Zawgyi ဖြင့်ဖတ်ရန်
Photos©Original
Credit – pannpwint
Unicode ဖြင့်ဖတ်ရန်
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သာသနာညှိုးနွမ်းစေမှုတို့ဖြင့် ထောင်ထဲတွင် ၄ နှစ်ခန့်နေခဲ့ရသော ရဲတိုက်က ကျွန်တော်မှာ မှားခွင့်ရှိသေးတယ်လို့ ပြောလာပါတယ်။
စိတ်ခံယူချက် ပြင်းထန်တဲ့ ရဲတိုက်က သရုပ်ဆောင်ဘဝဖြင့် နာမည်တစ်လုံး ရခဲ့ပေယ့်လည်း စိတ်ခံစားချက်နောက်လိုက်ကာ ထောင်ထဲရောက်ခဲ့ရသည်။မနေ့က (နိုဝင်ဘာလ ၁၇ ရက်) မှာတော့ တောင်ငူအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။
ရဲတိိုက်ကို စိတ်ဝင်စားမှုများပြာခဲ့ပြီး အင်တာဗျူးများလည်း အွန်လိုင်းပေါ် တက်လာကြသည်။အင်တာဗျူးတစ်ခုမှာတော့ ကျွန်တော့်မှာ မှားခွင့်ရှိသေးတယ် လို့ ပြောလိုက်တာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှု အတွေ့အကြုံနှင့် သူ့ခံစားချက်များကို ပြောရင်း ခုလို ထည့်သွင်းပြောဆိုခဲ့ခြငး် ဖြစ်သည်။
“ကျွန်တော်ဘာမှမလုပ်တော့ပါဘူး ကင်းစင်ပါတယ် လို့ ဘယ်တုန်းကမှလည်း ကြေညာမှာ မဟုတ်ဘူး၊ အနည်းဆုံးတော့ ကျွန်တော် အရက်သောက်ချင်လည်း သောက်မှာပဲ။ ကျွန်တော် မှားခွင့်ရှိသေးတယ်၊ ကျွန်တော့်မှားခွင့်ကို ဘယ်သူ့မှ မပေးဘူး” ဟု ပြောဆိုခဲ့သည်။
ရဲတိုက်က လာမည့် ဇန်နဝါရီလအတွင်း အနုပညာလုပ်ငန်းများ ပြန်လုပ်မယ်လို့ ပြောဆိုထားပါတယ်။
Photos©Original
Credit – pannpwint