ZawGyiဖြင့်ဖတ်ရန်





Source – FB

Credit; Nang May Ei
Unicodeဖြင့်ဖတ်ရန်
အဖေဆိုင်ကယ်Accident ဖြစ်လို့ခေါင်းထိသွားတယ်။မိုးကုတ်(ကျပ်ပြင်)ဆေးရုံက ဆရာမကြီးကခေါင်းဓာတ်မှန်ကိုကြည့်ပီး မသင်္ကာလို့ဆေးစာရေးပေးပီး မန်းလေး(ငြိမ်း)ကို Ct scan ဆိုလားရိုက်ဖို့ ချက်ခြင်းဆင်းခိုင်းပါတယ်။

ည(12)နာရီ မန်းလေးရောက်လို့ ငြိမ်းဆေးခန်းကိုတန်းဝင်တယ်။ အဲ့ဒီ(ငြိမ်း)ဆေးခန်းက Accidentဆိုပီး မကုပေးနိုင်ဘူးဆိုပီး $ရေးကိုလှည့်မလုပ်ဘူး အာ့နဲ့ဆေးရုံကြီးကိုပြေးရတယ်။

ဆေးရုံကြီးရောက်တော့အကျိုးအကြောင်းပြောပြတော့ ဓာတ်မှန်ပြန်ရိုက်ခိုင်းတယ်။ ဓာတ်မှန်အဖြေကိုကြည့်ပီး အဲ့ဆရာဝန်က ရီတောင်ရီသေးတယ် ဘာမှမဖြစ်ဘဲလာလို့တဲ့။

အဖေကို ကြည့်ရတာ အားမရလို့Ct scan ချမ်းငြိမ်းအောင်မှာ ရိုက်ကြည့်တော့ ညနေချက်ခြင်းခွဲရမယ်တဲ့ ဦးခေါင်းခွံကွဲပီး အရိုးစတွေက ဦးနှောက်ထဲသွားဝင်သွားတာ(ပုံထဲက ခွဲထုတ်ထားတဲ့ အရိုးစတွေ) ခွဲပီးထုတ်လိုက်ရတဲ့အပြင် ဦးနှောက်နဲနဲကြေသွားတယ် မခွဲဘဲ ရက်ကြာသွားရင် ဦးနှောက်ပုတ်မယ်တဲ့ အရမ်းအံ့သြသွားတာက November(30)ကမန်းလေးဆေးရုံကြီးမှာ ည Dutyကျတဲ Doctor(နာမည်မသိလို့ထည့်မရေးတော့ဘူး) တတ်လို့ဆရာဝန်လုပ်နေတာမှန်ပေမယ့်
နဲနဲတော့ လူနာအပေါ်ဂရုစိုက်စေချင်တယ်။

ဒင်းစကားယုံပီး မိုးကုတ်ပြန်သွားရင် ငါ့အဖေအဖြစ်ကမတွေးဝံ့စရာဘဲ

Source – FB

Credit; Nang May Ei