Zawgyi ျဖင့္ဖတ္၇န္

ကမၻာၾကီးဟာ ေျမာက္ကိုရီးယား မွာ စိတ္ဝင္စားဖြယ္ရာ တိုးတက္ေနပါတယ္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ေတြနဲ႔ အစိုးရဟာနိုင္ငံကုိ ျပင္ပလႊမ္းမိုးမႈေတြကေန ကာကြယ္ဖို႔ ဆက္တုိက္ၾကိဳးပမ္းေနၾကပါတယ္။ ဥပမာအားျဖင့္ တခ်ိဳ႕ေသာ ဆံပင္ပံုစံေတြနဲ႔အဝတ္အစားေတြပါ။ ဒါေတြအားလံုးက ကၽြန္ေတာ္တို႔ကို ေျမာက္ကိုရီးယားရဲ႕ လူေတြအေၾကာင္းနဲ႔ သူတို႔ရဲ႕ေနထိုင္မႈဘဝအေၾကာင္းကုိပုိျပီး သိခ်င္လာေစပါတယ္။ ကၽြန္ေတာ္တို႔ Bright Side က ေျမာက္ကုိရီးယားမွာ တားျမစ္ထားတဲ့ အရာ ၁၆ ခုကို ေတြ႕ရွိထားပါတယ္။

 

၁၆။ အေနာက္တိုင္းဖက္ရွင္

ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong-un ဟာ တရုတ္နဲ႔ ဆက္စပ္ေနတဲ့ ေဒသ ၂ ခုမွာ ဂ်င္းနဲ႔ တျခားအေနာက္တိုင္းအဝတ္အစားေတြကို
တားျမစ္ထားပါတယ္။ Pyongyang က ၄င္းရဲ႕ ၾကီးမားတဲ့အိမ္နီးခ်င္းကို ေက်ာ္လြန္ျပီး ဝင္ေရာက္လာတဲ့ အေနာက္တိုင္းယဥ္ေက်းမႈရဲ႕
လႊမ္းမိုးမႈကို တိုက္ဖ်က္ဖို႔ ၾကိဳးစားေနပါတယ္။

၁၅။ ကိုကာကိုလာ

ေျမာက္ကိုရီးယားမွာ ကိုကာကိုလာတင္ပို႔မႈပိတ္ဆို႔ထားျခင္းက အဲဒီကို ကိုကာကိုလာဘူးေတြေရာက္ဖို႔ ခက္ခဲသြားေစပါတယ္။
ဒါေပမဲ့ Pyongyang ကတခ်ိဳ႕ဆိုင္ေတြမွာ တရုတ္မွာထုတ္တဲ့ ကုတ္ကို ေရာင္းတယ္လို႔ ေျပာပါတယ္။

၁၄။ ဆံပင္ပံုစံ

Kim Jong-un က အမ်ိဳးသမီးေတြအတြက္ ဆံပင္ပံုစံ ၁၈ မ်ိဳးနဲ႔ အမ်ိဳးသားေတြအတြက္ ဆံပင္ပံုစံ ၁၅ မ်ိဳးကိုသာ ခြင့္ျပဳထားပါတယ္။
ဘယ္ဆံပင္ပံုစံမွာမွ အေရာင္ေျပာင္းလို႔မရပါဘူး။ ဒီေတာ့ ေျမာက္ကိုရီးယားမွာ ဆံပင္ဆိုးေဆးဝယ္ဖို႔ဆိုတာ စိတ္ေခၚမႈျဖစ္နိုင္ပါတယ္။

၁၃။ အမ်ိဳးသမီးလစဥ္သံုးပစၥည္း

ေျမာက္ကိုရီးယားမွာ အမ်ိဳးသမီးလစဥ္သံုးပစၥည္းေတြ မရနိုင္ပါဘူး။ အမ်ိဳးသမီးေတြဟာ ျပန္သံုးလို႔ရတဲ့ pad ေတြကိုပဲ အသံုးျပဳရပါတယ္။

၁၂။ ကြန္ဒံုး

သေႏၶတားနည္းအားလံုးကို ေျမာက္ကုိရီးယားမွာ တားျမစ္ထားပါတယ္။ ဒီေတာ့ ကြန္ဒံုးကိုရဖို႔ဆိုတာ အရမ္းကို ခက္ခဲတဲ့အလုပ္ပါ။ ေျမာက္ကိုရီးယားက
လူငယ္အမ်ားစုဟာ ကြန္ဒံုးကို လက္ေဆာင္အျဖစ္ လႈိက္လႈိက္လွဲလွဲ လက္ခံပါလိမ့္မယ္။

