Zawgyi ျဖင့္ဖတ္ရန္

-‘ေဖေဖမရွိဘူးေဖေဖမရွိဘူး ေဖေဖမရွိဘူး မနက္ေစာေစာ ဖခင္ရဲ႕ေခါင္းအံုးဘက္ကိုလွည့္ၾကည့္ရင္း သမီးရဲ႕ေအာ္ငိုသံက ခ်စ္စုကိုတူတစ္လက္နဲ႔အဆက္မျပတ္ ထုႏွက္ေနတာထက္ ပိုနာက်င္ရတယ္။ သမီးကိုရင္ခြင္မွာ တင္းတင္းဖက္ထားရင္း အသက္႐ွဴရပ္မတတ္ငိုခဲ့ရတာ ၁၀ ရက္ေက်ာ္ေနၿပီ။
အေဖ့ကို ပိုခ်စ္တယ္

ကိုသက္ဦးေမာင္ (ေခၚ) ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦး (ေခၚ) ကိုမိုးေအာင္တိုု႕ ႏွစ္ဦးဟာ ႐ိုက္တာသတင္းဌာနရဲ႕ သတင္းေထာက္ႏွစ္ဦးပါ။
‘သမီးေလးက အေမထက္အေဖကိုပိုခ်စ္တယ္၊ မနက္အိပ္ရာထတာနဲ႔ အေဖကိုမေတြ႕ေတာ့ငိုတယ္၊ ညအိပ္ရင္လဲ အေဖကိုရွိခိုးၿပီး ေတာ့မွအိပ္တာ၊ အခုဆို သူအေဖရဲ႕ေခါင္းအံုးေလးကို နမ္းၿပီးေတာ့အိပ္တယ္၊ အေဖကသြားတာ ေတာ္ေတာ္ၾကာသြားတယ္ဆိုၿပီးေတာ့လဲရွာတတ္တယ္၊ အရမ္းလဲငိုတယ္၊ သူငိုခ်ိန္ ကြ်န္မလည္းအရမ္းဝမ္းနည္းရတယ္၊ အခုခ်ိန္မွာ သူမ်ားကေလးေတြက အေဖအေမေတြနဲ႔သြားလာေနၾကခ်ိန္ဆိုေတာ့ ကြ်န္မပိုၿပီးေတာ့စိတ္မေကာင္းျဖစ္မိတယ္လို႔ ကိုေက်ာ္စိုးဦးရဲ႕ အမ်ိဳးသမီးမခ်စ္စုက႐ိႈက္သံကို ထိန္းရင္း ေျပာေနသံတိုးသြားပါတယ္။ ကိုေက်ာ္စိုးဦးရဲ႕ သမီးေလးဟာ သူအေဖ ပစၥည္းကို မိခင္အပါအဝင္ တျခားသူေတြ ကိုင္တြယ္တာကိုလံုးဝလက္မခံစိတ္ဆိုးတတ္တယ္ပါတယ္။ သူတို႕သားအမိဟာရခိုင္ျပည္နယ္ မွာ ကိုေက်ာ္စိုးဦးရဲ႕ မိခင္နဲ႔ ေနထိုင္ၾကပါတယ္။

သူဘယ္လို ေနထိုင္ခဲ့တယ္ဆိုတာကို သိေနေတာ့အျမန္ဆံုး ျပန္လြတ္လာမယ္ဆိုၿပီး အားတင္းထားတယ္၊ အခ်ိန္တိုင္းလဲ ဆုေတာင္းေနတယ္၊ ဒီအခ်ိန္ကအလုပ္ပိတ္ရက္ေတြေၾကာင့္ သူမ်ားေတြေပ်ာ္ေနခ်ိန္ေလ ကိုယ္မွာေတာ့ ေသာကေတြနဲ႕ေပါ့၊ အစ္မတို႔အိမ္ေထာင္က်ၿပီးေတာ့ သီးသန္႔ခြဲေနၾကတာ့ ဘယ္ပဲသြားသြား၊ ဘာပဲလုပ္ခဲ့လုပ္ခဲ့ အတူတူ လုပ္ခဲ့ၾကတာဆိုေတာ့လို႔ ေျပာေနတဲ့ ကိုဝလံုးရဲ႕ ဇနီးျဖစ္သူ မပန္းအိအသံက ေျပာေနရင္း တိုးတိုးေလးေပ်ာက္သြားပါတယ္။

