ေရဦးက သမီးေလး ကို မုဒိန္းက်င့္တဲ့ လူမဆန္တဲ့ အေဖ ကေတာ့ ေထာင္ တစ္သက္တစ္ကြ်န္းက်သြားပါၿပီ။ကေလးမေလးက လကုန္ေလာက္ေမြးပါမယ္။ ေနအိမ္ ကေတာ့ျမင္တဲ့အတိုင္းပါပဲ မိုးရြာ ေတာ့မိုးမလံု ကေလးမေလး အေမ က က်ေနာ္တို ့နဲ႔မတိမ္းမယိမ္းပါ

 

ကေလး ၄ေယာက္အငယ္ဆံုးက၁ႏွစ္အရြယ္ေလးပါ။ကေလးမေလးကိုေမြးၿပီး ရင္ က်ေနာ္တို ့နဲ႔လိုက္ခဲ့ဆိုေတာ့ မလိုက္ခဲ့ခ်င္ဘူး အေမတို ့နဲ႔ပဲေနမွာတဲ့။ဖိနပ္ေတာင္စီးစရာေကာင္းေကာင္းမရွိရွာဘူး။

သမီး ေက်ာင္း လဲမတက္ခ်င္ဘူးရွက္လို ့တဲ့ သူ႔ အေမ နဲ႔အတူ အမွိဳက္ေကာက္မယ္ေျပာေနတယ္:(သမီးရွက္ရေအာင္သမီးမွာဘာအျပစ္မွမရွိဘူးရွက္စရာမလိုဘူးဆိုေတာ့ ေက်ာက္လမ္းေ တာင္မထြက္ရဲဘူးလူေတြကိုေၾကာက္လို႔တဲ့။

 

သူ႔ အေမ ကေတာ့ ကေလးမေလး ကို က်ေနာ္တို ့ေကာင္းသလိုစီမံေပးပါေျပာရွာတယ္။ေတာ္ေတာ္႐ိုးရွာတယ္။ေမြးၿပီးအနာက်က္ရင္ ကေလးမေလး ကိုသြားေခၚပါမယ္။သူး ေရွ ့ေရးအတြက္ ေက်ာင္းဆ က္တက္ဖို ့စိတ္လံူျခံဳမွဳေပးဖို ့သိပ္လိုအပ္ေနပါတယ္။

ကေလးမေလး ကငိုေတာ့ကိုယ္ပါ မ်က္ရည္ မက်ေအာင္ဘာမွမျဖစ္သလိုထိန္းၿပီးေနရတယ္။

ပိုၿပီးစိတ္မေကာင္းတာက သူတို ့ဆီ ဘယ္ လႊတ္ေတာ္ ကိုယ္စားလွယ္မွ သြားအားမေပးတာပဲ။

 

စကားမစပ္ ေရဦး အမတ္ ေတြကိုmentionေခၚေပးၾကစမ္းပါ။

ပိုက္ဆံ ၁သိန္း ဆန္တစ္အိတ္ေလာေလာဆယ္ေထာက္ပံ့ခဲ့ပါတယ္။ဟိုတေလာက က်မ သူငယ္ခ်င္း မယ္လွိဳင္းကလဲဆန္တစ္အိတ္လွဴထားေသးတယ္။

ကေလး ေလးကခြဲေမြးရမွာပါ။ အပ်ိဳေတာင္ မျဖစ္လိုက္ဘဲ ကိုယ္ဝန္တန္းရသြားခဲ့တာ။ ကေလးမေလး က က်ီးၾကည့္ေၾကာက့္ၾကည့္နဲ႔ေၾကာက္ေနပံုေလး။လူမဆန္တဲ့ အေဖ က မယားပါ သမီးပါလို ့လိမ္ေသးတာတဲ့။ က်ေနာ့္အေနနဲ႔ သက္ငယ္ မုဒိန္းမွဳ ေတြကို ေသဒဏ္ ေပးေစခ်င္တယ္။

