Zawgyi ျဖင့္ဖတ္ရန္

တခါက အထက္အညာ ျမိဳ႔ကေလးတျမိဳ႔တြင္ အလြန္ဇီဇာေၾကာင္ေသာ လူတဦးရွိသည္။ သူသည္ အစား အေသာက္စားရာ၌ သူတပါးႏွင့္ ဇြန္းပန္ကန္ ခြက္ေယာက္ခ်င္း ေရာေႏွာေပါင္းစပ္ မစားႏိုင္ပါ။ ထို႔ေၾကာင့္ အမ်ားႏွင့္ ၀ိုင္းဖြဲ႔ျပီး ဘယ္ေတာ့မွ မစားပါ။ မလႊဲမေရွာင္သာ၍ စားရလွ်င္ ထမင္းႏွင့္ ဟင္းမ်ားကို ပထမဦးစြာ အျပီးႏႈိက္ယူထားလိုက္သည္။ သူတပါး ႏႈိက္ျပီးသား ထမင္းဟင္းကိုမူ ေနာက္ထပ္ မႏိုက္ေတာ့ပါ။ ေရွးက လက္ရည္တျပင္တည္း စားၾကပံုကို ေျပာျပလွ်င္ ေအာ့ႀကီး အန္ႀကီးျဖစ္၍ ေရွာင္သြားတတ္သည္။

တခုေသာေႏြဦးေပါက္တြင္ သူသည္ မသြားဖူးေသာ ခရီးတခုကို သြားရသည္။ သူႏွင့္ ခရီးသြားမည့္အေဖာ္ မ်ား ေရာက္ခ်ိန္တန္လ်က္ ေရာက္မလာေသာေၾကာင့္ တဦးတည္းထြက္ခါြလာခဲ့သည္။ သူသည္ လမ္းခရီး အေျခအေနကို မသိေသာေၾကာင့္ ထမင္းကို အ၀စားခဲ့သည္။ အထုပ္ျဖင့္လည္း ထုပ္ယူလာခဲ့သည္။ ေရကိုလည္း ဘူးေတာင္းႏွင့္ အျပည့္ထည့္ခဲ့သည္။ သို႔ေသာ္ လမ္းမွာ အရိပ္အာ၀ါသနည္းသည့္အျပင္ ရာသီဥတုကလည္း အလြန္ပူျပင္းလွေသာေၾကာင့္ ေရခဏခဏ ေသာက္ရသည္။ မၾကာမီ ေရကုန္သြားေလ သည္။

ေနမြန္းတိမ္းေသာအခါ ပို၍ ပူလာျပီး ေခၽြးကပိုထြက္လာသည္။ ေရအလြန္ဆာလာသည္။ ေနာက္ ခရီးတ တိုင္ အတြင္း ေရမေတြ႔လွ်င္ ေသရခ်ည္ရဲ႔ဟုပင္ ညည္းမိေလသည္။ သို႔ေသာ္ ခရီးတတိုင္ မသြားရပါ။ ကုန္းကေလး တခုကို ေက်ာ္လိုက္လွ်င္ ဆီးပင္ကေလးမ်ားႏွင့္ ဇရပ္အိုတခုကို ေတြ႔ရသည္။ ဇရပ္၏ ေရွ႔မ်က္ႏွာစာတြင္လည္း ေရအိုးစင္ကေလးတခု ရွိ၏။ သူသည္ အလြန္၀မ္းသာသြားသည္။ ဇရပ္သို႔ အေျပးတပိုင္းသြားျပီး ေရအိုးကို ဖြင့္ၾကည့္လိုက္သည္။ ေရမွာ တ၀က္ေက်ာ္ေက်ာ္ ရွိေနသည္။ တယ္ ကံေကာင္းပါလား-ဟု တကိုယ္တည္း ေျပာျပီး ခ်ိတ္ထားေသာ အိုးမႈတ္ခြက္ျဖင့္ ေရတခြက္ ခပ္လိုက္သည္။ သို႔ေသာ္ ခ်က္ခ်င္းမေသာက္ဘဲ စဥ္းစားေနလိုက္ ေသးသည္။

ဤေရမႈတ္သည္ သူတကာ ေသာက္သံုးေသာ ေရမႈတ္ျဖစ္သည္။ ဘယ္လက္ျဖင့္ကိုင္သူက ညာႏႈတ္ခမ္းမွ ေသာက္မည္။ ညာလက္ျဖင့္ကိုင္သူက ဘယ္ႏႈတ္ခမ္းျဖင့္ေသာက္မည္-စသည္ျဖင့္ ေတာင္ေတာင္အီအီ ေတြးေတာစဥ္းစားသည္။ ထို႔ေနာက္ ဤဘက္ကေတာ့ မည္သူမွ ေသာက္မည္မဟုတ္-ဟု ယူဆကာ ေရမႈတ္ကို လက္ကိုင္တပ္ရာဘက္မွ ေသာက္ခ်လိုက္သည္။ ဤသို႔ ေရႏွစ္မႈတ္ သံုးမႈတ္ေလာက္ ေသာက္ျပီးမွ ေက်နပ္စြာျဖင့္ ဇရပ္ေပၚ တက္နားလိုက္သည္။