ကိုသက္ဦးေမာင္ (ေခၚ) ကိုဝလံုးနဲ႔ ကိုေက်ာ္ စိုးဦး (ေခၚ)ကိုမိုးေအာင္တို႕ႏွစ္ဦးဟာ ႐ိုက္တာသတင္းဌာနရဲ႕ သတင္းေထာက္ႏွစ္ဦးပါ။ ဒီဇင္ဘာလ ၁၂ ရက္ေန႔က ရခိုင္ျပည္ နယ္ ဘူးသီးေတာင္-ေမာင္ေတာေဒသ လံုၿခံဳေရးေဆာင္ရြက္မႈအေျခအေနပါဝင္တဲ့ သက္ေသအေထာက္အထားစာရြက္စာတမ္းေတြနဲ႕အတူ သူတို႔ႏွစ္ဦးကိုေထာက္ႀကံ႕နယ္ေျမရဲစ ခန္းက ျမန္မာႏိုင္ငံအစိုးရ လ်ိဳ႕ဝွက္ခ်က္အက္ဥပေဒ ပုဒ္မ ၃ နဲ႔ အမႈဖြင့္ဖမ္းဆီးခဲ့ပါတယ္။ အဲသည္ အမႈဟာ ေထာင္ဒဏ္၁၄ ႏွစ္အထိခ်မွတ္ႏိုင္ပါတယ္။

သူတို႕ႏွစ္ဦးအျပင္ ပါဝင္ပတ္သက္ခဲ့တဲ့ လံုၿခံဳေရးရဲတပ္ဖြဲ႕ခြဲက ဒုရဲမွဴး မိုးရန္ႏိုင္နဲ႔ ရဲတပ္ၾကပ္ႀကီး ခင္ေမာင္လင္းတို႔ကိုလည္း လွ်ိဳ႕ဝွက္ခ်က္ဥပေဒအျပင္ ရဲစည္းကမ္းထိန္းသိမ္းေရး ဥပေဒနဲ႔ပါအေရးယူေဆာင္ရြက္ထားတယ္တယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနကထုတ္ျပန္ထားပါတယ္။ သူတို႕ႏွစ္ဦး ဖမ္းဆီးခံထားရတာဟာ တစ္ပတ္ေက်ာ္ေနၿပီျဖစ္ကာ ဘယ္ေနရာမွာထားရွိတယ္၊သူတို႔ရဲ႕ က်န္းမာေရးအေျခအေနေတြကို လက္ရွိအခ်ိန္အထိမသိရွိေသးပါဘူး။ ဒါအျပင္ဘယ္လိုစစ္ေဆးေနတယ္။ ေရွ႕ေနေတြနဲ႔ ေတြ႕ ဆံုခြင့္မရရွိတာေတြကလည္း အေျခခံလူအခြင့္အေရးမရတာေတြေၾကာင့္ အမ်ိဳးသားလူအခြင့္အေရးေကာ္မရွင္ကလည္း လူအ ခြင့္အေရးဂုဏ္သိကၡာနဲ႔အညီေနထိုင္ေပးဖို႔ အစိုးရကို ဒီဇင္ဘာလ၂၁ ရက္ေန႔က ထုတ္ျပန္ထားပါတယ္။

ကိုေက်ာ္စိုးဦးရဲ႕ မိခင္၊ ဇနီးနဲ႔ သမီးေလးဟာ ရခိုင္ျပည္နယ္မွာေနထိုင္ၾကပါတယ္။ ရန္ကုန္မွာရွိေနတဲ့ကိုေက်ာ္စိုးဦးရဲ႕ညီမ မညိဳညိဳေအးက ‘သူတို႔ ဖုန္းဆက္လာတိုင္း အစ္ကိုနဲ႔ အဆက္အသြယ္ရၿပီလားေမးခ်ိန္မွာမရေသးဘူးလို႔ ေျပာျပဖို႕ေတာ္ေတာ္ခက္ခဲတယ္၊ အစ္ကိုသမီးေလးကလည္း သူအေဖကိုေမးတယ္လို႔ ဆိုပါတယ္။ ကိုေက်ာ္စိုးဦးဟာ သတင္းသမားျဖစ္မလာခင္ကတည္းက စာေရးရတာ ႏွစ္ၿခိဳက္တဲ့သူ၊ ကဗ်ာေတြ ဖြဲ႕ႏြဲ႕သီကံုးတတ္သူတဦးျဖစ္ပါတယ္။ ရခိုင္တိုင္းရင္းသား ဗုဒၶဘာသာဝင္ျဖစ္ တဲ့ ကို ေက်ာ္စိုးဦးဟာ ေမြးခ်င္းေမာင္ႏွမသံုးေယာက္ရွိၿပီး အႀကီးဆံုးျဖစ္ကာ စစ္ေတြၿမိဳ႕မွာႀကီးျပင္းခဲ့သူပါ၊ မိသားစုဝင္ အားလံုးဟာ ကိုေက်ာ္စိုးဦးအေပၚမွီခိုေနၾကတာျဖစ္ပါတယ္။

