Zawgyi ျဖင့္ဖတ္ရန္
တစ္ခါတုန္းက ေတာင္ပို႔ေလးတစ္ခုမွာ ၾကြက္မိတ္ေဆြ နွစ္ေကာင္နဲ ့အျခားႂကြက္ေတြ ေနထိုင္ၾကပါတယ္။ ႂကြက္
မိတ္ေဆြနွစ္ေကာင္ကေတာ့ တစ္ေကာင္က မိမိဘ၀ရပ္တည္မွုအတြက္ လုံျခဳံမွုရေစဖို ့ တြင္းကို ကိုယ္တိုင္တူးျပီး…..
အျခားႂကြက္ေတြလို ေနသတဲ့။

တစ္ေကာင္ကေတာ့ ကိုယ္တိုင္ တြင္းမတူးပဲ သူမ်ားတူးထားတဲ့ တြင္းအေဟာင္းေတြမွာ…လိုက္ျပီး ခိုေအာင္း
ေနတဲ့ ႂကြက္ငပ်င္းေလးေပါ့ကြယ္။ တြင္းတူးစရာမလို သူမ်ားတြင္းေဟာင္းေတြ မွာပဲ ခိုေအာင္းေနမယ္လို ့ေတြးထားသတဲ့။

ႂကြက္ဖ်င္း( ႂကြက္ငပ်င္း)က သူ ကိုယ္သူ သက္သာရာရွာခ်င္တာေၾကာင့္ ခုလို ေနပါသတဲ့။ သူမ်ားေတြ ပင္ပန္းႀကီးစြာနဲ႔ ေန
စရာ တြင္းတူးေနခ်ိန္မွာ သူကေတာ့ အစာစား ျပီး ေအးေဆးနွပ္ေနရတယ္လို ့သူက ေတြးေနသတဲ့။…..တြင္းတူးေနတဲ့မိတ္ေဆြ ႂကြက္ကေလးကိုလည္း သူလိုပဲ ေအးေဆးေနဖို ့စည္းရုံးလိုက္ေသးတယ္တဲ့။…

လုံ ့လနဲ ့အေမွ်ာ္ျမင္ ရွိတဲ့ ႂကြက္ကေတာ့ ႂကြက္ဖ်င္း က ဘယ္လို ေျပာေျပာ နားမေထာင္ပါဘူး။ သူ ့အလုပ္ကိုပဲ သူ
အာရုံစိုက္ ၿပီးလုပ္ေနတာေပါ့ကြယ္။
“ငါ့တြင္းဟာ ငါ့အတြက္သာ မဟုတ္ အျခားေသာ ႂကြက္ေတြအတြက္လည္း နားခုိစရာ…ျဖစ္လာမယ္လို ့လည္း ခံယူထားပါတဲ့။။။။။။။

ဒါ့အျပင္ ….
“ငါ….ခုလိုတူးေနတာ အပန္းမႀကီးပါဘူး။ ဒါဟာ ငါ့အတြက္ တြင္းတူးေနက်ျဖစ္လုိ ့ အေလ့အက်င့္ေတာင္
ရေနပါတယ္။… အမ်ားလိုပဲ တြင္းတစ္တြင္းကို ငါလည္း အျမန္တူးနိုင္တာေပါ့လို ့”
ႂကြက္ဖ်င္း ကို ေျပာျပခဲ့တာေပါ့။

ဒီလုိနဲ ့ တစ္ေန ့မွာ ႂကြက္တို ့ေနထိုင္ရာ ေတာင္ပို ့ေလး ျပိဳက်ပါေတာ့တယ္။…… ဒီခ်ိန္မွာ ႂကြက္အားလုံးဟာ ဘ၀ကို…
တစ္ကျပန္စၾကရတာေပါ့။

ႂကြက္တိုင္းလုိလိုဟာ သူတို ့ေနထိုင္ရာတြင္းကို တူးနိုင္ၾကေပမယ့္ …………အျမဲေရသာခုိျပီး အေခ်ာင္ေနတတ္တဲ့ ႂကြက္
ဖ်င္း(ႂကြက္ငပ်င္း) ခမ်ာ မွာေတာ့ တြင္းလည္း မတူးတတ္၊ ေနစရာေနရာ တြင္းေဟာင္းေတြလည္း ရွာမရေတာ့ အခက္ေတြ ့ျပီး……….
ေနာင္တေတြ ရေနတာေပါ့။

ဒီလိုနဲ့…အျခားႂကြက္ေတြဆီမွာ သူလည္း ေနပါရေစဆိုျပီး အသနားခံေပမယ့္ သူ ့လိုႂကြက္ဖ်င္း တစ္ေကာင္ကို
ဘယ္ႂကြက္ေတြကမွ လက္မခံပါဘူး။

“မိမိမွာ လုပ္နိုင္စြမ္း ရွိရဲ့နဲ ့မလုပ္ပဲ အေခ်ာင္ေနခ်င္တဲ့ ႂကြက္ဖ်င္းကို ငါတို ့
ေတြ မသနားလို ့”ေျပာလႊတ္ကုန္ပါသတဲ့။

