Zawgyi ျဖင့္ဖတ္ရန္

တစ္ခါက သူငယ္ခ်င္းႏွစ္ေယာက္႐ွိတယ္ …ေက်ာင္းသားေလးေတြေပါ့ …တစ္ေန႔ …
သူတို႔ႏွစ္ေယာက္ ေဘာလံုးကန္ေနၾကတုန္း …
သူတို႔ရဲ႕အနားကို ထီေရာင္းတဲ့ ထီလွည္းေလးေရာက္လာခဲ့တယ္ …

သူတို႔မွာ ပိုက္ဆံ လဲ သိပ္မ်ားမ်ား မ႐ွိတာမို႔
ႏွစ္ေယာက္ေပါင္းၿပီး ထီတစ္အုပ္ထိုးျဖစ္ၾကတယ္ …

သူတို႔နာမည္ေတြကို A နဲ႔ B လို႔ပဲ အလြယ္မွတ္လိုက္မယ္ …

ထိုးၿပီးသြားၾကတဲ့အခါ…

A က စေျပာတယ္ …
” ထီေပါက္ရင္ ငါေတာ့ 125 တစ္စီးဝယ္စီးမယ္ကြာ ”
Bက
” မင္းကလဲ ထီေပါက္မွေတာ့ click ျဖစ္ျဖစ္ ကားျဖစ္ျဖစ္ဝယ္စီးမွာေပါ့ကြ ”

A – ” အမ်ားႀကီးေပါက္ရင္ေတာ့ အေမ့ကိုေပးမယ္ … အိ္မ္အသစ္ေဆာက္မယ္ကြာ … ငါက တစ္ထပ္တိုက္ကိုပဲ လွလွေလးေဆာက္ၿပီး ေနရတာႀကိဳက္တယ္ ”
B – “တစ္ထပ္ထဲဆို မမိုက္ပါဘူး … ငါက သံုးထပ္ေဆာက္မွာ … အေပၚဆံုးထပ္မွာ ဘုရားခန္း နဲ႔ စာအုပ္စင္ေတြထားမွာ ”

A – ” သံုးထပ္ႀကီး ဘာလုပ္​မွာလဲ … တက္ရ ဆင္းရေျခေထာက္ေညာင္းေအာင္ … ငါေတာ့ တျခားေနရာေတြမွာလဲသံုးခ်င္တာ႐ွိေသးတယ္ … ပတ္တရားလဲ သြားအံုးတယ္ ”
B – ” ပတ္တရား ဘာလုပ္မွာလဲ … ဘူဒိုင္းသြားမွာေပါ့ … ”

A – ” မင္းကလဲ … ငါေျပာသမွ် လိုက္ဖ်က္ေနေတာ့တာပဲ … က်ိဳက္​ထီးရိုးဖက္လဲ သြားအံုးမယ္ကြာ … အလႉအတန္းေတြလဲ လုပ္အံုးမယ္ကြာ … ”
B – ” သြားမယ့္သြားေတာ့ ျမန္မာျပည့္အႏွံ႔ ဘုရားဖူးထြက္မွာေပါ့ကြ … မင္းလႉရင္ ၿမိဳ႕ထဲေနရာေတြပဲ မလႉနဲ႔ … လႉတဲ့သူေတြ႐ွားတဲ့ ေခါင္တဲ့ေနရာေတြ သြားလႉ … မင္းတို႔ မိသားစု သြားသြားလႉေနတဲ့ ဟို ဘုန္းႀကီးေက်ာင္းက လႉတဲ့သူေတြပံုေနတာပဲ … အလကား ပိုလွ်ံ​ေနတယ္​ သူတို႔ဆီမွာ ”

A – ” မင္း ဘာျဖစ္လို႔ ငါေျပာသမွ်လိုက္ၿပီး ဖ်က္ေနရတာလဲ ”
B – “မင္းကေရာ ဘာလို႔ ပိုက္ဆံကို ေသခ်ာ မသံုးတတ္ရတာလဲ ”

A – ” မင္းအပူလား … ငါ့ပိုက္ဆံနဲ႔ ငါပဲကြ … ငါသံုးခ်င္သလို သံုးမွာေပါ့ … ”
B – ” ငါ့ အပူေတာ့ မဟုတ္ဘူးေပါ့ … ဒါမယ့္ မင္းအစီအစဥ္ေတြက မမိုက္ေတာ့ ငါလဲ မေနႏိုင္ဘူး ေျပာမိေရာ … မင္းက တံုးတာကိုး ”