၁၁။ ပုိင္ဆိုင္မႈ

ေျမာက္ကိုရီးယားအစိုးရဟာ ေျမနဲ႔ ပုိင္ဆိုင္မႈေတြကုိ ရပိုင္ခြင့္သီးသန္႔ရွိပါတယ္။ ဒါဟာ အိမ္ေတြနဲ႔ အခန္းေတြကို ဝယ္ဖို႔ ေရာင္းဖို႔ မျဖစ္နုိင္ေအာင္လုပ္လုိက္တာပါ။
ဒါေပမဲ့ ဒီႏွစ္မွာေတာ့ ေျမာက္ကိုရီးယားျပည္သူေတြဟာ အဲဥပေဒေတြကို ဖ်က္ဖို႔ နည္းလမ္းရွာေတြ႕သြားပါျပီ။

၁၀။ ဒီဇိုင္နာဖိနပ္မ်ား

သင္ဟာေျမာက္ကိုရီးယားမွာ ရွိေနျပီး Manolo Blahniks ဖိနပ္တစ္ရံကုိ ဝယ္ဖို႔ ၾကိဳးစားမိရင္ေတာ့ ကံဆိုးပါျပီ။ ေရာင္းဖို႔အတြက္ တရုတ္ျဖစ္ ဖိနပ္အျမင့္ေတြကုိ ရနိုင္တဲ့
တရုတ္နယ္စပ္ေဒသေတြကလြဲျပီး ဒီဇိုင္နာရွဴးေတြကို မရနိုင္ပါဘူး။

၉။ ခရစ္စမတ္သစ္ပင္မ်ား

ေျမာက္ကိုရီးယားဟာ တရားဝင္ဘာသာမဲ့တိုင္းျပည္တစ္ခုျဖစ္ပါတယ္။ ဘာသာေရးလုပ္ထံုးလုပ္နည္းမွန္သမွ်ကို အစိုးရက ပိတ္ပင္ထားပါတယ္။ ဒါေၾကာင့္ သင္ဟာ
ခရစ္စမတ္သစ္ပင္လိုမ်ိဳး ခရစ္စမတ္အလွဆင္တာမ်ိဳးကို ဝယ္လို႔လည္းမရပါဘူး လုပ္လုိ႔လည္းမရပါဘူး။

 

၈။ Starbucks

ဘယ္ဘက္ကပံုဟာ သင့္ကုိရွဳပ္ေထြးသြားေကာင္း သြားေစနုိင္ပါလိမ့္မယ္။ ဒါေပမဲ့ တကယ္က အဲပံုက အတုပါ။ နုိင္ငံကိုအလည္လာတဲ့တိုးရစ္တစ္ေယာက္က
အေျပာင္အပ်က္လုပ္ျပီး ရိုက္ထားတာပါ။ သင္ Pyongyang မွာေကာ္ဖီေသာက္ခ်င္ရင္ နာမည္ၾကီးကဖီးေတြထဲက တစ္ခုခုကို သြားသင့္ပါတယ္။

၇။ ေကဘယ္တီဗီ

နုိင္ငံတြင္းမွာ တရားဝင္တီဗီခ်န္နယ္ ၄ ခုပဲရွိပါတယ္။ အစိုးရရဲ႕ ဆင္ဆာက တျခားတီဗီအမ်ိဳးအစားေတြကို ခြင့္မျပဳနိုင္ေအာင္ထိ တင္းၾကပ္ပါတယ္။

၆။ အေနာက္တိုင္းမဂၢဇင္းမ်ား

ေျမာက္ကိုရီးယားရဲ႕ဝါဒျဖန္႔စက္ၾကီးဟာ နိုင္ငံျခားမီဒီယာအားလံုးကို တားျမစ္ပါတယ္။ အစိုးရနဲ႔ အထူးေအဂ်င္စီေတြက ထုတ္ေဝသမွ်ကို ထိန္းခ်ဳပ္ၾကပါတယ္။ Lifestyle မဂၢဇင္းဆိုတာလည္း
မရွိပါဘူး။ ေျမာက္ကိုရီးယားမွာ ဖတ္လို႔ရတာကေတာ့ ပညာေရးနဲ႔ နိုင္ငံေရးပဲျဖစ္ပါတယ္။

