ZawGyiျဖင့္ဖတ္ရန္
Facebook ဟာ လူမႈကြန္ရက္မွာ သတင္းအတုနဲ႔ အထင္ျမင္မွားေစမယ့္ သတင္းေတြ ရွာေဖြေဖာ္ျပတဲ့ နည္းလမ္းကုိ ေျပာင္းလဲလိုက္ပါတယ္။ သတင္းအတုေတြကို ၫႊန္ျပရာမွာ “disputed flag” လို႔ လူသိမ်ားၾကတဲ့ အနီေရာင္ icon အစား News Feed အတြင္းက post အတုေတြရဲ႕ေဘးမွာ Related Articles နဲ႔ ျပသေပးမယ္လို႔ Facebook က ၾကာသပေတးေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

Related Articles က႑က လူေတြကို သတင္းတစ္ပုဒ္၊ သတင္းထဲမွာ ပါတဲ့ အခ်က္အလက္မွားနဲ႔ပတ္သက္ရင္ ဆက္စပ္စဥ္းစားရမယ့္ အေျခအေနမ်ားစြာ ေဖာ္ျပေပးတယ္လို႔ Facebook ကေျပာပါတယ္။ တစ္စုံတစ္ေယာက္က သတင္းအတုေတြကိုေဝမွ်ဖို႔ ႀကိဳးစားတာနဲ႔ အခ်က္အလက္စစ္ေဆးသူေတြ (fact checkers) ဆီက popup နဲ႔ သတိေပးခ်က္ကုိ ရရွိမွာ ျဖစ္ပါတယ္။ အဲဒီေဆာင္းပါးေတြကို Facebook ေပၚမွာ တစ္စုံတစ္ေယာက္က click မလုပ္ခင္ သတင္းအတုေတြနဲ႔အတူ ျပေပးသြားမွ ျဖစ္ပါတယ္။

Facebook လူမႈကြန္ရက္ဟာ သတင္းအတုေတြေၾကာင့္ အခက္ေတြ႕ေနၿပီး ၿပီးခဲ့တဲ့လက Facebook အျပင္ Twitter နဲ႔ Google အမႈေဆာင္ေတြကုိ လႊတ္ေတာ္က ဆင့္ေခၚခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္ အေမရိကန္သမၼတ ေရြးေကာက္ပြဲအတြင္း သတင္းအမွားေတြ ျဖန္႔ခ်ိဖို႔ အဲဒီ platform ေတြဘယ္လိုအသုံးခ်ခံခဲ့ရသလဲ ဆိုတဲ့ ေမးခြန္းေတြကို အဲဒီအမႈေဆာင္ေတြက ေျဖၾကားခဲ့ရပါတယ္။

Facebook အေနနဲ႔ သတင္းအမွားေတြပ်ံ႕ႏွ႔ံမႈကို ဆက္လက္ တုိက္ဖ်က္ေနပါတယ္။ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလမွာ Facebook က disputed flag ေတြကို ျဖန္႔ခ်ိခဲ့ပါတယ္။ ၾသဂုတ္လအတြင္း Related Articles မွာ အခ်က္အလက္စစ္ေဆးမႈ သတင္းေတြကို စတင္မိတ္ဆက္ခဲ့ပါတယ္။ မၾကာေသးခင္ကလည္း Facebook က သတင္းထုတ္ေဝျဖန္႔ခ်ိမႈအတြက္ “trust indicators” သစ္ကုိ ထည့္သြင္းခဲ့ပါတယ္။

Facebook ရဲ႕ disputed flag ေတြက အလုပ္မျဖစ္ခဲ့ပါဘူး။ အဲဒီ disputed flag ေတြက အေရးႀကီးအခ်က္အလက္ေတြကို သတင္းတုအျဖစ္ ေဖာ္ျပေပးၿပီး ေဆာင္းပါးကုိ အတုအျဖစ္ အေၾကာင္းၾကားဖို႔ fact checker ႏွစ္ခုေလာက္လုိတယ္လို႔ Facebook ထုတ္ကုန္ဒီဇိုင္နာ ဂ်က္ဖ္စမစ္က Medium က post တစ္ခုမွာ ေရးခဲ့ပါတယ္။ အဲဒီနည္းလမ္းက အခ်ိန္ကုန္ၿပီး Related Articles ကေတာ့ fact checker တစ္ခုရဲ႕ သုံးသပ္မႈပဲ လိုအပ္တဲ့အတြက္ အခ်ိန္သက္သာေစမယ္လို႔ သိရပါတယ္။

