳလုပ္ႏိုင္လာမယ္။ ဥပမာ-Digital Marketing နဲ႔ ပ တ္သက္တဲ႔ အလုပ္ေတြ ကလည္း အခုဆိုရင္ အရမ္း ေခတ္စားလာတဲ႔အတြက္ အင္တာနက္က အလုပ္အကိုင္အခြင္႔အေရးနဲ႔ လုပ္ငန္းခြင္ အတြက္ အေရးၾကီးတဲ႔ အရာ တစ္ခု ျဖစ္ေနခဲ႔ပါျပီ။

 

၃။ အြန္လိုင္းကေနအစျပဳလို႔ က်ယ္ျပန္႔လာတဲ႔ေပါင္းသင္းဆက္ဆံေရး

 

အင္တာနက္က အခုအခ်ိန္မွာ ေပါင္းသင္းဆက္ဆံေရးေတြအတြက္ အဓိက ေပါင္းကူးပစၥည္းတစ္ခု ျဖစ္လာခဲ႔ပါျပီ။ အရင္ကလို စာနဲ႔ မိတ္ဖြဲ႔ၾကတာေတြ၊ အျပင္မွာ အရင္ေတြ႔ဆံု မိတ္ဆက္ၾကတာေတြထက္ အြန္လိုင္းေပၚက တဆင္႔ ေတြ႕ဆံုရင္းႏွီးၾကေတြက ပိုေတာင္မ်ားလာပါေသးတယ္။ အမ်ိဳးမ်ိဳးေသာ ဆက္သြယ္စရာ ၾကားခံ လူမႈကြန္ယက္ေတြကလည္း မသံုးဘဲ မေနခ်င္ေလာက္ေအာင္ အသံုးျပဳသူကို ဆြဲေဆာင္ႏို္င္ၾကပါတယ္။ ဥပမာအေနနဲ႔ဆိုရင္ေတာ႔ Facebook, Instagram, Viber စတဲ႔ လူမႈကြန္ယက္ေတြကို ၾကည္႔ရင္ သိႏိုင္ပါတယ္။ အဲ႔ဒီလို လူမႈကြန္ယက္ေတြကေန ရရွိႏိုင္တဲ႔ စိိတ္ေပ်ာ္ရႊင္မႈကလည္း အျပင္မွာ တကယ္ ခင္မင္ရင္းႏွီးမႈေတြထက္ေတာင္ စိတ္ကို ပိုလႊမ္းမိုးလာႏိုင္တယ္လို႔ ဆိုရမွာပါပဲ။

 

၄။ အြန္လိုင္းေရွာ႔ပင္း ဒါမွမဟုတ္ အြန္လိုင္းေပၚမွ ေစ်းရုံေတြ
Shopping ထြက္မယ္ဆိုျပီး တကယ္ ေျခေညာင္းခံ ေလွ်ာက္ၾကည္႔ျပီး ရွာေဖြေနတဲ႔သူေတြက ဒီေန႔ေခတ္မွာ နည္းသြားေလာက္ျပီ ထင္ပါတယ္။ အြန္လိုင္းကေန ပစၥည္းမွာယူျပီး၊ အိမ္အေရာက္ပို႔ေဆာင္ေပးတဲ႔ ဝန္ေဆာင္မႈကလည္း ဝယ္သူေတြကို ဆြဲေဆာင္ႏို္င္တဲ႔ အရာ တစ္ခုပါပဲ။ ဥပမာဆိုရင္ အေမရိကန္မွာေရာ ကမၻာမွာပါ အေအာင္ျမင္ဆံုး Online shop တစ္ခု ျဖစ္တဲ႔ https://www.amazon.com/ ကိုၾကည္႔ႏုိင္ပါတယ္။ ကလစ္ေလး တစ္ခ်က္ႏွိပ္လိုက္ရုံနဲ႔ ကိုယ္လိုခ်င္တဲ႔ ပစၥည္းေတြကို လြယ္လြယ္ကူကူဝယ္ယူလို႔ရႏိုင္တာက အင္တာနက္ရဲ႕ ေကာင္းက်ိဳးတစ္ခု လို႔ ဆိုရမွာပါပဲ။

 

၅။ အြန္လိုင္း ေငြေပးေခ်စနစ္ေတြ၊ ေငြလႊဲစနစ္ေတြ

 