အခုဆို ရာသီဥတုကအရမ္းေအးတယ္၊ သူေႏြးေႏြးေထြးေထြးမွ ေနရရဲ႕လား သူေအးေန လား၊ က်န္းမာေရးေကာင္းရဲ႕လား၊ အမ်ိဳးစံုပူ ပန္ေနရတယ္၊အဆိုးဆံုးကေတာ့အရမ္းခ်စ္ ၾကတဲ့ သားအဖႏွစ္ေယာက္အဆက္အသြယ္မရွိပဲခြဲေနရတဲ့အခ်ိန္ေတြၾကာလာေတာ့ သမီးက သူအေဖကို ေမးတယ္၊ ငိုတယ္လို႔ေျပာေနတဲ့ မခ်စ္စုကိုယ္တိုင္ကလည္းငို႐ိႈက္ေနပါတယ္။ ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးတို႔ ႏွစ္ဦးဟာေနာက္ခံေငြေၾကးေတာင့္တင္းတဲ့ မိသားစုေမြးဖြားလာၾကသူေတြ မဟုတ္ပဲ ကိုယ္ဝါသနာပါရာယံုၾကည္ရာေတြကိုလုပ္ကိုင္ရင္းခက္ခက္ခဲခဲ႐ုန္းကန္ခဲ့ၾကသူေတြလို႔ သိရပါတယ္။မပန္းအိက ရာသီဥတုကလဲေအးလာတယ္၊ သူကအစာအိမ္နဲ႔ ပတ္သက္ၿပီး ေဆးကုထားတာလဲမၾကာေသးဘူး၊ အေအးခံလို႕လဲမရဘူး၊ အရင္ကေလဖ်န္းခ်င္သလိုျဖစ္ဘူးတယ္၊ ခါးေတြ ဘာေတြေစာင္းသြားဖူးတယ္၊ ဘယ္လိုေနထိုင္ေနရလဲဆိုတာကို စိုးရိမ္မိတယ္၊ သူက ဥပေဒနဲ႔ ညိစြန္းတာ တစ္ခုမွမလုပ္ဘူးဆိုတာကိုေတာ့ အၿမဲတမ္းေျပာတယ္၊ သူ ျဖစ္တာစသိသိခ်င္းမွာေတာ့ ေဆာက္တည္ရာမဲ့ အ႐ူးတေယာက္လိုပဲျဖစ္ခဲ့တာ၊ အရာအားလံုုးအတြက္ သူကိုပဲအစ္မအားကိုးခဲ့တာ သူကအိမ္ေထာင္ဦးစီးေလလို႔ ေျပာပါတယ္။

