ZawGyiျဖင့္ဖတ္ရန္
ဒီေန႔ေခတ္ ကမာၻမွာ စမတ္ဖုန္း အသုံးျပဳသူ အေရအတြက္ဟာ ၃ ဘီလီယံနီးပါး ရွိေနၿပီလို႔ ခန႔္မွန္းထားၾကၿပီး တခ်ိဳ႕ကလည္း ၂ ဒသမ ၈ ဘီလီယံေလာက္ ရွိၿပီလို႔ ဆိုပါတယ္။ ဒီလို စမတ္ဖုန္းေတြ အသုံးျပဳမႈမွာ သတိမထားမိၾကတဲ့ အခ်က္ တခု ရွိေနပါတယ္။ အဲဒါကေတာ့ ဘယ္မွာပဲ ေရာက္ရွိေနတာ ျဖစ္ေစ တည္ေနရာကို ဖုန္းရဲ႕ ခ်ိတ္ဆက္စနစ္က ေျခရာခံေနတာ ျဖစ္ၿပီး တကယ္လို႔ မိမိရဲ႕ တည္ေနရာကို သိခ်င္တယ္ ဆိုရင္ ၿဂိဳဟ္တုကေန ရွာေဖြ အတည္ျပဳလို႔ ရေနတာပဲ ျဖစ္ပါတယ္။

ေနာက္ဆုံးထုတ္ျပန္ခဲ့တဲ့ စစ္တမ္းေတြ အရ စမတ္ဖုန္းရဲ႕ တည္ေနရာဟာ ကမာၻေပၚက ဘယ္မွာ အဆိုပါဖုန္း ေရာက္ေနတယ္ ဆိုတာ အခ်က္ျပေနတာ ျဖစ္ပါတယ္။ Quartz ဆိုတဲ့ အဖြဲ႕က Googleရဲ႕ ေျခရာခံစနစ္နဲ႔ တည္ေနရာျပစနစ္ေတြကို ဝင္ေရာက္ ေလ့လာခဲ့ၿပီး ဖုန္းမွာ ပါရွိတဲ့ တည္ေနရာျပစနစ္ကို ပိတ္ထားရင္ေတာင္မွ ဘယ္ဆက္သြယ္ေရး တာဝါတိုင္ရဲ႕ ဧရိယာ အတြင္းမွာ ရွိေနတယ္ ဆိုတာ ေနရာအတိအက် သိႏိုင္တဲ့ အေၾကာင္း ေလ့လာသိရွိခဲ့ပါတယ္။

ဒါဟာ Sim ကတ္ ထုတ္ထားတဲ့တိုင္ ဘယ္ App ကိုမွ မသုံးသည့္တိုင္ တည္ေနရာကို အခ်က္ျပေနတယ္ လို႔ ဆိုပါတယ္။ လန္ဒန္အေျခစိုက္ Hacker House ရဲ႕ ေလ့လာေရးနဲ႔ လုံၿခဳံေရးစနစ္ ပညာရွင္ Matthew Hickey က “ဒီလို တည္ေနရာကို အလိုအေလ်ာက္ သိရွိ အခ်က္ျပေနတာက တကယ္ကို ထိန္းခ်ဳပ္ခံထားရ သလိုပါပဲ၊ ဒီစနစ္ကိုလည္း ပိတ္ထားလို႔ မရေသး ပါဘူး” လို႔ Quartz ကို ေျပာျပပါတယ္။

