ZawGyiျဖင့္ဖတ္ရန္
ပညာေရးဆုိတာ လူသားတုိင္းအတြက္ အေရးႀကီးတယ္။ ဒီလုိပါပဲ မိခင္တစ္ေယာက္ ျဖစ္လာဖုိ႔ဆုိတာကလည္း အမ်ိဳးသမီးတုိင္းအတြက္ အေရးႀကီးလြန္းပါတယ္။

ဒီလုိ အေရးပါတဲ႔ အရာႏွစ္ခုကုိ တၿပိဳင္နက္ထဲမွာ ျပဳလုပ္ဖုိ႔ဆုိတာ ဘယ္လုိမွမျဖစ္ႏုိင္တဲ႔အရာပါ။ ဒီလုိ မျဖစ္ႏုိင္တာကုိမွ လုပ္ျပသြားခဲ႔သူတစ္ဦးကေတာ့ ေပၚထြက္လုိ႔လာခဲ႔ပါၿပီ။

သူမကေတာ့ အေမရိကန္ႏုိင္ငံသူ Nayzia Thomas ပဲျဖစ္ပါတယ္။ Thomas ဟာ စိတ္ပညာဘာသာရပ္ကုိ သင္ၾကားေနသူျဖစ္ၿပီး သူမရဲ႕ ပထမဦးဆုံး ရင္ေသြးေလး ေမြးဖြားမယ့္ရက္နဲ႔ ေနာက္ဆုံးအဆင့္ စာေမးပြဲရက္တုိ႔က နီးကပ္ေနခဲ႔တာေၾကာင့္ သူမအတြက္ အခက္ေတြ႕ခဲ႔ရၿပီး ေနာက္ဆုံးမွာေတာ့ ႏွစ္ခုစလုံးကုိ အေကာင္းဆုံး ေက်ာ္ျဖတ္သြားခဲ႔ပါတယ္။

Thomas ဟာ ကေလးေမြးဖြားခါနီးျဖစ္ေနလုိ႔ ေဆးရုံက ကုတင္ေပၚမွာသာ အခ်ိန္ကုန္ဆုံးေနခဲ႔ရတယ္ဆုိေပမယ့္ လပ္ေတာ့တစ္လုံးနဲ႔ သူမက်က္မွတ္ရမယ့္ စာေတြကုိ ကေလးမေမြးေသးခင္အခ်ိန္ထိ တစုိက္မက္မက္ ျပဳလုပ္သြားခဲ႔ၿပီး ထုိေဆးရုံေပၚကေန ေနာက္ဆုံးစာေမးပြဲကုိ ေအာင္ေအာင္ျမင္ျမင္နဲ႔ ေျဖဆုိသြားႏုိင္ခဲ႔ပါတယ္။

စာေမးပြဲေျဖဆုိၿပီး ေနာက္တစ္ရက္မွာေတာ့ က်န္းမာၿပီး ခ်စ္စရာေကာင္းတဲ႔ သားငယ္ေလး Anthony Johnson ကုိပါ ေအာင္ျမင္စြာနဲ႔ ေမြးဖြားႏုိင္ခဲ႔ပါတယ္။

ဒီလုိ အေရးႀကီးလြန္းတဲ႔ ကိစၥႏွစ္ခုကုိ နီးနီးကပ္ကပ္ေလးနဲ႔ အေကာင္းဆုံးေက်ာ္ျဖတ္သြားႏုိင္ခဲ႔တဲ႔ Thomas အတြက္ ဒီျဖစ္ရပ္ေတြဟာ ဘဝမွာ အမွတ္ရစရာျဖစ္ေနမွာ ေသခ်ာေနသလုိ Thomas အေၾကာင္းကုိ ၾကားသိခဲ႔ရသူတုိင္းကလည္း Thomas ရဲ႕ ႀကိဳးစားစိတ္ကုိ ခ်ီးက်ဴးဂုဏ္ျပဳၾကလ်က္ ရွိပါတယ္ခင္ဗ်ာ။

Credit: STH

Unicodeဖြင့်ဖတ်ရန်

ပညာရေးဆိုတာ လူသားတိုင်းအတွက် အရေးကြီးတယ်။ ဒီလိုပါပဲ မိခင်တစ်ယောက် ဖြစ်လာဖို့ဆိုတာကလည်း အမျိုးသမီးတိုင်းအတွက် အရေးကြီးလွန်းပါတယ်။

ဒီလို အရေးပါတဲ့ အရာနှစ်ခုကို တပြိုင်နက်ထဲမှာ ပြုလုပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့အရာပါ။ ဒီလို မဖြစ်နိုင်တာကိုမှ လုပ်ပြသွားခဲ့သူတစ်ဦးကတော့ ပေါ်ထွက်လို့လာခဲ့ပါပြီ။

သူမကတော့ အမေရိကန်နိုင်ငံသူ Nayzia Thomas ပဲဖြစ်ပါတယ်။ Thomas ဟာ စိတ်ပညာဘာသာရပ်ကို သင်ကြားနေသူဖြစ်ပြီး သူမရဲ့ ပထမဦးဆုံး ရင်သွေးလေး မွေးဖွားမယ့်ရက်နဲ့ နောက်ဆုံးအဆင့် စာမေးပွဲရက်တို့က နီးကပ်နေခဲ့တာကြောင့် သူမအတွက် အခက်တွေ့ခဲ့ရပြီး နောက်ဆုံးမှာတော့ နှစ်ခုစလုံးကို အကောင်းဆုံး ကျော်ဖြတ်သွားခဲ့ပါတယ်။

Thomas ဟာ ကလေးမွေးဖွားခါနီးဖြစ်နေလို့ ဆေးရုံက ကုတင်ပေါ်မှာသာ အချိန်ကုန်ဆုံးနေခဲ့ရတယ်ဆိုပေမယ့် လပ်တော့တစ်လုံးနဲ့ သူမကျက်မှတ်ရမယ့် စာတွေကို ကလေးမမွေးသေးခင်အချိန်ထိ တစိုက်မက်မက် ပြုလုပ်သွားခဲ့ပြီး ထိုဆေးရုံပေါ်ကနေ နောက်ဆုံးစာမေးပွဲကို အောင်အောင်မြင်မြင်နဲ့ ဖြေဆိုသွားနိုင်ခဲ့ပါတယ်။

စာမေးပွဲဖြေဆိုပြီး နောက်တစ်ရက်မှာတော့ ကျန်းမာပြီး ချစ်စရာကောင်းတဲ့ သားငယ်လေး Anthony Johnson ကိုပါ အောင်မြင်စွာနဲ့ မွေးဖွားနိုင်ခဲ့ပါတယ်။

ဒီလို အရေးကြီးလွန်းတဲ့ ကိစ္စနှစ်ခုကို နီးနီးကပ်ကပ်လေးနဲ့ အကောင်းဆုံးကျော်ဖြတ်သွားနိုင်ခဲ့တဲ့ Thomas အတွက် ဒီဖြစ်ရပ်တွေဟာ ဘဝမှာ အမှတ်ရစရာဖြစ်နေမှာ သေချာနေသလို Thomas အကြောင်းကို ကြားသိခဲ့ရသူတိုင်းကလည်း Thomas ရဲ့ ကြိုးစားစိတ်ကို ချီးကျူးဂုဏ်ပြုကြလျက် ရှိပါတယ်ခင်ဗျာ။

Credit: STH