A – ” တံုးတယ္ ဘာညာလာမေျပာနဲ႔ ေဟ့ေရာင္ … ငါ ပိုက္ဆံနဲ႔ငါ … ငါႀကိဳက္သလိုသံုးခြင့္႐ွိတယ္ … ငါ့ဘာငါ 125 ဝယ္ဝယ္ … တစ္ထပ္တိုက္ေဆာက္ေဆာက္ မင္းေသာက္ပူမဟုတ္ဘူး ”
B – ” အဲလိုလား … ေအးပါကြာ … ငါေက်ာင္းကို click စီးလာမွ မ်က္ႏွာ ငယ္ေလးနဲ႔ လာေတာင္းမစီးနဲ႔ ေဟ့ေရာင္ … ေပးမစီးဘူး ”

A – ” ေအး မင္းရဲ႕ သံုးထပ္တိုက္ၿပိဳက်ရင္လဲ ငါ ေဆးရံုမွာ လာၾကည့္မယ္မထင္နဲ႔ ”
B – ” ေဟ့ေရာင္ … မင္းစကားက လြန္သြားၿပီ … ”

A – ” မင္းလြန္တာလား … ငါလြန္တာလား … မင္းက ငါေျပာသမွ်လိုက္ဖ်က္ေနတာေလ … ”
B – ” မင္းက ဦးေႏွာက္မ႐ွိေလ ”

A – ” ေတာ္ၿပီ … ေဟ့ေရာင္ ငါ့ပိုက္ဆံကို ငါလုပ္ခ်င္သလိုလုပ္မယ္ … မင္းနဲ႔လဲ ထီအတူတူ မထိုးေတာ့ဘူး … ေပးလာခဲ့ ထီ လက္မွတ္ … မနက္ျဖန္ မင္းစိုက္ထားတဲ့ ထီလက္မွတ္ဖိုးျပန္ေပးမယ္ ”
B – ” ဟားဟား… အဲလိုလုပ္လို႔ရမလား … မင္းမယူနဲ႔ေတာ့ … ငါလဲ မင္းနဲ႔ တူတူမထိုးခ်င္ေတာ့ဘူး … ဒီလက္မွတ္ ငါယူျပန္သြားမယ္ … မနက္ျဖန္ မင္းပိုက္ဆံျပန္ေပးမယ္ ”

A – ” မင္း အဲလို လူလည္မက်နဲ႔ ေဟ့ေရာင္ ”
B – ” မင္းလဲ လူလည္မက်နဲ႔ ”

ဒီလိုနဲ႔ …
အဲဒီ ေကာင္ေလးႏွစ္ေယာက္ တစ္ေယာက္နဲ႔တစ္ေယာက္မေခၚမေျပာဘဲ တစ္ပတ္ေလာက္ေနခဲ့ၾကဖူးတယ္ …
စိတ္ေျပေတာ့လဲ အတူ ျပန္ေဆာ့ၾက … ျပန္ေခၚၾကတာပါပဲ …
သူတို႔ထိုးခဲ့တဲ့ထီလက္မွတ္ေလးဟာလဲ ေပါက္တဲ့စာရင္းထဲမွာ မပါဝင္ခဲ့ပါဘူး …

သူတို႔အေၾကာင္းေလး သတိရမိေတာ့ …
ေမးခြန္းေလးေတြ အေတြးထဲမွာေပၚလာတယ္ …

👉 ကြၽန္မတို႔ေတြေရာ ဘယ္ႏွစ္ႀကိမ္ေလာက္မ်ား ေလထဲတိုက္အိမ္ေဆာက္ဖူးခဲ့ၿပီလဲ …

👉တကယ္ျဖစ္မလာေသးတဲ့အရာေတြကိုေတြးၿပီး ဘယ္ႏွစ္ႀကိမ္ေလာက္မ်ား ပူပန္ေသာကေရာက္ခဲ့ဖူးခဲ့ၿပီလဲ …

👉ေမွ်ာ္လင့္ခ်က္ေတြ တပံုတပင္နဲ႔ စိတ္ကူးအိပ္မက္ေတြ ထမ္းပိုးရင္း ဘယ္ႏွစ္ႀကိမ္ေလာက္မ်ား ဗ်ာမ်ားဖူးခဲ့ၿပီလဲ …

👉တစ္ေန႔ျဖစ္လာမွာပါ ဆိုတဲ့ ယံုၾကည္ခ်က္ေတြကို ဘယ္ႏွစ္ႀကိမ္ေလာက္မ်ား ႐ိုက္ခ်ိဳးခံခဲ့ရဖူးၿပီလဲ …