“ဒါဟာ Googleရဲ႕ ဖန္တီးထားတဲ့ စနစ္ တခု ျဖစ္ႏိုင္ၿပီး Sim ကတ္ မထည့္ထားသည့္တိုင္၊ တည္ေနရာျပစနစ္ကို မဖြင့္သည့္တိုင္ Google စနစ္ပါရွိတဲ့ ဖုန္းေတြမွာ တည္ေနရာကို အခ်က္ျပေနတာ ျဖစ္ပါတယ္” လို႔ သူက ဆက္ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလ အတြင္းက စၿပီး Google ကေန Cell ID Code စနစ္ကို ဖန္တီးခဲ့ၿပီး ဘယ္လို ဆက္သြယ္ေရး ဝန္ေဆာင္မႈ ကုမၸဏီတိုင္း မဆိုရဲ႕ Message နဲ႔ Noti လို အခ်က္ျပမႈ အားလုံးကို ဝင္ေရာက္ ထိန္းသိမ္း သိရွိႏိုင္ဖို႔ ႀကိဳးစားလာတာနဲ႔ အတူ အခုလို ဖုန္းေတြမွာ ဖုန္းကတ္ မရွိ၊ App မသုံးသည့္တိုင္ ဖုန္းရဲ႕ တည္ေနရာကို Google ကေန သိရွိႏိုင္လာတာလည္း ျဖစ္ႏိုင္ ပါတယ္။

အထူးသျဖင့္ Google ကေန ဖန္တီးတဲ့ Android စနစ္သုံး ဖုန္းေတြမွာ ဖုန္းကတ္ ထုတ္ထားသည့္တိုင္ ဆက္သြယ္ေရး တာဝါတိုင္ တခုခု အနီး ေရာက္တိုင္း လႈိင္းထုတ္လႊင့္မႈ ရွိၿပီး အဆိုပါ ဖုန္းရဲ႕ တည္ေနရာကို Google က သိခ်င္တယ္ ဆိုရင္ ခ်က္ခ်င္း ရွာေဖြ သိရွိႏိုင္လာတာ ျဖစ္ပါတယ္။ Google ကေတာ့ အခု ေျခရာခံစနစ္နဲ႔ ပတ္သတ္ၿပီး ဆက္သြယ္ေရး စနစ္ပိုမို အားေကာင္းေအာင္ ခ်ိတ္ဆက္ေပးႏိုင္ဖို႔နဲ႔ Message ဝန္ေဆာင္မႈ လ်င္ျမန္ဖို႔ လုပ္ေဆာင္ထားတာ ျဖစ္တယ္ လို႔ ဆိုပါတယ္။

ေနာက္ၿပီး အခုလို ေျခရာခံစနစ္ကို Google က ေအာင္ျမင္ေအာင္ ဖန္တီးႏိုင္ခဲ့ၿပီးတာနဲ႔ ကုမၸဏီက အခု ဒီဇင္ဘာ ကေန စၿပီး အဆိုပါ Google စနစ္ပါ ဖုန္းေတြရဲ႕ လႈိင္းထုတ္လႊတ္မႈကို ရပ္နားလိုက္မွာ ျဖစ္ပါတယ္။ ေျခရာခံ ၾကည့္ရႈမႈ မလုပ္ေတာ့ဘူးလို႔ ဆိုပါတယ္။ ဒါအျပင္ စနစ္ကို ဖန္တီး စမ္းသပ္ခ်ိန္က ရရွိထားတဲ့ တည္ေနရာ အခ်က္ျပ စနစ္ မွတ္တမ္းေတြ အားလုံးကို ဖ်က္ပစ္ေတာ့မွာ ျဖစ္တယ္ လို႔ ဆိုပါတယ္။ ဒါေပမယ့္ ဘယ္လိုပဲ ျဖစ္ျဖစ္ ပုံမွန္ အသုံးျပဴသူေတြ အတြက္ေတာ့ အဆင္ေျပေပမယ့္ Google မွာ အခုလို ေျခရာခံႏိုင္မႈ စနစ္ ပိုင္ဆိုင္ထားၿပီ ဆိုတာကို သိလာရတဲ့ အတြက္ ေက်ာမလုံစရာေတာ့ ျဖစ္လာပါတယ္။