အေပၚမွာ ေဖာ္ျပခဲ႔တဲ႔ အခ်က္ေတြ အားလံုးနဲ႔ ဆက္ႏြယ္ေနတဲ႔ အခ်က္တစ္ခုကို ေျပာရမယ္ဆိုရင္ေတာ႔ အြန္လိုင္းေငြေပးေခ်မႈစနစ္ေတြနဲ႔၊ အြန္လိုင္း ေငြလႊဲစနစ္ေတြလို႔ ဆိုရမွာပါပဲ။ အခု အခ်ိန္မွာဆိုရင္ အြန္လိုင္းကေန ပစၥည္းဝယ္တာပဲျဖစ္ျဖစ္၊ သင္တန္းတစ္ခုခု ကို တက္ဖုိ႔ စီစဥ္တာပဲ ျဖစ္ျဖစ္၊ အြန္လိုင္း ပရိုမိုးရွင္းေတြအတြက္ပဲ ျဖစ္ျဖစ္ ေနာက္ဆံုး လစာေပးတဲ႔အခါမွာေတာင္ အြန္လိုင္းေငြလႊဲစနစ္၊ အြန္လိုင္း ေငြေခ် စနစ္ေတြကိုပဲ အသံုးျပဳတာမ်ားလာတာေတြ႔ရမွာပါ။ ဥပမာအေနနဲ႔ဆိုရင္ေတာ႔ အူရီဒူးရဲ႕ M-ပိုက္ဆံကို အသံုးျပဳျပီး အဆိုပါ အြန္လိုင္းေငြလႊဲစနစ္နဲ႔ အြန္လိုင္း ေငြေပးေခ်စနစ္ေတြကို အလြယ္တကူလုပ္ေဆာင္ႏိုင္မွာပါ။ ေငြျဖည္႔သြင္းဖို႔ အတြက္ဆိုရင္ေတာ႔ နီးစပ္ရာ M-ပိုက္ဆံကိုယ္စားလွယ္ဆီမွာ သြားေရာက္ျဖည္႔သြင္းႏို္င္မွာပဲ ျဖစ္ပါတယ္။
အခုေဖာ္ျပေပးခဲ႔တာကေတာ႔ ေန႔စဥ္လူေနမႈဘဝမွာ အင္တာနက္ကို အသံုးျပဳေနၾကပံု အခ်ိဳ႕ပဲ ျဖစ္ပါတယ္။

Credit: Yoyarlay

Unicodeဖြင့်ဖတ်ရန်
လက်ရှိ လူ့အဖွဲ့အစည်းမှာဆိုရင် ပိုမို သက်တောင့်သက်သာ ရှိစေမယ့် လူနေမှု စနစ် ဖြစ်လာဖို့ နေ့စဉ်ဘဝမှာ အင်တာနက်က မရှိမဖြစ်အနေနဲ့ လိုအပ်လာပြီ လို့ ပြောလို့ရပါတယ်။

 

ဘယ်နေရာတွေမှာ အထောက်အကူဖြစ်လာသလဲ ဆိုတာ ဥပမာပေးရရင်တော့ အွန်လိုင်းကနေ တဆင့် လုပ်ဆောင်လို့ရတဲ့ အလုပ်တွေ၊ အွန်လိုင်းပေါ်ကနေ ရှာဖွေလို့ရတဲ့ သတင်း အချက်အလက်တွေ အပြင် အွန်လိုင်းကို အသုံးပြုပြီး ပေးချေလို့ရတဲ့ ငွေပေးချေစနစ်၊ ငွေလွှဲစနစ် အစရှိတဲ့ နေရာတွေ ကို ကြည့်ရင် သိနိုင်မှာပါ။ နေ့စဉ်ဘဝမှာ အင်တာနက်ကို အသုံးပြုနေပုံ အချို့ကို လေ့လာကြည့်ရအောင်။

 

၁။ အင်တာနက်နဲ့ ဆက်နွယ်နေတဲ့ ကျောင်းသားလူငယ်တွေ

 