ကြၽန္မအတြက္ေတာ့ အႀကိမ္ႀကိမ္ပါပဲ … 😔

ဒါေပမယ့္လဲ ခက္သားလား႐ွင္ … 😞

လူဆိုတာကလဲ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ အသက္႐ွင္တတ္ၾကတဲ့ အမ်ိဳးကိုး … 😪

Credit>>ဂျူးဂျူးမိုးမြင့်

Unicode ဖြင့်ဖတ်ရန်

“ထီ လက်မှတ် တစောင်” သို့မဟုတ် “မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြသူများ”

တစ်ခါက သူငယ်ချင်းနှစ်ယောက်ရှိတယ် …

ကျောင်းသားလေးတွေပေါ့ …

တစ်နေ့ …
သူတို့နှစ်ယောက် ဘောလုံးကန်နေကြတုန်း …
သူတို့ရဲ့အနားကို ထီရောင်းတဲ့ ထီလှည်းလေးရောက်လာခဲ့တယ် …

သူတို့မှာ ပိုက်ဆံလဲ သိပ်များများ မရှိတာမို့
နှစ်ယောက်ပေါင်းပြီး ထီတစ်အုပ်ထိုးဖြစ်ကြတယ် …

သူတို့နာမည်တွေကို A နဲ့ B လို့ပဲ အလွယ်မှတ်လိုက်မယ် …

ထိုးပြီးသွားကြတဲ့အခါ…

A က စပြောတယ် …
” ထီပေါက်ရင် ငါတော့ 125 တစ်စီးဝယ်စီးမယ်ကွာ ”
Bက
” မင်းကလဲ ထီပေါက်မှတော့ click ဖြစ်ဖြစ် ကားဖြစ်ဖြစ်ဝယ်စီးမှာပေါ့ကွ ”

A – ” အများကြီးပေါက်ရင်တော့ အမေ့ကိုပေးမယ် … အိမ်အသစ်ဆောက်မယ်ကွာ … ငါက တစ်ထပ်တိုက်ကိုပဲ လှလှလေးဆောက်ပြီး နေရတာကြိုက်တယ် ”
B – “တစ်ထပ်ထဲဆို မမိုက်ပါဘူး … ငါက သုံးထပ်ဆောက်မှာ … အပေါ်ဆုံးထပ်မှာ ဘုရားခန်း နဲ့ စာအုပ်စင်တွေထားမှာ ”

A – ” သုံးထပ်ကြီး ဘာလုပ်မှာလဲ … တက်ရ ဆင်းရခြေထောက်ညောင်းအောင် … ငါတော့ တခြားနေရာတွေမှာလဲသုံးချင်တာရှိသေးတယ် … ပတ်တရားလဲ သွားအုံးတယ် ”
B – ” ပတ်တရား ဘာလုပ်မှာလဲ … ဘူဒိုင်းသွားမှာပေါ့ … ”

A – ” မင်းကလဲ … ငါပြောသမျှ လိုက်ဖျက်နေတော့တာပဲ … ကျိုက်ထီးရိုးဖက်လဲ သွားအုံးမယ်ကွာ … အလှူအတန်းတွေလဲ လုပ်အုံးမယ်ကွာ … ”
B – ” သွားမယ့်သွားတော့ မြန်မာပြည့်အနှံ့ ဘုရားဖူးထွက်မှာပေါ့ကွ … မင်းလှူရင် မြို့ထဲနေရာတွေပဲ မလှူနဲ့ … လှူတဲ့သူတွေရှားတဲ့ ခေါင်တဲ့နေရာတွေ သွားလှူ … မင်းတို့ မိသားစု သွားသွားလှူနေတဲ့ ဟို ဘုန်းကြီးကျောင်းက လှူတဲ့သူတွေပုံနေတာပဲ … အလကား ပိုလျှံနေတယ် သူတို့ဆီမှာ ”

A – ” မင်း ဘာဖြစ်လို့ ငါပြောသမျှလိုက်ပြီး ဖျက်နေရတာလဲ ”
B – “မင်းကရော ဘာလို့ ပိုက်ဆံကို သေချာ မသုံးတတ်ရတာလဲ ”

A – ” မင်းအပူလား … ငါ့ပိုက်ဆံနဲ့ ငါပဲကွ … ငါသုံးချင်သလို သုံးမှာပေါ့ … ”
B – ” ငါ့ အပူတော့ မဟုတ်ဘူးပေါ့ … ဒါမယ့် မင်းအစီအစဉ်တွေက မမိုက်တော့ ငါလဲ မနေနိုင်ဘူး ပြောမိရော … မင်းက တုံးတာကိုး ”