၅။ Wi-Fi နဲ႔နိုင္ငံတကာဖုန္းေခၚဆိုမႈမ်ား

လူဦးေရ ၁၅ သန္းရွိတဲ့အထဲမွာ ေျမာက္ကိုရီးယားလူတစ္သန္းနီးပါးကသာ ဆဲလ္ဖုန္းပိုင္ဆိုင္ၾကပါတယ္။ ဒါေၾကာင့္ သူတို႔ဟာ နိုင္ငံတကာဖုန္းေခၚဆိုမႈေတြ မျပဳလုပ္နိုင္ၾကပါဘူး။
3G network အသံုးျပဳမႈကိုလည္းစည္းကမ္းခ်က္ေတြရွိပါတယ္။ နိုင္ငံကိုဝင္လာတဲ့နုိင္ငံျခားသားေတြဟာ ၾကိဳတင္ေပးေခ်ရတဲ့ နုိင္ငံျခားေခၚဆိုမႈသာျပဳလုပ္နုိင္တဲ့ ဆင္းကတ္ေတြကို
ဝယ္ရပါတယ္။

၄။ ဂီတပြဲလက္မွတ္မ်ား

ေျမာက္ကိုရီးယားမွာ ေဖ်ာ္ေျဖခြင့္ရတဲ့ နုိင္ငံျခားသားဟာ မရွိသေလာက္နည္းပါးပါတယ္။ ဒါေၾကာင့္ သင္ၾကိဳက္တဲ့ ဂီတပညာရွင္ရဲ႕ပြဲကို သြားဖို႔ဆိုတာ
ေမးစရာကုိ မလုိပါဘူး။ တစ္ခုတည္းေသာေဖ်ာ္ေျဖခြင့္ရွိတဲ့ band ကေတာ့ Laibach ဆိုတဲ့ ဆလိုေဗးနီးယားအဖြဲ႔ပဲျဖစ္ပါတယ္။ သူတို႔ဟာ ၂၀၁၅ မွာ Pyongyang မွာ ေဖ်ာ္ေျဖပြဲရွိခဲ့ပါတယ္။
အဲအစား လူေတြက ျပည္တြင္းအဖြဲ႔ေဖ်ာ္ေျဖပြဲေတြကိုသာ သြားလို႔ရပါတယ္။

၃။ Apple

ေျမာက္ကိုရီးယားကို နည္းပညာျမင့္ device ေတြေရာင္းခ်ခြင့္မရွိပါဘူး။ Apple iPad ကုိဝယ္လုိ႔မရပါဘူး။ ဒါေၾကာင့္ ေျမာက္ကိုရီးယားဟာ အေနာက္တုိင္းတက္ဘလက္ေတြကို
အစားထုိးဖို႔ သူတို႔ရဲ႕ ကုိယ္ပုိင္တက္ဘလက္ကို ထုတ္လုပ္ထားပါတယ္။

၂။ Sports cars

ေနာက္ထပ္ ၁၀၀ ရာႏႈန္းနီးပါးမရနိုင္တဲ့ ဇိမ္ခံပစၥည္းကေတာ့ sports car ပါ။ ကုလသမဂၢနဲ႔ ဥေရာပအဖြဲ႔ရဲ႕အေရးယူဒဏ္ခတ္မွုေတြေၾကာင့္ ေစ်းၾကီးတဲ့ sports car တစ္စီးကို ဝယ္ဖို႔
မျဖစ္နိုင္ပါဘူး။

၁။ နုိင္ငံျခားအပန္းေျဖခရီး

ေျမာက္ကိုရီးယားျပည္သူေတြကို နိုင္ငံျခားကို အပန္းေျဖခရီးထြက္ဖို႔ ခြင့္ျပဳမထားပါဘူး။ ဒါက လူ႕အခြင့္အေရးခ်ိဳးေဖာက္တာပါ။ ဒါေပမဲ့ ေျမာက္ကိုရီးယားျပည္သူေတြက
ဒီအခ်က္ကို မသိၾကပါဘူး။
ေျမာက္ကိုရီးယားေခါင္းေဆာင္ေတြဟာ သူတို႔ႏိုင္ငံကုိ တိုင္းတစ္ပါးသားလႊမ္းမိုးမႈကေန ကာကြယ္ဖို႔ ၾကိဳးစားေနၾကတာပါ။ သူတုိ႔ဟာ ကိစၥေတာ္ေတာ္မ်ားမ်ားကို တားျမစ္ထားပါတယ္။
ဒါေပမဲ့ ကၽြန္ေတာ္တို႔ေနထိုင္တဲ့ ကမၻာၾကီးက ဆင့္ကဲေျပာင္းလဲေနတာပါ။ ေျမာက္ကုိရီးယားကို မေျပာင္းလဲဖို႔ ေမွ်ာ္လင့္ေနတာက ေမးစရာျဖစ္လာပါတယ္။ အဲဒီက ျပည္သူေတြနဲ႔
သူတို႔ရဲ႕ေနထိုင္မႈပံုစံေတြဟာ ေျမာက္နဲ႔ေတာင္က အိမ္နီးခ်င္းေတြရဲ႕ ေက်းဇူးနဲ႔ တျဖည္းျဖည္းေျပာင္းလဲေနပါျပီ။