ယခင္က အခုလို တည္ေနရာကို ေျခရာခံဖို႔ အတြက္ ဖုန္းရဲ႕ စနစ္က အသုံးျပဳသူကို ခြင့္ျပဳခ်က္ေတာင္းခံၿပီး အသုံးျပဳသူက ခြင့္ျပဳမွသာ ဖုန္းရဲ႕ တည္ေနရာကို ဆက္သြယ္ေရး ဝန္ေဆာင္သူက ေျခရာခံ အတည္ျပဳတာ ျဖစ္ၿပီး ဖုန္းစနစ္ အျပင္ Angry Birds, Pandora နဲ႔ Candy Crush လို ဂိမ္းေတြမွာလည္း တည္ေနရာကို ေျခရာခံဖို႔ ခြင့္ျပဳခ်က္ ေတာင္းတာေတြ ရွိခဲ့ေပမယ့္ အခု Google ရဲ႕ စနစ္ကေတာ့ ခြင့္ျပဳခ်က္လည္း ေတာင္းစရာ မလိုအပ္သလို မိမိကိုယ္တိုင္ေတာင္မွ မသိလိုက္ဘဲ မိမိရဲ႕ တည္ေနရာကို ကုမၸဏီက သိခ်င္တယ္ ဆိုရင္ ရွာေဖြႏိုင္ေနၿပီလည္း ျဖစ္ပါတယ္။

အဆိုပါ App ေတြ ဖုန္းစနစ္ေတြကေန ေတာင္းခံတဲ့ တည္ေနရာ ေျခရာခံမႈကို အဓိက အေနနဲ႔ လွ်ိဳ႕ဝွက္စြာ သိမ္းဆည္းထားၿပီး အဆိုပါ တည္ေနရာ အခ်က္အလက္ေတြကို သိမ္းဆည္းေပးမႈကိုေတာ့ Safe Graph လို ဝန္ေဆာင္မႈ ကုမၸဏီက အာမခံနဲ႔ လုံၿခဳံေအာင္ သိမ္းဆည္းမႈ ေပးေနတာလည္း ျဖစ္ပါတယ္။ လက္ရွိမွာ Safe Graph လို ကုမၸဏီတခုတည္းမွာတင္ အေမရိကန္က ဖုန္းအလုံးေရ ၁၀ သန္းရဲ႕ တည္ေနရာေတြ ေျခရာခံၿပီး အခ်က္အလက္ေပါင္း ၁၇ ထရီလီယံေလာက္ကို လွ်ိဳ႕ဝွက္စြာ သိမ္းဆည္း ေပးထားတာလည္း ျဖစ္ပါတယ္။

Quartz ကေတာ့ အခုလို Safe Graph လို ဝန္ေဆာင္မႈ လုပ္ငန္းေတြရဲ႕ ေဆာင္႐ြက္ခ်က္ကို သေဘာက် လက္ခံေပမယ့္ ခြင့္ျပဳခ်က္ မရွိဘဲ တည္ေနရာကို ေျခရာခံလာႏိုင္တဲ့ Google ရဲ႕ စနစ္ကိုေတာ့ ကိုယ္ေရးကိုယ္တာ ခ်ိဳးေဖာက္မႈ တခုလို႔ သုံးသပ္ တာလည္း ေတြ႕ရပါတယ္။ ဖုန္းကို ေျခရာခံႏိုင္လာတယ္၊ App ေတြကို ဝင္ၾကည့္ႏိုင္လာမယ္၊ ဒါဆိုရင္ေတာ့ ေနာက္ပိုင္းမွာ ဖုန္း အသုံးျပဳသူေတြရဲ႕ ကိုယ္ပိုင္ အခ်က္အလက္အားလုံးက လုံၿခဳံေအာင္ ထိန္းသိမ္းထားႏိုင္ဖို႔ ဆိုတာ ခက္ခဲလာမွာပါ လို႔ Quartz က သုံးသပ္ပါတယ္။

ဒါဆိုရင္ေတာ့ ကုမၸဏီတိုင္းရဲ႕ ဝန္ေဆာင္မႈ ဆိုတဲ့ စကားလုံးနဲ႔ သူတို႔ရဲ႕ ဖန္တီးမႈေတြက ဖုန္း သုံးစြဲသူေတြ အတြက္ ပိုမို ေကာင္းမြန္ဖို႔ လား၊ သူတို႔ လိုအပ္ရင္ လိုအပ္သလို ကိုယ္ေရး ကိုယ္တာ အခ်က္အလက္ေတြကို ဝင္ေရာက္ စြက္ဖက္ ၾကည့္ရႈႏိုင္ဖို႔ လား ဆိုတာ စဥ္းစားစရာ ျဖစ္လာပါၿပီ။