ေနာက္ဆုံး လုံလနဲ ့အေမွ်ာ္ျမင္ရွိတဲ့ ႂကြက္ကေလးဟာ ႂကြက္ဖ်င္းေလးကို ေခၚျပီး သူ ့တြင္းးမွာ ထားသတဲ့။ သူ ့
အတြက္ေတာ့
#သူ ့တြင္းဟာ တျခားသူေတြ အတြက္ဆိုတဲ့ စကားကို …သက္ေသျပလိုက္တာပါပဲ။

က်န္တဲ့ ႂကြက္ေတြလည္း လုံလရွိတဲ့ ႂကြက္ကေလးကို ေလးစားလြန္းလို ့ အစာပိုေတြ သယ္လာျပီး ေပးၾကတာ
ေပါ့။ ႂကြက္ဖ်င္းေလးလည္း ဒီျဖစ္ရပ္ေတြ ၾကည့္ျပီး….
“အမ်ားလို မက်င့္ၾကံခဲ့လို အမ်ားရဲ့ အေလးထားမွုကို ငါဆုံးရွုံးလိုက္ရတာ ပါလား”
လုိ ့ေတြး မိသြားပါတယ္။

ေရသာခို ေနျခင္းဟာ မေကာင္းပါလား၊ ခဏတာ သာယာမွုရေပမယ့္ ေရရွည္မွာ ဆုိုးရြားေစတယ္ဆိုတာ ႂကြက္
ဖ်င္းတစ္ေကာင္ ေကာင္းေကာင္းနားလည္ျပီး ေနာင္တေတြ တစ္ပုံႀကီးရသြားပါတယ္။

“ငါဟာ တြင္းမတူးတဲ့ ႂကြက္ဖ်င္းပဲ။ တြင္းတူးတဲ့ ႂကြက္တစ္ေကာင္ျဖစ္ေအာင္ ငါယေန့မွ စျပီး ျပင္ဆင္ရေတာ့မယ္”
လို ့ဆုံးျဖတ္လုိက္ပါေတာ့တယ္။……
ေလာကမွာ ကိုယ့္တြင္း ကိုယ္တူးျခင္းသာ ေကာင္းပါေပတယ္ ဆိုတာကို ႂကြက္
ဖ်င္း တစ္ေကာင္ သေဘာေပါက္ခဲ့ပါျပီ။………..

စာဖတ္သူမ်ားလည္း အေတြးထဲမွာ တြင္းတူးေသာႂကြက္နဲ ့တြင္းမတူးေသာ ႂကြက္ရဲ႕ ဇာတ္သိမ္းခန္းမွာ သင္ခန္းစာ
ေလး တစ္ခု ရသြားမယ္လို ့လည္း ေမွ်ာ္လင့္ပါတယ္။

credit>>>#TrueMan
>>>>>>#MMCityBook-စာအုပ္ၿမိဳ႕ေတာ္

Unicode ဖြင့်ဖတ်ရန်

တစ်ခါတုန်းက တောင်ပို့လေးတစ်ခုမှာ ကြွက်မိတ်ဆွေ နှစ်ကောင်နဲ့အခြားကြွက်တွေ နေထိုင်ကြပါတယ်။ ကြွက်
မိတ်ဆွေနှစ်ကောင်ကတော့ တစ်ကောင်က မိမိဘဝရပ်တည်မှုအတွက် လုံခြုံမှုရစေဖို့ တွင်းကို ကိုယ်တိုင်တူးပြီး…..
အခြားကြွက်တွေလို နေသတဲ့။

တစ်ကောင်ကတော့ ကိုယ်တိုင် တွင်းမတူးပဲ သူများတူးထားတဲ့ တွင်းအဟောင်းတွေမှာ…လိုက်ပြီး ခိုအောင်း
နေတဲ့ ကြွက်ငပျင်းလေးပေါ့ကွယ်။ တွင်းတူးစရာမလို သူများတွင်းဟောင်းတွေ မှာပဲ ခိုအောင်းနေမယ်လို့တွေးထားသတဲ့။

ကြွက်ဖျင်း( ကြွက်ငပျင်း)က သူ ကိုယ်သူ သက်သာရာရှာချင်တာကြောင့် ခုလို နေပါသတဲ့။ သူများတွေ ပင်ပန်းကြီးစွာနဲ့ နေ
စရာ တွင်းတူးနေချိန်မှာ သူကတော့ အစာစား ပြီး အေးဆေးနှပ်နေရတယ်လို့သူက တွေးနေသတဲ့။…..တွင်းတူးနေတဲ့မိတ်ဆွေ ကြွက်ကလေးကိုလည်း သူလိုပဲ အေးဆေးနေဖို့စည်းရုံးလိုက်သေးတယ်တဲ့။…

