ZawGyiဖြင့်ဖတ်ရန်





Tnka74h2xp87jclvg6oh


ref:koreaboo
Credit : MOMOLAY
Unicodeဖြင့်ဖတ်ရန်

G-dragon ဟာ သူ့ပရိတ်သတ်တွေအကြားမှာ ကန့်သတ်ချက်တွေမရှိဘဲနဲ့ အရာရာကိုလွှမ်းမိုးနိုင်စွမ်းရှိတဲ့သူတစ်ယောက်ပါ..။

ခေတ်ရှေ့ပြေးတဲ့ဒီဇိုင်းတွေ တမူထူးပြီးကွဲထွက်နေတဲ့စတိုင်တွေ နဲ့ ကင်မရာfilter တွေက အစ အကန့်အသတ်မရှိ လွှမ်းမိုးနိုင်စွမ်းရှိသူပါ..။

သူသာ အဲ့ဒီအရာကိုကြိုက်တယ်ဆိုရင် သူ့ပရိတ်သတ်တွေကလည်း သူ့လုပ်သလို လိုက်လုပ်ဖို့ဝန်မလေးကြတတ်သူတွေပါ..။

သူ သိပ်မကြာခင်က Instagramတင်ခဲ့တဲ့ ခြေအိတ်တစ်စုံပါတဲ့ပုံတစ်ပုံမှာလည်း တူညီတဲ့ ရလဒ်မျိုးကိုရရှိခဲ့ပုံပါပဲ..။
“kekekeㅋㅋㅋ” ဆိုတဲ့စာသားပါတဲ့ အမည်းရောင်ခြေအိတ်ဖြစ်ပြီး ပရိတ်သတ်တွေဟာဆိုရင် အဲ့ဒီခြေအိတ်ရဲ့အမှန်တကယ်ကုန်ကျစရိတ်အပေါ်မှာ အထင်ကြီးလေးစားပြီးအရမ်းကိုအံ့အားသင့်ကုန်ပါတယ်..။

သူ့ရဲ့ပရိတ်သတ်တစ်ဦးက online ပေါ်မှာ အဲ့ဒီခြေအိတ်ဟာ 1,900 won (2$) ခန့်သာဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်..။

အဲ့ဒီခြေအိတ်ဟာအရောင်မျိုးစုံနဲ့လာတာဖြစ်ပြီး ပျော်ဖို့ကောင်းတဲ့စကားလုံးတွေနဲ့ အလှဆင်ထားတာဖြစ်ပါတယ်..။

ပရိတ်သတ်တွေဟာလည်း သူ့ကိုအဲ့ဒီအရာအတွက်သဘောကျနေကြပါတယ်..။လူတိုင်းဝယ်ယူနိုင်တဲ့ဈေးနှုန်းဖြစ်ပြီးတော့ G-dragon ဝတ်ဆင်ပြီဆိုကတည်းက အမှန်တကယ်ကို ရေပန်းစားနေတော့တာပဲ momolay ပရိတ်သတ်တို့ရေ.။
ref:koreaboo

READ  အပိတ်ခံရတဲ့ ‘အော်တိုဘုရင်’ဇာတ်သိမ်း ကို ထုတ်ပြောတဲ့ ဇာဂနာ

Credit : MOMOLAY

LEAVE A REPLY