သူေရေသာက္ေနစဥ္ သူ႔လႈပ္ရွားမႈကို စိုက္၍ၾကည့္ေနေသာ မ်က္လံုးတစံုကိုမူ သူသတိမထားမိလိုက္ေခ်။ ဇရပ္ေပၚထိုင္ျပီး ဟိုဟိုသည္သည္ မ်က္လံုးကစားလိုက္မွ မလွမ္းမကမ္း ဆီးပင္ေအာင္တြင္ ထိုင္ေနေသာ အနာႀကီးေရာဂါသည္တေယာက္ကို ျမင္လိုက္ရသည္။ ထိုလူမွာ ေရာဂါေၾကာင့္ ေျခ၊ လက္၊ ႏွာေခါင္းမ်ားပင္ မပီျပင္ေတာ့။ ဦးေခါင္းပတ္ပတ္လည္ ဦးထုပ္ေဆာင္းသည့္ တ၀ိုက္တြင္ အေရဖတ္မ်ားက လန္ေနေသး သည္။ နဖူးႏွင့္ ႏွာေခါင္းကလည္း ေခၽြးေတြလား၊ ဘာေတြလဲ မသိ။ အဆက္မျပတ္ စီးက်ေနသျဖင့္ ပုဆိုးျဖင့္ ငံ႔ုငံ႔ု သုတ္ေနရသည္။

ထိုေရာဂါသည္သည္ မ်က္ႏွာကို ပုဆိုးျဖင့္ တခ်က္ ငံ႔ုသုတ္လိုက္ျပီး ဇရပ္ေပၚက လူကို လွမ္းေမးလိုက္သည္။ ဒီမွ ာ ဇရပ္ေပၚက လူႀကီး ကၽြန္ေတာ္တခုေလာက္ ေမးပါရေစ။ ထိုအခါ ဇရပ္ေပၚကလူက ေရာဂါသည္ႀကီး သူ႔အနား လာမည္စိုး၍ ပ်ာပ်ာသလဲျဖင့္ ေျပာပါ ေျပာပါ ၾကားပါတယ္-ဟုဆိုသည္။

လူႀကီးမင္း-ေစာေစာက ေရေသာက္တာ ေရမႈတ္လက္ကိုင္ဘက္က ဘာျဖစ္လို႔ ကတ္သီးကတ္သတ္ ေသာက္ရ တာပါလဲ ခင္ဗ်ား-ဟု ေရာဂါသည္က ေမး၏။ေၾသာ္-ဒါလား က်ဳပ္က ဘယ္အရာမဆို သန္႔မွႀကိဳက္ တာဗ်။ သူတကာ ေသာက္တဲ့ ခြက္ႏႈတ္ခမ္းကေနျပီး က်ဳပ္ေရမေသာက္ႏိုင္ဘူးေလ-ဟု ဆိုလွ်င္ ေရာဂါ သည္က သက္ျပင္းတခ်က္ခ်လိုက္သည္။

ကၽြန္ေတာ္စိတ္မေကာင္းပါဘူး၊ လူႀကီးမင္းခင္ဗ်ား၊ ကၽြန္ေတာ္ဟာ အတိတ္ဘ၀က သူမ်ားအေပၚ မာန္မာန ႀကီး တခြဲသားနဲ႔ မတူမတန္ ဆက္ဆံခဲ့မိလို႔ ထင္ပါရဲ႔၊ အခု ဒီဘ၀မွာ အနာႀကီးေရာဂါသည္ လာျဖစ္ရပါ တယ္။ အဲဒီ၀ဋ္ေၾကြးေတြကို ဒီဘ၀ ဒီမွ်သာ ရွိေစေတာ့ဆိုျပီး လူမွန္းသိစအရြယ္ကတည္းက ငါးပါးပဥၥသီ ျမဲခဲ့ပါတယ္။ ဘယ္သူ႔အေပၚပဲျဖစ္ျဖစ္ စိတ္ေကာင္းထားပါတယ္။ ကၽြန္ေတာ့ကို တိရစၧာန္တေကာင္လို ဆက္ဆံၾကိမ္းေမာင္းၾကရင္ေတာင္ ဘယ္လိုမွ စိတ္မရွိပါဘူး။ သူတို႔ေနရာမွာ ငါသာဆိုရင္လဲ ဒီလိုေနမွာပဲ လို႔ ကိုယ္ခ်င္းစာျပီး အမ်ားစိတ္အေႏွာက္အယွက္ မျဖစ္ေအာင္ သတိထား ေနထိုင္ခဲ့ပါတယ္။ အခု အမ်ားအသံုးျပဳတဲ့ ဇရပ္ေပၚမွာေတာင္ တက္မနားဘဲ သစ္ပင္ေအာက္မွာ ေနတာကိုသာ ၾကည့္ပါ။

ေနာက္ျပီး မလြဲမေရွာင္သာလို႔ အမ်ားေသာက္တဲ့ ေသာက္ေရအိုးမွာ ေရေသာက္ရရင္လဲ အမ်ားကို ကိုယ္ခ်င္းစာျပီး အမ်ားေသာက္တဲ့ခြက္ရဲ႔ ဘယ္-ညာ ႏႈတ္ခမ္းေတြက မေသာက္ပါဘူး။ ဘယ္သူမွ မေသာက္တဲ့ လက္ကိုင္ဘက္ကသာ ကတ္သီးကတ္သတ္ ေသာက္ခဲ့ပါတယ္။ အခုေတာ့ လူႀကီးမင္းကလဲ ကၽြန္ေတာ့လိုပဲ ကတ္သီးကတ္သတ္ လက္ကိုင္ဘက္က ေသာက္တယ္ဆိုေတာ့ စိတ္မေကာင္းျဖစ္လို႔ေမး မိတာပါ-ဟု ႏွာတရႈတ္ရႈတ္ႏွင့္ေျပာသည္။ ဤတြင္ ဇရပ္ေပၚမွ လူဇီဇာေၾကာင္ႀကီးမွာ မည္သို႔မွ် ေအာင့္ အည္းႏိုင္စြမ္း မရွိေတာ့ေပ။ ေသာက္ျပီးေသာ ေရမ်ားသာမက စားျပီးသား အစာမ်ားပါ အကုန္ အန္ခ်ေလေတာ့သည္။

