Zawgyi ဖြင့်ဖတ်ရန်











Credit; Lupyan Taw
Unicode ဖြင့်ဖတ်ရန်

ဧပြီလဟာ နိုင်ငံတော်တော်များများမှာ အရေးပါတဲ့ လပါပဲ။ပိတ်ရက်တွေများတာ ပွဲတော်ကြောင့်ဖြစ်ပြီးတော့ ဂျပန်မှာဆိုဆိုလဲ ထူးဆန်းတဲ့ ပွဲတော်လရာသီဖြစ်ပါတယ်။အဲ့ဒါကတော့ ပန်းရောင် ကြီးမားတဲ့ လိင်အင်္ဂါ ပွဲတော်ဖြစ်ပါတယ်။

Image result for funny tourists in japan

ဧပြီလရဲ့ ပထမအပတ် တနင်္ဂနွေနေ့ဟာ ဂျပန်နိုင်ငံရဲ့ ပျော်ရွှင်ဖွယ်ရာ အထိမ်းအမှတ်တွေ ရှိတဲ့ နေ့ဖြစ်ပါတယ်။ဒီနေ့မှာ လူတွေဟာ သူတို့ပုခုံးဆိုင်းကြိုးတွေနဲ့ ပန်းရောင် ဖို လိင်အင်္ဂါကြီးကို ဆွဲပြီး စီတန်းလှည့်တာဖြစ်ပါတယ်။ဒါကို Kanamara Matsuri လို့ ခေါ်ပြီးတော့ ဒီပွဲတော်ကို 1977 မှာ စတင်ခဲ့ပြီး ဂျပန်လူမျိုးတို့ရဲ့ ချစ်သော တန်ဆာလို့ အမည်ရပါတယ်။

Related image

ဒီပွဲအတွက် သီးသန့်ထုတ်လုပ်တဲ့ အချိုပွဲတွေဟာလည်း ဒီပုံစံတွေပဲ ဖြစ်ပါတယ်။

ဂျပန်မှာ ဒီပွဲကို 1977 နောက်ပိုင်း စစ်တွင်းကာလတွေမှာတောင် မပြတ်တမ်းလုပ်ခဲ့ပါတယ်။ဒီလို လိင်အင်္ဂါပေါ်ကို အမျိုးသမီးတွေတက်ထိုင်ခြင်း ကိုင်တွယ်ခြင်းနဲ့ နမ်းရှိုက်ခြင်း လုပ်တာဟာ ချစ်ခြင်းကို တိုးပွားစေပြီး အိမ်ထောင်သည်ဆို ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝဘဝကို ရရှိနိုင်တယ်လို့ သိရပါတယ်။

ဒါကို အမျိုးသမီးတိုင်းက ညစ်ညမ်းတယ်လို့မထင်ပါဘူး။ဒီလို ပွဲတော်ရဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်ကို ဆရာဝန်တွေက ရှာခဲ့ပေမယ့် ထူးခြားတဲ့ ပြောင်းလဲမှုမတွေ့ဘူးလို့ဆိုပါတယ်။

Related image

တခြားအယူကတော့ သေမင်းရဲ့ မကောင်းတဲ့ ခံတွင်းဝကနေ လွတ်မြောက်ခြင်းအတွက် ကံကောင်းခြင်း လက်ဆောင်ရယူခြင်းပဲဖြစ်ပါတယ်။ဒီလို လုပ်ခြင်းအားဖြင့် အမျိုးသမီးတွေအပေါ်ကျရောက်နေတဲ့ မကောင်းတဲ့ နတ်ဆိုးဟာ ကွယ်ပျောက်စေနိုင်တာဖြစ်ပါတယ်။

Image result for funny tourists in japan

ဒီပွဲတော်မှာ ထူးခြားတဲ့ အကျိုးဆက်မရှိသလို မကောင်းတဲ့ကိစ္စလဲ မဖြစ်ဘူးလို့ ဆိုပါတယ်။ဒါဟာ ရိုးရာတခုအနေနဲ့ သိပ္ပံကမ္ဘာထဲလဲ ဂျပန်ဟာ ဆက်လက်ယူဆောင်သွားမယ်လို့ သိရပါတယ်။

Credit; Lupyan Taw