Zawgyi ျဖင့္ဖတ္၇န္

ဥေရာပကုမၸဏီေတြျဖစ္တဲ့ Airbus, Rolls-Royce နဲ႔ Siemens တို႔ဟာ hybrid လွ်ပ္စစ္ေလယာဥ္တစ္စင္းကို ပူးေပါင္း တည္ေဆာက္ေနၿပီး ၂၀၂၀ ခုႏွစ္မွာ စမ္းသပ္ဖို႔ စီစဥ္ထားတယ္လို႔ အဂၤါေန႔က ေျပာၾကားခဲ့ပါတယ္။

အဲ့ဒီပေရာဂ်က္ကို E-Fan X လို႔ေခၚဆိုၿပီး ျပဳျပင္မြမ္းမံထားတဲ့ BAe146 ေလယာဥ္တစ္စင္းကို အေျခခံထားတာ ျဖစ္ပါတယ္။

ဒါဟာ ၂၀၂၅ ခုႏွစ္မွာ အလားတူ လွ်ပ္စစ္နည္းပညာပါဝင္တဲ့ စီးပြားျဖစ္ေလယာဥ္ေတြအတြက္ အေျခခံအုတ္ျမစ္တစ္ခု ျဖစ္လာဖို႔ ကုမၸဏီသံုးခုက ေမွ်ာ္လင့္ထားပါတယ္။

ဒီကုမၸဏီေတြဟာ ေလယာဥ္ရဲ႕ အင္ဂ်င္ေလးခုထဲက တစ္ခုကို ၂ မဂၢါဝပ္ လွ်ပ္စစ္ေမာ္တာတစ္လံုး အေနနဲ႔ စတင္အသံုးျပဳသြားမွာ ျဖစ္ပါတယ္။ စမ္းသပ္မႈေအာင္ျမင္ခဲ့ရင္ေတာ့ ဒုတိယ ဆီအင္ဂ်င္တစ္လံုးကို လွ်ပ္စစ္ေမာ္တာတစ္လံုးနဲ႔ လဲလွယ္သြားမွာျဖစ္ပါတယ္။

“E-Fan X ဟာ အနာဂတ္မွာ လက္ေတြ႕ျဖစ္လာမယ့္ လွ်ပ္စစ္ေလယာဥ္အတြက္ အေရးပါတဲ့ ေျခလွမ္းသစ္တစ္ရပ္ ျဖစ္ပါတယ္” လို႔ Airbus ရဲ႕ နည္းပညာအရာရိွခ်ဳပ္ Paul Eremenko က ေျပာၾကားခဲ့ပါတယ္။

ထုတ္လုပ္မႈအပိုင္းမွာေတာ့ ကုမၸဏီတစ္ခုခ်င္းစီက မတူညီတဲ့က႑တစ္ခုစီကို တာဝန္ယူႀကီးၾကပ္သြားမွာျဖစ္ပါတယ္။
Airbus က ေလယာဥ္ထိန္းခ်ဳပ္မႈနဲ႔ အင္ဂ်င္ေတြကို ေပါင္းစပ္ဖို႔တာဝန္ယူမွာျဖစ္ပါတယ္။ Rolls-Royce ကေတာ့ turbo-shaft အင္ဂ်င္၊ ၂ မဂၢါဝပ္ ဂ်င္နေရတာနဲ႔ power electronics ေတြကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္ရြက္ရမွာျဖစ္ပါတယ္။ Siemens ကေတာ့ စြမ္းအင္ျဖန္႔ျဖဴးေရးကြန္ရက္ကို ေထာက္ပံ့ေပးရမွာျဖစ္တယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: CNNMoney
Credit: Internet Journal

Unicodeဖြင့်ဖတ်ရန်

ဥရောပကုမ္ပဏီတွေဖြစ်တဲ့ Airbus, Rolls-Royce နဲ့ Siemens တို့ဟာ hybrid လျှပ်စစ်လေယာဉ်တစ်စင်းကို ပူးပေါင်း တည်ဆောက်နေပြီး ၂၀၂၀ ခုနှစ်မှာ စမ်းသပ်ဖို့ စီစဉ်ထားတယ်လို့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

အဲ့ဒီပရောဂျက်ကို E-Fan X လို့ခေါ်ဆိုပြီး ပြုပြင်မွမ်းမံထားတဲ့ BAe146 လေယာဉ်တစ်စင်းကို အခြေခံထားတာ ဖြစ်ပါတယ်။

ဒါဟာ ၂၀၂၅ ခုနှစ်မှာ အလားတူ လျှပ်စစ်နည်းပညာပါဝင်တဲ့ စီးပွားဖြစ်လေယာဉ်တွေအတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာဖို့ ကုမ္ပဏီသုံးခုက မျှော်လင့်ထားပါတယ်။

ဒီကုမ္ပဏီတွေဟာ လေယာဉ်ရဲ့ အင်ဂျင်လေးခုထဲက တစ်ခုကို ၂ မဂ္ဂါဝပ် လျှပ်စစ်မော်တာတစ်လုံး အနေနဲ့ စတင်အသုံးပြုသွားမှာ ဖြစ်ပါတယ်။ စမ်းသပ်မှုအောင်မြင်ခဲ့ရင်တော့ ဒုတိယ ဆီအင်ဂျင်တစ်လုံးကို လျှပ်စစ်မော်တာတစ်လုံးနဲ့ လဲလှယ်သွားမှာဖြစ်ပါတယ်။

“E-Fan X ဟာ အနာဂတ်မှာ လက်တွေ့ဖြစ်လာမယ့် လျှပ်စစ်လေယာဉ်အတွက် အရေးပါတဲ့ ခြေလှမ်းသစ်တစ်ရပ် ဖြစ်ပါတယ်” လို့ Airbus ရဲ့ နည်းပညာအရာရှိချုပ် Paul Eremenko က ပြောကြားခဲ့ပါတယ်။

ထုတ်လုပ်မှုအပိုင်းမှာတော့ ကုမ္ပဏီတစ်ခုချင်းစီက မတူညီတဲ့ကဏ္ဍတစ်ခုစီကို တာဝန်ယူကြီးကြပ်သွားမှာဖြစ်ပါတယ်။
Airbus က လေယာဉ်ထိန်းချုပ်မှုနဲ့ အင်ဂျင်တွေကို ပေါင်းစပ်ဖို့တာဝန်ယူမှာဖြစ်ပါတယ်။ Rolls-Royce ကတော့ turbo-shaft အင်ဂျင်၊ ၂ မဂ္ဂါဝပ် ဂျင်နရေတာနဲ့ power electronics တွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ Siemens ကတော့ စွမ်းအင်ဖြန့်ဖြူးရေးကွန်ရက်ကို ထောက်ပံ့ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: CNNMoney

Credit: Internet Journal