ေနာက္ ငါးႏွစ္မွ်ၾကာေသာအခါ အထက္ေဖာ္ျပပါ ဇရပ္အိုေနရာတြင္ သစ္လြင္လွပေသာ ဆင္၀င္စမုတ္ႏွင့္ ဘံုအဆင့္ပါရွိေသာ ဇရပ္ႀကီးတေဆာင္ မ်က္လွည့္ျပလိုက္သလို ေပၚေပါက္လာသည္။ ထိုဇရပ္ႀကီးသည္ ႀကီးက်ယ္ခမ္းနားရံုမက ဆင္၀င္စမုတ္၏ တဖက္တခ်က္တြင္လည္း ေသာက္ခ်င့္စဖြယ္ ေရအိုးသံုးလံုးစီ ရွိေသာ ေရအိုးစင္ လွလွကေလးမ်ားက ေနရာယူထားေသးသည္။ ထို႔ျပင္ ဇရပ္၏ေတာင္ဘက္ မလွမ္းမ ကမ္းတြင္လည္း ေရတြင္းႀကီးတတြင္းက ေရငင္ေမာင္းတံႏွင့္ ပံုးႏွင့္ အသင့္ရွိေနျပန္သည္။ ေသာက္သံုး ရံုမက ခ်ိဳး၍ပင္ မကုန္ႏိုင္ေခ်။

ထို႔ေၾကာင့္ အႏွီဇရပ္ႀကီးသည္ ခရီးသြားတို႔အတြက္ အလြန္တရာ ေက်းဇူးမ်ားလွေသာ နားခိုစရာစခန္းႀကီး တခု ျဖစ္ေနေပသည္။ ထိုဇရပ္၌ နားခို၍ ခရီးဆက္ၾကရေသာ လူအေပါင္းတို႔သည္ ဇရပ္တကာေကာင္းမႈ ရွင္ႀကီးကို မွန္းေမွ်ာ္၍ ေမတၱာပို႔သကာ သာဓုအႀကိမ္ႀကိမ္ ေခၚသြားၾကကုန္၏။

အမ်ားျမင္ေလာက္ရာ ဇရပ္တေနရာတြင္ ေရးထိုးထားေသာ ေကာင္းမႈရွင္အမည္ ကမၸည္းစာတန္းကလည္း ထူးျခားလွသည္။ အညၾတ လူသူေတာ္ႀကီးကို ရည္စူး၍ ——ျမိဳ႔ေန ဦးသန္႔စင္+ေဒၚမယ္အိုတို႔၏ ေကာင္းမႈ-ဟူ၏။

ဦးသန္႔စင္-ဟူသည္မွာ ဦးဇီဇာေၾကာင္ႀကီးပင္ ျဖစ္သတည္း။ သူသည္ အနာႀကီးေရာဂါသည္၏ ပညာေပးျခင္းကို ခံလိုက္ရသည့္ေန႔ကစျပီး အျမင္မွန္ ရသြားသည္။ ေနာင္တတရားလည္း ရသြားသည္။ သူ၏ အမ်ားအေပၚ ရြံရွာတတ္ေသာ ဇီဇာေၾကာင္မႈ စိတ္ဆိုးႀကီးကို အမ်ားႏွင့္ အဖန္တလဲလဲ ေရာေႏွာ စားေသာက္ျခင္းအားျဖင့္ ႏွိမ္နင္းပစ္လိုက္သည္။ ၾကာလာေသာအခါ ရြံရွာတတ္ေသာစိတ္ အလ်ဥ္းမရွိေတာ့ ရံုမက လူငယ္မ်ားနဲ႔အတူ လက္ရည္တျပင္တည္းပင္ စားျပလိုက္ေသးသည္။ ဤသို႔ ေန႔ခ်င္း ညခ်င္း ေျပာင္းလဲသြားေသာ သူ႔ကို ျမိဳ႔ေနလူထုမ်ားက မ်ားစြာ အံ႔ၾသၾကေလသည္။ တကယ္တမ္းတြင္ သူသည္ ဇီဇာေၾကာင္တတ္သည္ကလြဲ၍ စိတ္ရင္းသေဘာ ျဖဴစင္ေကာင္းမြန္သူ ျဖစ္ေသာေၾကာင့္ မၾကာမီ အမ်ား၏ ခ်စ္ခင္ေလးစားမႈကို ခံရသည္။ မိတ္ေဆြရင္းခ်ာမ်ား ေပါမ်ားလာသည္။ စီးပြားမွာလည္း ဒီေရအလား တိုးတက္လာေလသည္။

