Zawgyi ျဖင့္ဖတ္ရန္

ဒီကေန႔ ခင္ဗ်ား တို႔ကို ကၽြန္ေတာ္ အဲ့ဒီ ေရာက္ေနစဥ္ တုန္းက သိခဲ့တာေတြကို ျပန္ေျပာျပခ်င္တယ္။အဲဒီက… စိတၱဇ  ေဝဒနာသည္ ေတြဆီမွာ အႀကီးမားဆံုး ႏွလံုးသား ရွိတတ္တယ္။

ကိုယ့္ကိုယ္ကို သတ္ပစ္ခ်င္ေလာက္ေအာင္ ေခါင္းမာတဲ့ ေကာင္ေလး က သူ ႔ဘဝ ရဲ႕ အိပ္မက္ ကို လာေျပာျပဖူးတယ္။ လက္သည္းနီ ဆိုးထားတဲ့ စားဖိုမႉး တစ္ေယာက္ ျဖစ္ခ်င္တယ္တဲ့။

အေရျပား ကို လက္သည္း နဲ႔ ေသြးထြက္ေအာင္ ကုတ္တတ္တဲ့ မိန္းကေလး ဟာ ေျပာင္ေျမာက္တဲ့ ပန္းခ်ီကား ေတြ ေရးတတ္တယ္။အေၾကာဆြဲေနတဲ့ ေကာင္ေလး ဟာ ဘယ္အခ်ိန္ ေကာက္ေမးေမး ရယ္စရာ အေကာင္းဆံုး ဟာသ ကို ေျပာႏိုင္တယ္။

ေဆးစြဲတဲ့ ေကာင္မေလး ကေတာ့ နက္နဲတဲ့ အေတြးအေခၚ ပိုင္ရွင္ ျဖစ္တယ္။
ေသေၾကာင္းၾကံခဲ့ဖူးတဲ့ မိန္းကေလး ေတြမွာ ေျပာျပစရာ ပံုျပင္ ေတြ ရွိတတ္ၾကၿပီး အိပ္မရတဲ့ ကေလးငယ္ ေတြကို ညဖက္မွာ ေခ်ာ့သိပ္တတ္ၾကပါတယ္။ေဒါသေတြ ေျခာင္းေျခာင္းထြက္ေနတဲ့ လူနာဟာ ဖက္လိုက္ရင္ အေႏြးဆံုး။

အေအးဆံုး မိန္းကေလး ဟာ အရက္စြဲ ေနသူျဖစ္ၿပီးေတာ့ သူ႔ေရွ႕ အႏိုင္က်င့္ခံရသူ မွန္သမွ် ေရွ႕ကေန မားမားမတ္မတ္ ရပ္တည္ ေပးေလ့ ရွိပါတယ္။
တကယ္ေတာ့ေလ… လူသားေတြဟာ ကၽြန္ေတာ္ တို႔ သိ႐ွိ နားလည္ထားတာထက္ ပိုထူးျခားတယ္။ ျဖစ္တည္မႈဟာ သိမ္ေမြ႕တယ္။ ျဖည့္ဆည္းပံုဟာ နက္နဲတယ္။
တစ္ကိုယ္လံုး အမာရြတ္ ေတြ အျပည့္နဲ႔ ကေလးမ တစ္ေယာက္ကိုေတြ႕ေတာ့ ကၽြန္ေတာ္ငိုမိတယ္။ သူက တစ္ရွဴးေလးနဲ႔ ကၽြန္ေတာ့္ မ်က္ႏွာ ကို လာတို႔ရင္း ေျပာရွာတယ္။ “အလွေတြ ပ်က္ကုန္မယ္… မငိုပါနဲ႔” တဲ့။

 

Credit – မှတ်စုကြမ်း

Unicodeဖြင့်ဖတ်ရန်

စိတ်ကျန်းမာရေး ဆေးရုံကို ခင်ဗျားတို့ ရောက်ဖူးလား။ ကျွန်တော် သုံးပတ် တိတိ ရောက်ခဲ့ဖူးပါတယ်။

ဒီကနေ့ ခင်ဗျားတို့ကို ကျွန်တော် အဲ့ဒီ ရောက်နေစဉ် တုန်းက သိခဲ့တာတွေကို ပြန်ပြောပြချင်တယ်။အဲဒီက… စိတ္တဇဝေဒနာသည် တွေဆီမှာ အကြီးမားဆုံး နှလုံးသား ရှိတတ်တယ်။

ကိုယ့်ကိုယ်ကို သတ်ပစ်ချင်လောက်အောင် ခေါင်းမာတဲ့ ကောင်လေးက သူ့ဘဝရဲ့ အိပ်မက်ကို လာပြောပြဖူးတယ်။ လက်သည်းနီ ဆိုးထားတဲ့ စားဖိုမှူး တစ်ယောက် ဖြစ်ချင်တယ်တဲ့။

အရေပြားကို လက်သည်းနဲ့ သွေးထွက်အောင် ကုတ်တတ်တဲ့ မိန်းကလေးဟာ ပြောင်မြောက်တဲ့ ပန်းချီကားတွေ ရေးတတ်တယ်။အကြောဆွဲနေတဲ့ ကောင်လေးဟာ ဘယ်အချိန် ကောက်မေးမေး ရယ်စရာ အကောင်းဆုံး ဟာသကို ပြောနိုင်တယ်။

ဆေးစွဲတဲ့ ကောင်မလေးကတော့ နက်နဲတဲ့ အတွေးအခေါ် ပိုင်ရှင် ဖြစ်တယ်။
သေကြောင်းကြံခဲ့ဖူးတဲ့ မိန်းကလေးတွေမှာ ပြောပြစရာ ပုံပြင်တွေ ရှိတတ်ကြပြီး အိပ်မရတဲ့ ကလေးငယ်တွေကို ညဖက်မှာ ချော့သိပ်တတ်ကြပါတယ်။ဒေါသတွေ ခြောင်းခြောင်းထွက်နေတဲ့ လူနာဟာ ဖက်လိုက်ရင် အနွေးဆုံး။

အအေးဆုံး မိန်းကလေးဟာ အရက်စွဲနေသူဖြစ်ပြီးတော့ သူ့ရှေ့ အနိုင်ကျင့်ခံရသူ မှန်သမျှ ရှေ့ကနေ မားမားမတ်မတ် ရပ်တည် ပေးလေ့ ရှိပါတယ်။
တကယ်တော့လေ… လူသားတွေဟာ ကျွန်တော်တို့ သိရှိ နားလည်ထားတာထက် ပိုထူးခြားတယ်။ ဖြစ်တည်မှုဟာ သိမ်မွေ့တယ်။ ဖြည့်ဆည်းပုံဟာ နက်နဲတယ်။
တစ်ကိုယ်လုံး အမာရွတ်တွေ အပြည့်နဲ့ ကလေးမ တစ်ယောက်ကိုတွေ့တော့ ကျွန်တော်ငိုမိတယ်။ သူက တစ်ရှူးလေးနဲ့ ကျွန်တော့်မျက်နှာကို လာတို့ရင်း ပြောရှာတယ်။ “အလှတွေ ပျက်ကုန်မယ်… မငိုပါနဲ့” တဲ့။

Credit – မှတ်စုကြမ်း