share from : apannpyay

Unicode ဖြင့်ဖတ်ရန်

သမီးလေး ကို မုဒိန်းကျင့် တဲ့ အဖေ ထောင် တစ်သက်တစ်ကျွန်းကျသွားပါပြီ

ရေဦးက သမီးလေး ကို မုဒိန်းကျင့်တဲ့ လူမဆန်တဲ့ အဖေ ကတော့ ထောင် တစ်သက်တစ်ကျွန်းကျသွားပါပြီ။ကလေးမလေးက လကုန်လောက်မွေးပါမယ်။ နေအိမ် ကတော့မြင်တဲ့အတိုင်းပါပဲ မိုးရွာ တော့မိုးမလုံ ကလေးမလေး အမေ က ကျနော်တို့နဲ့မတိမ်းမယိမ်းပါ

 

ကလေး ၄ယောက်အငယ်ဆုံးက၁နှစ်အရွယ်လေးပါ။ကလေးမလေးကိုမွေးပြီး ရင် ကျနော်တို့နဲ့လိုက်ခဲ့ဆိုတော့ မလိုက်ခဲ့ချင်ဘူး အမေတို့နဲ့ပဲနေမှာတဲ့။ဖိနပ်တောင်စီးစရာကောင်းကောင်းမရှိရှာဘူး။

သမီး ကျောင်း လဲမတက်ချင်ဘူးရှက်လို့တဲ့ သူ့ အမေ နဲ့အတူ အမှိုက်ကောက်မယ်ပြောနေတယ်:(သမီးရှက်ရအောင်သမီးမှာဘာအပြစ်မှမရှိဘူးရှက်စရာမလိုဘူးဆိုတော့ ကျောက်လမ်းေ တာင်မထွက်ရဲဘူးလူတွေကိုကြောက်လို့တဲ့။

 

သူ့ အမေ ကတော့ ကလေးမလေး ကို ကျနော်တို့ကောင်းသလိုစီမံပေးပါပြောရှာတယ်။တော်တော်ရိုးရှာတယ်။မွေးပြီးအနာကျက်ရင် ကလေးမလေး ကိုသွားခေါ်ပါမယ်။သူး ရှေ့ရေးအတွက် ကျောင်းဆ က်တက်ဖို့စိတ်လူံခြုံမှုပေးဖို့သိပ်လိုအပ်နေပါတယ်။

ကလေးမလေး ကငိုတော့ကိုယ်ပါ မျက်ရည် မကျအောင်ဘာမှမဖြစ်သလိုထိန်းပြီးနေရတယ်။

ပိုပြီးစိတ်မကောင်းတာက သူတို့ဆီ ဘယ် လွှတ်တော် ကိုယ်စားလှယ်မှ သွားအားမပေးတာပဲ။

 

စကားမစပ် ရေဦး အမတ် တွေကိုmentionခေါ်ပေးကြစမ်းပါ။

ပိုက်ဆံ ၁သိန်း ဆန်တစ်အိတ်လောလောဆယ်ထောက်ပံ့ခဲ့ပါတယ်။ဟိုတလောက ကျမ သူငယ်ချင်း မယ်လှိုင်းကလဲဆန်တစ်အိတ်လှူထားသေးတယ်။

ကလေး လေးကခွဲမွေးရမှာပါ။ အပျိုတောင် မဖြစ်လိုက်ဘဲ ကိုယ်ဝန်တန်းရသွားခဲ့တာ။ ကလေးမလေး က ကျီးကြည့်ကြောက့်ကြည့်နဲ့ကြောက်နေပုံလေး။လူမဆန်တဲ့ အဖေ က မယားပါ သမီးပါလို့လိမ်သေးတာတဲ့။ ကျနော့်အနေနဲ့ သက်ငယ် မုဒိန်းမှု တွေကို သေဒဏ် ပေးစေချင်တယ်။

share from : apannpyay