အမွတ္တရ
ကိုဝလံုးဟာ ပရဟိတအလုပ္ေတြကိုစိတ္ဝင္စားလုပ္ကိုင္သူျဖစ္သလို သူဘဝတက္လမ္းအတြက္လည္း ႀကိဳးစားရပ္တည္ေနသူတစ္ေယာက္ျဖစ္ပါတယ္။ ေရွ႕လမွာ စာေမးပြဲေျဖေတာ့မယ့္ကိုဝလံုးဟာ စာႀကိဳးစားသူတစ္ေယာက္ျဖစ္ကာ သူမၾကာခင္ျပန္လြတ္လာမယ္လို႔ မပန္းအိက ယံုၾကည္ေမွ်ာ္လင့္ေနပါတယ္။ သူက မနက္အိပ္ရာထရင္ သူကအရင္ဆံုး သင္တန္းကိုေျပးတာ ကိုယ္ကေနာက္ကေန ထမင္းခ်ိဳင့္ ႏွစ္ေယာက္စာျပင္ဆင္တယ္၊ ၿပီး ေတာ့သူ႐ံုးဝင္ပို႕ေပးၿပီး ကိုယ္ရံုးကိုယ္သြား တယ္၊ ညေနေစာင္းၿပီဆိုရင္ သူကအစ္မ႐ံုးကိုလာႀကိဳတယ္၊႐ံုးနားက ေဈးမွာပဲေဈးဝယ္ၿပီးေတာ့အိမ္မွာ ႏွစ္ေယာက္အတူတူ ခ်က္ျပဳတ္စားေသာက္ၾကတယ္၊ ၿပီးရင္သူကစာ ၾကည့္စားပြဲထိုင္ၿပီးေတာ့စာလုပ္တယ္၊ သူ႐ံုးပိတ္ရက္ေတြမွာ အစ္မရံုးတက္တယ္ဆိုရင္သူက ခ်က္ျပဳတ္ထားၿပီးေတာ့ ေစာင့္ေနတယ္လို႔ ေျပာပါတယ္။ ကိုဝလံုးနဲ႔ မပန္းအိတို႔ႏွစ္ေယာက္က သူအလုပ္ကိုယ့္အလုပ္မခြဲၾကဘဲ၊ နားလည္မႈနဲ႔ အတူတူအိမ္ေထာင္တာဝန္ေတြကို လုပ္ၾကတာေၾကာင့္ ေပ်ာ္စရာေကာင္းတဲ့ မိသားစုပါ။

တစ္ေရးႏိုးရင္ေတာင္ ႏိုုးတဲ့ အခ်ိန္တိုင္းမွာ ဆုေတာင္းမိတယ္၊ သူေနေကာင္းရဲ႕လား ၊ ေႏြးေႏြးေထြးေထြးရွိရဲ႕လားသိခ်င္မိတယ္လို႔ မပန္းအိက  ေျပာပါတယ္။ သူတို႕ႏွစ္ဦး ျပန္လည္လြတ္ေျမာက္လာဖို႔အတြက္ မီဒီယာအသိုင္းအဝန္းတင္မကဘဲ သံ႐ံုးေတြကပါထုတ္ျပန္ခ်က္ေတြထုတ္ကာ ေတာင္းဆိုေနၾကေပးမယ့္ တစ္စံုတစ္ရာထူးျခားမႈ မရွိေသးပါဘူး။လက္ရွိ အစိုးရလက္ထက္မွာ သတင္းသမားမ်ားအေပၚ တရားစြဲဆိုထားတဲ့ အမႈေပါင္း(၁၉)မႈအထိရွိေနၿပီး  သတင္းသမား (၃၃)ဦးတရားရင္ဆိုင္ေနရပါတယ္။ အစိုးရသစ္ တက္လာၿပီး ၂ဝ၁၆ ခုႏွစ္ ဧၿပီမွ ဒီဇင္ဘာအထိ (၉)လအတြင္း တရားစြဲဆိုခံရမႈေျခာက္မႈရွိခဲ့ၿပီး ၂ဝ၁၇ ခုႏွစ္တြင္ ၁၃ မႈအထိရွိေနပါတယ္။

တပ္မေတာ္ကတရားစြဲဆိုထားေသာအမႈ (၃)မႈ၊ ရဲတပ္ဖြဲ႕က တရားစြဲဆိုထားေသာအမႈ(၃) မႈ၊ အစိုးရအဖြဲ႕က တရားစြဲဆိုထားတဲ့အမႈ (၂) မႈရွိေနပါတယ္။ သတင္းသမားေတြကို တရားစြဲဆိုရာမွာ ဆက္သြယ္ေရးဥပေဒျဖင့္ တရားစြဲဆိုခံရမႈမွာအမ်ားဆံုးျဖစ္ၿပီး မတရားအသင္းဥပေဒ၊ ေလေၾကာင္းပ်ံသန္းမႈဥပေဒ၊ ပို႔ကုန္/သြင္းကုန္ဥပေဒ၊ လူဝင္မႈႀကီးၾကပ္ေရးဥပေဒ၊ ႏိုင္ငံေတာ္အစိုးရ လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒ၊ အသေရဖ်က္မႈပုဒ္မ၅ဝဝ၊ မီဒီယာဥပေဒတို႔ျဖင့္ တရားစြဲဆိုတာျဖစ္တယ္လို႔ We Support Journa-lists အဖြဲ႕ကျပဳစုထားတဲ့စာရင္းေတြအရသိရပါတယ္။ ကိုေက်ာ္စိုးဦးရဲ႕ သမီးေလးဟာ သူအေဖနဲ႔အတူတူသြားလာတတ္ၿပီး အေဖအျပင္ထြက္မယ္ဆိုတာနဲ႔ သူကအိမ္ဝေစာင့္ေနတတ္တယ္လို႔သိရပါတယ္။

