ZawGyiျဖင့္ဖတ္ရန္

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၁၇ ရက္ေန႔က က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ျပည္သူလူထုက ေ႐ြးေကာက္တင္ေျမႇာက္လိုက္တဲ့ ကိုယ္စားလွယ္ေတြနဲ႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ခန႔္အပ္ထားတဲ့ တပ္မေတာ္သား အမတ္ေတြ ထင္ထင္ရွားရွား သေဘာထားကြဲလြဲ တဲ့ ကိစၥ တစ္ခု ေပၚေပါက္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ ေနာင္ ထုတ္ေဝမယ့္ ေငြစကၠဴေတြမွာ အမ်ိဳးသားေခါင္းေဆာင္ႀကီးလည္းျဖစ္၊ လြတ္လပ္ေရး ဖခင္နဲ႔ တပ္မေတာ္တည္ေထာင္သူလည္း ျဖစ္တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ႐ုပ္ပုံကို ျပန္အသုံးျပဳဖို႔၊ မျပဳဖို႔ မဲခြဲဆုံးျဖတ္တဲ့ ေနရာမွာ ျဖစ္ပါတယ္။ ေငြစကၠဴေတြကို ဗိုလ္ခ်ဳပ္႐ုပ္ပုံနဲ႔ ျပန္လည္႐ိုက္ႏွိပ္ အသုံးျပဳဖို႔ ေ႐ြးေကာက္ခံ အမတ္ တစ္ေယာက္ကလြဲၿပီး အားလုံး ေထာက္ခံခဲ့ၾကသလို၊ တပ္မေတာ္သား အမတ္ေတြ အားလုံးက ကန႔္ကြက္ခဲ့ၾကလို႔ပါပဲ။ ေငြစကၠဴေတြကို ဗိုလ္ခ်ဳပ္႐ုပ္ပုံ နဲ႔ ႐ိုက္ႏွိပ္ အသုံးျပဳသင့္ပါသလား၊ တပ္မေတာ္သား အမတ္ေတြက ဘာအေၾကာင္းေတြ ျပၿပီး ကန႔္ကြက္ၾကသလဲ၊ အဲဒီေျပာဆိုမႈေတြ မွန္ကန္မႈ ရွိပါရဲ႕လား ဆိုတာ ခုတစ္ပတ္ ေလ့လာသုံးသပ္ၾကည့္ၾကရေအာင္ပါ။

တကယ္ေတာ့ ဗိုလ္ခ်ဳပ္႐ုပ္ပုံနဲ႔ ေငြစကၠဴေတြ ျပန္လည္ ႐ိုက္ႏွိပ္ ထုတ္ေဝဖို႔ လႊတ္ေတာ္တြင္း အေစာဆုံး တင္ျပခဲ့သူဟာ သကၤန္းကြၽန္း အမတ္ေဟာင္း ဦးသိန္းၫြန႔္ ျဖစ္ပါတယ္။ အရင္ သူရဦးေ႐ႊမန္း ဦးေဆာင္တဲ့ ျပည္ခိုင္ၿဖိဳးပါတီက လႊမ္းမိုးထားတဲ့ လႊတ္ေတာ္ ကာလတုန္းက အဆို တင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္က သူ႔အဆိုကို လႊတ္ေတာ္မွာ မွတ္တမ္းတင္ထားၿပီး ေစာင့္ၾကည့္မယ္ ဆိုတဲ့ ဆုံးျဖတ္ခ်က္ေလာက္ပဲ ရခဲ့တာပါ။ ဒါေပမယ့္ သူ အဆိုတင္ၿပီးတာ ႏွစ္တစ္ခ်ိဳ႕ၾကာသြားၿပီး၊ ပထမအႀကိမ္ လႊတ္ေတာ္ သက္တန္းကုန္ဆုံးခ်ိန္အထိ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ဟာ ဗိုလ္ခ်ဳပ္႐ုပ္ပုံနဲ႔ ေငြစကၠဴေတြ ျပန္ၿပီး ထုတ္ေဝတာ မလုပ္ခဲ့ပါဘူး။ အခု အင္န္အယ္လ္ဒီ ပါတီ လႊမ္းမိုးတဲ့ လႊတ္ေတာ္ သက္တန္းေရာက္မွ ၿမိဳင္မဲဆႏၵနယ္က အင္န္အယ္လ္ဒီ အမတ္ ဦးေအာင္ခင္ဝင္းက ထပ္ၿပီး တင္သြင္းခဲ့တာ ျဖစ္ပါတယ္။ အဆိုကို တပ္မေတာ္သား အမတ္ တစ္ေယာက္ အပါအဝင္ စုစုေပါင္း ၉ ေယာက္ ေဆြးေႏြးခဲ့ရာမွာ ၈ ေယာက္က ေထာက္ခံၿပီး တပ္မေတာ္သား အမတ္ တစ္ေယာက္ကပဲ ကန႔္ကြက္ ေဆြးေႏြးပါတယ္။