Credit: Tnswiki

Unicodeဖြင့်ဖတ်ရန်
ကမ္ဘာကြီးဟာ မြောက်ကိုရီးယားမှာ စိတ်ဝင်စားဖွယ်ရာ တိုးတက်နေပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်တွေနဲ့ အစိုးရဟာနိုင်ငံကို ပြင်ပလွှမ်းမိုးမှုတွေကနေ ကာကွယ်ဖို့ ဆက်တိုက်ကြိုးပမ်းနေကြပါတယ်။ ဥပမာအားဖြင့် တချို့သော ဆံပင်ပုံစံတွေနဲ့အဝတ်အစားတွေပါ။ ဒါတွေအားလုံးက ကျွန်တော်တို့ကို မြောက်ကိုရီးယားရဲ့ လူတွေအကြောင်းနဲ့ သူတို့ရဲ့နေထိုင်မှုဘဝအကြောင်းကိုပိုပြီး သိချင်လာစေပါတယ်။ ကျွန်တော်တို့ Bright Side က မြောက်ကိုရီးယားမှာ တားမြစ်ထားတဲ့ အရာ ၁၆ ခုကို တွေ့ရှိထားပါတယ်။

 

၁၆။ အနောက်တိုင်းဖက်ရှင်

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ဟာ တရုတ်နဲ့ ဆက်စပ်နေတဲ့ ဒေသ ၂ ခုမှာ ဂျင်းနဲ့ တခြားအနောက်တိုင်းအဝတ်အစားတွေကို
တားမြစ်ထားပါတယ်။ Pyongyang က ၎င်းရဲ့ ကြီးမားတဲ့အိမ်နီးချင်းကို ကျော်လွန်ပြီး ဝင်ရောက်လာတဲ့ အနောက်တိုင်းယဉ်ကျေးမှုရဲ့
လွှမ်းမိုးမှုကို တိုက်ဖျက်ဖို့ ကြိုးစားနေပါတယ်။

၁၅။ ကိုကာကိုလာ

မြောက်ကိုရီးယားမှာ ကိုကာကိုလာတင်ပို့မှုပိတ်ဆို့ထားခြင်းက အဲဒီကို ကိုကာကိုလာဘူးတွေရောက်ဖို့ ခက်ခဲသွားစေပါတယ်။
ဒါပေမဲ့ Pyongyang ကတချို့ဆိုင်တွေမှာ တရုတ်မှာထုတ်တဲ့ ကုတ်ကို ရောင်းတယ်လို့ ပြောပါတယ်။

၁၄။ ဆံပင်ပုံစံ

Kim Jong-un က အမျိုးသမီးတွေအတွက် ဆံပင်ပုံစံ ၁၈ မျိုးနဲ့ အမျိုးသားတွေအတွက် ဆံပင်ပုံစံ ၁၅ မျိုးကိုသာ ခွင့်ပြုထားပါတယ်။
ဘယ်ဆံပင်ပုံစံမှာမှ အရောင်ပြောင်းလို့မရပါဘူး။ ဒီတော့ မြောက်ကိုရီးယားမှာ ဆံပင်ဆိုးဆေးဝယ်ဖို့ဆိုတာ စိတ်ခေါ်မှုဖြစ်နိုင်ပါတယ်။

၁၃။ အမျိုးသမီးလစဉ်သုံးပစ္စည်း

မြောက်ကိုရီးယားမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ မရနိုင်ပါဘူး။ အမျိုးသမီးတွေဟာ ပြန်သုံးလို့ရတဲ့ pad တွေကိုပဲ အသုံးပြုရပါတယ်။