စိုးထက္
Ref: CNN
Credit: Internet Journal

Unicodeဖြင့်ဖတ်ရန်

Facebook ဟာ လူမှုကွန်ရက်မှာ သတင်းအတုနဲ့ အထင်မြင်မှားစေမယ့် သတင်းတွေ ရှာဖွေဖော်ပြတဲ့ နည်းလမ်းကို ပြောင်းလဲလိုက်ပါတယ်။ သတင်းအတုတွေကို ညွှန်ပြရာမှာ “disputed flag” လို့ လူသိများကြတဲ့ အနီရောင် icon အစား News Feed အတွင်းက post အတုတွေရဲ့ဘေးမှာ Related Articles နဲ့ ပြသပေးမယ်လို့ Facebook က ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

Related Articles ကဏ္ဍက လူတွေကို သတင်းတစ်ပုဒ်၊ သတင်းထဲမှာ ပါတဲ့ အချက်အလက်မှားနဲ့ပတ်သက်ရင် ဆက်စပ်စဉ်းစားရမယ့် အခြေအနေများစွာ ဖော်ပြပေးတယ်လို့ Facebook ကပြောပါတယ်။ တစ်စုံတစ်ယောက်က သတင်းအတုတွေကိုဝေမျှဖို့ ကြိုးစားတာနဲ့ အချက်အလက်စစ်ဆေးသူတွေ (fact checkers) ဆီက popup နဲ့ သတိပေးချက်ကို ရရှိမှာ ဖြစ်ပါတယ်။ အဲဒီဆောင်းပါးတွေကို Facebook ပေါ်မှာ တစ်စုံတစ်ယောက်က click မလုပ်ခင် သတင်းအတုတွေနဲ့အတူ ပြပေးသွားမှ ဖြစ်ပါတယ်။

Facebook လူမှုကွန်ရက်ဟာ သတင်းအတုတွေကြောင့် အခက်တွေ့နေပြီး ပြီးခဲ့တဲ့လက Facebook အပြင် Twitter နဲ့ Google အမှုဆောင်တွေကို လွှတ်တော်က ဆင့်ခေါ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွင်း သတင်းအမှားတွေ ဖြန့်ချိဖို့ အဲဒီ platform တွေဘယ်လိုအသုံးချခံခဲ့ရသလဲ ဆိုတဲ့ မေးခွန်းတွေကို အဲဒီအမှုဆောင်တွေက ဖြေကြားခဲ့ရပါတယ်။

Facebook အနေနဲ့ သတင်းအမှားတွေပျံ့နှံ့မှုကို ဆက်လက် တိုက်ဖျက်နေပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ Facebook က disputed flag တွေကို ဖြန့်ချိခဲ့ပါတယ်။ သြဂုတ်လအတွင်း Related Articles မှာ အချက်အလက်စစ်ဆေးမှု သတင်းတွေကို စတင်မိတ်ဆက်ခဲ့ပါတယ်။ မကြာသေးခင်ကလည်း Facebook က သတင်းထုတ်ဝေဖြန့်ချိမှုအတွက် “trust indicators” သစ်ကို ထည့်သွင်းခဲ့ပါတယ်။

Facebook ရဲ့ disputed flag တွေက အလုပ်မဖြစ်ခဲ့ပါဘူး။ အဲဒီ disputed flag တွေက အရေးကြီးအချက်အလက်တွေကို သတင်းတုအဖြစ် ဖော်ပြပေးပြီး ဆောင်းပါးကို အတုအဖြစ် အကြောင်းကြားဖို့ fact checker နှစ်ခုလောက်လိုတယ်လို့ Facebook ထုတ်ကုန်ဒီဇိုင်နာ ဂျက်ဖ်စမစ်က Medium က post တစ်ခုမှာ ရေးခဲ့ပါတယ်။ အဲဒီနည်းလမ်းက အချိန်ကုန်ပြီး Related Articles ကတော့ fact checker တစ်ခုရဲ့ သုံးသပ်မှုပဲ လိုအပ်တဲ့အတွက် အချိန်သက်သာစေမယ်လို့ သိရပါတယ်။

စိုးထက်
Ref: CNN

Credit: Internet Journal