လုံ့လနဲ့အမျှော်မြင် ရှိတဲ့ ကြွက်ကတော့ ကြွက်ဖျင်း က ဘယ်လို ပြောပြော နားမထောင်ပါဘူး။ သူ့အလုပ်ကိုပဲ သူ
အာရုံစိုက် ပြီးလုပ်နေတာပေါ့ကွယ်။
“ငါ့တွင်းဟာ ငါ့အတွက်သာ မဟုတ် အခြားသော ကြွက်တွေအတွက်လည်း နားခိုစရာ…ဖြစ်လာမယ်လို့လည်း ခံယူထားပါတဲ့။။။။။။။

ဒါ့အပြင် ….
“ငါ….ခုလိုတူးနေတာ အပန်းမကြီးပါဘူး။ ဒါဟာ ငါ့အတွက် တွင်းတူးနေကျဖြစ်လို့ အလေ့အကျင့်တောင်
ရနေပါတယ်။… အများလိုပဲ တွင်းတစ်တွင်းကို ငါလည်း အမြန်တူးနိုင်တာပေါ့လို့”
ကြွက်ဖျင်း ကို ပြောပြခဲ့တာပေါ့။

ဒီလိုနဲ့ တစ်နေ့မှာ ကြွက်တို့နေထိုင်ရာ တောင်ပို့လေး ပြိုကျပါတော့တယ်။…… ဒီချိန်မှာ ကြွက်အားလုံးဟာ ဘဝကို…
တစ်ကပြန်စကြရတာပေါ့။

ကြွက်တိုင်းလိုလိုဟာ သူတို့နေထိုင်ရာတွင်းကို တူးနိုင်ကြပေမယ့် …………အမြဲရေသာခိုပြီး အချောင်နေတတ်တဲ့ ကြွက်
ဖျင်း(ကြွက်ငပျင်း) ခမျာ မှာတော့ တွင်းလည်း မတူးတတ်၊ နေစရာနေရာ တွင်းဟောင်းတွေလည်း ရှာမရတော့ အခက်တွေ့ပြီး……….
နောင်တတွေ ရနေတာပေါ့။

ဒီလိုနဲ့…အခြားကြွက်တွေဆီမှာ သူလည်း နေပါရစေဆိုပြီး အသနားခံပေမယ့် သူ့လိုကြွက်ဖျင်း တစ်ကောင်ကို
ဘယ်ကြွက်တွေကမှ လက်မခံပါဘူး။

“မိမိမှာ လုပ်နိုင်စွမ်း ရှိရဲ့နဲ့မလုပ်ပဲ အချောင်နေချင်တဲ့ ကြွက်ဖျင်းကို ငါတို့
တွေ မသနားလို့”ပြောလွှတ်ကုန်ပါသတဲ့။

နောက်ဆုံး လုံလနဲ့အမျှော်မြင်ရှိတဲ့ ကြွက်ကလေးဟာ ကြွက်ဖျင်းလေးကို ခေါ်ပြီး သူ့တွင်းးမှာ ထားသတဲ့။ သူ့
အတွက်တော့
#သူ့တွင်းဟာ တခြားသူတွေ အတွက်ဆိုတဲ့ စကားကို …သက်သေပြလိုက်တာပါပဲ။

ကျန်တဲ့ ကြွက်တွေလည်း လုံလရှိတဲ့ ကြွက်ကလေးကို လေးစားလွန်းလို့ အစာပိုတွေ သယ်လာပြီး ပေးကြတာ
ပေါ့။ ကြွက်ဖျင်းလေးလည်း ဒီဖြစ်ရပ်တွေ ကြည့်ပြီး….
“အများလို မကျင့်ကြံခဲ့လို အများရဲ့ အလေးထားမှုကို ငါဆုံးရှုံးလိုက်ရတာ ပါလား”
လို့တွေး မိသွားပါတယ်။

ရေသာခို နေခြင်းဟာ မကောင်းပါလား၊ ခဏတာ သာယာမှုရပေမယ့် ရေရှည်မှာ ဆိုးရွားစေတယ်ဆိုတာ ကြွက်
ဖျင်းတစ်ကောင် ကောင်းကောင်းနားလည်ပြီး နောင်တတွေ တစ်ပုံကြီးရသွားပါတယ်။

“ငါဟာ တွင်းမတူးတဲ့ ကြွက်ဖျင်းပဲ။ တွင်းတူးတဲ့ ကြွက်တစ်ကောင်ဖြစ်အောင် ငါယနေ့မှ စပြီး ပြင်ဆင်ရတော့မယ်”
လို့ဆုံးဖြတ်လိုက်ပါတော့တယ်။……
လောကမှာ ကိုယ့်တွင်း ကိုယ်တူးခြင်းသာ ကောင်းပါပေတယ် ဆိုတာကို ကြွက်
ဖျင်း တစ်ကောင် သဘောပေါက်ခဲ့ပါပြီ။………..

စာဖတ်သူများလည်း အတွေးထဲမှာ တွင်းတူးသောကြွက်နဲ့တွင်းမတူးသော ကြွက်ရဲ့ ဇာတ်သိမ်းခန်းမှာ သင်ခန်းစာ
လေး တစ်ခု ရသွားမယ်လို့လည်း မျှော်လင့်ပါတယ်။

credit>>>#TrueMan
>>>>>>#MMCityBook-စာအုပ်မြို့တော်