ယခင္က သူသည္ အလြန္ဇီဇာေၾကာင္သူျဖစ္ေသာေၾကာင့္ အသက္ေလးဆယ္ေက်ာ္သည္အထိ အိမ္သူ သက္ထားမရွိခဲ့ေပ။ အက်င့္ဆိုးႀကီးကို ျပဳျပင္လိုက္သည္မွစ၍ ျမိဳ႔ေမတၱာကို ခံယူရရွိရံုမက ကြမ္းေတာင္ကိုင္ အေခ်ာအလွ မယ္အိ၏ ေမတၱာတံ႔ုျပန္မႈကိုပါ ရရွိခဲ့ေလသည္။ ဤကဲ့သို႔ သူသည္ ေျခာက္ကပ္အထီးက်န္ လွေသာ ဘ၀မွ စိုျပည္ခ်မ္းေျမ့ဖြယ္ ေကာင္းလွေသာ ဘ၀သို႔ ေရာက္ရွိခဲ့ပံုကို ေတြ႔မိေလတိုင္း သူ႔ကို ပညာ သားပါပါျဖင့္ ဆံုးမေပးခဲ့ေသာ ေရာဂါသည္ႀကီးကို သြား၍ သတိရမိေလသည္။ ထိုေ႔ၾကာင့္ ကတညဳတ-ကတေ၀ဒီ မဂၤလာတရားႏွင့္အညီ ထိုေက်းဇူးရွင္ႀကီး၏ ေက်းဇူးတရားကို ေအာက္ေမ့ေသာအားျဖင့္ သူႏွင့္ေတြ႔ဆံုခဲ့ရာ ဇရပ္အိုႀကီးေနရာတြင္ ဇရပ္ႏွင့္ ေရတြင္းမ်ားကို ေဆာက္လုပ္ လွဴဒါန္းခဲ့ျခင္း ျဖစ္သည္။

ထိုဇရပ္ကို လူသူေတာ္ဇရပ္ႀကီးဟု အမ်ားက ေခၚၾကေလသည္။ ေနာင္ေသာ္ လူသူေတာ္မွ မည္သို႔မည္ပံု ေျပာင္းလဲသြားသည္မသိ။ ဖိုးသူေတာ္ဇရပ္ဟု ေခၚၾကျပန္သည္။ ၄င္းဇရပ္အနီးမွ ေတာင္ကုန္းကိုကား ဇရပ္ကုန္းဟု ေခၚၾကကုန္၏။ ေနာင္ႏွစ္ေပါင္း အေတာ္ၾကာလာေသာအခါ ဇရပ္ႀကီးမရွိေတာ့ဘဲ ေရတြင္းကို ဗဟုိျပဳ၍ လူေနအိမ္ေျခမ်ား ေပၚေပါက္လာေလသည္။ ထိုရြာ၏ အမည္သည္လည္း ဇရပ္ကုန္းရြာဟု တြင္ေလသတည္း။

ထိုဇရပ္ကုန္းရြာ၏ အေနာက္စူးစူး ကုန္းေစာင္းကေလးတြင္ အေ၀းမွျမင္ႏိုင္ေသာ ေက်ာက္ပံုစုစုကေလးမွာ ေရွ႔ယခင္ကစ၍ ယေန႔တိုင္ေအာင္ ရွိေနပါေသးသည္။ ထိုေက်ာက္ပံုကေလး၏ ေအာက္တည့္တည့္တြင္ ေက်းဇူးရွင္ လူသူေတာ္ႀကီး ထာ၀ရအိပ္စက္အနားယူလ်က္ ရွိသည္ကို ဦးသန္႔စင္ သိမသြားပါေခ်။

ထို႔ထက္ပို၍ ဆိုရပါလွ်င္ ဦးသန္႔စင္ႏွင့္ ေတြ႔ဆံုခဲ့ေသာ ထိုအခ်ိန္က လူသူေတာ္ႀကီးသည္ ေသာက္ေရအိုး ထဲမွ ေရကို သူ႔ခြက္ထဲသို႔ ထည့္ေပးပါရန္ ေတာင္းပန္၍ ရမည့္သူကို ေမွ်ာ္ေနခဲ့ပါသည္။ ထိုစဥ္ ဦးသန္႔စင္ ေရာက္လာ၍ ေရေသာက္ပံုကို ျမင္ရေသာအခါ ေရေတာင္းရန္ အစီအစဥ္ကို ဖ်က္ျပီး ေရေသာက္ျပီးေလ ဟန္ျဖင့္ ဦးသန္႔စင္ကို ဆံုးမခဲ့ျခင္းျဖစ္သည္။ တကယ္တမ္းတြင္မူ သူသည္ မည္သည့္အခါမွ အမ်ားေသာက္ေရအိုးတြင္ ေရေသာက္ေလ့ မရွိပါ။ ထိုေန႔ကလည္း ေရမေသာက္ဘဲ အငတ္ခံသြားခဲ့ေလ သည္။