၁၂။ ကွန်ဒုံး

သန္ဓေတားနည်းအားလုံးကို မြောက်ကိုရီးယားမှာ တားမြစ်ထားပါတယ်။ ဒီတော့ ကွန်ဒုံးကိုရဖို့ဆိုတာ အရမ်းကို ခက်ခဲတဲ့အလုပ်ပါ။ မြောက်ကိုရီးယားက
လူငယ်အများစုဟာ ကွန်ဒုံးကို လက်ဆောင်အဖြစ် လှိုက်လှိုက်လှဲလှဲ လက်ခံပါလိမ့်မယ်။

၁၁။ ပိုင်ဆိုင်မှု

မြောက်ကိုရီးယားအစိုးရဟာ မြေနဲ့ ပိုင်ဆိုင်မှုတွေကို ရပိုင်ခွင့်သီးသန့်ရှိပါတယ်။ ဒါဟာ အိမ်တွေနဲ့ အခန်းတွေကို ဝယ်ဖို့ ရောင်းဖို့ မဖြစ်နိုင်အောင်လုပ်လိုက်တာပါ။
ဒါပေမဲ့ ဒီနှစ်မှာတော့ မြောက်ကိုရီးယားပြည်သူတွေဟာ အဲဥပဒေတွေကို ဖျက်ဖို့ နည်းလမ်းရှာတွေ့သွားပါပြီ။

၁၀။ ဒီဇိုင်နာဖိနပ်များ

သင်ဟာမြောက်ကိုရီးယားမှာ ရှိနေပြီး Manolo Blahniks ဖိနပ်တစ်ရံကို ဝယ်ဖို့ ကြိုးစားမိရင်တော့ ကံဆိုးပါပြီ။ ရောင်းဖို့အတွက် တရုတ်ဖြစ် ဖိနပ်အမြင့်တွေကို ရနိုင်တဲ့
တရုတ်နယ်စပ်ဒေသတွေကလွဲပြီး ဒီဇိုင်နာရှူးတွေကို မရနိုင်ပါဘူး။

၉။ ခရစ်စမတ်သစ်ပင်များ

မြောက်ကိုရီးယားဟာ တရားဝင်ဘာသာမဲ့တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ ဘာသာရေးလုပ်ထုံးလုပ်နည်းမှန်သမျှကို အစိုးရက ပိတ်ပင်ထားပါတယ်။ ဒါကြောင့် သင်ဟာ
ခရစ်စမတ်သစ်ပင်လိုမျိုး ခရစ်စမတ်အလှဆင်တာမျိုးကို ဝယ်လို့လည်းမရပါဘူး လုပ်လို့လည်းမရပါဘူး။

 

၈။ Starbucks

ဘယ်ဘက်ကပုံဟာ သင့်ကိုရှုပ်ထွေးသွားကောင်း သွားစေနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ တကယ်က အဲပုံက အတုပါ။ နိုင်ငံကိုအလည်လာတဲ့တိုးရစ်တစ်ယောက်က
အပြောင်အပျက်လုပ်ပြီး ရိုက်ထားတာပါ။ သင် Pyongyang မှာကော်ဖီသောက်ချင်ရင် နာမည်ကြီးကဖီးတွေထဲက တစ်ခုခုကို သွားသင့်ပါတယ်။

၇။ ကေဘယ်တီဗီ

နိုင်ငံတွင်းမှာ တရားဝင်တီဗီချန်နယ် ၄ ခုပဲရှိပါတယ်။ အစိုးရရဲ့ ဆင်ဆာက တခြားတီဗီအမျိုးအစားတွေကို ခွင့်မပြုနိုင်အောင်ထိ တင်းကြပ်ပါတယ်။

၆။ အနောက်တိုင်းမဂ္ဂဇင်းများ

မြောက်ကိုရီးယားရဲ့ဝါဒဖြန့်စက်ကြီးဟာ နိုင်ငံခြားမီဒီယာအားလုံးကို တားမြစ်ပါတယ်။ အစိုးရနဲ့ အထူးအေဂျင်စီတွေက ထုတ်ဝေသမျှကို ထိန်းချုပ်ကြပါတယ်။ Lifestyle မဂ္ဂဇင်းဆိုတာလည်း
မရှိပါဘူး။ မြောက်ကိုရီးယားမှာ ဖတ်လို့ရတာကတော့ ပညာရေးနဲ့ နိုင်ငံရေးပဲဖြစ်ပါတယ်။