အဆိုနဲ႔ ပတ္သက္ၿပီး တပ္မေတာ္သားအမတ္ ဒုဗိုလ္မႉးႀကီး ေက်ာ္မင္းလႈိင္က အခ်က္အလက္ အမ်ားႀကီးတင္ျပၿပီး ကန႔္ကြက္ ပါတယ္။ သူတင္ျပတာေတြကေတာ့ ေငြစကၠဴေတြကို ဗိုလ္ခ်ဳပ္႐ုပ္ပုံနဲ႔ ႐ိုက္ႏွိပ္ ထုတ္ေဝမယ္ ဆိုရင္ ကုန္က်စားရိတ္ေတြ ရွိလာမယ္၊ ေငြေၾကးေဖါင္းပြမႈေတြ ျဖစ္လာႏိုင္တယ္၊ ဒီအတြက္ ျပည္သူေတြ စီးပြားေရး ပိုၿပီးၾကပ္တည္းလာႏိုင္တယ္၊ ဘတ္ဂ်က္ လိုေငြကလည္း ပိုၿပီး မ်ားလာမယ္၊ ႏိုင္ငံတကာ အသိုင္းအဝိုင္းကေန ျမန္မာက်ပ္ေငြအေပၚ ယုံၾကည္မႈ ပိုနည္းလာမယ္ ဆိုၿပီးျဖစ္ပါတယ္။ ဒီ ေျပာဆိုခ်က္ေတြ မွန္မမွန္ ေဝဖန္သုံးသပ္ၾကည့္ဖို႔ လိုပါတယ္။ လက္ရွိ လႊတ္ေတာ္ထဲမွာ အမတ္တစ္ေယာက္က အဆိုတင္ၿပီး အျခား ေ႐ြးေကာက္ခံ အမတ္ အားလုံးလိုလို ေထာက္ခံခဲ့ၾကတာဟာ ဗဟိုဘဏ္က ထုတ္ေဝထားတဲ့ လက္ရွိ ေငြစကၠဴ အမ်ိဳးအစား အားလုံး ဒါမွမဟုတ္ တစ္ခ်ိဳ႕ကို အသုံးျပဳမႈ လုံး၀ ရပ္ဆိုင္းလိုက္ၿပီး ဗိုလ္ခ်ဳပ္ပုံနဲ႔ ေငြစကၠဴေတြ ထုတ္ေ၀ အစားထိုးဖို႔ ဆိုတာမ်ိဳး လုံး၀ မဟုတ္ပါဘူး။ ဗဟိုဘဏ္ဟာ ေငြစကၠဴေတြကို ဗဟိုဘဏ္ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ အညီ ႐ိုက္ႏွိပ္ၿပီး လွည့္လည္ေနတဲ့ ေဈးကြက္ထဲ ထည့္သြင္းရတဲ့ လုပ္ငန္းစဥ္ ရွိပါတယ္။ အဲဒီအတြက္ ေနာက္ထပ္ ေငြစကၠဴေတြ ထပ္႐ိုက္ေတာ့မယ္ ဆိုရင္ အမ်ိဳးအစား တစ္ခု ဒါမွမဟုတ္ ေငြစကၠဴ အမ်ိဳးအစား တစ္ခ်ိဳ႕မွာ ဗိုလ္ခ်ဳပ္႐ုပ္ပုံနဲ႔ ဒီဇိုင္းေျပာင္း ႐ိုက္ႏွိပ္ ထုတ္ေဝေပးဖို႔ ဆိုတာပါပဲ။ ဘယ္ေငြစကၠဴ အမ်ိဳးအစားကိုမွ ဖ်က္သိမ္းေပးစရာ မလိုအပ္ပါဘူး။