A – ” တုံးတယ် ဘာညာလာမပြောနဲ့ ဟေ့ရောင် … ငါ ပိုက်ဆံနဲ့ငါ … ငါကြိုက်သလိုသုံးခွင့်ရှိတယ် … ငါ့ဘာငါ 125 ဝယ်ဝယ် … တစ်ထပ်တိုက်ဆောက်ဆောက် မင်းသောက်ပူမဟုတ်ဘူး ”
B – ” အဲလိုလား … အေးပါကွာ … ငါကျောင်းကို click စီးလာမှ မျက်နှာ ငယ်လေးနဲ့ လာတောင်းမစီးနဲ့ ဟေ့ရောင် … ပေးမစီးဘူး ”

A – ” အေး မင်းရဲ့ သုံးထပ်တိုက်ပြိုကျရင်လဲ ငါ ဆေးရုံမှာ လာကြည့်မယ်မထင်နဲ့ ”
B – ” ဟေ့ရောင် … မင်းစကားက လွန်သွားပြီ … ”

A – ” မင်းလွန်တာလား … ငါလွန်တာလား … မင်းက ငါပြောသမျှလိုက်ဖျက်နေတာလေ … ”
B – ” မင်းက ဦးနှောက်မရှိလေ ”

A – ” တော်ပြီ … ဟေ့ရောင် ငါ့ပိုက်ဆံကို ငါလုပ်ချင်သလိုလုပ်မယ် … မင်းနဲ့လဲ ထီအတူတူ မထိုးတော့ဘူး … ပေးလာခဲ့ ထီ လက်မှတ် … မနက်ဖြန် မင်းစိုက်ထားတဲ့ ထီလက်မှတ်ဖိုးပြန်ပေးမယ် ”
B – ” ဟားဟား… အဲလိုလုပ်လို့ရမလား … မင်းမယူနဲ့တော့ … ငါလဲ မင်းနဲ့ တူတူမထိုးချင်တော့ဘူး … ဒီလက်မှတ် ငါယူပြန်သွားမယ် … မနက်ဖြန် မင်းပိုက်ဆံပြန်ပေးမယ် ”

A – ” မင်း အဲလို လူလည်မကျနဲ့ ဟေ့ရောင် ”
B – ” မင်းလဲ လူလည်မကျနဲ့ ”

ဒီလိုနဲ့ …
အဲဒီ ကောင်လေးနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်မခေါ်မပြောဘဲ တစ်ပတ်လောက်နေခဲ့ကြဖူးတယ် …
စိတ်ပြေတော့လဲ အတူ ပြန်ဆော့ကြ … ပြန်ခေါ်ကြတာပါပဲ …
သူတို့ထိုးခဲ့တဲ့ထီလက်မှတ်လေးဟာလဲ ပေါက်တဲ့စာရင်းထဲမှာ မပါဝင်ခဲ့ပါဘူး …

သူတို့အကြောင်းလေး သတိရမိတော့ …
မေးခွန်းလေးတွေ အတွေးထဲမှာပေါ်လာတယ် …

👉 ကျွန်မတို့တွေရော ဘယ်နှစ်ကြိမ်လောက်များ လေထဲတိုက်အိမ်ဆောက်ဖူးခဲ့ပြီလဲ …

👉တကယ်ဖြစ်မလာသေးတဲ့အရာတွေကိုတွေးပြီး ဘယ်နှစ်ကြိမ်လောက်များ ပူပန်သောကရောက်ခဲ့ဖူးခဲ့ပြီလဲ …

👉မျှော်လင့်ချက်တွေ တပုံတပင်နဲ့ စိတ်ကူးအိပ်မက်တွေ ထမ်းပိုးရင်း ဘယ်နှစ်ကြိမ်လောက်များ ဗျာများဖူးခဲ့ပြီလဲ …

👉တစ်နေ့ဖြစ်လာမှာပါ ဆိုတဲ့ ယုံကြည်ချက်တွေကို ဘယ်နှစ်ကြိမ်လောက်များ ရိုက်ချိုးခံခဲ့ရဖူးပြီလဲ …

ကျွန်မအတွက်တော့ အကြိမ်ကြိမ်ပါပဲ … 😔

ဒါပေမယ့်လဲ ခက်သားလားရှင် … 😞

လူဆိုတာကလဲ မျှော်လင့်ချက်တွေနဲ့ အသက်ရှင်တတ်ကြတဲ့ အမျိုးကိုး … 😪

Credit>>ဂျူးဂျူးမိုးမြင့်