ကျောင်းသားလူငယ်တွေ အနေနဲ့ အင်တာနက် ခေတ်မစားခင် အချိန်ကလို လိုချင်တဲ့ လေ့လာစရာ၊ ကိုးကားစရာ အချက်အလက်တွေကို ခက်ခက်ခဲခဲနဲ့ ပင်ပန်းကြီးစွာ ရှာနေဖို့ သိပ်ပြီး မလိုအပ်တော့ပါဘူး။ အွန်လိုင်းစာကြည့်တိုက်တွေကနေ တဆင့် စာအုပ်တွေ၊ စာတမ်းတွေ၊ အချက်အလက်တွေကို လွယ်လွယ်ကူကူရရှိနိုင်နေပြီလို့ ဆိုရမှာပါ။ ဒါ့ပြင် အွန်လိုင်းကနေ တဆင့် သင်တန်းတွေ၊ ကျောင်းတွေလည်း တက်ရောက်နိုင်တဲ့ အတွက် အင်တာနက်က ကျောင်းသားလူငယ်တွေအတွက်တော့ မရှိမဖြစ် အရာတစ်ခု ဖြစ်လာတာ အမှန်ပါပဲ။ ဥပမာ အနေနဲ့ပြောရရင် https://www.futurelearn.com/ လို နေရာမျိုးမှာဆိုရင် တော့ စိတ်ဝင်စားစရာ ပညာရပ်အမျိုးမျိုးကို အွန်လိုင်း သင်တန်းတွေအဖြစ် အခမဲ့ အနေနဲ့ရော၊ အခကြေးငွေနဲ့ပါ သင်ယူနိုင်မှာ ဖြစ်ပါတယ်။

 

၂။ အလုပ်ခွင်မှာ မရှိမဖြစ်အရေးပါလာတဲ့ အင်တာနက်
ရုံးရောက်ရင် ကွန်ပျူတာ ဖွင့်ပြီး Email စစ်ကြတဲ့သူတွေ ရိုးရာလေး ပရိတ်သတ်တွေထဲ ဘယ်နှစ်ယောက်လောက်ရှိပါသလဲ။ ဟုတ်ပါတယ်။ နေ့တစ်နေ့ရဲ့ အလုပ်ခွင်အစကို အင်တာနက်ကို အသုံးပြုပြီး စတင်ကြတာက သမားရိုးကျ နည်းလမ်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ အွန်လိုင်းပေါ်ကနေ တဆင့် ချိတ်ဆက်ဆက်သွယ်ပြီး အွန်လိုင်းကုန်သွယ်မှုတွေ ပြုလုပ်နိုင်မယ်။ အွန်လိုင်းကို အသုံးပြုပြီး ကုန်ပစ္စည်းကြော်ငြာတွေ၊ ပရိုမိုးရှင်း အစီအစဉ်တွေ ပြုလုပ်နိုင်လာမယ်။ ဥပမာ-Digital Marketing နဲ့ ပ တ်သက်တဲ့ အလုပ်တွေ ကလည်း အခုဆိုရင် အရမ်း ခေတ်စားလာတဲ့အတွက် အင်တာနက်က အလုပ်အကိုင်အခွင့်အရေးနဲ့ လုပ်ငန်းခွင် အတွက် အရေးကြီးတဲ့ အရာ တစ်ခု ဖြစ်နေခဲ့ပါပြီ။

 

၃။ အွန်လိုင်းကနေအစပြုလို့ ကျယ်ပြန့်လာတဲ့ပေါင်းသင်းဆက်ဆံရေး

 

အင်တာနက်က အခုအချိန်မှာ ပေါင်းသင်းဆက်ဆံရေးတွေအတွက် အဓိက ပေါင်းကူးပစ္စည်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ အရင်ကလို စာနဲ့ မိတ်ဖွဲ့ကြတာတွေ၊ အပြင်မှာ အရင်တွေ့ဆုံ မိတ်ဆက်ကြတာတွေထက် အွန်လိုင်းပေါ်က တဆင့် တွေ့ဆုံရင်းနှီးကြတွေက ပိုတောင်များလာပါသေးတယ်။ အမျိုးမျိုးသော ဆက်သွယ်စရာ ကြားခံ လူမှုကွန်ယက်တွေကလည်း မသုံးဘဲ မနေချင်လောက်အောင် အသုံးပြုသူကို ဆွဲဆောင်နိုင်ကြပါတယ်။ ဥပမာအနေနဲ့ဆိုရင်တော့ Facebook, Instagram, Viber စတဲ့ လူမှုကွန်ယက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ အဲ့ဒီလို လူမှုကွန်ယက်တွေကနေ ရရှိနိုင်တဲ့ စိတ်ပျော်ရွှင်မှုကလည်း အပြင်မှာ တကယ် ခင်မင်ရင်းနှီးမှုတွေထက်တောင် စိတ်ကို ပိုလွှမ်းမိုးလာနိုင်တယ်လို့ ဆိုရမှာပါပဲ။