ဒီအတြက္ ဗိုလ္ခ်ဳပ္႐ုပ္ပုံနဲ႔ ေငြစကၠဴေတြ ႐ိုက္ႏွိပ္ ထုတ္ေဝမယ္ ဆိုရင္ ဒီဇိုင္းေျပာင္းလဲျခင္း ဆိုင္ရာ လုပ္ငန္းစဥ္ အတြက္ပဲ ေငြေၾကးကုန္က်မွာ ျဖစ္ပါတယ္။ အျခား ဘာကုန္က်စားရိတ္မွ မရွိပါဘူး။ ဥပမာ လက္ရွိ အသုံးျပဳေနဆဲ က်ပ္ တစ္ေထာင္တန္ ေငြစကၠဴေတြကို ဗိုလ္ခ်ဳပ္ပုံ ဒီဇိုင္းအသစ္ နဲ႔ ထုတ္ေဝမယ္ ဆိုပါေတာ့။ ေဈးကြက္ထဲ လွည့္လည္ သုံးစြဲေနတဲ့ ခေၾသၤ့႐ုပ္နဲ႔ ေငြစကၠဴ တစ္ေထာင္တန္ေတြကို ရပ္ဆိုင္းလိုက္ဖို႔ မလိုအပ္ပါဘူး။ ဆက္ၿပီး သုံးစြဲေန႐ုံ၊ ဗဟိုဘဏ္ကို ျပန္ၿပီး ေရာက္လာတဲ့ ေငြစကၠဴေတြထဲကမွ ေဟာင္းႏြမ္းၿပီး သုံးမရတာေတြေလာက္ကိုပဲ ေ႐ြးခ်ယ္ ဖ်က္ဆီး႐ုံပါပဲ။

ေဈးကြက္ထဲမွာ ဗိုလ္ခ်ဳပ္ပုံပါ ေငြစကၠဴ တစ္ေထာင္တန္ေရာ၊ ခေၾသၤ့ပုံပါ တစ္ေထာင္တန္ကိုပါ သုံးစြဲသြားရင္း ေနာက္ ႏွစ္အေတာ္ေလးၾကာရင္ ခေၾသၤ့ပုံပါ ေငြစကၠဴေတြက တစ္ေျဖးေျဖး ရွားပါး၊ ေနာက္ဆုံး မရွိသေလာက္ ေပ်ာက္သြားမွာမ်ိဳး ျဖစ္ပါတယ္။ ဒီလို ေငြစကၠဴ အမ်ိဳးအစား တစ္ခုမွာ ဒီဇိုင္း ႏွစ္မ်ိဳး၊သုံးမ်ိဳး အသုံးျပဳ ထုတ္ေဝတာမ်ိဳး ႏိုင္ငံ အေတာ္မ်ားမ်ားမွာ ရွိပါတယ္။ လက္ရွိ အေမရိကန္ ေဒၚလာ ၁၀၀ တန္ ေငြစကၠဴေတြဆိုရင္လည္း လုံၿခဳံေရး အဆင့္ျမႇင့္ထားတဲ့ ဒီဇိုင္းအသစ္နဲ႔ ေငြစကၠဴ ထုတ္ေ၀ သုံးစြဲေပမယ့္ အရင္ ေငြစကၠဴ အေဟာင္းေတြကိုလည္း သုံးစြဲခြင့္ ျပဳထားဆဲ ျဖစ္တာ ေတြ႕ႏိုင္ပါတယ္။