သူအေဖရဲ႕ ပုဆိုးကိုဆြဲထားတတ္တယ္၊ သူအေဖကလဲဘယ္ေလာက္ အလုပ္႐ႈပ္ေနေနဘယ္ေလာက္အေရးႀကီးေနေန သမီးကိုဆိုင္ကယ္နဲ႔တစ္ပတ္စီးၿပီးေတာ့မွထြက္တတ္ တယ္၊ ခရီးေတြထြက္လို႔ ရက္ၾကာတတ္ရင္လဲ သူသမီးနဲ႔ အၿမဲတမ္းအဆက္အသြယ္လုပ္တယ္ေလ၊ အခုေတာ့ အေဖနဲ႔လဲ ဖုန္းမေျပာရေတာ့ၾကာလာေတာ့ သူအေဖမရွိတာကို သိလာၿပီလို႔ ႐ိႈက္သံကို ထိန္းရင္း သူ႕အေဖလဲသိမွာပါ၊ သူသမီးက အၿမဲတမ္းေမးေနတယ္ဆိုတာလို႔ မခ်စ္စုက ဆက္ေျပာပါတယ္။

Author – ေမစုၾကည္
Credit: Kumudra

Unicode ဖြင့်ဖတ်ရန်

ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တိုု့ နှစ်ဦးဟာ ရိုက်တာသတင်းဌာနရဲ့ သတင်းထောက်နှစ်ဦးပါ။

ရန်ကုန်၊ ဒီဇင်ဘာ၂၃ -‘ဖေဖေမရှိဘူးဖေဖေမရှိဘူး ဖေဖေမရှိဘူး မနက်စောစော ဖခင်ရဲ့ခေါင်းအုံးဘက်ကိုလှည့်ကြည့်ရင်း သမီးရဲ့အော်ငိုသံက ချစ်စုကိုတူတစ်လက်နဲ့အဆက်မပြတ် ထုနှက်နေတာထက် ပိုနာကျင်ရတယ်။ သမီးကိုရင်ခွင်မှာ တင်းတင်းဖက်ထားရင်း အသက်ရှူရပ်မတတ်ငိုခဲ့ရတာ ၁၀ ရက်ကျော်နေပြီ။
အဖေ့ကို ပိုချစ်တယ်
‘သမီးလေးက အမေထက်အဖေကိုပိုချစ်တယ်၊ မနက်အိပ်ရာထတာနဲ့ အဖေကိုမတွေ့တော့ငိုတယ်၊ ညအိပ်ရင်လဲ အဖေကိုရှိခိုးပြီး တော့မှအိပ်တာ၊ အခုဆို သူအဖေရဲ့ခေါင်းအုံးလေးကို နမ်းပြီးတော့အိပ်တယ်၊ အဖေကသွားတာ တော်တော်ကြာသွားတယ်ဆိုပြီးတော့လဲရှာတတ်တယ်၊ အရမ်းလဲငိုတယ်၊ သူငိုချိန် ကျွန်မလည်းအရမ်းဝမ်းနည်းရတယ်၊ အခုချိန်မှာ သူများကလေးတွေက အဖေအမေတွေနဲ့သွားလာနေကြချိန်ဆိုတော့ ကျွန်မပိုပြီးတော့စိတ်မကောင်းဖြစ်မိတယ်လို့ ကိုကျော်စိုးဦးရဲ့ အမျိုးသမီးမချစ်စုကရှိုက်သံကို ထိန်းရင်း ပြောနေသံတိုးသွားပါတယ်။ ကိုကျော်စိုးဦးရဲ့ သမီးလေးဟာ သူအဖေ ပစ္စည်းကို မိခင်အပါအဝင် တခြားသူတွေ ကိုင်တွယ်တာကိုလုံးဝလက်မခံစိတ်ဆိုးတတ်တယ်ပါတယ်။ သူတို့သားအမိဟာရခိုင်ပြည်နယ် မှာ ကိုကျော်စိုးဦးရဲ့ မိခင်နဲ့ နေထိုင်ကြပါတယ်။