အခု Google ရဲ႕ စနစ္ကို တားဆီးႏိုင္မယ့္ တခုတည္းေသာ နည္းလမ္းက အရင္ သိထားၾကသလို ဖုန္းကတ္ထုတ္႐ုံ၊ GPS ကို ပိတ္႐ုံနဲ႔ မရေတာ့ဘဲ ဖုန္းကို Power ပိတ္၊ ဘက္ထရီကို ျဖဳတ္ၿပီး အိမ္မွာ ထားခဲ့မွပဲ ရေတာ့မွာ ျဖစ္ပါတယ္။

Ref: www.businessinsider.com
Via: https://burma.irrawaddy.com/business/it/2017/12/02/147154.html

Share From Chan Myae maung

Unicodeဖြင့်ဖတ်ရန်

ဒီနေ့ခေတ် ကမ္ဘာမှာ စမတ်ဖုန်း အသုံးပြုသူ အရေအတွက်ဟာ ၃ ဘီလီယံနီးပါး ရှိနေပြီလို့ ခန့်မှန်းထားကြပြီး တချို့ကလည်း ၂ ဒသမ ၈ ဘီလီယံလောက် ရှိပြီလို့ ဆိုပါတယ်။ ဒီလို စမတ်ဖုန်းတွေ အသုံးပြုမှုမှာ သတိမထားမိကြတဲ့ အချက် တခု ရှိနေပါတယ်။ အဲဒါကတော့ ဘယ်မှာပဲ ရောက်ရှိနေတာ ဖြစ်စေ တည်နေရာကို ဖုန်းရဲ့ ချိတ်ဆက်စနစ်က ခြေရာခံနေတာ ဖြစ်ပြီး တကယ်လို့ မိမိရဲ့ တည်နေရာကို သိချင်တယ် ဆိုရင် ဂြိုဟ်တုကနေ ရှာဖွေ အတည်ပြုလို့ ရနေတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတွေ အရ စမတ်ဖုန်းရဲ့ တည်နေရာဟာ ကမ္ဘာပေါ်က ဘယ်မှာ အဆိုပါဖုန်း ရောက်နေတယ် ဆိုတာ အချက်ပြနေတာ ဖြစ်ပါတယ်။ Quartz ဆိုတဲ့ အဖွဲ့က Googleရဲ့ ခြေရာခံစနစ်နဲ့ တည်နေရာပြစနစ်တွေကို ဝင်ရောက် လေ့လာခဲ့ပြီး ဖုန်းမှာ ပါရှိတဲ့ တည်နေရာပြစနစ်ကို ပိတ်ထားရင်တောင်မှ ဘယ်ဆက်သွယ်ရေး တာဝါတိုင်ရဲ့ ဧရိယာ အတွင်းမှာ ရှိနေတယ် ဆိုတာ နေရာအတိအကျ သိနိုင်တဲ့ အကြောင်း လေ့လာသိရှိခဲ့ပါတယ်။

ဒါဟာ Sim ကတ် ထုတ်ထားတဲ့တိုင် ဘယ် App ကိုမှ မသုံးသည့်တိုင် တည်နေရာကို အချက်ပြနေတယ် လို့ ဆိုပါတယ်။ လန်ဒန်အခြေစိုက် Hacker House ရဲ့ လေ့လာရေးနဲ့ လုံခြုံရေးစနစ် ပညာရှင် Matthew Hickey က “ဒီလို တည်နေရာကို အလိုအလျောက် သိရှိ အချက်ပြနေတာက တကယ်ကို ထိန်းချုပ်ခံထားရ သလိုပါပဲ၊ ဒီစနစ်ကိုလည်း ပိတ်ထားလို့ မရသေး ပါဘူး” လို့ Quartz ကို ပြောပြပါတယ်။