ဒီလို ေငြစကၠဴ တစ္မ်ိဳး ဒါမွမဟုတ္ အားလုံးလိုလိုကို အဆင္ေျပတဲ့ အခ်ိန္ေတြမွာ ဒီဇိုင္းေတြ ေျပာင္းလဲလိုက္႐ုံနဲ႔ ေငြေၾကးေဖါင္းပြမႈ ဆိုတာ ျဖစ္ေပၚလာမွာ မဟုတ္ပါဘူး။ ေငြေၾကးေဖါင္းပြမႈ ဆိုတာဟာ အစိုးရ ဘတ္ဂ်က္မွာ လိုေငြျပတာ မ်ားၿပီး၊ အဲဒီလိုေငြအတြက္ ဗဟိုဘဏ္ကေန သတ္မွတ္စည္းမ်ဥ္းေတြထက္ ပိုၿပီး ေငြစကၠဴေတြ ႐ိုက္ထုတ္တဲ့အခါမွသာ ျဖစ္ေပၚႏိုင္တဲ့ ကိစၥမ်ိဳးပါ။ ၿပီးခဲ့တဲ့ သမၼတ ဦးသိန္းစိန္ အစိုးရလက္ထက္မွာ က်ပ္ တစ္ေသာင္းတန္ ေငြစကၠဴသစ္ ႐ိုက္ႏွိပ္ ထုတ္ေဝခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းကလည္း တစ္ခ်ိဳ႕ နားမလည္သူေတြက ေငြေၾကးေဖါင္းပြမႈေတြ ျဖစ္လာႏိုင္တယ္ ဆိုၿပီး ေျပာဆိုေဝဖန္မႈ ရွိခဲ့ပါတယ္။ တကယ္ေတာ့ ေငြစကၠဴ အသစ္ တစ္ခု ထုတ္ေဝတာဟာ ေငြစကၠဴ ပမာဏ မ်ားမ်ား ထုတ္ေဝတာ မဟုတ္လို႔ အဲဒီအခ်ိန္က ေငြေၾကးေဖါင္းပြမႈလည္း မျဖစ္ေပၚခဲ့ပါဘူး။ ေငြစကၠဴ အရည္အတြက္ ပမာဏ လိုတာထက္ ပိုၿပီး ႐ိုက္မထုတ္ရင္ ေငြေၾကးေဖါင္းပြမႈ ျဖစ္မလာႏိုင္သလို၊ ျပည္သူေတြ စီးပြားေရး ပိုၿပီး ၾကပ္တည္းလာမယ္ ဆိုတာမ်ိဳးကလည္း သိပ္ၿပီး ဆိုင္တဲ့ ကိစၥမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဘတ္ဂ်က္ လိုေငြျပတာ မ်ားလာမယ္ ဆိုၿပီး ေျပာတာကလည္း မမွန္ပါဘူး။ ဘတ္ဂ်က္ လိုေငြနည္းတာမ်ားတာဟာ ဘတ္ဂ်က္ ေရးဆြဲမႈ၊ အစိုးရ အသုံးစားရိတ္ နဲ႔ အခြန္ဝင္ေငြရရွိမႈ စတဲ့ကိစၥေတြေလာက္နဲ႔ပဲ သက္ဆိုင္တာပါ။ ေနာက္ ဗိုလ္ခ်ဳပ္႐ုပ္ပုံနဲ႔ ေငြစကၠဴ ထုတ္ေဝလိုက္ရင္ ႏိုင္ငံတကာ အသိုင္းအဝိုင္းမွာ ျမန္မာက်ပ္ေငြကို ယုံၾကည္မႈ က်ဆင္းလာေစမယ္ ဆိုတာကလည္း အေတာ္ေလး မဆိုင္တဲ့ ကိစၥလို႔ ေျပာလို႔ရပါတယ္။ ၿခဳံၿပီးေျပာရရင္ ဗိုလ္ခ်ဳပ္႐ုပ္ပုံနဲ႔ ေငြစကၠဴ ႐ိုက္ႏွိပ္ထုတ္ေဝရင္ ျဖစ္လာမွာေတြနဲ႔ ပတ္သက္ၿပီး တပ္မေတာ္သား အမတ္က စြတ္စြဲေျပာဆိုတာေတြဟာ မွန္ကန္မႈ မရွိပါဘူး။