ထို႔အျပင္ သူသည္ မိမိ၏ လက္ရွိဘ၀ခရီးႀကီး နိဂံုးခ်ဳပ္ရေတာ့မည္ကို ရိပ္စားမိေသာအခါ အေနာက္ဘက္ ေတာင္ေစာင္းသုိ႔သြားျပီး က်င္းကိုကိုယ္တိုင္တူးကာ ၀င္ေရာက္အိပ္စက္ျပီး မိမိဇာတ္ကို မိမိဘာသာ သိမ္းခဲ့ ပါသည္။ ေနာက္တေန႔ ႏြားေက်ာင္းသူမကေလးမ်ား ေရာက္လာေသာအခါ ေလမွာ တလူလူလြင့္ေနေသာ စြပ္က်ယ္အျဖဴ မည္းညစ္ညစ္တြင္ ေသြးျဖင့္ ေရးထားသည့္ ေျမဖို႔ေပးခဲ့ၾကပါ-ဟူေသာ စာကိုျမင္ၾကရသည္။ မိန္းကေလးမ်ားက သနားကရုဏာသက္မိေသာေၾကာင့္ ေျမဖို႔ရံုသာမက အနီးအနားရွိ ေက်ာက္တံုးမ်ားကို ယူေဆာင္စုပံုျပီး မွတ္တိုင္ကေလးတခုပါ စိုက္ထားေပးခဲ့ၾကေလသည္။

ထိုအေၾကာင္းအရာမ်ားကိုလည္း ကြယ္လြန္သူ ဦးသန္႔စင္တေယာက္ သိမသြားခဲ့ပါေခ်။ အကယ္၍ သူသာ သိခဲ့မည္ဆိုပါလွ်င္—

ဦးကသာ-ေလာကမွန္ကူ

ေရးသားသူ thuzar kyaw

“ကိုယ္သန္႔သူႏွင့္ စိတ္သန္႔သူ”

Unicode ဖြင့်ဖတ်ရန်

တခါက အထက်အညာ မြို့ကလေးတမြို့တွင် အလွန်ဇီဇာကြောင်သော လူတဦးရှိသည်။ သူသည် အစား အသောက်စားရာ၌ သူတပါးနှင့် ဇွန်းပန်ကန် ခွက်ယောက်ချင်း ရောနှောပေါင်းစပ် မစားနိုင်ပါ။ ထို့ကြောင့် အများနှင့် ဝိုင်းဖွဲ့ပြီး ဘယ်တော့မှ မစားပါ။ မလွှဲမရှောင်သာ၍ စားရလျှင် ထမင်းနှင့် ဟင်းများကို ပထမဦးစွာ အပြီးနှိုက်ယူထားလိုက်သည်။ သူတပါး နှိုက်ပြီးသား ထမင်းဟင်းကိုမူ နောက်ထပ် မနိုက်တော့ပါ။ ရှေးက လက်ရည်တပြင်တည်း စားကြပုံကို ပြောပြလျှင် အော့ကြီး အန်ကြီးဖြစ်၍ ရှောင်သွားတတ်သည်။

တခုသောနွေဦးပေါက်တွင် သူသည် မသွားဖူးသော ခရီးတခုကို သွားရသည်။ သူနှင့် ခရီးသွားမည့်အဖော် များ ရောက်ချိန်တန်လျက် ရောက်မလာသောကြောင့် တဦးတည်းထွက်ခါွလာခဲ့သည်။ သူသည် လမ်းခရီး အခြေအနေကို မသိသောကြောင့် ထမင်းကို အဝစားခဲ့သည်။ အထုပ်ဖြင့်လည်း ထုပ်ယူလာခဲ့သည်။ ရေကိုလည်း ဘူးတောင်းနှင့် အပြည့်ထည့်ခဲ့သည်။ သို့သော် လမ်းမှာ အရိပ်အာဝါသနည်းသည့်အပြင် ရာသီဥတုကလည်း အလွန်ပူပြင်းလှသောကြောင့် ရေခဏခဏ သောက်ရသည်။ မကြာမီ ရေကုန်သွားလေ သည်။

နေမွန်းတိမ်းသောအခါ ပို၍ ပူလာပြီး ချွေးကပိုထွက်လာသည်။ ရေအလွန်ဆာလာသည်။ နောက် ခရီးတ တိုင် အတွင်း ရေမတွေ့လျှင် သေရချည်ရဲ့ဟုပင် ညည်းမိလေသည်။ သို့သော် ခရီးတတိုင် မသွားရပါ။ ကုန်းကလေး တခုကို ကျော်လိုက်လျှင် ဆီးပင်ကလေးများနှင့် ဇရပ်အိုတခုကို တွေ့ရသည်။ ဇရပ်၏ ရှေ့မျက်နှာစာတွင်လည်း ရေအိုးစင်ကလေးတခု ရှိ၏။ သူသည် အလွန်ဝမ်းသာသွားသည်။ ဇရပ်သို့ အပြေးတပိုင်းသွားပြီး ရေအိုးကို ဖွင့်ကြည့်လိုက်သည်။ ရေမှာ တဝက်ကျော်ကျော် ရှိနေသည်။ တယ် ကံကောင်းပါလား-ဟု တကိုယ်တည်း ပြောပြီး ချိတ်ထားသော အိုးမှုတ်ခွက်ဖြင့် ရေတခွက် ခပ်လိုက်သည်။ သို့သော် ချက်ချင်းမသောက်ဘဲ စဉ်းစားနေလိုက် သေးသည်။

