Zawgyi ျဖင့္ဖတ္၇န္

ရန္ကုန္၊ ကန္ေတာ္ႀကီးဝင္းထဲက ေကာက္ရတဲ့ မွတ္ပံုတင္နဲ႔ အိမ္ေထာင္စု စာရင္းေတြဟာ တရားဝင္ ထုတ္ေပးထားတာ ဟုတ္၊ မဟုတ္ သိရဖို႔ သက္ဆိုင္ရာ တိုင္းနဲ႔ ျပည္နယ္ေတြကို ဆက္သြယ္ထားတယ္လို႔ ျပည္ထဲေရးက သတင္းထုတ္ျပန္ပါတယ္။
မေန႔က မနက္ပိုင္းမွာ က်န္းမာေရး ကိုယ္လက္လႈပ္ရွားဖို႔ လာတဲ့သူတခ်ိဳ႕က ကန္ေတာ္ႀကီး နဂါးကြ်န္းထဲကေန မွတ္ပံုတင္နဲ႔ အိမ္ေထာင္စုစာရင္းေတြပါတဲ့ အထုပ္တခုကို ေတြ႔လို႔ ဗဟန္းၿမိဳ႕နယ္ရဲစခန္း တာဝန္ရွိသူကို အပ္ႏွံခဲ့တာပါ။
ဒါနဲ႔ပတ္သက္ၿပီး ေဆာင္ရြက္ထားတာေတြကို တိုင္းနဲ႔ ခ႐ိုင္ရဲတပ္ဖြဲ႔ကို စာပို႔ အေၾကာင္းၾကားထားတယ္လို႔ ရဲစခန္းတာဝန္မႉးက ေျဖၾကားခဲ့ေပမယ့္ ဘာေတြ ေဆာင္ရြက္ ထားတယ္ဆိုတာကိုေတာ့ မေျပာခဲ့ပါဘူး။

အေနာက္ပိုင္းခ႐ိုင္ရဲ႐ံုးကို ဆက္သြယ္ရာမွာလည္း တိုင္းသတင္းျပန္ၾကားေရးကို ဆက္သြယ္ဖို႔ ေျပာဆိုပါတယ္။
ဒါေတြကို သက္ဆိုင္ရာ လဝက ၿမိဳ႕နယ္မႉးက စစ္ေဆးရာမွာ မႏၱေလး အိမ္ေထာင္စုစာရင္း ၇ ေစာင္၊ ရန္ကုန္ အိမ္ေထာင္စုစာရင္း ၁၄ ေစာင္၊ မွတ္ပံုတင္ ကတ္ျပား ၁၂၉ ခုမွာ မႏၲေလး ၈၄ ခု၊ မေကြး ၆ ခု၊ ပဲခူး ၄ ခု၊ တနသၤာရီ ၁ ခု၊ ဧရာဝတီ ၁၇ ခု၊ ရန္ကုန္ ၅ ခု၊ မြန္ ၆ ခု၊ ရခိုင္ ၁ ခု၊ ရွမ္း ၁ ခုနဲ႔ ဖတ္မရတာ ၄ ခု ျဖစ္တယ္လို႔ ျပည္ထဲေရး ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

Credit: DVB

Unicodeဖြင့်ဖတ်ရန်
ရန်ကုန်၊ ကန်တော်ကြီးဝင်းထဲက ကောက်ရတဲ့ မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်းတွေဟာ တရားဝင် ထုတ်ပေးထားတာ ဟုတ်၊ မဟုတ် သိရဖို့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေကို ဆက်သွယ်ထားတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
မနေ့က မနက်ပိုင်းမှာ ကျန်းမာရေး ကိုယ်လက်လှုပ်ရှားဖို့ လာတဲ့သူတချို့က ကန်တော်ကြီး နဂါးကျွန်းထဲကနေ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းတွေပါတဲ့ အထုပ်တခုကို တွေ့လို့ ဗဟန်းမြို့နယ်ရဲစခန်း တာဝန်ရှိသူကို အပ်နှံခဲ့တာပါ။
ဒါနဲ့ပတ်သက်ပြီး ဆောင်ရွက်ထားတာတွေကို တိုင်းနဲ့ ခရိုင်ရဲတပ်ဖွဲ့ကို စာပို့ အကြောင်းကြားထားတယ်လို့ ရဲစခန်းတာဝန်မှူးက ဖြေကြားခဲ့ပေမယ့် ဘာတွေ ဆောင်ရွက် ထားတယ်ဆိုတာကိုတော့ မပြောခဲ့ပါဘူး။

အနောက်ပိုင်းခရိုင်ရဲရုံးကို ဆက်သွယ်ရာမှာလည်း တိုင်းသတင်းပြန်ကြားရေးကို ဆက်သွယ်ဖို့ ပြောဆိုပါတယ်။
ဒါတွေကို သက်ဆိုင်ရာ လဝက မြို့နယ်မှူးက စစ်ဆေးရာမှာ မန္တလေး အိမ်ထောင်စုစာရင်း ၇ စောင်၊ ရန်ကုန် အိမ်ထောင်စုစာရင်း ၁၄ စောင်၊ မှတ်ပုံတင် ကတ်ပြား ၁၂၉ ခုမှာ မန္တလေး ၈၄ ခု၊ မကွေး ၆ ခု၊ ပဲခူး ၄ ခု၊ တနင်္သာရီ ၁ ခု၊ ဧရာဝတီ ၁၇ ခု၊ ရန်ကုန် ၅ ခု၊ မွန် ၆ ခု၊ ရခိုင် ၁ ခု၊ ရှမ်း ၁ ခုနဲ့ ဖတ်မရတာ ၄ ခု ဖြစ်တယ်လို့ ပြည်ထဲရေး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Credit: DVB