တကယ္ေတာ့ တိုင္းျပည္ တစ္ျပည္မွာ ထုတ္ေဝတဲ့ ေငြစကၠဴ ဆိုတာဟာ အဲဒီ ႏိုင္ငံရဲ႕ အမွတ္အသား သ႐ုပ္ လကၡဏာေတြ ပါဖို႔ လိုပါတယ္။ ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု ကို တည္ေဆာက္မယ္လို႔ ဆိုထားတဲ့အတြက္ ထုတ္ေဝတဲ့ ေငြစကၠဴေတြမွာ ျမန္မာႏိုင္ငံ ပုံရိပ္ ထင္ဟပ္တာ၊ ဒီမိုကေရစီကို ထင္ဟပ္တာ၊ ဖက္ဒရယ္ျပည္ေထာင္စုကို ထင္ဟပ္တဲ့ ပုံရိပ္ေတြ ပါသင့္ပါတယ္။ ဥပမာ လြတ္လပ္ေရး ဖခင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပုံကို အသုံးျပဳသလို၊ တိုင္းရင္းသား ႐ုပ္ပုံေတြ၊ တိုင္းရင္းသား ပုံရိပ္ ထင္ဟပ္တာေတြကိုလည္း သုံးသင့္ပါတယ္။ အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံနဲ႔ ႏိုင္ငံတစ္ခ်ိဳ႕ရဲ႕ ေငြစကၠဴေတြမွာ သူတို႔တိုင္းျပည္ ေခါင္းေဆာင္ ႐ုပ္ပုံေတြ၊ တိုင္းရင္းသား ႐ုပ္ပုံေတြနဲ႔ ထုတ္ေဝထားတာ ေတြ႕ႏိုင္ပါတယ္။ ဒီအတြက္ ေနာင္ထုတ္ေဝမယ့္ ေငြစကၠဴေတြကို ဒီဇိုင္းေျပာင္းမယ္ ဆိုရင္ ဗိုလ္ခ်ဳပ္႐ုပ္ပုံတင္မက တိုင္းရင္းသား ႐ုပ္ပုံေတြနဲ႔ပါ ေျပာင္းလဲ ထုတ္ေဝသင့္ပါေၾကာင္း သုံးသပ္ တင္ျပလိုက္ရပါတယ္။

Credit:VOA

 

ငွေစက္ကူတွေမှာ ဘာပုံတွေ ရိုက်နှိပ် ထုတ်ဝေသင့်သလဲ

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားတဲ့ တပ်မတော်သား အမတ်တွေ ထင်ထင်ရှားရှား သဘောထားကွဲလွဲ တဲ့ ကိစ္စ တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ အကြောင်းကတော့ နောင် ထုတ်ဝေမယ့် ငွေစက္ကူတွေမှာ အမျိုးသားခေါင်းဆောင်ကြီးလည်းဖြစ်၊ လွတ်လပ်ရေး ဖခင်နဲ့ တပ်မတော်တည်ထောင်သူလည်း ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံကို ပြန်အသုံးပြုဖို့၊ မပြုဖို့ မဲခွဲဆုံးဖြတ်တဲ့ နေရာမှာ ဖြစ်ပါတယ်။ ငွေစက္ကူတွေကို ဗိုလ်ချုပ်ရုပ်ပုံနဲ့ ပြန်လည်ရိုက်နှိပ် အသုံးပြုဖို့ ရွေးကောက်ခံ အမတ် တစ်ယောက်ကလွဲပြီး အားလုံး ထောက်ခံခဲ့ကြသလို၊ တပ်မတော်သား အမတ်တွေ အားလုံးက ကန့်ကွက်ခဲ့ကြလို့ပါပဲ။ ငွေစက္ကူတွေကို ဗိုလ်ချုပ်ရုပ်ပုံ နဲ့ ရိုက်နှိပ် အသုံးပြုသင့်ပါသလား၊ တပ်မတော်သား အမတ်တွေက ဘာအကြောင်းတွေ ပြပြီး ကန့်ကွက်ကြသလဲ၊ အဲဒီပြောဆိုမှုတွေ မှန်ကန်မှု ရှိပါရဲ့လား ဆိုတာ ခုတစ်ပတ် လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