“ဒါဟာ Googleရဲ့ ဖန်တီးထားတဲ့ စနစ် တခု ဖြစ်နိုင်ပြီး Sim ကတ် မထည့်ထားသည့်တိုင်၊ တည်နေရာပြစနစ်ကို မဖွင့်သည့်တိုင် Google စနစ်ပါရှိတဲ့ ဖုန်းတွေမှာ တည်နေရာကို အချက်ပြနေတာ ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းက စပြီး Google ကနေ Cell ID Code စနစ်ကို ဖန်တီးခဲ့ပြီး ဘယ်လို ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီတိုင်း မဆိုရဲ့ Message နဲ့ Noti လို အချက်ပြမှု အားလုံးကို ဝင်ရောက် ထိန်းသိမ်း သိရှိနိုင်ဖို့ ကြိုးစားလာတာနဲ့ အတူ အခုလို ဖုန်းတွေမှာ ဖုန်းကတ် မရှိ၊ App မသုံးသည့်တိုင် ဖုန်းရဲ့ တည်နေရာကို Google ကနေ သိရှိနိုင်လာတာလည်း ဖြစ်နိုင် ပါတယ်။

အထူးသဖြင့် Google ကနေ ဖန်တီးတဲ့ Android စနစ်သုံး ဖုန်းတွေမှာ ဖုန်းကတ် ထုတ်ထားသည့်တိုင် ဆက်သွယ်ရေး တာဝါတိုင် တခုခု အနီး ရောက်တိုင်း လှိုင်းထုတ်လွှင့်မှု ရှိပြီး အဆိုပါ ဖုန်းရဲ့ တည်နေရာကို Google က သိချင်တယ် ဆိုရင် ချက်ချင်း ရှာဖွေ သိရှိနိုင်လာတာ ဖြစ်ပါတယ်။ Google ကတော့ အခု ခြေရာခံစနစ်နဲ့ ပတ်သတ်ပြီး ဆက်သွယ်ရေး စနစ်ပိုမို အားကောင်းအောင် ချိတ်ဆက်ပေးနိုင်ဖို့နဲ့ Message ဝန်ဆောင်မှု လျင်မြန်ဖို့ လုပ်ဆောင်ထားတာ ဖြစ်တယ် လို့ ဆိုပါတယ်။

နောက်ပြီး အခုလို ခြေရာခံစနစ်ကို Google က အောင်မြင်အောင် ဖန်တီးနိုင်ခဲ့ပြီးတာနဲ့ ကုမ္ပဏီက အခု ဒီဇင်ဘာ ကနေ စပြီး အဆိုပါ Google စနစ်ပါ ဖုန်းတွေရဲ့ လှိုင်းထုတ်လွှတ်မှုကို ရပ်နားလိုက်မှာ ဖြစ်ပါတယ်။ ခြေရာခံ ကြည့်ရှုမှု မလုပ်တော့ဘူးလို့ ဆိုပါတယ်။ ဒါအပြင် စနစ်ကို ဖန်တီး စမ်းသပ်ချိန်က ရရှိထားတဲ့ တည်နေရာ အချက်ပြ စနစ် မှတ်တမ်းတွေ အားလုံးကို ဖျက်ပစ်တော့မှာ ဖြစ်တယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ပုံမှန် အသုံးပြူသူတွေ အတွက်တော့ အဆင်ပြေပေမယ့် Google မှာ အခုလို ခြေရာခံနိုင်မှု စနစ် ပိုင်ဆိုင်ထားပြီ ဆိုတာကို သိလာရတဲ့ အတွက် ကျောမလုံစရာတော့ ဖြစ်လာပါတယ်။