၅။ Wi-Fi နဲ့နိုင်ငံတကာဖုန်းခေါ်ဆိုမှုများ

လူဦးရေ ၁၅ သန်းရှိတဲ့အထဲမှာ မြောက်ကိုရီးယားလူတစ်သန်းနီးပါးကသာ ဆဲလ်ဖုန်းပိုင်ဆိုင်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ နိုင်ငံတကာဖုန်းခေါ်ဆိုမှုတွေ မပြုလုပ်နိုင်ကြပါဘူး။
3G network အသုံးပြုမှုကိုလည်းစည်းကမ်းချက်တွေရှိပါတယ်။ နိုင်ငံကိုဝင်လာတဲ့နိုင်ငံခြားသားတွေဟာ ကြိုတင်ပေးချေရတဲ့ နိုင်ငံခြားခေါ်ဆိုမှုသာပြုလုပ်နိုင်တဲ့ ဆင်းကတ်တွေကို
ဝယ်ရပါတယ်။

၄။ ဂီတပွဲလက်မှတ်များ

မြောက်ကိုရီးယားမှာ ဖျော်ဖြေခွင့်ရတဲ့ နိုင်ငံခြားသားဟာ မရှိသလောက်နည်းပါးပါတယ်။ ဒါကြောင့် သင်ကြိုက်တဲ့ ဂီတပညာရှင်ရဲ့ပွဲကို သွားဖို့ဆိုတာ
မေးစရာကို မလိုပါဘူး။ တစ်ခုတည်းသောဖျော်ဖြေခွင့်ရှိတဲ့ band ကတော့ Laibach ဆိုတဲ့ ဆလိုဗေးနီးယားအဖွဲ့ပဲဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၅ မှာ Pyongyang မှာ ဖျော်ဖြေပွဲရှိခဲ့ပါတယ်။
အဲအစား လူတွေက ပြည်တွင်းအဖွဲ့ဖျော်ဖြေပွဲတွေကိုသာ သွားလို့ရပါတယ်။

၃။ Apple

မြောက်ကိုရီးယားကို နည်းပညာမြင့် device တွေရောင်းချခွင့်မရှိပါဘူး။ Apple iPad ကိုဝယ်လို့မရပါဘူး။ ဒါကြောင့် မြောက်ကိုရီးယားဟာ အနောက်တိုင်းတက်ဘလက်တွေကို
အစားထိုးဖို့ သူတို့ရဲ့ ကိုယ်ပိုင်တက်ဘလက်ကို ထုတ်လုပ်ထားပါတယ်။

၂။ Sports cars

နောက်ထပ် ၁၀၀ ရာနှုန်းနီးပါးမရနိုင်တဲ့ ဇိမ်ခံပစ္စည်းကတော့ sports car ပါ။ ကုလသမဂ္ဂနဲ့ ဥရောပအဖွဲ့ရဲ့အရေးယူဒဏ်ခတ်မှုတွေကြောင့် ဈေးကြီးတဲ့ sports car တစ်စီးကို ဝယ်ဖို့
မဖြစ်နိုင်ပါဘူး။

၁။ နိုင်ငံခြားအပန်းဖြေခရီး

မြောက်ကိုရီးယားပြည်သူတွေကို နိုင်ငံခြားကို အပန်းဖြေခရီးထွက်ဖို့ ခွင့်ပြုမထားပါဘူး။ ဒါက လူ့အခွင့်အရေးချိုးဖောက်တာပါ။ ဒါပေမဲ့ မြောက်ကိုရီးယားပြည်သူတွေက
ဒီအချက်ကို မသိကြပါဘူး။
မြောက်ကိုရီးယားခေါင်းဆောင်တွေဟာ သူတို့နိုင်ငံကို တိုင်းတစ်ပါးသားလွှမ်းမိုးမှုကနေ ကာကွယ်ဖို့ ကြိုးစားနေကြတာပါ။ သူတို့ဟာ ကိစ္စတော်တော်များများကို တားမြစ်ထားပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးက ဆင့်ကဲပြောင်းလဲနေတာပါ။ မြောက်ကိုရီးယားကို မပြောင်းလဲဖို့ မျှော်လင့်နေတာက မေးစရာဖြစ်လာပါတယ်။ အဲဒီက ပြည်သူတွေနဲ့
သူတို့ရဲ့နေထိုင်မှုပုံစံတွေဟာ မြောက်နဲ့တောင်က အိမ်နီးချင်းတွေရဲ့ ကျေးဇူးနဲ့ တဖြည်းဖြည်းပြောင်းလဲနေပါပြီ။

 

Credit: Tnswiki