တကယ်တော့ ဗိုလ်ချုပ်ရုပ်ပုံနဲ့ ငွေစက္ကူတွေ ပြန်လည် ရိုက်နှိပ် ထုတ်ဝေဖို့ လွှတ်တော်တွင်း အစောဆုံး တင်ပြခဲ့သူဟာ သင်္ကန်းကျွန်း အမတ်ဟောင်း ဦးသိန်းညွန့် ဖြစ်ပါတယ်။ အရင် သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီက လွှမ်းမိုးထားတဲ့ လွှတ်တော် ကာလတုန်းက အဆို တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က သူ့အဆိုကို လွှတ်တော်မှာ မှတ်တမ်းတင်ထားပြီး စောင့်ကြည့်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်လောက်ပဲ ရခဲ့တာပါ။ ဒါပေမယ့် သူ အဆိုတင်ပြီးတာ နှစ်တစ်ချို့ကြာသွားပြီး၊ ပထမအကြိမ် လွှတ်တော် သက်တန်းကုန်ဆုံးချိန်အထိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ ဗိုလ်ချုပ်ရုပ်ပုံနဲ့ ငွေစက္ကူတွေ ပြန်ပြီး ထုတ်ဝေတာ မလုပ်ခဲ့ပါဘူး။ အခု အင်န်အယ်လ်ဒီ ပါတီ လွှမ်းမိုးတဲ့ လွှတ်တော် သက်တန်းရောက်မှ မြိုင်မဲဆန္ဒနယ်က အင်န်အယ်လ်ဒီ အမတ် ဦးအောင်ခင်ဝင်းက ထပ်ပြီး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဆိုကို တပ်မတော်သား အမတ် တစ်ယောက် အပါအဝင် စုစုပေါင်း ၉ ယောက် ဆွေးနွေးခဲ့ရာမှာ ၈ ယောက်က ထောက်ခံပြီး တပ်မတော်သား အမတ် တစ်ယောက်ကပဲ ကန့်ကွက် ဆွေးနွေးပါတယ်။

အဆိုနဲ့ ပတ်သက်ပြီး တပ်မတော်သားအမတ် ဒုဗိုလ်မှူးကြီး ကျော်မင်းလှိုင်က အချက်အလက် အများကြီးတင်ပြပြီး ကန့်ကွက် ပါတယ်။ သူတင်ပြတာတွေကတော့ ငွေစက္ကူတွေကို ဗိုလ်ချုပ်ရုပ်ပုံနဲ့ ရိုက်နှိပ် ထုတ်ဝေမယ် ဆိုရင် ကုန်ကျစားရိတ်တွေ ရှိလာမယ်၊ ငွေကြေးဖေါင်းပွမှုတွေ ဖြစ်လာနိုင်တယ်၊ ဒီအတွက် ပြည်သူတွေ စီးပွားရေး ပိုပြီးကြပ်တည်းလာနိုင်တယ်၊ ဘတ်ဂျက် လိုငွေကလည်း ပိုပြီး များလာမယ်၊ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု ပိုနည်းလာမယ် ဆိုပြီးဖြစ်ပါတယ်။ ဒီ ပြောဆိုချက်တွေ မှန်မမှန် ဝေဖန်သုံးသပ်ကြည့်ဖို့ လိုပါတယ်။ လက်ရှိ လွှတ်တော်ထဲမှာ အမတ်တစ်ယောက်က အဆိုတင်ပြီး အခြား ရွေးကောက်ခံ အမတ် အားလုံးလိုလို ထောက်ခံခဲ့ကြတာဟာ ဗဟိုဘဏ်က ထုတ်ဝေထားတဲ့ လက်ရှိ ငွေစက္ကူ အမျိုးအစား အားလုံး ဒါမှမဟုတ် တစ်ချို့ကို အသုံးပြုမှု လုံး၀ ရပ်ဆိုင်းလိုက်ပြီး ဗိုလ်ချုပ်ပုံနဲ့ ငွေစက္ကူတွေ ထုတ်ေ၀ အစားထိုးဖို့ ဆိုတာမျိုး လုံး၀ မဟုတ်ပါဘူး။ ဗဟိုဘဏ်ဟာ ငွေစက္ကူတွေကို ဗဟိုဘဏ် စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ရိုက်နှိပ်ပြီး လှည့်လည်နေတဲ့ ဈေးကွက်ထဲ ထည့်သွင်းရတဲ့ လုပ်ငန်းစဉ် ရှိပါတယ်။ အဲဒီအတွက် နောက်ထပ် ငွေစက္ကူတွေ ထပ်ရိုက်တော့မယ် ဆိုရင် အမျိုးအစား တစ်ခု ဒါမှမဟုတ် ငွေစက္ကူ အမျိုးအစား တစ်ချို့မှာ ဗိုလ်ချုပ်ရုပ်ပုံနဲ့ ဒီဇိုင်းပြောင်း ရိုက်နှိပ် ထုတ်ဝေပေးဖို့ ဆိုတာပါပဲ။ ဘယ်ငွေစက္ကူ အမျိုးအစားကိုမှ ဖျက်သိမ်းပေးစရာ မလိုအပ်ပါဘူး။