 

၄။ အွန်လိုင်းရှော့ပင်း ဒါမှမဟုတ် အွန်လိုင်းပေါ်မှ ဈေးရုံတွေ
Shopping ထွက်မယ်ဆိုပြီး တကယ် ခြေညောင်းခံ လျှောက်ကြည့်ပြီး ရှာဖွေနေတဲ့သူတွေက ဒီနေ့ခေတ်မှာ နည်းသွားလောက်ပြီ ထင်ပါတယ်။ အွန်လိုင်းကနေ ပစ္စည်းမှာယူပြီး၊ အိမ်အရောက်ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုကလည်း ဝယ်သူတွေကို ဆွဲဆောင်နိုင်တဲ့ အရာ တစ်ခုပါပဲ။ ဥပမာဆိုရင် အမေရိကန်မှာရော ကမ္ဘာမှာပါ အအောင်မြင်ဆုံး Online shop တစ်ခု ဖြစ်တဲ့ https://www.amazon.com/ ကိုကြည့်နိုင်ပါတယ်။ ကလစ်လေး တစ်ချက်နှိပ်လိုက်ရုံနဲ့ ကိုယ်လိုချင်တဲ့ ပစ္စည်းတွေကို လွယ်လွယ်ကူကူဝယ်ယူလို့ရနိုင်တာက အင်တာနက်ရဲ့ ကောင်းကျိုးတစ်ခု လို့ ဆိုရမှာပါပဲ။

 

၅။ အွန်လိုင်း ငွေပေးချေစနစ်တွေ၊ ငွေလွှဲစနစ်တွေ

 

အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်တွေ အားလုံးနဲ့ ဆက်နွယ်နေတဲ့ အချက်တစ်ခုကို ပြောရမယ်ဆိုရင်တော့ အွန်လိုင်းငွေပေးချေမှုစနစ်တွေနဲ့၊ အွန်လိုင်း ငွေလွှဲစနစ်တွေလို့ ဆိုရမှာပါပဲ။ အခု အချိန်မှာဆိုရင် အွန်လိုင်းကနေ ပစ္စည်းဝယ်တာပဲဖြစ်ဖြစ်၊ သင်တန်းတစ်ခုခု ကို တက်ဖို့ စီစဉ်တာပဲ ဖြစ်ဖြစ်၊ အွန်လိုင်း ပရိုမိုးရှင်းတွေအတွက်ပဲ ဖြစ်ဖြစ် နောက်ဆုံး လစာပေးတဲ့အခါမှာတောင် အွန်လိုင်းငွေလွှဲစနစ်၊ အွန်လိုင်း ငွေချေ စနစ်တွေကိုပဲ အသုံးပြုတာများလာတာတွေ့ရမှာပါ။ ဥပမာအနေနဲ့ဆိုရင်တော့ အူရီဒူးရဲ့ M-ပိုက်ဆံကို အသုံးပြုပြီး အဆိုပါ အွန်လိုင်းငွေလွှဲစနစ်နဲ့ အွန်လိုင်း ငွေပေးချေစနစ်တွေကို အလွယ်တကူလုပ်ဆောင်နိုင်မှာပါ။ ငွေဖြည့်သွင်းဖို့ အတွက်ဆိုရင်တော့ နီးစပ်ရာ M-ပိုက်ဆံကိုယ်စားလှယ်ဆီမှာ သွားရောက်ဖြည့်သွင်းနိုင်မှာပဲ ဖြစ်ပါတယ်။
အခုဖော်ပြပေးခဲ့တာကတော့ နေ့စဉ်လူနေမှုဘဝမှာ အင်တာနက်ကို အသုံးပြုနေကြပုံ အချို့ပဲ ဖြစ်ပါတယ်။

Credit: Yoyarlay