ZawGyiဖြင့်ဖတ်ရန်





Credit:Pann Pwint

Unicodeဖြင့်ဖတ်ရန်

သမီးလေးနှစ်ယောက်ကို ချစ်လွန်းလို့ မျက်ရည်ကျမိတဲ့ ချစ်သုဝေ

အဆိုတော် သရုပ်ဆောင် ချစ်သုဝေက သူမရဲ့ အမွှာသမီးလေး နှစ်ယောက်ကို ချစ်လွန်းလို့ မျက်ရည်ကျမိတဲ့အကြောင်း ပြောလိုက်ပါတယ်။

အဆိုတော်လင်းလင်းနဲ့ သူမတို့ရဲ့ အမွှာရင်သွေးလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ် ဟာ ဖေ့စ်ဘွက်စာမျက်နှာတွင် အားလုံးရဲ့ အချစ်ကို ခံနေရတာဖြစ်ပါတယ်။

သမီးလေးများရဲ့ ဓာတ်ပုံများ ဖေ့စ်ဘွက်တွင် တင်လိုက်တိုင်း လူပေါင်း သောင်းနှင့် သိန်းနှင့်ချီကာ စိတ်ဝင်တစား စောင့်ကြည့်ပြီး ချစ်နေကြတာ ဖြစ်ပါတယ်။နိုဝင်ဘာလ ၁၂ ရက်မှာတော့ သမီးလေးတွေကို ချစ်လွန်းလို့ မျက်ရည်ပင် ကျမိတဲ့အကြောင်း ချစ်သုဝေက သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

“မေမေ့ဘဝရှင်သန်ရာ ရှေ့လျောက်ကြီးလာမယ့် ရက်လေးတွေကိုမျှော်သလို ဖြတ်သန်းပြီးတဲ့ ရင်ခွင်ပိုက်ရက်သား လသားအချိန်လေးတွေကိုလည်းလွမ်းတယ်…တခါတခါ တွေးလိုက်တိုင်း ကြည်နူးပြီး မျက်ရည်ကကျသေး….ဪ ကိုယ့်ကိုယ်ကို နာမည်လေးတောင်ထပ်ပေးချင်မိတယ် ” မေမေdrama “ ဟုရေးသားထားသည်။

Credit:Pann Pwint