ဒီအတွက် ဗိုလ်ချုပ်ရုပ်ပုံနဲ့ ငွေစက္ကူတွေ ရိုက်နှိပ် ထုတ်ဝေမယ် ဆိုရင် ဒီဇိုင်းပြောင်းလဲခြင်း ဆိုင်ရာ လုပ်ငန်းစဉ် အတွက်ပဲ ငွေကြေးကုန်ကျမှာ ဖြစ်ပါတယ်။ အခြား ဘာကုန်ကျစားရိတ်မှ မရှိပါဘူး။ ဥပမာ လက်ရှိ အသုံးပြုနေဆဲ ကျပ် တစ်ထောင်တန် ငွေစက္ကူတွေကို ဗိုလ်ချုပ်ပုံ ဒီဇိုင်းအသစ် နဲ့ ထုတ်ဝေမယ် ဆိုပါတော့။ ဈေးကွက်ထဲ လှည့်လည် သုံးစွဲနေတဲ့ ခင်္သြေ့ရုပ်နဲ့ ငွေစက္ကူ တစ်ထောင်တန်တွေကို ရပ်ဆိုင်းလိုက်ဖို့ မလိုအပ်ပါဘူး။ ဆက်ပြီး သုံးစွဲနေရုံ၊ ဗဟိုဘဏ်ကို ပြန်ပြီး ရောက်လာတဲ့ ငွေစက္ကူတွေထဲကမှ ဟောင်းနွမ်းပြီး သုံးမရတာတွေလောက်ကိုပဲ ရွေးချယ် ဖျက်ဆီးရုံပါပဲ။

ဈေးကွက်ထဲမှာ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူ တစ်ထောင်တန်ရော၊ ခင်္သြေ့ပုံပါ တစ်ထောင်တန်ကိုပါ သုံးစွဲသွားရင်း နောက် နှစ်အတော်လေးကြာရင် ခင်္သြေ့ပုံပါ ငွေစက္ကူတွေက တစ်ဖြေးဖြေး ရှားပါး၊ နောက်ဆုံး မရှိသလောက် ပျောက်သွားမှာမျိုး ဖြစ်ပါတယ်။ ဒီလို ငွေစက္ကူ အမျိုးအစား တစ်ခုမှာ ဒီဇိုင်း နှစ်မျိုး၊သုံးမျိုး အသုံးပြု ထုတ်ဝေတာမျိုး နိုင်ငံ အတော်များများမှာ ရှိပါတယ်။ လက်ရှိ အမေရိကန် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူတွေဆိုရင်လည်း လုံခြုံရေး အဆင့်မြှင့်ထားတဲ့ ဒီဇိုင်းအသစ်နဲ့ ငွေစက္ကူ ထုတ်ေ၀ သုံးစွဲပေမယ့် အရင် ငွေစက္ကူ အဟောင်းတွေကိုလည်း သုံးစွဲခွင့် ပြုထားဆဲ ဖြစ်တာ တွေ့နိုင်ပါတယ်။