သူဘယ်လို နေထိုင်ခဲ့တယ်ဆိုတာကို သိနေတော့အမြန်ဆုံး ပြန်လွတ်လာမယ်ဆိုပြီး အားတင်းထားတယ်၊ အချိန်တိုင်းလဲ ဆုတောင်းနေတယ်၊ ဒီအချိန်ကအလုပ်ပိတ်ရက်တွေကြောင့် သူများတွေပျော်နေချိန်လေ ကိုယ်မှာတော့ သောကတွေနဲ့ပေါ့၊ အစ်မတို့အိမ်ထောင်ကျပြီးတော့ သီးသန့်ခွဲနေကြတာ့ ဘယ်ပဲသွားသွား၊ ဘာပဲလုပ်ခဲ့လုပ်ခဲ့ အတူတူ လုပ်ခဲ့ကြတာဆိုတော့လို့ ပြောနေတဲ့ ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိအသံက ပြောနေရင်း တိုးတိုးလေးပျောက်သွားပါတယ်။

ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံးနဲ့ ကိုကျော် စိုးဦး (ခေါ်)ကိုမိုးအောင်တို့နှစ်ဦးဟာ ရိုက်တာသတင်းဌာနရဲ့ သတင်းထောက်နှစ်ဦးပါ။ ဒီဇင်ဘာလ ၁၂ ရက်နေ့က ရခိုင်ပြည် နယ် ဘူးသီးတောင်-မောင်တောဒေသ လုံခြုံရေးဆောင်ရွက်မှုအခြေအနေပါဝင်တဲ့ သက်သေအထောက်အထားစာရွက်စာတမ်းတွေနဲ့အတူ သူတို့နှစ်ဦးကိုထောက်ကြံ့နယ်မြေရဲစ ခန်းက မြန်မာနိုင်ငံအစိုးရ လျို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ နဲ့ အမှုဖွင့်ဖမ်းဆီးခဲ့ပါတယ်။ အဲသည် အမှုဟာ ထောင်ဒဏ်၁၄ နှစ်အထိချမှတ်နိုင်ပါတယ်။

သူတို့နှစ်ဦးအပြင် ပါဝင်ပတ်သက်ခဲ့တဲ့ လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ဒုရဲမှူး မိုးရန်နိုင်နဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ကိုလည်း လျှို့ဝှက်ချက်ဥပဒေအပြင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ပါအရေးယူဆောင်ရွက်ထားတယ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ သူတို့နှစ်ဦး ဖမ်းဆီးခံထားရတာဟာ တစ်ပတ်ကျော်နေပြီဖြစ်ကာ ဘယ်နေရာမှာထားရှိတယ်၊သူတို့ရဲ့ ကျန်းမာရေးအခြေအနေတွေကို လက်ရှိအချိန်အထိမသိရှိသေးပါဘူး။ ဒါအပြင်ဘယ်လိုစစ်ဆေးနေတယ်။ ရှေ့နေတွေနဲ့ တွေ့ ဆုံခွင့်မရရှိတာတွေကလည်း အခြေခံလူအခွင့်အရေးမရတာတွေကြောင့် အမျိုးသားလူအခွင့်အရေးကော်မရှင်ကလည်း လူအ ခွင့်အရေးဂုဏ်သိက္ခာနဲ့အညီနေထိုင်ပေးဖို့ အစိုးရကို ဒီဇင်ဘာလ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ကိုကျော်စိုးဦးရဲ့ မိခင်၊ ဇနီးနဲ့ သမီးလေးဟာ ရခိုင်ပြည်နယ်မှာနေထိုင်ကြပါတယ်။ ရန်ကုန်မှာရှိနေတဲ့ကိုကျော်စိုးဦးရဲ့ညီမ မညိုညိုအေးက ‘သူတို့ ဖုန်းဆက်လာတိုင်း အစ်ကိုနဲ့ အဆက်အသွယ်ရပြီလားမေးချိန်မှာမရသေးဘူးလို့ ပြောပြဖို့တော်တော်ခက်ခဲတယ်၊ အစ်ကိုသမီးလေးကလည်း သူအဖေကိုမေးတယ်လို့ ဆိုပါတယ်။ ကိုကျော်စိုးဦးဟာ သတင်းသမားဖြစ်မလာခင်ကတည်းက စာရေးရတာ နှစ်ခြိုက်တဲ့သူ၊ ကဗျာတွေ ဖွဲ့နွဲ့သီကုံးတတ်သူတဦးဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်ဖြစ် တဲ့ ကို ကျော်စိုးဦးဟာ မွေးချင်းမောင်နှမသုံးယောက်ရှိပြီး အကြီးဆုံးဖြစ်ကာ စစ်တွေမြို့မှာကြီးပြင်းခဲ့သူပါ၊ မိသားစုဝင် အားလုံးဟာ ကိုကျော်စိုးဦးအပေါ်မှီခိုနေကြတာဖြစ်ပါတယ်။