ယခင်က အခုလို တည်နေရာကို ခြေရာခံဖို့ အတွက် ဖုန်းရဲ့ စနစ်က အသုံးပြုသူကို ခွင့်ပြုချက်တောင်းခံပြီး အသုံးပြုသူက ခွင့်ပြုမှသာ ဖုန်းရဲ့ တည်နေရာကို ဆက်သွယ်ရေး ဝန်ဆောင်သူက ခြေရာခံ အတည်ပြုတာ ဖြစ်ပြီး ဖုန်းစနစ် အပြင် Angry Birds, Pandora နဲ့ Candy Crush လို ဂိမ်းတွေမှာလည်း တည်နေရာကို ခြေရာခံဖို့ ခွင့်ပြုချက် တောင်းတာတွေ ရှိခဲ့ပေမယ့် အခု Google ရဲ့ စနစ်ကတော့ ခွင့်ပြုချက်လည်း တောင်းစရာ မလိုအပ်သလို မိမိကိုယ်တိုင်တောင်မှ မသိလိုက်ဘဲ မိမိရဲ့ တည်နေရာကို ကုမ္ပဏီက သိချင်တယ် ဆိုရင် ရှာဖွေနိုင်နေပြီလည်း ဖြစ်ပါတယ်။

အဆိုပါ App တွေ ဖုန်းစနစ်တွေကနေ တောင်းခံတဲ့ တည်နေရာ ခြေရာခံမှုကို အဓိက အနေနဲ့ လျှို့ဝှက်စွာ သိမ်းဆည်းထားပြီး အဆိုပါ တည်နေရာ အချက်အလက်တွေကို သိမ်းဆည်းပေးမှုကိုတော့ Safe Graph လို ဝန်ဆောင်မှု ကုမ္ပဏီက အာမခံနဲ့ လုံခြုံအောင် သိမ်းဆည်းမှု ပေးနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ Safe Graph လို ကုမ္ပဏီတခုတည်းမှာတင် အမေရိကန်က ဖုန်းအလုံးရေ ၁၀ သန်းရဲ့ တည်နေရာတွေ ခြေရာခံပြီး အချက်အလက်ပေါင်း ၁၇ ထရီလီယံလောက်ကို လျှို့ဝှက်စွာ သိမ်းဆည်း ပေးထားတာလည်း ဖြစ်ပါတယ်။

Quartz ကတော့ အခုလို Safe Graph လို ဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ ဆောင်ရွက်ချက်ကို သဘောကျ လက်ခံပေမယ့် ခွင့်ပြုချက် မရှိဘဲ တည်နေရာကို ခြေရာခံလာနိုင်တဲ့ Google ရဲ့ စနစ်ကိုတော့ ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှု တခုလို့ သုံးသပ် တာလည်း တွေ့ရပါတယ်။ ဖုန်းကို ခြေရာခံနိုင်လာတယ်၊ App တွေကို ဝင်ကြည့်နိုင်လာမယ်၊ ဒါဆိုရင်တော့ နောက်ပိုင်းမှာ ဖုန်း အသုံးပြုသူတွေရဲ့ ကိုယ်ပိုင် အချက်အလက်အားလုံးက လုံခြုံအောင် ထိန်းသိမ်းထားနိုင်ဖို့ ဆိုတာ ခက်ခဲလာမှာပါ လို့ Quartz က သုံးသပ်ပါတယ်။

ဒါဆိုရင်တော့ ကုမ္ပဏီတိုင်းရဲ့ ဝန်ဆောင်မှု ဆိုတဲ့ စကားလုံးနဲ့ သူတို့ရဲ့ ဖန်တီးမှုတွေက ဖုန်း သုံးစွဲသူတွေ အတွက် ပိုမို ကောင်းမွန်ဖို့ လား၊ သူတို့ လိုအပ်ရင် လိုအပ်သလို ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေကို ဝင်ရောက် စွက်ဖက် ကြည့်ရှုနိုင်ဖို့ လား ဆိုတာ စဉ်းစားစရာ ဖြစ်လာပါပြီ။

အခု Google ရဲ့ စနစ်ကို တားဆီးနိုင်မယ့် တခုတည်းသော နည်းလမ်းက အရင် သိထားကြသလို ဖုန်းကတ်ထုတ်ရုံ၊ GPS ကို ပိတ်ရုံနဲ့ မရတော့ဘဲ ဖုန်းကို Power ပိတ်၊ ဘက်ထရီကို ဖြုတ်ပြီး အိမ်မှာ ထားခဲ့မှပဲ ရတော့မှာ ဖြစ်ပါတယ်။

Ref: www.businessinsider.com
Share From Chan Myae maung