ဒီလို ငွေစက္ကူ တစ်မျိုး ဒါမှမဟုတ် အားလုံးလိုလိုကို အဆင်ပြေတဲ့ အချိန်တွေမှာ ဒီဇိုင်းတွေ ပြောင်းလဲလိုက်ရုံနဲ့ ငွေကြေးဖေါင်းပွမှု ဆိုတာ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ ငွေကြေးဖေါင်းပွမှု ဆိုတာဟာ အစိုးရ ဘတ်ဂျက်မှာ လိုငွေပြတာ များပြီး၊ အဲဒီလိုငွေအတွက် ဗဟိုဘဏ်ကနေ သတ်မှတ်စည်းမျဉ်းတွေထက် ပိုပြီး ငွေစက္ကူတွေ ရိုက်ထုတ်တဲ့အခါမှသာ ဖြစ်ပေါ်နိုင်တဲ့ ကိစ္စမျိုးပါ။ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ကျပ် တစ်သောင်းတန် ငွေစက္ကူသစ် ရိုက်နှိပ် ထုတ်ဝေခဲ့ပါတယ်။ အဲဒီအချိန်တုန်းကလည်း တစ်ချို့ နားမလည်သူတွေက ငွေကြေးဖေါင်းပွမှုတွေ ဖြစ်လာနိုင်တယ် ဆိုပြီး ပြောဆိုဝေဖန်မှု ရှိခဲ့ပါတယ်။ တကယ်တော့ ငွေစက္ကူ အသစ် တစ်ခု ထုတ်ဝေတာဟာ ငွေစက္ကူ ပမာဏ များများ ထုတ်ဝေတာ မဟုတ်လို့ အဲဒီအချိန်က ငွေကြေးဖေါင်းပွမှုလည်း မဖြစ်ပေါ်ခဲ့ပါဘူး။ ငွေစက္ကူ အရည်အတွက် ပမာဏ လိုတာထက် ပိုပြီး ရိုက်မထုတ်ရင် ငွေကြေးဖေါင်းပွမှု ဖြစ်မလာနိုင်သလို၊ ပြည်သူတွေ စီးပွားရေး ပိုပြီး ကြပ်တည်းလာမယ် ဆိုတာမျိုးကလည်း သိပ်ပြီး ဆိုင်တဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ ဘတ်ဂျက် လိုငွေပြတာ များလာမယ် ဆိုပြီး ပြောတာကလည်း မမှန်ပါဘူး။ ဘတ်ဂျက် လိုငွေနည်းတာများတာဟာ ဘတ်ဂျက် ရေးဆွဲမှု၊ အစိုးရ အသုံးစားရိတ် နဲ့ အခွန်ဝင်ငွေရရှိမှု စတဲ့ကိစ္စတွေလောက်နဲ့ပဲ သက်ဆိုင်တာပါ။ နောက် ဗိုလ်ချုပ်ရုပ်ပုံနဲ့ ငွေစက္ကူ ထုတ်ဝေလိုက်ရင် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မြန်မာကျပ်ငွေကို ယုံကြည်မှု ကျဆင်းလာစေမယ် ဆိုတာကလည်း အတော်လေး မဆိုင်တဲ့ ကိစ္စလို့ ပြောလို့ရပါတယ်။ ခြုံပြီးပြောရရင် ဗိုလ်ချုပ်ရုပ်ပုံနဲ့ ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေရင် ဖြစ်လာမှာတွေနဲ့ ပတ်သက်ပြီး တပ်မတော်သား အမတ်က စွတ်စွဲပြောဆိုတာတွေဟာ မှန်ကန်မှု မရှိပါဘူး။

တကယ်တော့ တိုင်းပြည် တစ်ပြည်မှာ ထုတ်ဝေတဲ့ ငွေစက္ကူ ဆိုတာဟာ အဲဒီ နိုင်ငံရဲ့ အမှတ်အသား သရုပ် လက္ခဏာတွေ ပါဖို့ လိုပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ကို တည်ဆောက်မယ်လို့ ဆိုထားတဲ့အတွက် ထုတ်ဝေတဲ့ ငွေစက္ကူတွေမှာ မြန်မာနိုင်ငံ ပုံရိပ် ထင်ဟပ်တာ၊ ဒီမိုကရေစီကို ထင်ဟပ်တာ၊ ဖက်ဒရယ်ပြည်ထောင်စုကို ထင်ဟပ်တဲ့ ပုံရိပ်တွေ ပါသင့်ပါတယ်။ ဥပမာ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံကို အသုံးပြုသလို၊ တိုင်းရင်းသား ရုပ်ပုံတွေ၊ တိုင်းရင်းသား ပုံရိပ် ထင်ဟပ်တာတွေကိုလည်း သုံးသင့်ပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ နိုင်ငံတစ်ချို့ရဲ့ ငွေစက္ကူတွေမှာ သူတို့တိုင်းပြည် ခေါင်းဆောင် ရုပ်ပုံတွေ၊ တိုင်းရင်းသား ရုပ်ပုံတွေနဲ့ ထုတ်ဝေထားတာ တွေ့နိုင်ပါတယ်။ ဒီအတွက် နောင်ထုတ်ဝေမယ့် ငွေစက္ကူတွေကို ဒီဇိုင်းပြောင်းမယ် ဆိုရင် ဗိုလ်ချုပ်ရုပ်ပုံတင်မက တိုင်းရင်းသား ရုပ်ပုံတွေနဲ့ပါ ပြောင်းလဲ ထုတ်ဝေသင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

Credit:VOA