အခုဆို ရာသီဥတုကအရမ်းအေးတယ်၊ သူနွေးနွေးထွေးထွေးမှ နေရရဲ့လား သူအေးနေ လား၊ ကျန်းမာရေးကောင်းရဲ့လား၊ အမျိုးစုံပူ ပန်နေရတယ်၊အဆိုးဆုံးကတော့အရမ်းချစ် ကြတဲ့ သားအဖနှစ်ယောက်အဆက်အသွယ်မရှိပဲခွဲနေရတဲ့အချိန်တွေကြာလာတော့ သမီးက သူအဖေကို မေးတယ်၊ ငိုတယ်လို့ပြောနေတဲ့ မချစ်စုကိုယ်တိုင်ကလည်းငိုရှိုက်နေပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးဟာနောက်ခံငွေကြေးတောင့်တင်းတဲ့ မိသားစုမွေးဖွားလာကြသူတွေ မဟုတ်ပဲ ကိုယ်ဝါသနာပါရာယုံကြည်ရာတွေကိုလုပ်ကိုင်ရင်းခက်ခက်ခဲခဲရုန်းကန်ခဲ့ကြသူတွေလို့ သိရပါတယ်။မပန်းအိက ရာသီဥတုကလဲအေးလာတယ်၊ သူကအစာအိမ်နဲ့ ပတ်သက်ပြီး ဆေးကုထားတာလဲမကြာသေးဘူး၊ အအေးခံလို့လဲမရဘူး၊ အရင်ကလေဖျန်းချင်သလိုဖြစ်ဘူးတယ်၊ ခါးတွေ ဘာတွေစောင်းသွားဖူးတယ်၊ ဘယ်လိုနေထိုင်နေရလဲဆိုတာကို စိုးရိမ်မိတယ်၊ သူက ဥပဒေနဲ့ ညိစွန်းတာ တစ်ခုမှမလုပ်ဘူးဆိုတာကိုတော့ အမြဲတမ်းပြောတယ်၊ သူ ဖြစ်တာစသိသိချင်းမှာတော့ ဆောက်တည်ရာမဲ့ အရူးတယောက်လိုပဲဖြစ်ခဲ့တာ၊ အရာအားလုံုးအတွက် သူကိုပဲအစ်မအားကိုးခဲ့တာ သူကအိမ်ထောင်ဦးစီးလေလို့ ပြောပါတယ်။

အမှတ်တရ
ကိုဝလုံးဟာ ပရဟိတအလုပ်တွေကိုစိတ်ဝင်စားလုပ်ကိုင်သူဖြစ်သလို သူဘဝတက်လမ်းအတွက်လည်း ကြိုးစားရပ်တည်နေသူတစ်ယောက်ဖြစ်ပါတယ်။ ရှေ့လမှာ စာမေးပွဲဖြေတော့မယ့်ကိုဝလုံးဟာ စာကြိုးစားသူတစ်ယောက်ဖြစ်ကာ သူမကြာခင်ပြန်လွတ်လာမယ်လို့ မပန်းအိက ယုံကြည်မျှော်လင့်နေပါတယ်။ သူက မနက်အိပ်ရာထရင် သူကအရင်ဆုံး သင်တန်းကိုပြေးတာ ကိုယ်ကနောက်ကနေ ထမင်းချိုင့် နှစ်ယောက်စာပြင်ဆင်တယ်၊ ပြီး တော့သူရုံးဝင်ပို့ပေးပြီး ကိုယ်ရုံးကိုယ်သွား တယ်၊ ညနေစောင်းပြီဆိုရင် သူကအစ်မရုံးကိုလာကြိုတယ်၊ရုံးနားက ဈေးမှာပဲဈေးဝယ်ပြီးတော့အိမ်မှာ နှစ်ယောက်အတူတူ ချက်ပြုတ်စားသောက်ကြတယ်၊ ပြီးရင်သူကစာ ကြည့်စားပွဲထိုင်ပြီးတော့စာလုပ်တယ်၊ သူရုံးပိတ်ရက်တွေမှာ အစ်မရုံးတက်တယ်ဆိုရင်သူက ချက်ပြုတ်ထားပြီးတော့ စောင့်နေတယ်လို့ ပြောပါတယ်။ ကိုဝလုံးနဲ့ မပန်းအိတို့နှစ်ယောက်က သူအလုပ်ကိုယ့်အလုပ်မခွဲကြဘဲ၊ နားလည်မှုနဲ့ အတူတူအိမ်ထောင်တာဝန်တွေကို လုပ်ကြတာကြောင့် ပျော်စရာကောင်းတဲ့ မိသားစုပါ။