ဤရေမှုတ်သည် သူတကာ သောက်သုံးသော ရေမှုတ်ဖြစ်သည်။ ဘယ်လက်ဖြင့်ကိုင်သူက ညာနှုတ်ခမ်းမှ သောက်မည်။ ညာလက်ဖြင့်ကိုင်သူက ဘယ်နှုတ်ခမ်းဖြင့်သောက်မည်-စသည်ဖြင့် တောင်တောင်အီအီ တွေးတောစဉ်းစားသည်။ ထို့နောက် ဤဘက်ကတော့ မည်သူမှ သောက်မည်မဟုတ်-ဟု ယူဆကာ ရေမှုတ်ကို လက်ကိုင်တပ်ရာဘက်မှ သောက်ချလိုက်သည်။ ဤသို့ ရေနှစ်မှုတ် သုံးမှုတ်လောက် သောက်ပြီးမှ ကျေနပ်စွာဖြင့် ဇရပ်ပေါ် တက်နားလိုက်သည်။

သူရေသောက်နေစဉ် သူ့လှုပ်ရှားမှုကို စိုက်၍ကြည့်နေသော မျက်လုံးတစုံကိုမူ သူသတိမထားမိလိုက်ချေ။ ဇရပ်ပေါ်ထိုင်ပြီး ဟိုဟိုသည်သည် မျက်လုံးကစားလိုက်မှ မလှမ်းမကမ်း ဆီးပင်အောင်တွင် ထိုင်နေသော အနာကြီးရောဂါသည်တယောက်ကို မြင်လိုက်ရသည်။ ထိုလူမှာ ရောဂါကြောင့် ခြေ၊ လက်၊ နှာခေါင်းများပင် မပီပြင်တော့။ ဦးခေါင်းပတ်ပတ်လည် ဦးထုပ်ဆောင်းသည့် တဝိုက်တွင် အရေဖတ်များက လန်နေသေး သည်။ နဖူးနှင့် နှာခေါင်းကလည်း ချွေးတွေလား၊ ဘာတွေလဲ မသိ။ အဆက်မပြတ် စီးကျနေသဖြင့် ပုဆိုးဖြင့် ငံ့ုငံ့ု သုတ်နေရသည်။

ထိုရောဂါသည်သည် မျက်နှာကို ပုဆိုးဖြင့် တချက် ငံ့ုသုတ်လိုက်ပြီး ဇရပ်ပေါ်က လူကို လှမ်းမေးလိုက်သည်။ ဒီမှ ာ ဇရပ်ပေါ်က လူကြီး ကျွန်တော်တခုလောက် မေးပါရစေ။ ထိုအခါ ဇရပ်ပေါ်ကလူက ရောဂါသည်ကြီး သူ့အနား လာမည်စိုး၍ ပျာပျာသလဲဖြင့် ပြောပါ ပြောပါ ကြားပါတယ်-ဟုဆိုသည်။

လူကြီးမင်း-စောစောက ရေသောက်တာ ရေမှုတ်လက်ကိုင်ဘက်က ဘာဖြစ်လို့ ကတ်သီးကတ်သတ် သောက်ရ တာပါလဲ ခင်ဗျား-ဟု ရောဂါသည်က မေး၏။သြော်-ဒါလား ကျုပ်က ဘယ်အရာမဆို သန့်မှကြိုက် တာဗျ။ သူတကာ သောက်တဲ့ ခွက်နှုတ်ခမ်းကနေပြီး ကျုပ်ရေမသောက်နိုင်ဘူးလေ-ဟု ဆိုလျှင် ရောဂါ သည်က သက်ပြင်းတချက်ချလိုက်သည်။

ကျွန်တော်စိတ်မကောင်းပါဘူး၊ လူကြီးမင်းခင်ဗျား၊ ကျွန်တော်ဟာ အတိတ်ဘဝက သူများအပေါ် မာန်မာန ကြီး တခွဲသားနဲ့ မတူမတန် ဆက်ဆံခဲ့မိလို့ ထင်ပါရဲ့၊ အခု ဒီဘဝမှာ အနာကြီးရောဂါသည် လာဖြစ်ရပါ တယ်။ အဲဒီဝဋ်ကြွေးတွေကို ဒီဘ၀ ဒီမျှသာ ရှိစေတော့ဆိုပြီး လူမှန်းသိစအရွယ်ကတည်းက ငါးပါးပဉ္စသီ မြဲခဲ့ပါတယ်။ ဘယ်သူ့အပေါ်ပဲဖြစ်ဖြစ် စိတ်ကောင်းထားပါတယ်။ ကျွန်တော့ကို တိရစ္ဆာန်တကောင်လို ဆက်ဆံကြိမ်းမောင်းကြရင်တောင် ဘယ်လိုမှ စိတ်မရှိပါဘူး။ သူတို့နေရာမှာ ငါသာဆိုရင်လဲ ဒီလိုနေမှာပဲ လို့ ကိုယ်ချင်းစာပြီး အများစိတ်အနှောက်အယှက် မဖြစ်အောင် သတိထား နေထိုင်ခဲ့ပါတယ်။ အခု အများအသုံးပြုတဲ့ ဇရပ်ပေါ်မှာတောင် တက်မနားဘဲ သစ်ပင်အောက်မှာ နေတာကိုသာ ကြည့်ပါ။

