ZawGyiဖြင့်ဖတ်ရန်





Ref: independent

အောင်ခန့်
Credit: MOMOLAY

Eisieh0mittxtwn7bhoj
Unicodeဖြင့်ဖတ်ရန်

ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ယက်တွေပေါ်မှာ ဟိုးလေးတကျော်ကျော် ပြန့်နှံ့ခဲ့တဲ့ သတင်းတစ်ပုဒ် ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ အီရန်နိုင်ငံမှ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ဦးဟာ ကမ္ဘာကျော်မင်းသမီး အင်ဂျလီနာဂျိုလီနဲ့တူအောင် မျက်နှာကို အကြိမ် ၅၀ ခန့် ခွဲစိတ်ပြုပြင်ခဲ့တယ်ဆိုတဲ့ သတင်းပါ။ ဒီသတင်းဟာ ကမ္ဘာကျော်သတင်းတစ်ပုဒ်ဖြစ်ခဲ့ပြီး လူတိုင်းစိတ်ဝင်စားခဲ့ပေမယ့် ယခုနောက်ဆုံးသိရှိရတာကတော့ ဒီပုံနဲ့ ဒီသတင်းဟာ အဲ့ဒီကောင်မလေးအနေနဲ့ ဟာသသက်သက် လုပ်ခဲ့တယ်လို့ ဆိုပြန်တာပါ။

READ  အတုယူ သင့္ပါတယ္

မီဒီယာတွေကို အရူးလုပ်ခဲ့တဲ့သူမ

Htqwvjnith33yvtvtxib

သူမအနေနဲ့ကတော့ မကြာသေးခင်အချိန်က သူ့ရဲ့ Instagram Account ကို Private အဖြစ်ပြောင်းလဲခဲ့ပြီး “ခုတော့ငါသိသွားပါပြီ၊ ဂျိုလီနဲ့ငါနဲ့ ဆင်ဆင်တူတာလေးတွေ ရှိပါတယ်။ ဒါပေမယ့် ဒါကပျော်စရာဖြစ်အောင်လုပ်တာပါ။ တစ်စုံတစ်ယောက်နဲ့ တူဖို့ဆိုတာ ငါ့ရည်မှန်းချက်မဟုတ်ပါဘူး” ဆိုပြီး ထုတ်ဖော်ပြောကြားခဲ့တာပါ။ အွန်လိုင်းပေါ်မှာ ပြန့်နှံ့ခဲ့တဲ့ ပုံတွေဟာ ပလတ်စတစ်ဆာဂျရီကြောင့် ဖြစ်ပေါ်လာတဲ့ သူမရဲ့ပုံတွေမဟုတ်ပဲ၊ မိတ်ကပ်အစွမ်းနဲ့ Photoshop အစွမ်း ၂ ခုပေါင်းပြီး ဖန်တီးထားတဲ့ ပုံတွေပါလို့ ဆိုထားပါတယ်။

သူမရဲ့ရုပ်သွင်အစစ်အမှန်

Jeuyyztzzlbbkgy2izjp

ဒီသတင်းဟာ အတုဖန်တီးမှုတစ်ခုဖြစ်ကြောင်းသိတဲ့အခါမှာတော့ တခုတ်တရဖော်ပြခဲ့ကြတဲ့ မီဒီယာတွေမှာလည်း ကိုယ့်နှဖူးကိုယ်ပြန်ရိုက်ကုန်ကြရပါတယ်။ ပြီးတော့သူထက်ပြောတာက “ကျွန်မရဲ့ပရိသတ်တွေ၊ သူငယ်ချင်းတွေကတော့ ကျွန်မရဲ့ရုပ်ရည် အစစ်အမှန်ကို နဂိုကတည်းက သိထားပြီးသားပါ” တဲ့။ သူမရဲ့ပြင်ပပုံကတော့ ရုပ်ရည်မဆိုးလတဲ့ လူငယ်ကောင်မလေးပုံစံပါပဲ။ တော်တော်တတ်လည်း တတ်နိုင်တဲ့ ကောင်မလေးပါ။

Ref: independent

အောင်ခန့်

Credit: MOMOLAY

LEAVE A REPLY