တစ်ရေးနိုးရင်တောင် နိုုးတဲ့ အချိန်တိုင်းမှာ ဆုတောင်းမိတယ်၊ သူနေကောင်းရဲ့လား ၊ နွေးနွေးထွေးထွေးရှိရဲ့လားသိချင်မိတယ်လို့ မပန်းအိက  ပြောပါတယ်။ သူတို့နှစ်ဦး ပြန်လည်လွတ်မြောက်လာဖို့အတွက် မီဒီယာအသိုင်းအဝန်းတင်မကဘဲ သံရုံးတွေကပါထုတ်ပြန်ချက်တွေထုတ်ကာ တောင်းဆိုနေကြပေးမယ့် တစ်စုံတစ်ရာထူးခြားမှု မရှိသေးပါဘူး။လက်ရှိ အစိုးရလက်ထက်မှာ သတင်းသမားများအပေါ် တရားစွဲဆိုထားတဲ့ အမှုပေါင်း(၁၉)မှုအထိရှိနေပြီး  သတင်းသမား (၃၃)ဦးတရားရင်ဆိုင်နေရပါတယ်။ အစိုးရသစ် တက်လာပြီး ၂ဝ၁၆ ခုနှစ် ဧပြီမှ ဒီဇင်ဘာအထိ (၉)လအတွင်း တရားစွဲဆိုခံရမှုခြောက်မှုရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ၁၃ မှုအထိရှိနေပါတယ်။

တပ်မတော်ကတရားစွဲဆိုထားသောအမှု (၃)မှု၊ ရဲတပ်ဖွဲ့က တရားစွဲဆိုထားသောအမှု(၃) မှု၊ အစိုးရအဖွဲ့က တရားစွဲဆိုထားတဲ့အမှု (၂) မှုရှိနေပါတယ်။ သတင်းသမားတွေကို တရားစွဲဆိုရာမှာ ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခံရမှုမှာအများဆုံးဖြစ်ပြီး မတရားအသင်းဥပဒေ၊ လေကြောင်းပျံသန်းမှုဥပဒေ၊ ပို့ကုန်/သွင်းကုန်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ၊ အသရေဖျက်မှုပုဒ်မ၅ဝဝ၊ မီဒီယာဥပဒေတို့ဖြင့် တရားစွဲဆိုတာဖြစ်တယ်လို့ We Support Journa-lists အဖွဲ့ကပြုစုထားတဲ့စာရင်းတွေအရသိရပါတယ်။ ကိုကျော်စိုးဦးရဲ့ သမီးလေးဟာ သူအဖေနဲ့အတူတူသွားလာတတ်ပြီး အဖေအပြင်ထွက်မယ်ဆိုတာနဲ့ သူကအိမ်ဝစောင့်နေတတ်တယ်လို့သိရပါတယ်။

သူအဖေရဲ့ ပုဆိုးကိုဆွဲထားတတ်တယ်၊ သူအဖေကလဲဘယ်လောက် အလုပ်ရှုပ်နေနေဘယ်လောက်အရေးကြီးနေနေ သမီးကိုဆိုင်ကယ်နဲ့တစ်ပတ်စီးပြီးတော့မှထွက်တတ် တယ်၊ ခရီးတွေထွက်လို့ ရက်ကြာတတ်ရင်လဲ သူသမီးနဲ့ အမြဲတမ်းအဆက်အသွယ်လုပ်တယ်လေ၊ အခုတော့ အဖေနဲ့လဲ ဖုန်းမပြောရတော့ကြာလာတော့ သူအဖေမရှိတာကို သိလာပြီလို့ ရှိုက်သံကို ထိန်းရင်း သူ့အဖေလဲသိမှာပါ၊ သူသမီးက အမြဲတမ်းမေးနေတယ်ဆိုတာလို့ မချစ်စုက ဆက်ပြောပါတယ်။

Author – မေစုကြည်
Credit: Kumudra