နောက်ပြီး မလွဲမရှောင်သာလို့ အများသောက်တဲ့ သောက်ရေအိုးမှာ ရေသောက်ရရင်လဲ အများကို ကိုယ်ချင်းစာပြီး အများသောက်တဲ့ခွက်ရဲ့ ဘယ်-ညာ နှုတ်ခမ်းတွေက မသောက်ပါဘူး။ ဘယ်သူမှ မသောက်တဲ့ လက်ကိုင်ဘက်ကသာ ကတ်သီးကတ်သတ် သောက်ခဲ့ပါတယ်။ အခုတော့ လူကြီးမင်းကလဲ ကျွန်တော့လိုပဲ ကတ်သီးကတ်သတ် လက်ကိုင်ဘက်က သောက်တယ်ဆိုတော့ စိတ်မကောင်းဖြစ်လို့မေး မိတာပါ-ဟု နှာတရှုတ်ရှုတ်နှင့်ပြောသည်။ ဤတွင် ဇရပ်ပေါ်မှ လူဇီဇာကြောင်ကြီးမှာ မည်သို့မျှ အောင့် အည်းနိုင်စွမ်း မရှိတော့ပေ။ သောက်ပြီးသော ရေများသာမက စားပြီးသား အစာများပါ အကုန် အန်ချလေတော့သည်။

နောက် ငါးနှစ်မျှကြာသောအခါ အထက်ဖော်ပြပါ ဇရပ်အိုနေရာတွင် သစ်လွင်လှပသော ဆင်ဝင်စမုတ်နှင့် ဘုံအဆင့်ပါရှိသော ဇရပ်ကြီးတဆောင် မျက်လှည့်ပြလိုက်သလို ပေါ်ပေါက်လာသည်။ ထိုဇရပ်ကြီးသည် ကြီးကျယ်ခမ်းနားရုံမက ဆင်ဝင်စမုတ်၏ တဖက်တချက်တွင်လည်း သောက်ချင့်စဖွယ် ရေအိုးသုံးလုံးစီ ရှိသော ရေအိုးစင် လှလှကလေးများက နေရာယူထားသေးသည်။ ထို့ပြင် ဇရပ်၏တောင်ဘက် မလှမ်းမ ကမ်းတွင်လည်း ရေတွင်းကြီးတတွင်းက ရေငင်မောင်းတံနှင့် ပုံးနှင့် အသင့်ရှိနေပြန်သည်။ သောက်သုံး ရုံမက ချိုး၍ပင် မကုန်နိုင်ချေ။

ထို့ကြောင့် အနှီဇရပ်ကြီးသည် ခရီးသွားတို့အတွက် အလွန်တရာ ကျေးဇူးများလှသော နားခိုစရာစခန်းကြီး တခု ဖြစ်နေပေသည်။ ထိုဇရပ်၌ နားခို၍ ခရီးဆက်ကြရသော လူအပေါင်းတို့သည် ဇရပ်တကာကောင်းမှု ရှင်ကြီးကို မှန်းမျှော်၍ မေတ္တာပို့သကာ သာဓုအကြိမ်ကြိမ် ခေါ်သွားကြကုန်၏။

အများမြင်လောက်ရာ ဇရပ်တနေရာတွင် ရေးထိုးထားသော ကောင်းမှုရှင်အမည် ကမ္ပည်းစာတန်းကလည်း ထူးခြားလှသည်။ အညတြ လူသူတော်ကြီးကို ရည်စူး၍ ——မြို့နေ ဦးသန့်စင်+ဒေါ်မယ်အိုတို့၏ ကောင်းမှု-ဟူ၏။

ဦးသန့်စင်-ဟူသည်မှာ ဦးဇီဇာကြောင်ကြီးပင် ဖြစ်သတည်း။ သူသည် အနာကြီးရောဂါသည်၏ ပညာပေးခြင်းကို ခံလိုက်ရသည့်နေ့ကစပြီး အမြင်မှန် ရသွားသည်။ နောင်တတရားလည်း ရသွားသည်။ သူ၏ အများအပေါ် ရွံရှာတတ်သော ဇီဇာကြောင်မှု စိတ်ဆိုးကြီးကို အများနှင့် အဖန်တလဲလဲ ရောနှော စားသောက်ခြင်းအားဖြင့် နှိမ်နင်းပစ်လိုက်သည်။ ကြာလာသောအခါ ရွံရှာတတ်သောစိတ် အလျဉ်းမရှိတော့ ရုံမက လူငယ်များနဲ့အတူ လက်ရည်တပြင်တည်းပင် စားပြလိုက်သေးသည်။ ဤသို့ နေ့ချင်း ညချင်း ပြောင်းလဲသွားသော သူ့ကို မြို့နေလူထုများက များစွာ အံ့သြကြလေသည်။ တကယ်တမ်းတွင် သူသည် ဇီဇာကြောင်တတ်သည်ကလွဲ၍ စိတ်ရင်းသဘော ဖြူစင်ကောင်းမွန်သူ ဖြစ်သောကြောင့် မကြာမီ အများ၏ ချစ်ခင်လေးစားမှုကို ခံရသည်။ မိတ်ဆွေရင်းချာများ ပေါများလာသည်။ စီးပွားမှာလည်း ဒီရေအလား တိုးတက်လာလေသည်။

ယခင်က သူသည် အလွန်ဇီဇာကြောင်သူဖြစ်သောကြောင့် အသက်လေးဆယ်ကျော်သည်အထိ အိမ်သူ သက်ထားမရှိခဲ့ပေ။ အကျင့်ဆိုးကြီးကို ပြုပြင်လိုက်သည်မှစ၍ မြို့မေတ္တာကို ခံယူရရှိရုံမက ကွမ်းတောင်ကိုင် အချောအလှ မယ်အိ၏ မေတ္တာတံ့ုပြန်မှုကိုပါ ရရှိခဲ့လေသည်။ ဤကဲ့သို့ သူသည် ခြောက်ကပ်အထီးကျန် လှသော ဘဝမှ စိုပြည်ချမ်းမြေ့ဖွယ် ကောင်းလှသော ဘဝသို့ ရောက်ရှိခဲ့ပုံကို တွေ့မိလေတိုင်း သူ့ကို ပညာ သားပါပါဖြင့် ဆုံးမပေးခဲ့သော ရောဂါသည်ကြီးကို သွား၍ သတိရမိလေသည်။ ထိုေ့ကြာင့် ကတညုတ-ကတဝေဒီ မင်္ဂလာတရားနှင့်အညီ ထိုကျေးဇူးရှင်ကြီး၏ ကျေးဇူးတရားကို အောက်မေ့သောအားဖြင့် သူနှင့်တွေ့ဆုံခဲ့ရာ ဇရပ်အိုကြီးနေရာတွင် ဇရပ်နှင့် ရေတွင်းများကို ဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ထိုဇရပ်ကို လူသူတော်ဇရပ်ကြီးဟု အများက ခေါ်ကြလေသည်။ နောင်သော် လူသူတော်မှ မည်သို့မည်ပုံ ပြောင်းလဲသွားသည်မသိ။ ဖိုးသူတော်ဇရပ်ဟု ခေါ်ကြပြန်သည်။ ၎င်းဇရပ်အနီးမှ တောင်ကုန်းကိုကား ဇရပ်ကုန်းဟု ခေါ်ကြကုန်၏။ နောင်နှစ်ပေါင်း အတော်ကြာလာသောအခါ ဇရပ်ကြီးမရှိတော့ဘဲ ရေတွင်းကို ဗဟိုပြု၍ လူနေအိမ်ခြေများ ပေါ်ပေါက်လာလေသည်။ ထိုရွာ၏ အမည်သည်လည်း ဇရပ်ကုန်းရွာဟု တွင်လေသတည်း။

ထိုဇရပ်ကုန်းရွာ၏ အနောက်စူးစူး ကုန်းစောင်းကလေးတွင် အဝေးမှမြင်နိုင်သော ကျောက်ပုံစုစုကလေးမှာ ရှေ့ယခင်ကစ၍ ယနေ့တိုင်အောင် ရှိနေပါသေးသည်။ ထိုကျောက်ပုံကလေး၏ အောက်တည့်တည့်တွင် ကျေးဇူးရှင် လူသူတော်ကြီး ထာဝရအိပ်စက်အနားယူလျက် ရှိသည်ကို ဦးသန့်စင် သိမသွားပါချေ။

ထို့ထက်ပို၍ ဆိုရပါလျှင် ဦးသန့်စင်နှင့် တွေ့ဆုံခဲ့သော ထိုအချိန်က လူသူတော်ကြီးသည် သောက်ရေအိုး ထဲမှ ရေကို သူ့ခွက်ထဲသို့ ထည့်ပေးပါရန် တောင်းပန်၍ ရမည့်သူကို မျှော်နေခဲ့ပါသည်။ ထိုစဉ် ဦးသန့်စင် ရောက်လာ၍ ရေသောက်ပုံကို မြင်ရသောအခါ ရေတောင်းရန် အစီအစဉ်ကို ဖျက်ပြီး ရေသောက်ပြီးလေ ဟန်ဖြင့် ဦးသန့်စင်ကို ဆုံးမခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းတွင်မူ သူသည် မည်သည့်အခါမှ အများသောက်ရေအိုးတွင် ရေသောက်လေ့ မရှိပါ။ ထိုနေ့ကလည်း ရေမသောက်ဘဲ အငတ်ခံသွားခဲ့လေ သည်။

ထို့အပြင် သူသည် မိမိ၏ လက်ရှိဘဝခရီးကြီး နိဂုံးချုပ်ရတော့မည်ကို ရိပ်စားမိသောအခါ အနောက်ဘက် တောင်စောင်းသို့သွားပြီး ကျင်းကိုကိုယ်တိုင်တူးကာ ဝင်ရောက်အိပ်စက်ပြီး မိမိဇာတ်ကို မိမိဘာသာ သိမ်းခဲ့ ပါသည်။ နောက်တနေ့ နွားကျောင်းသူမကလေးများ ရောက်လာသောအခါ လေမှာ တလူလူလွင့်နေသော စွပ်ကျယ်အဖြူ မည်းညစ်ညစ်တွင် သွေးဖြင့် ရေးထားသည့် မြေဖို့ပေးခဲ့ကြပါ-ဟူသော စာကိုမြင်ကြရသည်။ မိန်းကလေးများက သနားကရုဏာသက်မိသောကြောင့် မြေဖို့ရုံသာမက အနီးအနားရှိ ကျောက်တုံးများကို ယူဆောင်စုပုံပြီး မှတ်တိုင်ကလေးတခုပါ စိုက်ထားပေးခဲ့ကြလေသည်။

ထိုအကြောင်းအရာများကိုလည်း ကွယ်လွန်သူ ဦးသန့်စင်တယောက် သိမသွားခဲ့ပါချေ။ အကယ်၍ သူသာ သိခဲ့မည်ဆိုပါလျှင်—

ဦးကသာ-လောကမှန်ကူ

ရေးသားသူ thuzar kyaw